Monday, 16 June 2014

ဦးအောင်မင်းနှင့် ယွက်ဆစ် ချင်းမိုင်တွင် တွေ့ဆုံရန် စီစဉ်

တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ၀န်ကြီး ဦးအောင်မင်းတို့ မကြာမီတွေ့ဆုံမည်ဖြစ်ကြာင်း သတင်းရရှိသည်။

ရခိုင်ရှိ ဘင်္ဂါလီများကို နိုင်ငံသားစိစစ်မှု စတင်

ဘင်္ဂါလီလူဦးရေ ရှစ်သိန်းကျော် ရှိသည့် ရခိုင်ပြည်နယ်ရှိ မြေပုံမြို့ကို စမ်းသပ်ဧရိယာ (Pilot Area) အဖြစ် သတ်မှတ်ကာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်မှုကို ဇွန်လ ၁၅ ရက်နေ့က စတင်နေပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားသည်။

ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ ယူကရိန်းသတ်မှတ်

ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားတွေကြောင့် စစ်လေယာဉ်တစင်း ပျက်ကျပြီး လေယာဉ်ပေါ်မှာပါတဲ့ လူပေါင်း ၄၉ ယောက် သေဆုံးခဲ့ရပြီးတဲ့နောက် ဒီနေ့ တနင်္ဂနွေနေ့ကို Ukraine နိုင်ငံ တမျိုးသားလုံးအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် သမ္မတ Petro Poroshenko က ကြေညာလိုက်ပါတယ်။ 

ထိုင်းတွင် မြန်မာလုပ်သား သောင်းချီ အဖမ်းခံရ

Photo: ထိုင်းတွင် မြန်မာလုပ်သား သောင်းချီ အဖမ်းခံရ
Monday, June 16, 2014

အထောက်အထားမဲ့ မြန်မာ သိန်းနှင့်ချီ ရှိသည့် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းခန့်မှ စတင်ကာ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေပြီး မြန်မာအလုပ်သမား သောင်းနှင့်ချီ ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

တပ်မတော်က အာဏာသိမ်းထားသည့် ထိုင်းနိုင်ငံတွင် ဇွန်လ ၃ ရက်ခန့်မှ စတင်ကာ မဲဆောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ရနောင်းတွင် စတင်ဖမ်းဆီးခဲ့ပြီး ယခု ဘန်ကောက်မြို့တော် အနီးဝန်းကျင်မှာလည်း ဖမ်းဆီးနေပြီ ဖြစ်ကြောင်း၊ MWRN ရရှိသည့် စာရင်းများအရ မဲဆောက်တွင် မြန်မာအလုပ်သမား တစ်သောင်းဝန်းကျင်၊ ချင်းမိုင်တွင် ထောင်ဂဏန်းဝန်းကျင် ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးရန် တပ်မတော်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေး စသည့် သက်ဆိုင်ရာ အဖွဲ့အစည်း ပါဝင်သည့် အလုပ်သမား စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်၊ အထောက်အထားမဲ့၊ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်နေသော မြန်မာလုပ်သားများ ဖမ်းဆီးခံနေရကြောင်း MWRN ထံမှ သိရှိရသည်။ 

“ရွှေ့ပြောင်း အလုပ်သမားတွေကတော့ ထိတ်လန့်တကြား ဖြစ်နေတယ်” ဟု ဦးအောင်ကျော်က ဆိုသည်။

ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို အရေးယူမည် ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန် မြန်မာအလုပ်သမား သုံးသိန်းကျော် ရှိနေပြီး အထောက်အထားတိုးရေး လုပ်ငန်းစဉ်များမှာ ကြန့်ကြာသဖြင့် တရားဝင် အထောက်အထား မြန်ဆန်စွာ မရရှိကြောင်း ထိုင်းရောက် မြန်မာလုပ်သားများထံမှ သိရှိရသည်။

အဖမ်းအဆီး ကြမ်းနေသဖြင့် အထောက်အထားမဲ့ မြန်မာလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်မည် ဆိုလျှင်လည်း တရားဝင် ပြန်၍ မရကြောင်း၊ တရားမဝင် နည်းလမ်းဖြင့် ပြန်ရန်လည်း ပွဲစားကို အားကိုးရသဖြင့် ပွဲစားကြေး အနည်းဆုံး ဘတ် ၃၀၀၀ ဝန်းကျင် ပေးရကြောင်း ဦးအောင်ကျော်က ဆိုသည်။ 
“ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အနာဂတ် လုံခြုံစိတ်ချရဖို့ကို အစိုးရ (မြန်မာ) အနေနဲ့ အမြန်ညှိနှိုင်းဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောကြားသည်။

ထိုင်းရောက် မြန်မာအလုပ်သမားအရေးနှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်ကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

အဖမ်းအဆီး ကြမ်းမှုကြောင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား ထောင်နှင့်ချီ နေ့စဉ် ပြည်တော် ပြန်နေကြကြောင်း ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရှိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိပြီး သုံးသိန်းကျော်မှာ ဗီဇာသက်တမ်း ကုန်ဆုံးသူများ ဖြစ်သည်။

The Voice Weekly
အထောက်အထားမဲ့ မြန်မာ သိန်းနှင့်ချီ ရှိသည့် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းခန့်မှ စတင်ကာ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို အဖမ်းအဆီး ကြမ်းနေပြီး မြန်မာ အလုပ်သမား သောင်းနှင့်ချီ ဖမ်းဆီးခံထားရပြီ ဖြစ်ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ် သမားများ အတွက် အခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

Apple နှင့်ယှဉ်ပြိုင်မည့် ကျန်းမာရေးခြေရာခံစနစ်ကို Google မိတ်ဆက်ဖွယ်ရှိ

Photo: Apple နှင့်ယှဉ်ပြိုင်မည့် ကျန်းမာရေးခြေရာခံစနစ်ကို Google မိတ်ဆက်ဖွယ်ရှိ
Monday, June 16, 2014

iOS 8 အတွက် Health app ကို Apple က မိတ်ဆက်ပေးခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် Google က အလားတူ ကျန်းမာရေးခြေရာခံစနစ်ကို Google I/O ကွန်ဖရင့်စ်၌ မိတ်ဆက်ရန် စီစဉ်နေကြောင်း Forbes မှ ဖော်ပြခဲ့သည်။ အဆိုပါ ကျန်းမာရေးခြေရာခံစနစ်ကို Google Fit ဟု အမည်ပေးထားပြီး ၎င်းသည် ကျန်းမာရေးခြေရာခံထုတ်ကုန်များနှင့် app များမှ အချက်အလက်များကို စုပေါင်းကာ သုံးစွဲသူ၏ ထုတ်ကုန်ပေါ်တွင် ဖော်ပြပေးမည် ဖြစ်သည်။
 
Google Fit သည် open API ဟုခေါ်သည့် အချက်အလက်များကို app များမှ ဝေမျှနိုင်မည့် ညွှန်ကြားချက်များမှတစ်ဆင့် အချက်အလက်များကို ရယူစုဆောင်းပေးမည် ဖြစ်သည်။ ထို့အပြင် Google Fit သည် ဝတ်ဆင်နိုင်သည့် ထုတ်ကုန်တစ်ခုမှ ခြေလှမ်းများနှင့် နှလုံးခုန်နှုန်းကဲ့သို့သော အချက်အလက်များကို ၎င်း၏ ဂေဟစနစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာမည့် Google ၏ cloud အခြေခံ ဝန်ဆောင်များဖြင့် ချိတ်ဆက် အသုံးပြုနိုင်စေမည်။
 
သို့ရာတွင် Google Fit ကို Android တွင် default အနေဖြင့် ပေါင်းစပ်ထည့်သွင်းရန်နှင့် သီးခြား app အနေဖြင့် ဖြန့်ချိရန် စီစဉ်ထားခြင်း ရှိ၊ မရှိကို အသေအချာ မသိရသေးကြောင်း Forbes က ပြောကြားခဲ့သည်။
 
ယခုနှစ် အစောပိုင်းက Google သည် Android Wear စီမံကိန်းကို စမတ်နာရီများကဲ့သို့ ဝတ်ဆင်နိုင်သော ထုတ်ကုန်များတွင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အသုံးပြုမည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် Google Fit သည် အမျိုးမျိုးသော Android Wear ထုတ်ကုန်များမှ အချက်အလက်များကို ရယူစုဆောင်းသည့် ဗဟိုစနစ်တစ်ခု ဖြစ်လာဖွယ်ရှိကြောင်း Forbes က သုံးသပ်ဖော်ပြခဲ့သည်။
 
မကြာသေးမီက ကျင်းပပြုလုပ်ခဲ့သည့် Worldwide Developers Conference (WWDC) တွင် Apple က မိတ်ဆက်ပေးခဲ့သည့် Health feature သည် developer များအနေဖြင့် app များနှင့် အမျိုးမျိုးသော ထုတ်ကုန်များပေါ်တွင် ထည့်သွင်းတည်ဆောက်နိုင်စေမည့် feature ဖြစ်သည်။ ထို့အပြင် ၎င်း feature ကို Apple ၏ iWatch တွင်လည်း အဓိက feature အနေဖြင့် အသုံးပြုသွားဖွယ်ရှိသည်။
 
ကောလာဟလ သတင်းများကလည်း ယခုနှစ်ကုန်ပိုင်းတွင် iOS 8 ကို အများပြည်သူထံ ဖြန့်ချိသည့်အခါ၌ ကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုစေမည့် biometric senseor များပါဝင်သော iWatch ကို မိတ်ဆက်ပေးဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။
 
Ref: MacRumors
7Day DAILY
iOS 8 အတွက် Health app ကို Apple က မိတ်ဆက်ပေးခဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် Google က အလားတူ ကျန်းမာရေးခြေရာခံစနစ်ကို Google I/O ကွန်ဖရင့်စ်၌ မိတ်ဆက်ရန် စီစဉ်နေကြောင်း Forbes မှ ဖော်ပြခဲ့သည်။ အဆိုပါ ကျန်းမာရေးခြေရာခံစနစ်ကို Google Fit ဟု အမည်ပေးထားပြီး ၎င်းသည် ကျန်းမာရေးခြေရာခံထုတ်ကုန်များနှင့် app များမှ အချက်အလက်များကို စုပေါင်းကာ သုံးစွဲသူ၏ ထုတ်ကုန်ပေါ်တွင် ဖော်ပြပေးမည် ဖြစ်သည်။

သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီပေးရန် နိုင်ငံတကာသို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို

Photo: သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် အကူအညီပေးရန် နိုင်ငံတကာသို့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆို
Monday, June 16, 2014

ဇွန်လ ၁၄ ရက်က ခတ္တမန္ဒူမြို့ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် ဒေါ်အောင် ဆန်းစုကြည်က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။
 
လွန်ခဲ့သော ခြောက်နှစ်က စစ်ဘက်ကရေးဆွဲခဲ့သော အခြေ ခံဥပဒေအရ လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ တွင် ဒေါ်အောင်ဆန်းစုကြည်သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင် ခြင်းမှ ပိတ်ပင်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မ တနေရာယှဉ်ပြိုင်ခြင်းမှ ထိထိ ရောက်ရောက်ပိတ်ပင်ထားသော အခြေခံဥပဒေပုဒ်မ၅၉(စ)ကိုပြင် ဆင်ခြင်းမပြုရန် ပြည်ထောင်စု လွှတ်တော်အခြေခံ ဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီက ကော်မတီအ တွင်း မဲခွဲဆုံးဖြတ်ရာ မပြင်လို သော မဲကပိုများပြီး မပြင်ရန်ဆုံး ဖြတ်ခဲ့သည်။ ယင်းမဲခွဲမှုတွင် မ ပြင်လိုသောမဲ ၂၆မဲရှိပြီး ငါးမဲသာ ပြင်ရန်မဲပေးခဲ့သည်ဟုကော်မတီ ၀င်အချို့ကို ကိုးကား၍ မီဒီယာ များကဖော်ပြသည်။

၂၀၀၈ ခုနှစ် အခြေခံဥပ ဒေတွင် ဇနီး၊ခင်ပွန်းနှင့်သားသမီး များ နိုင်ငံခြားသားများ ဖြစ်နေ သော မည်သူ့ကိုမဆို နိုင်ငံကိုဦး ဆောင်ခြင်းမှ ပိတ်ပင်ထားသည်။

နီပေါနိုင်ငံသို့ အလည်အ ပတ်ခရီးတွင် မိမိအနေဖြင့်လွတ် လပ်၍တရားမျှတခြင်းသာမကဘဲ စစ်မှန်သောဒီမိုကရက်တစ်ရွေး ကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင် လိုသည်ဟု အခြေခံဥပဒေဆိုင်ရာ ညီလာခံတွင် ပါလီမန်အမတ်များ အားပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပ ဒေကို ပြင်ဆင်ရေး ၎င်း၏လှုပ်ရှား မှုကို ရှင်းလင်းပြောကြားရင်း မျှ တသောရွေးကောက်ပွဲဆိုသည် မှာ မျှတစွာပါဝင်ခွင့်ဟု အဓိပ္ပာယ် ရကြောင်းပြောကြားသည်။

‘‘အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုဟာ လက်ခံမှုရရှိဖို့လို နေပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။

‘‘ကမ္ဘာတစ်ဝန်းက ကျွန်မတို့ မိတ်ဆွေတွေအနေနဲ့ မြန်မာနိုင်ငံ က ဖြစ်ပေါ်တိုးတက်မှုတွေကို သ တိပြုနေကြပြီးစစ်မှန်တဲ့ နိုင်ငံရေး လိုအပ်ချက်တွေကနေ အာရုံလွှဲ သွားအောင် လုပ်နေတဲ့လူတွေရှိ တယ်ဆိုတဲ့ အချက်ကိုလည်း သ တိပြုရပါမယ်’’ဟု နှစ်ပေါင်းများ  စွာနေအိမ်အကျယ်ချုပ်မှနေ၍ ၂၀၁၀ခုနှစ်တွင်လွတ်မြောက်လာ သူ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။                 

Ref: AFP
7Day DAILY
ဇွန်လ ၁၄ ရက်က ခတ္တမန္ဒူမြို့ သမ္မတအိမ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
သမ္မတဖြစ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတကာအနေဖြင့် အကူအညီပေးရန် ဒေါ်အောင်ဆန်း စုကြည်က တောင်းဆိုကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

သန္တိသုခတွင် ပီနန်ဆရာတော်ကြီးလမ်းညွှန်ချက်ဖြင့် ဖွင့်မည့် သာသနာပြု သင်တန်းကြော်ငြာ နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြ

အငြင်းပွားဖွယ်အခြေအနေဖြင့် ချိတ်ပိတ်ခံခဲ့ရသည့်မဟာ သန္တိသုခကျောင်းတိုက်တွင် ပီနန် ဆရာတော်ကြီး ၏ လမ်းညွှန်ချက် ဖြင့် သာသနာပြုသင်တန်းဖွင့်လှစ် မည်ဟု  မေလ  ၁၅ရက်ထုတ် နိုင်ငံပိုင် 
သတင်းစာ များတွင် ကြော်ငြာများပါဝင်လာသဖြင့်   လူအများ အံ့အားသင့်ခဲ့ရသည်။

ဟာသသရုပ်ဆောင် ဒါရိုက်တာကုသိုလ် အသည်းရောဂါဖြင့် ကွယ်လွန်

Photo: လူရွှင်တော်၊ သရုပ်ဆောင်ဒါရိုက်တာ ကုသိုလ်ကွယ်လွန်
Monday, June 16, 2014

လူရွှင်တော်၊ သရုပ်ဆောင်ကုသိုလ်သည် ဇွန်လ ၁၅ ရက် နေ့လယ်
 ၁၂ နာရီ ၄၀ မိနစ်တွင် အောင်ရတနာဆေးရုံ၌ အသည်းရောဂါဖြင့်
ကွန်လွယ်သွားကြောင်း သတင်းရရှိသည်။

ဦးကုသိုလ်ရုပ်အလောင်းကို နာရေးကူညီမှုအသင်းက ယနေ့ညနေပိုင်းတွင် ဆေးရုံ၌ သွားသယ်ကာ ရေခဲတိုက်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေက အတည်ပြုပြောကြားသည်။

7Day News Daily
နာမည်ရ ဟာသပြဇာတ် တစ်ခုဖြစ်သော သရဲလေးကောင် ပြဇာတ်တွင် သရဲမအဖြစ် ပါဝင်ခဲ့သော အနုပညာလောကတွင် ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ်သာမက၊ ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားများစွာ ရိုက်ကူးပြီး အောင်မြင်မှုများ ရရှိခဲ့သူ ကုသိုလ်သည် ဇွန်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီ မိနစ် ၄၀ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်ရှိ၊ အောင်ရတနာ ဆေးခန်း၌ အသည်းရောဂါဖြင့် ကွယ်လွန်သွားကြောင်း အနုပညာ မိတ်ဆွေတစ်ဦး ဖြစ်သည့် ဟာသသရုပ်ဆောင် ဂွမ်းပုံက The Voice သို့ ပြောကြားသည်။ 

ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်း မပြဋ္ဌာန်းမီ ဘာသာရေး ခေါင်းဆောင် များနှင့် ဆွေးနွေးရန် သမ္မတထံ တောင်းဆိုမည်

သာသနာရေး ဝန်ကြီးဌာနက ရေးဆွဲထားသော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဘာသာအသီးသီးရှိ ဘာသာရေး ခေါင်းဆောင်များဖြင့် ဆွေးနွေးပြီးမှသာ ပြဋ္ဌာန်းရန် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ဘုရားကြီးများအဖွဲ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ တောင်းဆိုမည် ဖြစ်ကြောင်း ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ဒေါက်တာစောလှိုင်ဘွားက ပြောကြားသည်။ 

အငြင်းပွားကျွန်းပေါ် တရုတ်စာသင်ကျောင်းဆောက်

Photo: အငြင်းပွားကျွန်းပေါ် တရုတ်စာသင်ကျောင်းဆောက်
Monday, June 16, 2014

တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက ကျွန်းပေါ်မှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေရဲ့ သားသမီးတွေ ကျောင်းတက်လို့ရနိုင်အောင် တရုတ်အစိုးရက စာသင်ကျောင်းတကျောင်း တည်ဆောက်နေပါတယ်။

 လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စတင် တည်ရှိခဲ့တဲ့ ဒီ စစ်စခန်းအတွက် အခုလို စာသင်ကျောင်း တည်ဆောက်လိုက်ခြင်းအားဖြင့် ဒီဒေသကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။

တခြား အာရှနိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက Yongxing လို့ခေါ်တဲ့ ကျွန်းပေါ်မှာ တရုတ်လူမျိုး ၁,၄၄၃ ဦးရှိပြီး အဲဒီကျွန်းကို တရုတ်အစိုးရက မြို့တမြို့အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ကျွန်းမှာ တာဝန်ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေအနေနဲ့ မိုင်ပေါင်း ထောင်သောင်းချီ ကျယ်ဝန်းတဲ့ ရေပိုင်နက်ကို ကြီးကြပ် အုပ်ချုပ်ရတာ ဖြစ်ပါတယ်။

အဲဒီကျွန်းကို မြို့တမြို့အဖြစ် တရုတ်တို့က သတ်မှတ်လိုက်ခြင်းအားဖြင့် ဒေသတွင်း တင်းမာမှုတွေ တိုးတက် ဖြစ်ပေါ်လာမယ်ဆိုပြီး  ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ပြစ်တင် ဝေဖန်လိုက်ပါတယ်

ဗွီအိုအေ (မြန်မာဌာန)

ဖိလစ်ပိုင်နိုင်ငံခြားရေဌာနက ရိုက်ကူးထားတဲ့ ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက ကျွန်း
ဖိလစ်ပိုင်နိုင်ငံခြားရေဌာနကရိုက်ကူးထားတဲ့ ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက ကျွန်း
တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပိုင်နက်အတွင်းက ကျွန်းပေါ်မှာ တာဝန် ကျနေတဲ့ တရုတ် စစ်မှုထမ်းတွေရဲ့ သားသမီးတွေ ကျောင်းတက်လို့ရနိုင်အောင် တရုတ်အစိုးရက စာသင်ကျောင်း တကျောင်း တည်ဆောက်နေပါတယ်။

မြန်မာပြည်သား ဂျာမနီမှ Schwerin Castle

Photo: မြန်မာပြည်သား ဂျာမနီမှ Schwerin Castle
Monday, June 16, 2014

ဂျာမနီနိုင်ငံ မြောက်ပိုင်း Mecklenburg-Vorpommern ပြည်နယ်၊ Schwerin မြို့ မှာ တည်ရှိတဲ့ ရဲတိုက် ဖြစ်ပါတယ်။

၁၀ ရာစု ကတည်းက တည်ရှိတဲ့ ရဲတိုက် ဖြစ်ပြီး ကမ္ဘာ့အလှဆုံး ရဲတိုက် စာရင်းထဲမှာ ပါရှိပါတယ်။ ခေတ်အဆက်ဆက် မင်းဆက်အမျိုးမျိုးပြောင်း လဲပြီး ခံတပ်ကောင်းတစ်ခုလည်း ဖြစ်ခဲ့ ပါတယ်။ ရေလယ်ခေါင်မှာ တည်ရှိနေတာလည်း ဖြစ်တဲ့အတွက် ခံတပ်အတွက် အကောင်းဆုံး နေရာလည်း ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် ထိန်းသိမ်းထားနိုင်လို့ နိုင်ငံရဲ့  သမိုင်းဝင် ပြတိုက် တစ်ခုအနေနဲ့လည်း ယနေ့တိုင် တည်ရှိနေရခြင်း ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ပြတိုက်မှာ Petermännchen အမည်ရ မင်စာ ရှိတယ်လို့လည်း ယနေ့တိုင် လူသိများပါတယ်။ စိမ်းလမ်းစိုပြည်နဲ့ ပတ်ဝန်းကျင် ကြားမှာ တည်ရှိနေတဲ့ Schwerin ရဲတိုက်ကို ယခုလို မြင်တွေ့ ရပါတယ်။

ရိုးရာလေး
ဂျာမနီနိုင်ငံ မြောက်ပိုင်း Mecklenburg-Vorpommern ပြည်နယ်၊ Schwerin မြို့ မှာ တည်ရှိတဲ့ ရဲတိုက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်း မရှိပါက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရထားသူများ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိဟု လ၀က၀န်ကြီး ပြောကြား

မြန်မာနိုင်ငံမှ ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာခြင်း မရှိပါက ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရထားသူများ၏ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ဇွန် ၁၄ ရက်က ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့ကြောင်း သိရသည်။ 

ကမ္ဘာ့ဖလားပွဲ ဆွစ်ဇာလန်၊ ပြင်သစ်နဲ့ အာဂျင်တီးနားအနိုင်ရ

Photo: ကမ္ဘာ့ဖလားပွဲ ဆွစ်ဇာလန်၊ ပြင်သစ်နဲ့ အာဂျင်တီးနားအနိုင်ရ
Monday, June 16, 2014

 ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်တွေရဲ့ အုပ်စုပတ်လည်ပွဲတွေကို တနင်္ဂနွေနေ့မှာ ဆက်လက် ပြုလုပ်ရာမှာ အစောပိုင်းက အုပ်စု E ပွဲစဉ် ၂ ခုနဲ့ အခု အသံလွှင့်နေစဉ် ကစားနေကြတဲ့ အုပ်စု F က Argentina နဲ့ Bosnia – Herzegovina တို့ ပွဲစဉ်တွေ ပါဝင်ပါတယ်။

ပထမပိုင်းကစားသွားတဲ့ အုပ်စု E ပွဲစဉ် ၂ ခုမှာတော့ ဆွစ်ဇာလန်အသင်းက အီကွေဒါနိုင်ငံအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရသွားပါတယ်။ အုပ်စု E ဒုတိယပွဲစဉ်ဖြစ်တဲ့ ပြင်သစ်နဲ့ ဟွန်ဒူရပ်စ်ပွဲစဉ်မှာတော့ ပြင်သစ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အာဂျင်တီးနားနဲ့ Bosnia ပွဲစဉ်မှာတော့ ပွဲစပြီး မကြာခင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အာဂျင်တီးနား တိုက်စစ်မှူး Lionel Messi ကန်တင်လိုက်တဲ့ ပြစ်ဒဏ်ဘောဟာ ဘော့စနီးယားနောက်တန်းလူနဲ့ ထိပြီး ဂိုးသွားခဲ့ရာက အာဂျင်တီးနားက ပထမပိုင်း ပြီးတဲ့အချိန်ထိ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲစဉ်တလျှောက် ၂ သင်းစလုံး တဖက်နဲ့တဖက် အပြိုင်အဆိုင် ထိုးစစ်ဆင်ကစားခဲ့ကြပေမယ့် အများစုက ချံပီယံဖြစ်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားတဲ့ အသင်းတွေထဲ ပါဝင်တဲ့ အာဂျင်တီးနားအသင်းအနေနဲ့ နောက်ထပ် ဂိုးသွင်းခွင့်ရအောင် မဖန်တီးနိုင်ဘဲ ဖြစ်နေခဲ့ရာကနေ တိုက်စစ်မှူး မက်စီက နောက်ထပ် တစ်ဂိုး ထပ်သွင်းလိုက်တဲ့အတွက် ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘော့စနီးယားက ချေပဂိုး ၁ ဂိုး ပြန်လည်သွင်းလိုက်နိုင်တဲ့အတွက် အာဂျင်တီးနားက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်တွေရဲ့ အုပ်စုပတ်လည်ပွဲတွေကို တနင်္ဂနွေနေ့မှာ ဆက်လက် ပြုလုပ်ရာမှာ အစောပိုင်းက အုပ်စု E ပွဲစဉ် ၂ ခုနဲ့ အခု အသံလွှင့်နေစဉ် ကစားနေကြတဲ့ အုပ်စု F က Argentina နဲ့ Bosnia – Herzegovina တို့ ပွဲစဉ်တွေ ပါဝင်ပါတယ်။

လူရွှင်တော်၊ သရုပ်ဆောင်ဒါရိုက်တာ ကုသိုလ်ကွယ်လွန်

Photo: လူရွှင်တော်၊ သရုပ်ဆောင်ဒါရိုက်တာ ကုသိုလ်ကွယ်လွန်
Monday, June 16, 2014

လူရွှင်တော်၊ သရုပ်ဆောင်ကုသိုလ်သည် ဇွန်လ ၁၅ ရက် နေ့လယ်
 ၁၂ နာရီ ၄၀ မိနစ်တွင် အောင်ရတနာဆေးရုံ၌ အသည်းရောဂါဖြင့်
ကွန်လွယ်သွားကြောင်း သတင်းရရှိသည်။

ဦးကုသိုလ်ရုပ်အလောင်းကို နာရေးကူညီမှုအသင်းက ယနေ့ညနေပိုင်းတွင် ဆေးရုံ၌ သွားသယ်ကာ ရေခဲတိုက်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ ဒေါ်မြင့်မြင့်ခင်ဖေက အတည်ပြုပြောကြားသည်။

7Day News Daily
လူရွှင်တော်၊ သရုပ်ဆောင်ကုသိုလ်သည် ဇွန်လ ၁၅ ရက် နေ့လယ်  ၁၂ နာရီ ၄၀ မိနစ်တွင် အောင်ရတနာ ဆေးရုံ၌ အသည်းရောဂါဖြင့် ကွန်လွယ်သွားကြောင်း သတင်းရရှိသည်။

ကာတာနိုင်ငံအပေါ် ဗြိတိန်မီဒီယာများ၏ စွပ်စွဲချက်များအား ဖီဖာတုံ့ပြန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)သည် ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာနိုင်ငံအပေါ် ဗြိတိန်မီဒီယာများက စွပ်စွဲပြောဆိုနေမှုများနှင့် ပတ်သက်၍ တုံ့ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်နှင့်ပွဲတွင် တိုက်စစ်မှူးဆွာရက်ဇ် ပါဝင်နိုင်ရန် မသေချာဟု ဥရုဂွေး အသင်း နည်းပြ တာဘာရက်ဇ် ၀န်ခံ

Photo: အင်္ဂလန်နှင့်ပွဲတွင် တိုက်စစ်မှူးဆွာရက်ဇ် ပါဝင်နိုင်ရန် မသေချာဟု ဥရုဂွေး အသင်း နည်းပြ တာဘာရက်ဇ် ၀န်ခံ
Monday, June 16, 2014

ဥရုဂွေးအသင်းနည်းပြ တာဘာရက်ဇ်က အင်္ဂလန်အသင်းနှင့် ကစားမည့်ပွဲတွင် အသင်း၏ အဓိကတိုက်စစ်မှူး ဆွာရက်ဇ် ပါဝင်နိုင်ခြင်း ရှိ၊ မရှိကို အတိအကျ မပြောနိုင်ကြောင်း ၀န်ခံပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့်လအတွင်းက လေ့ကျင့်ရေးကွင်းတွင် ဒူးဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရသဖြင့် တစ်လကြာ အနားယူခဲ့ရပြီး ယခုအခါ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဖြစ်သော်လည်း ရာနှုန်းပြည့်ကြံ့ခိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် စနေနေ့က ကော်စတာရီကာကို အံ့အားသင့်ဖွယ်ရာ(၃-၁)ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဆွာရက်ဇ်မှာ အရန်ကစားသမားစာရင်းတွင် ပါဝင်ခဲ့ပြီး ဒုတိယပိုင်း၌ ကွင်းဘေးတွင် သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သော်လည်း တာဘာရက်ဇ်ကမူ ၎င်းကို ထည့်သွင်းကစားခဲ့ခြင်း မရှိပေ။ ဆွာရက်ဇ်သည် ယင်းပွဲတွင် အသင်းလူစာရင်း၌ ၎င်းကိုထည့်သွင်းရန် နည်းပြတာဘာရက်ဇ်အား တောင်းဆိုခဲ့ခြင်း ဖြစ်သော်လည်း ၎င်း၏ကြံ့ခိုင်မှု အနေအထားအရ တာဘာရက်ဇ်မှာ ဆွာရက်ဇ်ကို ထည့်သွင်းကစားစေခဲ့ခြင်း မရှိကြောင်း သိရသည်။

တာဘာရက်ဇ်က “ဆွာရက်ဇ်မှာ ဒဏ်ရာမရှိတော့ပါဘူး။ တကယ်လို့သာ သူ့မှာဒဏ်ရာရှိခဲ့ရင် အရန်စာရင်းထဲမှာတောင် ထည့်မှာမဟုတ်ပါဘူး။ ဆွာရက်ဇ်ဟာ ကျွန်တော်တို့အတွက် အဓိက ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကိုလည်း အကောင်းဆုံး ဦးဆောင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကြံ့ခိုင်မှု အနေအထားက သံသယရှိစရာပါပဲ။ ခြေစွမ်းပြကစားနိုင်ဖို့ဆိုတာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိမှ ဖြစ်မှာပါ။ အင်္ဂလန်နဲ့ပွဲမှာ သူပါဝင်ကစားနိုင်ခြင်း ရှိ၊ မရှိကတော့ စောင့်ကြည့်ရမှာပါ” ဟု ပြောကြားခဲ့သည်။

Eleven Media Group 

ကော်စတာရီကာနှင့်ပွဲတွင် အရန်ခုံတန်း၌ တွေ့ရသည့် ဥရုဂွေးအသင်း တိုက်စစ်မှူး ဆွာရက်ဇ် (Photo:AFP)
ကော်စတာရီကာနှင့်ပွဲတွင် အရန်ခုံတန်း၌ တွေ့ရသည့် ဥရုဂွေးအသင်း တိုက်စစ်မှူး ဆွာရက်ဇ် 
ဥရုဂွေးအသင်းနည်းပြ တာဘာရက်ဇ်က အင်္ဂလန်အသင်းနှင့် ကစားမည့်ပွဲတွင် အသင်း၏ အဓိက တိုက်စစ်မှူး ဆွာရက်ဇ် ပါဝင်နိုင်ခြင်း ရှိ၊ မရှိကို အတိအကျ မပြောနိုင်ကြောင်း ၀န်ခံပြောကြားခဲ့သည်။

ယခုနှစ် မိုးရာသီကာလတွင် ခရီးသွားဝင်ရောက်မှုမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထက် တိုးတက်လာနိုင်ပြီး တရုတ်နှင့်ဂျပန် ပိုမိုများပြားနိုင်

Photo: ယခုနှစ် မိုးရာသီကာလတွင် ခရီးသွားဝင်ရောက်မှုမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းအထက် တိုးတက်လာနိုင်ပြီး တရုတ်နှင့်ဂျပန် ပိုမိုများပြားနိုင်
Monday, June 16, 2014

ယခုနှစ် မိုးရာသီကာလတွင် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုမှာ ယခင်နှစ်မိုးရာသီတွင် ၀င်ရောက်ခဲ့သည့် ခရီးသွားဦးရေထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် ထပ်မံတိုးတက်လာနိုင်ကြောင်း ခရီးသွားနယ်ပယ်များမှ သုံးသပ်ပြောကြားသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသွားများတွင် အနောက်ဥရောပ နိုင်ငံသားများထက် အာရှနိုင်ငံများမှ လာရောက်လည်ပတ်မှု ပိုမိုများပြားနိုင်ကြောင်းလည်း သိရသည်။

အဆိုပါ အာရှနိုင်ငံများထဲမှ မြန်မာနိုင်ငံသို့ နှစ်စဉ်အများအပြား လာရောက်လည်ပတ်လေ့ရှိသည့် ထိုင်းလူမျိုး ခရီးသွားများ နည်းပါးသွားနိုင်ပြီး တရုတ်နှင့် ဂျပန်လူမျိုးများ ပိုမိုလာရောက်နေကြောင်း ခရီးသွား အသိုင်းအ၀ိုင်းမှ သိရသည်။

“မန္တလေးနဲ့ကူမင် တိုက်ရိုက်လေကြောင်းလိုင်းတွေ ရှိနေပြီဆိုတော့ စရိတ်ပိုသက်သာတော့ တရုတ်တွေလာတာ များနေတယ်။ နောက်ပြီး ဂျပန်တွေကလည်း အခု စီးပွားရေးအနေနဲ့ လာနေကြပေမယ့် မန္တလေး၊ ပုဂံဘက်ကိုပါ လည်ပတ်ကြတဲ့သဘော ဖြစ်နေတယ်” ဟု ဧည့်လမ်းညွှန်ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။
    
ယင်းအပြင် မြန်မာနိုင်ငံသို့ မိုးရာသီတွင် လာရောက်လည်ပတ်လေ့ ရှိကြသည့် အီတလီနှင့် စပိန်လူမျိုးများလည်း ၀င်ရောက်ရန်ရှိသောကြောင့် ခရီးသွားဝင်ရောက်မှုမှာ ယမန်နှစ်ကထက် ပိုမိုဖွယ်ရာသာရှိကြောင်း သိရသည်။

“မိုးတွင်းမှာ စပိန်တွေ လာတာထက်ကို အခု ဂျပန်တွေလာဖို့ ရှိတယ်။ မန္တလေးမှာကလည်း မဲခေါင်ခရီးသွားပွဲ ရှိတယ်။ နေပြည်တော်မှာကလည်း အာဆီယံပွဲတွေ ရှိတယ်ဆိုတော့ ခရီးသွားကလည်း ကျမှာမဟုတ်သလို ဟိုတယ်ဈေးတွေကလည်း မကျလောက်သေးဘူး။ ရန်ကုန်မှာကတော့ ဈေးကမဆိုးပါဘူး။ အက်ဖ်အိုင်တီတွေ လာဖို့ထက် အခုက ဗီဇာတွေကို ပြောင်းလိုက်တော့ သူတို့အတွက် ခက်သွားသလိုပါပဲ” ဟု ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။

ယခင်နှစ်များစွာက မြန်မာနိုင်ငံသို့ မိုးရာသီကာလတွင် ခရီးသွားဝင်ရောက်မှုမှာ မရှိသလောက် နည်းပါးခဲ့သော်လည်း ယခင်နှစ်က စတင်ကာ ခရီးသွားအများအပြား ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း လျော့ကျဖွယ် အလားလာမရှိကြောင်း သိရသည်။

Eleven Media Group 

ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
ကရင်ပြည်နယ်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း)
ယခုနှစ် မိုးရာသီကာလတွင် ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုမှာ ယခင်နှစ်မိုးရာသီတွင် ၀င်ရောက်ခဲ့သည့် ခရီးသွားဦးရေထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် ထပ်မံတိုးတက်လာနိုင်ကြောင်း ခရီးသွားနယ်ပယ်များမှ သုံးသပ်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ အခြေအနေများနှင့် များစွာလွဲချော်နေသည့် IRI စစ်တမ်းကို တန်ပြန်တုံ့ပြန်ပွဲ ပြုလုပ်

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြုလုပ်သည့် IRI စစ်တမ်းအပေါ် တန်ပြန်တုံ့ပြန်ပွဲ အခမ်းအနားကို တွေ့ရစဉ်
လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး လက်တွေ့အခြေအနေများနှင့် ကွာခြားမှု ကြီးမားစွာရှိခဲ့သည့် အမေရိကန် အစိုးရ ကျောထောက်နောက်ခံပြု International Republican Institute (IRI) စစ်တမ်းအပေါ် တန်ပြန် တုံ့ပြန် ပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဇွန် ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၇)စီးပျက်စီးပြီး လူ (၇)ဦးဒဏ်ရာရ

Photo: ယာဉ်တိုက်မှုကြောင့် ယာဉ်(၇)စီးပျက်စီးပြီး လူ (၇)ဦးဒဏ်ရာရ
Monday, June 16, 2014

၁၄.၆.၂၀၁၄ ရက်နေ့ ၁၇၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း အတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၄က/---- ဟွန်ဒိုင်းအဖြူရောင်(ဘိလပ်မြေ ဖျော်စက်တင်ယာဉ်) သည် မဟာဗန္ဓုလတံတားအဆင်း တာဝတိံသာလမ်းထိပ်သို့အရောက် ယာဘက်သို့ချိုးကွေ့မောင်းနှင်စဉ် အရှိန်လွန်ကာ ၎င်းရှေ့မှမောင်းနှင်နေ သည့် 7A ---- လိုက်ထရပ် အဖြူရောင်ကိုယ်ပိုင်ယာဉ်အား နောက်မှ တိုက်မိခဲ့ပြီး ၄က/---- ဟွန်ဒိုင်းယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေး တိမ်းရှောင် သွားခဲ့ပါသည်။

ထိုသို့တိုက်မိသည့်အရှိန်ကြောင့် 7A ---- လိုက်ထရပ်ယာဉ်မှ အိုးရှင်း စင်တာရှေ့ ယာဉ်ပါကင်တွင် ရပ်ထားသော ၇ဃ/---- WTI အနီရောင် ကိုယ်ပိုင်ယာဉ်၊ 7D ----- နှင့် 7F---- ဟွန်ဒါဖစ်အဖြူရောင် ကိုယ်ပိုင်ယာဉ် (၂)စီးတို့အားဝင်ရောက်တိုက်မိကာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော 2E-----မစ်ဇူဘီရှီ အဖြူရောင် ကိုယ်ပိုင်ယာဉ်နှင့် BB ----- စူပါရုဗင် အဖြူရောင်အငှားယာဉ်တို့ကို ဆက်လက်တိုက်မိခဲ့ ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၇)စီးပျက်စီးပြီး 7A---- လိုက်ထရပ် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ကျား(၄)ဦး၊ မ(၂)ဦးတို့တွင် ဖူးရောင်၊ ပေါက်ပြဲ၊ နာကျင်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ရန်ကုန်ဆေးရုံကြီးတွင်
ပြင်ပလူနာ များအဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့ မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ကာထွက်ပြေး တိမ်းရှောင်သွားသူ ၄က/---- ဟွန်ဒိုင်း ယာဉ်မောင်းအား ပုဇွန်တောင်မြို့မ ရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့် အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၄.၆.၂၀၁၄ ရက်နေ့ ၁၇၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီး ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း အတိုင်း အရှေ့မှ အနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၄က/---- ဟွန်ဒိုင်းအဖြူရောင်(ဘိလပ်မြေ ဖျော်စက်တင်ယာဉ်) သည် မဟာဗန္ဓုလတံတားအဆင်း တာဝတိံသာလမ်းထိပ်သို့အရောက် ယာဘက်သို့ချိုးကွေ့မောင်းနှင်စဉ် အရှိန်လွန်ကာ ၎င်းရှေ့မှမောင်းနှင်နေ သည့် 7A ---- လိုက်ထရပ် အဖြူ ရောင် ကိုယ်ပိုင်ယာဉ်အား နောက်မှ တိုက်မိခဲ့ပြီး ၄က/---- ဟွန်ဒိုင်းယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာထွက်ပြေး တိမ်းရှောင် သွားခဲ့ပါသည်။

ရခိုင် ခေါင်းဆောင်တွေ တရုတ်ပြည်သွား

RNDP နဲ့ ALD တို့ ပေါင်းစည်းလိုက်တဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင် တွေကို တရုတ်ပြည် ကွန်မြူနစ်ပါတီက ဖိတ်ကြားတဲ့ အတွက် ခေါင်းဆောင် (၃) ဦး တရုတ်ပြည်ကို ထွက်ခွာမယ် လို့ သိရပါတယ်။