ဒေသခံများဖွဲ့စည်းထား သည့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်နေသော နာမည်ကြီး အိမ်၌ ရဲဝန်ထမ်းနှစ်ဦးကို ဖမ်းမိခဲ့ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက ခုံရုံးတင်စစ်ဆေးအရေး ယူနေကြောင်း သတင်းရရှိသည်။
Saturday, 14 June 2014
ကမ္ဘာကျော်မင်းသမီး အန်ဂျလီနာဂျိုလီ မြန်မာနိုင်ငံသို့ လာရောက်လိုဟုဆို

ရန်ကုန်- ကမ္ဘာကျော်ရုပ်ရှင်မင်း သမီး အန်ဂျလီနာဂျိုလီက ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု ခံစားနေရသော မြန်မာအမျိုးသမီးများကို အားပေးစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်လိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် တပ်မတော်က PR စနစ်ကို ကန့်ကွက်ရခြင်း ဖြစ်သည်ဟုဆို
အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (ပီအာရ်)ကို တိုင်းရင်းသားအများစုက မထောက်ခံသောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက် မဲပေးရခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးစိုးမိုးက ပြောသည်။
ကျပ်သိန်းပေါင်း ၁၄၇၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၉၀၀၀၀ အား တာချီလိတ်မြို့ မိုင်းဖုန်း၌ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်း - မြန်မာ နယ်စပ် ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ရှိ ပါခုတ်စစ်ဆေးရေးစခန်းတွင် တန်ဖိုးငွေကျပ်သိန်းပေါင်း (၁၄၇၅၀) သိန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ငါးသိန်း ကိုးသောင်းကို တရားခံနှင့်အတူ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၃)ရက် နေ့လည် (၁၁း၃၀)နာရီခန့်က ဖမ်းဆီးရရှိကြောင်း သိရသည်။
ယူကရိန်း စစ်ဘက်လေယာဉ်တစ်စီးပစ်ချခံရပြီး လိုက်ပါလာသူအားလုံး သေဆုံးဟုဆို

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် စစ်ဘက်လေယာဉ် တစ်စင်း ပစ်ချခံရပြီး လေယာဉ်ပေါ် ပါရှိသွားသူ စစ်မှုထမ်းအားလုံး သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
ကျန်းမာရေးကြောင့် လွှတ်တော် အစည်းအဝေးများတွင် ခေါင်းပေါင်းချွတ်ထားခွင့်ပြုရန် ဒီချုပ်ကိုယ်စားလှယ် တောင်းဆို
လွှတ်တော်ကိုယ်စားလှယ် အမျိုးသားများ ခေါင်းပေါင်း ပေါင်းထားခြင်းသည် ကျန်းမာရေး ထိခိုက်နိုင်သဖြင့် လွှတ်တော်အစည်းအဝေးတွင် ခေါင်းပေါင်းချွတ်ထားခွင့်ပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဇွန်လ ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်ပြသည်။
မြေအပ်ဝရမ်းကြောင့် သင်္ဃန်းကျွန်းရှိ ပိုင်ဆိုင်မှု အငြင်းပွားမြေကို ရဲ ၁၀၀ ကျော် လုံခြုံရေးယူ

သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/မြောက် ရပ်ကွက်၊ သရက်တောလမ်း၊ မြေတိုင်းရပ်ကွက် အမှတ် (၂၆) တွင် လူဦးရေ သုံးရာခန့် နေထိုင်လျက်ရှိသော အငြင်းပွားနေသည့် မြေနေရာကို ဇွန်လ ၁၃ ရက် နံနက် ၁၁ နာရီက တရားနိုင်ဖြစ်သူထံ နောက်ဆုံးထား ပြန်လည်အပ်နှံရန် မြို့နယ်တရားရုံးက မြေအပ်ဝရမ်း ထုတ်ပြန်ခဲ့သောကြောင့် ရဲအင်အား တစ်ရာကျော်က ယင်းမြေကွက်တွင် လုံခြုံရေး ယူထားခြင်း ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲမှူးသက်ထွန်းက ပြောကြားသည်။
မယ်လဒုက္ခသည်စခန်းသို့ အင်ဂျလီနာဂျိုလီ သွားမည်

မြန်မာ-ထိုင်း နယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်း တစ်ခုဖြစ်သော မယ်လစခန်းသို့ ဟောလိဝုဒ် မင်းသမီး အင်ဂျလီနာဂျိုလီ သွားရောက်မည် ဖြစ်ကြောင်း ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) မှ နော်စူစန်နာလှလှစိုးက The Voice သို့ ပြောဆိုသည်။
မျိုးစောင့်ဥပဒေ ကန့်ကွက်သူများ ခြိမ်းခြောက်ခံရမှု လွှတ်တော်တင်မည်
မျိုးစောင့်ဥပဒေ ကန့်ကွက်သော အရပ်ဘက် လူ့အဖွဲ့အစည်းများ ခြိမ်းခြောက်ခံနေရခြင်းကို တရာဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာအတွင်း ထည့်သွင်းရေးသားပြီး ပြည်သူ့လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးဝင်းမြင့်က ပြောကြားသည်။
ခါးပိုက်နှိုက် (၁)ဦးဖမ်းဆီးရမိ

၁၂.၆.၂၀၁၄ရက်နေ့ ၁၁၄၅အချိန်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက် ဖမ်းဆီးရေးအတွက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စာတိုက်မှတ်တိုင်၌ သတင်းစုံစမ်းနေစဉ် မှတ်တိုင်သို့်ရောက်ရှိလာသော အမှတ် (၃၄) ယာဉ်လိုင်း မီနီဘတ်(စ်) ယာဉ်ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ဘာဘူ (၆၃)နှစ်၊ ဒေါပုံ မြို့နယ်နေသူအားတွေ့ရှိသဖြင့်စစ်ဆေးရှာဖွေရာ ၎င်း၏အင်္ကျီအိတ်ကပ်အတွင်းမှငွေကျပ် (၁၂၃၀၀)ကို တွေ့ရှိခဲ့ရပါသည်။
သန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသော လန်ဒန်ဆရာတော်နှင့် သံဃာလေးပါး လူဝတ်လဲ၍ တရားရုံးတင်
မဟာသန္တိသုခ ကျောင်းတိုက်အတွင်း ခွင့်ပြုချက်မရှိ သီတင်းသုံး နေထိုင်သည်ဟု နိုင်ငံတော်သံဃမဟာ နာယကက သတ်မှတ်ထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော် ငါးပါးကို ဇွန်လ ၁၃ ရက်နေ့တွင် လူဝတ်လဲကာ တာမွေမြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိသူအား စစ်ဆေးရာမှ ဖုန်းနှင့် လက်တော့ ခိုးယူမှုများ ဖေါ်ထုတ်ရရှိ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၁၁.၆.၂၀၁၄ရက်နေ့တွင် နယ်မြေအတွင်းသတင်းစုံစမ်းစဉ် ခိုးမှုပြစ်ချက်ဟောင်းရှိပြီး ခိုးမှုများ ထပ်မံ ကျူး လွန်ထားကြောင်းသတင်းရရှိထားသူ စည်သူ(ခ)စည်သူဖြိုးကျော် (၁၉)နှစ်၊ (ဘ)ဦးသန်းဦး၊ (၉၆) ရပ်ကွက်၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်နေ သူကို ၁၀၄၅အချိန်တွင် ၎င်း၏နေအိမ်ရှေ့၌ တွေ့ရှိဖမ်းဆီး ရမိခဲ့ပါသည်။
မဟာသန္တိသုခမှ သံဃာငါးပါးအား လူဝတ်လဲ၍ အင်းစိန်ထောင်သို့ပို့

မဟာသန္တိသုခကျောင်း တိုက်ကို ချိပ်ပိတ်ပြီး ဖယ်ရှား အရေးယူခံထားရသော ပီနန်ဆရာတော်ကြီး၏ တပည့် အရင်း ဖြစ်သူ ဆရာတော်ဦးဥတ္တရ(အင်္ဂ လန်)နှင့် သံဃာ လေးပါးအား ဇွန် လ၁၃ ရက်က လူဝတ် လဲကာ တာ မွေမြို့နယ်တရားရုံးတွင် ရုံးထုတ် ၍ အင်းစိန်ထောင်သို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိသည်။
ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ စပိန် နယ်သာလန်ကိုရှုံး

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဒုတိယနေ့ အုပ်စု B ရဲ့ ပထမပွဲစဉ်တွေ ဒီကနေ့ ကစားကြရာမှာ လက်ရှိ ကမ္ဘာ့ ဖလား ချန်ပီယံလည်းဖြစ်၊ ကမ္ဘာ့ အဆင့် ၁ အသင်းလည်းဖြစ်တဲ့ စပိန်အသင်းကို နယ်သာလန်အသင်းက ၅ ဂိုး ၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရပြီး လက်စားချေလိုက်ပါတယ်။ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ တုန်းက စပိန်အသင်းက နယ်သာလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အချိန်ပိုကစားပြီး အနိုင်ရသွားခဲ့တာ ဖြစ် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နီပေါ ရောက်

နီပေါနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြ။ (ဇွန် ၁၃၊ ၂၀၁၄)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် နီပေါနိုင်ငံ ခတ္တမန္ဒူးမြို့တော်ကို ဒီကနေ့ပဲ ရောက်ရှိသွားခဲ့ပြီး၊ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပါတယ်။
နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားသော ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားလိုပါက Placement Test ဖြေဆိုလျှောက်ထားနိုင်ကြောင်း သတင်းထုတ်ပြန်
နိုင်ငံတကာသင်ရိုးဖြင့် သင်ကြားသော ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ပညာရေးဝန်ကြီးဌာနအောက်ရှိ ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားလိုပါက သင်ကြားပြီးမြောက်ခဲ့သည့် Level အရ တက်ရောက်သင်ကြားလိုသည့် အတန်း၏ တစ်ဆင့်နိမ့်အတန်းကို ပညာရေးဝန်ကြီးဌာနမှ စစ်ဆေးသည့် Placement Test ဖြေဆို၍ ပြောင်းရွှေ့ သင်ကြားခွင့်အား လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ယူကရိန်း သူပုန်တွေကို ရုရှား လက်နက်ကြီးတွေထောက်ပံ့

ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံက ခွဲထွက်ရေးသမားတွေအတွက် တင့်ကားတွေနဲ့ လက်နက်ကြီးတွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ လွန်ခဲ့တဲ့သုံးရက်ကပဲ ယူကရိန်းနယ်စပ်က Snizhne မြို့အနီးနယ်စပ်မှာ T-64 တင့်ကားသုံးစင်း၊ ဒုံးလက်နက်တွေနဲ့ အခြား စစ်ဖက်ယာဉ်တွေ ပါဝင်တဲ့ ယာဉ်တန်း ရုရှားဖက်က ၀င်ရောက်လာတယ် လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က သောကြာနေ့က ပြော ပါတယ်။ ဒါဟာ လက်ခံလို့ မရတဲ့ လုပ်ရပ်လို့လည်း ဆိုပါတယ်။
စစ်သွေးကြွတွေကို တိုက်ဖို့ ရှီးယားခေါင်းဆောင် ပြော

ဂျီဟတ်ဝါဒီ ဆွန်နီတွေကို တိုက်ဖို့ အီရတ် စစ်တပ်ထဲကို ဆန္ဒအလျောက် စာရင်းသွင်းကြတဲ့ ရှီးယား မွတ်ဆလင်များအား တွေ့ရစဉ်
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်နေတဲ့ ဆွန်နီ ဂျီဟတ် ဝါဒီတွေကို လက်နက် စွဲကိုင် တိုက်ခိုက်ကြဖို့ ရှီးယား ဝါရင့် ဘာသာရေး ခေါင်းဆောင်ကြီးက အီရတ် နိုင်ငံသားတွေကို တိုက်တွန်းလိုက် ပါတယ်။
ဒဂုံတက္ကသိုလ် ဥပဒေကျောင်းသားတစ်ဦး ယာဉ်အတိုက်ခံပြီး အဆုံးစီရင်

ဒဂုံတက္ကသိုလ်ကျောင်း ၀င်းအတွင်း ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးသည် ချစ်သူနှင့် စကားများ ရန်ဖြစ်ကာ ကားရှေ့ ဖြတ်ပြေးပြီး ယာဉ်တိုက်ခံကာ မိမိကိုယ်ကိုယ်ကို အဆုံးစီရင် ခဲ့ကြောင်း ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမျိုး သမီး ငယ်ကို အဓမ္မပြုကျင့်သော ရဲအား ထောင်ဒဏ် လေးနှစ် ကျခံရန် အမိန့်ချ
ရွှေပြည်သာတံတားပေါ် တွင် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ်ကြပ်အဆင့်ရှိရဲအား လှိုင်သာယာမြို့ နယ်တရားရုံးမှ ထောင်ဒဏ်လေး နှစ်အမိန့်ချမှတ်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မှုခင်းရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။
Subscribe to:
Posts (Atom)