Thursday, 12 June 2014

နေအိမ် ဖယ်ရှားခံရသော ကျူးကျော်များကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချပေးမည်

Photo: နေအိမ် ဖယ်ရှားခံရသော ကျူးကျော်များကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချပေးမည်
Thursday, June 12, 2014

နေအိမ်များကို ဖယ်ရှားခံထားရသည့် မြေယာ ကျူးကျော်သူများနှင့် အမှန်တကယ် နေထိုင်ရန် မြေနေရာ မရှိသူများကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချထားပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ဇွန် ၁၁ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ကျူးကျော်ပြဿနာ ဖြေရှင်းခြင်း အပါအဝင် အိမ်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ အင်းစိန်၊ မင်းဓမ္မ၊ မိကျောင်းကန်နှင့် လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာတို့ကို အာဏာသုံး ဖယ်ရှားခဲ့ခြင်း ဖြစ်သောကြောင့် ယခုကဲ့သို့ မေးမြန်းရခြင်း ဖြစ်ကြောင်း သူရဦးအောင်ကိုက ထပ်လောင်း ပြောဆိုသည်။

ထို့အပြင် (၂၀၁၁ မှ ၂၀၁၅ ခုနှစ်) တွင် အိမ်ယာပေါင်း ၃၅၀၀၀ အထိ ဆောက်လုပ်ပေးသွားမည်ဟု ဆိုသော်လည်း အများပြည်သူ ဝယ်ယူနိုင်မည့် ဈေးနှုန်းနှင့် ရောင်းချမည့် ပုံစံကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် ဖြစ်သော ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် ၁၄ နှစ်တာ ကာလအတွင်း အိမ်ရာယူနစ်ပေါင်း ၁၀,၀၀၀ ကျော်ခန့်နှင့် တပ်မတော် အစိုးရလက်ထက် ၁၉၈၈-၂၀၁၀ ခုနှစ် ၂၂ နှစ်တာ ကာလအတွင်း အိမ်ရာယူနစ်ပေါင်း ၅၅,၀၀၀ ခန့် ဆောက်လုပ်ခဲ့ပြီး ဖြစ်ကြောင်း ဦးစိုးတင့်က ထပ်လောင်း ပြောကြားသည်။

ကျူးကျော်နေအိမ်များကို အစိုးရက အင်အားသုံး ဖယ်ရှားခြင်းသည် ယခုအစိုးရ လက်ထက်တွင် ကြီးမားသည့် ပြဿနာ တစ်ခုအဖြစ် ရှိနေကြောင်း သူရဦးအောင်ကိုက လွှတ်တော်သို့ တင်ပြ ပြောဆိုသည်။

The Voice Weekly
နေအိမ်များကို ဖယ်ရှားခံထားရသည့် မြေယာ ကျူးကျော်သူများနှင့် အမှန်တကယ် နေထိုင်ရန် မြေနေရာ မရှိသူများကို ၂၀၁၅ မကုန်မီ ယာယီနေရာ ချထားပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ကမ္ဘာ့ဖလားဘောလုံးပွဲ ဘရာဇီးမှာ ဒီနေ့စမယ်

Photo: ကမ္ဘာ့ဖလားဘောလုံးပွဲ ဘရာဇီးမှာ ဒီနေ့စမယ်
Thursday, June 12, 2014

 ဒီကနေ့ဆိုရင် တမ္ဘာဘာလုံးက ဘောလုံး ဝါသနာအိုး တွေရော ဘောလုံး ဝါသနာမပါသူ တွေပါ စိတ်ဝင်တစား စောင့်ကြည့်ကြမယ့် ၂၀၁၄ ကမ္ဘာ့ ဘောလုံး ပြိုင်ပွဲကြီးကို ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှာ ဖွင့်ပွဲ အခမ်အနားနဲ့ စတင်တော့မှာ ဖြစ်ပြီး၊ ဒီနောက်မှာ အိမ်ရှင် ဘရာဇီးနဲ့ ခရိုရေးရှားတို့ ဒေသအချိန် ညနေ ၂ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။

၎နှစ်တကြိမ်ကျင်းပတဲ့ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ပြင်ဆင် ဆောက်လုပ်ရတဲ့ စရိတ်တွေနဲ့ပတ်သက်ပြီး ဘရာဇီးမှာ လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြမှုတွေရှိခဲ့ရာက အခုတော့ လူအများရဲ့အာရုံက ဘောလုံးပွဲဆီ ရောက်သွားကြပါပြီ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၁၉ ကြိမ်မှာ ဘရာဇီးအသင်းက ၅ ကြိမ် ဗိုလ်စွဲခဲ့ပြီး ၁၉၅၀ အိမ်ရှင်အဖြစ် လက်ခံကျင်းပစဉ်က ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒါကြောင့် အခုတကြိမ် အိမ်ရှင်ပြန်ဖြစ်ချိန်မှာ အနိုင်ရဗိုလ်စွဲမယ်လို့ ပြည်သူအများက မျှော်လင့်ထားကြတာကြောင့် ဘရာဇီးအသင်း အဖို့ ဒီမျှော်လင့်ချက်ကို ဒီကနေ့စလို့ အကောင်အထည်ဖေါ်ရမယ့်တာဝန်ရှိနေပါတယ်။

အထူးသဖြင့် ဒီတာဝန်ကို ပိန်ပိန်သေးသေး ပုခုံးလေးနဲ့ ထမ်းနေရသူတဦးကတော့ အသက် ၂၂ ပဲရှိသေးတဲ့ ဘရာဇီးရဲ့ ဘောလုံးမင်းသားလေး နေမာပါ။

ဘရာဇီးရဲ့နာမည်ကျော်ဘောလုံးသမားပီလီက ဒီပွဲမှာ နေမာကို စတားဖြစ်စေချင်ပါတယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိ ဘာစီလိုနားမှာကစားနေတဲ့ နေမာဟာ သူရဲ့ ကစားကွက်၊ ဂိုးသွင်းနိုင်မှုတွေကြောင့် နဲ့ ၂၀၁၃ ကွန်ဖက်ဒရေးရှင်ကပ် ဖိုင်နယ်မှာ ကမ္ဘာ့ဖလား ပိုင်ရှင် စပိန်ကို ဘရာဇီးက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရဗိုလ်စွဲအောင် ခြေစွမ်းပြနိုင်ခဲ့တာတွေကြောင့် နာမည်ကျော် လူကြိုက်များ လာခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ခရိုရေးရှနဲ့ပွဲမှာ သူဘယ်လို ခြေစွမ်းပြမလဲဆိုတာကို လူတိုင်းက မျှော်လင့်တစားစောင့်ကြည့်ကြမှာကတော့ အသေအချာပါဘဲ။

ဘရာဇီးဟာ မက္ကဆီကို ကင်မရွန်းတို့နဲ့လည်း ကစားရမှာ ဖြစ်ပါတယ်။ အသင်းပေါင်း ၃၂ သင်း ၄သင်းတအုပ်စုနဲ့ ၈အုပ်စုခွဲကစားကြရမှာပါ။ ဖိုင်နယ်ပွဲကို ဂျူလိုင် ၁၃ရက် ရီယိုက မာရာကာနာ ကစားကွင်းမှာကစားကြမှာဖြစ်ပါတယ်။

လောလောဆယ် ဘရာဇီးနဲ့အတူ စပိန် အာဂျင်တီးနား ဂျာမဏီတို့ ဗိုလ်စွဲတိုင်တယ်လို့ တစ်ပေးနေကြပါတယ်။ ဒါပေမယ့် အကြားအမြင်ရ တယ်ဆိုတဲ့ ဘစ်ဟက် ခေါင်းကြီးလို့ နာမည်ပေးထားတဲ့ လိပ်ကြီးတကောင်ကတော့ ဒီနေ့ပွဲမှာ ဘရာဇီးနိုင်မယ်လို့ အဟောထုတ်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
 ဒီကနေ့ဆိုရင် တမ္ဘာဘာလုံးက ဘောလုံးဝါသနာအိုးတွေရော ဘောလုံးဝါသနာမပါသူတွေပါ စိတ်ဝင်တစား စောင့်ကြည့်ကြမယ့် ၂၀၁၄ ကမ္ဘာ့ ဘောလုံး ပြိုင်ပွဲကြီးကို ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှာ ဖွင့်ပွဲ အခမ်အနားနဲ့ စတင်တော့မှာ ဖြစ်ပြီး၊ ဒီနောက်မှာ အိမ်ရှင်ဘရာဇီးနဲ့ ခရိုရေးရှားတို့ ဒေသအချိန် ညနေ ၂ နာရီမှာ ကစားကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့်မရှိမှု မြန်မာကို ကုလဝေဖန်

Photo: ငြိမ်းချမ်းစွာ စုဝေးခွင့်မရှိမှု မြန်မာကို ကုလဝေဖန်
Thursday, June 12, 2014

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်ခွင့်မှာ ဘာသာရေး၊ လူမျိုးရေးအရ အုပ်စုတစုအတွက် သွားပြီး အကန့်အသတ် ဖြစ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးရဲ့ အစီရင်ခံစာဟာ အခြေအမြစ်မရှိဘဲ မမှန်ကန်တဲ့ ဖော်ပြချက်ဖြစ်တယ်ဆိုပြီး မြန်မာဘက်က ချေပ ခဲ့ပါတယ်။ ဂျနီဗာမှာလုပ်သွားတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်းမှာ အခုလို တုံ့ပြန်ခဲ့တာပါ။ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ပြထားပါတယ်။
 
၂၆ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ တတိယအစည်းအဝေးအတွင်း ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖော်ထုတ်ခွင့်နဲ့ ပတ်သက်လို့ နိုင်ငံအရပ်ရပ်က အခြေအနေတွေကို ဆွေးနွေး တင်ပြနေရာမှာ မြန်မာနိုင်ငံအကြောင်းလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အဖွဲ့အစည်းဖွဲ့ခွင့်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Maina Kiai က နှစ်စဉ် သူ့အစီရင်ခံစာကို တင်သွင်းရာမှာ မြန်မာနိုင်ငံကိုပါ ဥပမာပေး ဖော်ပြခဲ့တာပါ။
 
“မလေးရှား၊ မြန်မာ၊ နိုင်ဂျီးရီးယားနဲ့ ရုရှားနိုင်ငံတွေမှာ ချမှတ်ထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ဥပဒေတွေကို ကြည့်မယ်ဆိုရင် လူစုလူဝေး စည်းရုံးလှုပ်ရှားရာမှာ ဥပမာအားဖြင့် နိုင်ငံသားမဟုတ်တဲ့သူ၊ လိင်တူချင်း စိတ်ဝင်စားတဲ့သူတွေ စသဖြင့် အုပ်စုတစုစုကို သီးသန့် ဖယ်ထုတ် ကန့်သတ်ထားတာမျိုး ရှိနေပါတယ်။”
 
ကမ္ဘာ့နိုင်ငံအရပ်ရပ်က ငြိမ်းချမ်းစွာစုဝေးခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်တွေနဲ့ ပတ်သက်ပြီး အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်ထဲ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။
 
“လူ ၅ ဦးထက် ပိုမစုဝေးရဘူးဆိုတဲ့ ရခိုင်ပြည်နယ်မှာ ပြဌာန်းသွားတဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကို ကြည့်မယ်ဆိုရင် ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် မဟုတ်ဘဲ၊ ရိုဟင်ဂျာတွေအတွက် သွားပြီး သက်ရောက်မှု ရှိနေပါတယ်။ ဘာသာရေးအရ စုဝေး ၀တ်ပြုဆုတောင်းတာမျိုး၊ ဘာသာရေးပွဲတော် လုပ်တာတွေမျိုး လူစုလူဝေး လုပ်ဖို့ အကန့်အသတ် သွားဖြစ်ပါတယ်။”
 
အခုလို အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေကို နိုင်ငံအလိုက် ပြန်ပြီး ဆွေးနွေး ကြ၊ တုံ့ပြန်ကြရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေဟာ မမှန်ကန်ဘူးလို့ မြန်မာကိုယ်စားလှယ်ဘက်က ငြင်းဆို ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် လူ့အခွင့်အရေးနဲ့ အခြေခံ လူ့အခွင့်အရေးတွေ ပိုပြီး ခံစားခွင့်ရနေကြပြီလို့ မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်လင်းမာလာလွင် ပြောပါတယ်။
 
“အခုချိန်အထိဆိုရင် မြန်မာနိုင်ငံထဲမှာ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းရော ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းရော စုစုပေါင်း ၆၉၉ ဖွဲ့ မှတ်ပုံတင် ဖွဲ့စည်းထားပါတယ်။ ၂၀၁၂ ခုနှစ် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေ ထွက်ပြီးကတည်းကဆိုရင်လည်း အလုပ်သမားရော အလုပ်ရှင်ရော အဖွဲ့အစည်းပေါင်း တစ်ထောင်ကျော် ဖွဲ့စည်းလှုပ်ရှားနေကြပါပြီ။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အဖွဲ့ဝင်အနေနဲ့ နိုင်ငံတကာက လက်ခံထားတဲ့ လူ့အခွင့်အရေး စံနှုန်းစံထားတွေကို လက်ခံ အသိအမှတ်ပြုပါတယ်။”
 
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့သလို၊ အဲဒီနောက်ပိုင်း ငြိမ်းချမ်းတဲ့ ဆန္ဒပြမှု အတော်များများလည်း ရှိနေတယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။ အထူးကိုယ်စားလှယ်ဘက်က တင်ပြတဲ့အထဲ နိုင်ငံသားမဟုတ်သူတွေနဲ့ ပတ်သက်လို့ အခွင့်အရေးကိုတော့ သီးခြားသတ်မှတ်ဖို့တော့ မဖြစ်နိုင်ဘူးလို့ မြန်မာကိုယ်စားလှယ် ဒေါ်လင်းမာလာလွင်က တုံ့ပြန်ခဲ့ပါတယ်။
 
“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ဥပဒေတွေမှာ နိုင်ငံသား မဟုတ်သူတွေအတွက် သီးခြား အခွင့်အရေးပေးတဲ့ အချက်အလက်မျိုးတွေ ရှိတယ်ဆိုရင် အထူးကိုယ်စားလှယ်ဘက် ပြန်လည် ရှင်းပြပြောဆိုတာ ကောင်းပါလိမ့်မယ်။ အထူးကိုယ်စားလှယ်ရဲ့ ဒီအစီရင်ခံစာထဲ မြန်မာနိုင်ငံကို အသေအချာ ထည့်သွင်း ပြောဆိုထားချက်ဟာ စိတ်မကောင်းစရာပါ။ အစီရင်ခံစာထဲ နေရာတချို့မှာ နိုင်ငံတွေကို နာမည်နဲ့မပြောဘဲ အရေအတွက်နဲ့ ထောက်ပြ ဖော်ညွှန်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကိုတော့ တချို့နိုင်ငံတွေနဲ့ယှဉ်ပြီး နာမည်နဲ့တကွ ထောက်ပြထားပါတယ်။ ဒီနောက်ကွယ်က ဘာအကြောင်းကြောင့်လဲဆိုတာ ကျမတို့ နားမလည်ပါဘူး။”
 
ပဋိပက္ခကြောင့် အရေးပေါ် အခြေအနေ ကြေညာရပေမဲ့လည်း ဘာသာရေးအရ ၀တ်ပြု ဆုတောင်းမှု ပြုနိုင်အောင်လည်း မြန်မာအာဏာပိုင်တွေက စီမံပေးခဲ့တယ်လို့ မြန်မာကိုယ်စားလှယ်က ပြောပါတယ်။
 
“ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၇ မြို့နယ်မှာ အခုလို အရေးပေါ် အခြေအနေ ကြေညာထားတာပါ။ ဒီနေရာမှာ အဖွဲ့တဖွဲ့ကိုဖြစ်စေ၊ ယုံကြည်မှုအရ ကွဲပြားနေတဲ့ အုပ်စုတစုကိုဖြစ်စေ သီးခြား သတ်မှတ် ထုတ်ပြန်လို့ မရပါဘူး။ ဒုက္ခသည်စခန်းတွေမှာဆိုရင် ၀တ်ပြုဆုတောင်းဖို့ နေရာတွေ သတ်သတ်မှတ်မှတ် လုပ်ပေးထားပါတယ်။ ဥပမာဆိုရင် စစ်တွေမြို့နယ်တွင်း ဒုက္ခသည်စခန်းနေရာ ၁၃ ခုမှာ ၀တ်ပြုဆုတောင်းတဲ့အခန်း ၄၉ ခန်း ထားရှိပေးထားပါတယ်။ ဒါပေမဲ့ ဘာသာရေးအရ စုဝေး ၀တ်ပြုဆုတောင်မှုနဲ့ ဆက်နွယ်ပြီး အစီရင်ခံစာထဲမှာတော့ အခြေအမြစ်မရှိတဲ့ သတင်းအပေါ် အခြေခံပြီး ရေးသား ဖော်ပြထားပါတယ်။”
 
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က ကိုင်တွယ် ဖြေရှင်းမှုတွေပေါ်မှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှာတော့ ဝေဖန်ပြစ်တင်ခံရမှုတွေ ရှိနေပါတယ်။ အခုလည်း ငြိမ်းချမ်းစွာ စုဝေးခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံ အနောက်ခြမ်းက ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ကိုင်တွယ်မှုအပေါ် ဝေဖန်ထားတာပါ။
 
မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ လူမျိုး မြန်မာနိုင်ငံမှာ မရှိဘူးလို့ ငြင်းထားသလို၊ အခု အစီရင်ခံစာထဲမှာ ရိုဟင်ဂျာဆိုပြီး ထည့်သွင်း သုံးနှုန်းထားတဲ့အပေါ်မှာလည်း လက်မခံ ကန့်ကွက်ခဲ့ပါတယ်။

VOA

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Maina Kiai (ဓာတ်ပုံ - www.ohchr.org)
မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်ခွင့်မှာ ဘာသာရေး၊ လူမျိုးရေးအရ အုပ်စုတစုအတွက် သွားပြီး အကန့်အသတ် ဖြစ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးရဲ့ အစီရင်ခံစာ ဟာ အခြေအမြစ်မရှိဘဲ မမှန်ကန်တဲ့ ဖော်ပြချက်ဖြစ်တယ်ဆိုပြီး မြန်မာဘက်က ချေပ ခဲ့ပါတယ်။ ဂျနီဗာမှာ လုပ်သွားတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်းမှာ အခုလို တုံ့ပြန်ခဲ့တာပါ။ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ပြထားပါတယ်။

အီရတ်စစ်သွေးကြွ ဒုတိယမြို့ဆက်သိမ်း

Photo: အီရတ်စစ်သွေးကြွ ဒုတိယမြို့ဆက်သိမ်း
Thursday, June 12, 2014

အီရတ်နိုင်ငံ Mosul မြို့ကို အင်္ဂါနေ့တုန်းက သိမ်းယူလိုက်တဲ့ အစ္စလာမ်စစ်သွေးကြွတွေဟာ ဘဂ္ဂဒတ်နဲ့ ကီလိုမီတာ ၂၀၀ လောက်ပဲ ဝေးတဲ့ Tikrit ကို သိမ်းယူလိုက်ပြန်တယ်လို့ အီရတ်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။
 
Islamic State of Iraq and the Levant လို့ခေါ်တဲ့ အဲဒီသူပုန်အဖွဲ့ဟာ Mosul မြို့ တောင်ဘက်ခြမ်းထိ တိုးလာပြီး၊ အီရတ်နိုင်ငံမှာ အကြီးဆုံး ရေနံချက်စက်ရုံရှိတဲ့ Tikrit မြို့ကို သိမ်းယူလိုက်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီမြို့ဟာဆိုရင် သေဆုံးသွားပြီဖြစ်တဲ့ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်ရဲ့ မွေးဇာတိမြို့လည်း ဖြစ်ပါတယ်။
 
အဲဒီမြို့မှာတော့ စစ်သွေးကြွတွေဟာ ရဲစခန်းအတော်များများကို သိမ်းယူထားပြီး၊ မြို့အုပ်ချုပ်ရေးမှူးကတော့ ပျောက်ဆုံးနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အစောပိုင်းနာရီတုန်းကတော့ ဆူနီစစ်သွေးကြွတွေဟာ Beiji မြို့ကို ၀င်ရောက်ပြီး ရဲစခန်းနဲ့ တရားရုံးကို မီးတင်ရှို့ခဲ့ပါတယ်။
 
အီရတ်နိုင်ငံရဲ့ အကြီးဆုံး ရေနံချက်စက်ရုံကို လုံခြုံရေးယူထားတဲ့ အစောင့် ၂၅၀ လောက်ကို သူပုန်တွေက တိုက်ထုတ်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ အီရတ်ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Mosul မြို့ကို စစ်သွေးကြွတွေ သိမ်းထားဆဲပါ။ ၀န်ကြီးချုပ် Nouri al-Maliki နဲ့ Ninevah ပြည်နယ်အုပ်ချုပ်ရေးမှူး Athil Nujeifi တို့ နှစ်ဦးစလုံးကတော့ ဒေသခံတွေအနေနဲ့ မြို့ကို ပြန်သိမ်းယူကြဖို့ဆိုပြီး တိုက်တွန်းနေပါတယ်။
 
ဒါ့အပြင် စစ်အခြေစိုက် စခန်းတွေကို စွန့်ခွာပြီး Mosul ကို ထွက်ပြေးသွားကြတဲ့ အီရတ်စစ်ဘက် တာဝန်ရှိသူတွေကိုလည်း ၀န်ကြီးချုပ် Maliki က ပြစ်တင်ဝေဖန်ပါတယ်။ သူတို့ဟာ ပုန်ကန်ထကြွမှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုပြီးတော့ မိန့်ခွန်းထဲမှာ ထည့်သွင်း ဝေဖန်သွားတာပါ။
 
Mosul မြို့မှာ နောက်ထပ် အကြမ်းဖက်မှုတွေဖြစ်လာမှာ စိုးရိမ်တာကြောင့် လူပေါင်း ၅ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ IOM ခေါ်တဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အီရတ်နိုင်ငံ Mosul မြို့ကို အင်္ဂါနေ့တုန်းက သိမ်းယူလိုက်တဲ့ အစ္စလာမ်စစ်သွေးကြွတွေဟာ ဘဂ္ဂဒတ်နဲ့ ကီလို မီတာ ၂၀၀ လောက်ပဲ ဝေးတဲ့ Tikrit ကို သိမ်းယူလိုက်ပြန်တယ်လို့ အီရတ်လုံခြုံရေး အရာရှိတွေက ပြောပါ တယ်။

မိုးရွာသွန်းမှုကြောင့် ရွှေတိဂုံဘုရားလမ်းတွင် ညောင်ပင်လဲကျ

၁၁.၆.၂၀၁၄ ရက်နေ့ ၁၀၁၅ အချိန်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်း အတွင်းရှိ လုံးပတ်ပေ(၂၀)ခန့်၊ အမြင့်ပေ (၁၀၀)ခန့်ရှိ ညောင်ပင်မှာ မိုးရွာသွန်းမှုကြောင့် ရွှေတိဂုံဘုရားလမ်း ပေါ်သို့ ကန်လန့်ဖြတ်လဲကျခဲ့ပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓ သာသနာပြု ကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

Photo: နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓ သာသနာပြု ကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ
Thursday, June 12, 2014

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။

စာနယ်ဇင်းရှင်းလင်းပွဲတွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်း၊ သာသနာ့ရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်မော်တို့က မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ၁၉၉၆ ခုနှစ် မတ် ၁ ရက်တွင် သရေစည်သူ ဗိုလ်မှူးကြီးစောမြင့် (ငြိမ်း)က နိုင်ငံတော်အကြီးအကဲထံ ပုဂ္ဂိုလ်ရေးရင်းနှီးမှုဖြင့် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးအား နိုင်ငံတော်အစိုးရက ဦးဆောင်တည်ဆောက်ပေးရန် တင်ပြခဲ့ရာ နိုင်ငံတော်အကြီးအကဲက လက်ခံ၍ ကျောင်းတော်ကြီးအား ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုချက် အရ ၁၉၉၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် နာယကအဖွဲ့ ငါးဦး၊ တည်ဆောက်ရေးဦးစီးကော်မတီဝင် ၁၅ ဦး၊ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊ ပစ္စည်းရှာဖွေရေးလုပ်ငန်း ကော်မတီတို့ကို ဖွဲ့စည်းခဲ့ကြောင်း။

ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆရာတော် ဦးပညာဝံသနှင့် အလှူရှင်များက ငွေကျပ်သိန်း ၁ဝဝဝ စီ၊ အေးရှားဝေါကုမ္ပဏီက ငွေကျပ်သိန်း ၁၄ဝဝ၊ အများပြည်သူလှူဒါန်းငွေကျပ် သိန်း ၂၁ဝဝ နှင့် စည်ပင်ဘဏ်ချေးငွေကျပ်သိန်း ၂ဝဝဝ စုစုပေါင်း ငွေကျပ်သိန်း ၈၅ဝဝ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ကြောင်း။ ယင်းနောက် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ရေစက်ချလှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကိုကျင်းပပြီး မဟာသန္တိသုခ ကျောင်းတော်ကြီးအား ''သံဃိက''သံဃာအား ရည်မှန်း၍ ဗုဒ္ဓသာသနာတော်အား လှူဒါန်းခဲ့ကြောင်း။
၂ဝဝ၂ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် သြဝါဒါစရိယဆရာတော်ကြီး အပါး ၂ဝ၊ နာယကအဖွဲ့ ခြောက်ဦး၊ ဂေါပကအလုပ်အမှုဆောင်အဖွဲ့ ၂၂ ဦး၊ ပညာရေးနှင့် သင်ကြားပို့ချရေးကော်မတီရှစ်ဦးတို့အား ဖွဲ့စည်း၍ အုပ်ချုပ်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ လွှဲပြောင်းလှူဒါန်းပြီး နောက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သြဝါဒါစရိယ ဆရာတော်များအား ရွေးချယ်ခန့်အပ်ခဲ့ကြောင်း။

ပီနန်ဆရာတော်ကြီးသည် ဆယ်စုနှစ် တစ်ခုခန့် ပြည်ပသို့ ကြွရောက် သီတင်းသုံးရာမှ မဟာသန္တိသုခ ကျောင်းတော်ကြီးသို့ တည်းခိုသီတင်းသုံးမည့်ကိစ္စနှင့် ပတ်သက်၍ သင်တန်းမှူးဆရာတော်မှတစ်ဆင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ လျှောက်ထားခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အာဂန္တု (ဧည့်သည်)အဖြစ် တစ်ပါးတည်း နေထိုင်ခွင့်ပြုရန် ၂-၁-၂ဝ၁၃ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း။

ပီနန်ဆရာတော်ကြီးအား တစ်ပါးတည်းသာ သီတင်းသုံးနေထိုင်ခွင့်ပြုခဲ့သော်လည်း ဆရာတော်ကြီးက နောက်လိုက်သံဃာများ၊ လူပုဂ္ဂိုလ်များအား ကျောင်းတော်ကြီးပေါ် အင်အားသုံးနေထိုင်စေခဲ့ကြောင်း၊ ထိုအခြေအနေများကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပီနန်ဆရာတော်အပေါ် အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်များစွာ ချမှတ်ခဲ့ရပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇) ပါးစုံညီ စတုတ္ထအစည်းအဝေးက ပီနန်ဆရာတော်နှင့်အဖွဲ့အား ၂ဝ၁၄ ခုနှစ် မတ် ၃၁ ရက် နောက်ဆုံးထား၍ ကျောင်းတော်ကြီးမှ အပြီးအပိုင်ထွက်ခွာသွားရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် သံဃာထုတစ်ရပ်လုံးကိုယ်စား အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်လာသဖြင့် ထိုသို့လိုအပ်ချက်နှင့်အညီ တိုင်းသံဃနာယကအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဦးပညာဝံသနှင့်အဖွဲ့အား အပြီးအပိုင်ဖယ်ရှားရေးအမြန်ဆောင် ရွက်ရန် ဇွန် ၄ ရက်တွင်လည်းကောင်း၊ ဇွန် ၁ဝ ရက်တွင် လည်းကောင်း ညွှန်ကြားချက်များထုတ်ပြန်၍ ဇွန် ၁၁ ရက် နံနက် ၁ နာရီခန့်တွင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး၌ ခွင့်ပြုချက်မရရှိဘဲ သီတင်းသုံးနေထိုင်သော သံဃာများအား ဖယ်ရှားရှင်းလင်း၍ ချိတ်ပိတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် တက်ရောက်လာကြသော စာနယ်ဇင်းများ၏ မေးမြန်းချက်များကို နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။

မြ၀တီ
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေး ဝန်ကြီး ဌာန (ရန်ကုန်ရုံးခွဲ)၌ ကျင်းပသည်။

မဟာသန္တိသုခကျောင်းတိုက်၌ဆရာတော်များမှာဝိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေးအရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်ပြောကြား

Photo: မဟာသန္တိသုခကျောင်းတိုက်၌ဆရာတော်များမှာဝိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေးအရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သမ္မတရုံးအကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်ပြောကြား
Thursday, June 12, 2014

တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ရှိ လက်ရှိသီတင်းသုံးနေသည့် ဆရာတော်များမှာ ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေး အရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါကျောင်းတိုက်ကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးအံ့မောင်က ပြောကြား သည်။

“၀ိနည်းတော်နဲ့အညီ မနေတဲ့ သံဃာတော်တွေကို ရှင်းလင်းတာဖြစ်တယ်။ သူတို့က အေးအေးဆေးဆေး မနေဘူး။ အဲဒီမှာရှိတဲ့ သူတွေကို ခြိမ်းခြောက်မှု တွေ လုပ်တယ်။ ကျောင်းတိုက်ကသော့တွေ၊ အခန်းတံခါးသော့တွေကို တောင်းတယ်။ ကျောင်းထဲမှာရှိတဲ့ သံဃနာယကအဖွဲ့ ဆရာတော်တွေ ကိုလည်း အသားနာသွားအောင် ပြုလုပ်မယ်လို့ ခြိမ်းခြောက်မှုတွေ လုပ်တယ်။

ဒီလို ပြောရတယ် ဆိုတာကလည်း သက်သေအထောက်အထားတွေရှိလို့ ပြောရတာ ဖြစ်တယ်။ ဒီကျောင်းတော်ထဲမှာတင် ပီနန်ဆရာတော်ကို တစ်ပါးတည်း အာဂန္တုအနေနဲ့ သီတင်းသုံးနေခွင့် ပြုခဲ့ပေမယ့် သူက သူ့နောက်သံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေကိုပါ ကျောင်းတော်ကြီးထဲမှာလည်း နေစေခဲ့တယ်” ဟု နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးအံ့မောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် “ခင်ဗျားတို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ စစ်ဆေးဆုံးဖြတ်ချက်ကို လက်မခံဘူးဆိုရင် ကြိုက်တဲ့တရားရုံးမှာ သွားပြီး တရားစွဲလို့ ရတယ်” ဟု ၎င်းက ယင်းရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးနှင့် စပ်လျဉ်း၍ ဖြစ်ရပ်မှန် အခြေအနေများကို သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်းက ရှင်းလင်းပြောကြားရာတွင် “ပီနန် ဆရာတော်ကြီးနှင့် တပည့်သံဃာတော်များသည် နိုင်ငံတော်သံဃမဟာနာယကပိုင် မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ၀င်ရောက်စွက်ဖက်ခြင်း၊ သင်တန်းမှူး ဆရာတော်နှင့် ၀န်ထမ်းများအား ခြိမ်းခြောက်ခြင်း၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အပေါ် စွပ်စွဲပုပ်ခတ်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ခြင်း၊ ပီနန်ဆရာတော်ကြီးအား အာဂန္တုတစ်ပါးတည်းသာ သီတင်းသုံးနေထိုင်ခွင့် ပြုသော်လည်း ဆရာတော်ကြီးမှ နောက်လိုက်သံဃာတော်နှင့် လူပုဂ္ဂိုလ်များကို ကျောင်းပေါ်တွင် အင်အားသုံး နေထိုင်စေခြင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သော တရားစွဲဆိုမှု ပြုလုပ်မည်ဟု သတင်းစာများတွင် အတိအလင်း ဖော်ပြခဲ့ခြင်း၊ အနာဂတ်တွင် မလိုလားအပ်သည့် ပဋိပက္ခအသွင်ဆောင်သော ဖြစ်စဉ်များ ပေါ်ပေါက်လာနိုင်ခြင်း၊ သံဃာအဖွဲ့အစည်းအတွင်း ညီညွတ်မှု ပျက်ပြားလာနိုင်ခြင်း၊ အလားတူဖြစ်စဉ်များ ပေါ်ပေါက်လာပါက ဆောင်ရွက်ရန် ခက်ခဲခြင်း အစရှိသည်တို့ကြောင့် နိုင်ငံတော်သံဃမဟာနာယအဖွဲ့သည် သံဃာထု တစ်ရပ်လုံး၏ ကိုယ်စား အရေးယူ ဆောင်ရွက်ရန် လိုအပ်လာသဖြင့် ယင်းလိုအပ်ချက်နှင့်အညီ တိုင်းသံဃနာယကအဖွဲ့နှင့် တိုင်းဒေသကြီး အစိုးရတို့မှ ပီနန်ဆရာတော် ဦးပညာဝံသနှင့် အပေါင်းအပါများအား အပြီးအပိုင် ဖယ်ရှားဆောင်ရွက်ရန် မဟနမှ ညွှန်ကြားခဲ့မှုကြောင့် ၂၀၁၄ ခုနှစ် ဇွန် ၁၁ ရက်ညပိုင်းတွင် ခွင့်ပြုချက်မရဘဲ သီတင်းသုံးနေသည့် သံဃာများ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ခန့်အပ်ထားသည့် သင်တန်းမှူး ဆရာတော်များနှင့် ဂေါပကအဖွဲ့များကို ဖယ်ရှားရှင်းလင်း၍ ချိပ်ပိတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အဆိုပါကျောင်းတော်ကြီး၌ ခွင့်ပြုချက်မရှိဘဲ သီတင်းသုံးနေထိုင်သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား လုပ်ထုံးနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီး၏ တပည့် ဒါယိကာမဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်သန်းနွယ်အား မေးမြန်းရာ “သူတို့ ရှင်းသွားတာတွေက လုံးဝ အဓိပ္ပာယ်မရှိဘူး။ တစ်ဖက်စောင်းနင်း ဖြစ်နေတယ်။ ပြီးတော့ ကျွန်မထောက်ပြချင်တာက သူတို့ စွပ်စွဲတဲ့ လူတွေထဲမှာ ကျောင်းထဲမှာနေထိုင်ပြီး ဘုန်းကြီးတွေနဲ့ ရောရောဝင်ဝင် နေနေတယ်ဆိုတဲ့ အချက်ကိုပါ။ ရန်ကုန်တိုင်းထဲမှာရှိတဲ့ ဘုန်းကြီးကျောင်း တော်တော်များများမှာ လူတွေ၊ သီလရှင်တွေက အတူတူနေထိုင် သီတင်းသုံး နေကြတာချည်းပါပဲ။ အဲဒီလိုမျိုး တစ်ဖက်သတ်စွပ်စွဲတာ လုံးဝအဓိပ္ပာယ် မရှိဘူး။ ပြီးတော့ ကျောင်းတိုက်မှာ တာဝန်ရှိတဲ့ ပီနန် ဆရာတော်ကြီး မရှိတဲ့အချိန်မှာ အခုလိုလုပ်တာဟာ လုံးဝမတရားဘူးလို့ ပြောချင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားက ပီနန် ဆရာတော်ကြီး ပြန်ရောက်မှဘဲ ဆရာတော် ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ပီနန်ဆရာတော်ကြီး၏ တပည့်ဒါယိကာမဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဒေါ်လှလှမိုးကလည်း “ဒီသတင်းစာရှင်းလင်းပွဲမှာ သူတို့ရှင်းလင်းချက်တွေဟာ အမှန်နည်းနည်းသာ ပါသလို အမှားတွေက ပိုများနေတယ်။ သူတို့ ရှင်းပြချက်တွေကို ကျွန်မတို့ လုံးဝယုံကြည်ချက် မရှိဘူး။ ပီနန် ဆရာတော်ကြီးက ဒီကျောင်းကို အစစအရာရာ ကောင်းမွန်အောင် လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်မတို့ ကျောင်းဒကာ၊ ဒါယိကာမတွေ အကုန်လုံးသိတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဇွန် ၁၀ ရက် ည ၁၀ ခန့်မှစတင်၍ ၀င်ရောက်ကာ ကျောင်းတိုက်အား ချိပ်ပိတ်ပြီး အင်္ဂလန်ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော်ခုနစ်ပါးနှင့် ကျောင်းတိုက်ထဲတွင် နေထိုင်သည့် လူများကိုလည်း ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီးတို့အကြား အငြင်းပွားလျက်ရှိသော မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက ဖြေရှင်းပေးရန် ပီနန်ဆရာတော်ကြီးက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။

Eleven Media Group 

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သမိုင်းကြောင်းတစ်လျှောက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော ၂၀၀၇ သံဃာအရေးအခင်းဖြစ်စဉ် ကာလအတွင်း သာသနာရေးဝန်ကြီးဌာန၌ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော ဦးအံ့မောင် (၀ဲ-ဒု)ကို အခြားတာဝန်ရှိသူများနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သမိုင်းကြောင်းတစ်လျှောက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော ၂၀၀၇ သံဃာအရေးအခင်းဖြစ်စဉ် ကာလအတွင်း သာသနာရေးဝန်ကြီးဌာန၌ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော ဦးအံ့မောင်(၀ဲ-ဒု)ကို အခြားတာဝန်ရှိသူများနှင့် အတူ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ရှိ လက်ရှိသီတင်းသုံးနေသည့် ဆရာတော်များမှာ ၀ိနည်းနှင့် အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေး အရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါကျောင်းတိုက်ကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ နိုင်ငံတော် သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးအံ့မောင်က ပြောကြား သည်။

သန္တိသုခကျောင်းတိုက် အင်အားသုံးသိမ်းယူမှု မသင့်လျော်ကြောင်း သီတဂူဆရာတော်မိန့်ကြား

Photo: သန္တိသုခကျောင်းတိုက် အင်အားသုံးသိမ်းယူမှု မသင့်လျော်ကြောင်း သီတဂူဆရာတော်မိန့်ကြား
Thursday, June 12, 2014

ရန်ကုန်တိုင်း တာမွေမြို့ နယ်က မဟာသန္တိသုခကျောင်း တိုက်ကို အင်အား သုံးချိတ် ပိတ်ပြီး ကျောင်းတိုက်တွင်းက သံဃာတော်တွေကို အဓမ္မခေါ်ဆောင် သွားတာဟာ သင့်လျော်မှုမရှိသလို နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး အတွက်လည်း ထိခိုက်မှုဖြစ်မှာ စိုးရိမ်ကြောင်း သီတဂူ ဆရာတော် အရှင်ဥာဏိသရက မိန့်ကြားလိုက်ပါတယ်။

မနေ့ ညသန်းခေါင်အချိန်က ကျောင်းတိုက်ကို ရဲအင်အားနဲ့ဝိုင်းရံပြီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်တွေက ကျောင်းကိုသိမ်းယူ ချိတ်ပိတ်ခဲ့တာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဆရာတော်က မိန့်ကြားခဲ့တာပါ။

"သာသနာရေးဌာနတို့ သံဃာ့မဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့ကထိန်းတယ်လို့ ဒီလိုထင်ပုံ ရတယ်၊ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာမရောက်ဘူး၊ လူတွေရဲ့ စိတ်နှလုံကို ဆူပူအောင်လှုံ့ဆော်တာ နောက် တစ်ချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စ ဘုရားဟောပါဋိတော်ထဲမှာ မျက်မှောက် ရင်ဆိုင်တွေ့ဆုံပြီးတော့ ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အချိန် တိုက်တိုက် ဆိုင်ဆိုင် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော်မသင့်လျော်တဲ့ကိစ္စဖြစ်တယ်"

ဒါ့အပြင် သံဃာများ ရေစက်ချလှူဒါန်းထားတဲ့ ပစ္စည်းဥစ္စာကို အစိုးရက သိမ်းပိုင်ခွင့်မရှိသလို သံဃာ့မဟာနာယက အဖွဲ့ကလည်း သိမ်းပိုင်ခွင့်မရှိကြောင်း သံဃိတပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်။

သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တို့အနေနဲ့  ခုလိုပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို  ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းသင့်တယ်လို့လည်း  ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆရာတော် ဦးပညာဝံသနဲ့  တပည့်တွေ ကို ကျောင်းတိုက်ကနေထွက်ပေးဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်က အဲဒီညွှန်ကြားချက်ကို လက်မခံဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရင်လည်း ရင်ဆိုင်မယ်လို့  မိန့်ကြားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက် မနေ့ ညသန်းခေါင်မှာတော့ ကျောင်းတိုက်ကို အင်အားသုံး ချိတ်ပိတ်ပြီးတဲ့နောက် သီတင်းသုံးနေတဲ့ သံဃာအပါး ၂၀ ခန့်ကို ကမ္ဘာအေး သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။

RFA (မြန်မာပိုင်း)
ရန်ကုန်တိုင်း တာမွေမြို့ နယ်က မဟာသန္တိသုခကျောင်း တိုက်ကို အင်အား သုံးချိတ် ပိတ်ပြီး ကျောင်းတိုက် တွင်းက သံဃာတော်တွေကို အဓမ္မခေါ်ဆောင် သွားတာဟာ သင့်လျော်မှုမရှိသလို နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးအတွက်လည်း ထိခိုက်မှုဖြစ်မှာစိုးရိမ်ကြောင်း သီတဂူ ဆရာတော် အရှင်ဥာဏိသရက မိန့်ကြားလိုက် ပါတယ်။

ထိုင်းတွင် ဆောက်လက်စ တိုက်နံရံပြိုကျ ၊ မြန်မာအလုပ်သမား ၃ ဦး သေဆုံး

Photo: ထိုင်းတွင် ဆောက်လက်စ တိုက်နံရံပြိုကျ ၊ မြန်မာအလုပ်သမား ၃ ဦး သေဆုံး
Thursday, June 12, 2014

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ကျွန်းစု  ဖူးကက်မြို့က ဆာက်လုပ်ရေးလုပ်ငန်း
ခွင်တခုမှာ ဇွန်လ ၁၀ ရက် ညနေ ၄ နာရီ က ဆောက်လက်စ ကွန်ကရစ် နံရံပြိုကျပြီး မြန်မာအလုပ်သမားအမျိုးသမီး ၃ ဦး  အခင်းဖြစ်နေရာမှာ သေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

ဖူးကက်မြို့ ၀ိချစ်ရပ်ကွက် ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်း ခွင်မှာ မတော်တဆထိခိုက်မှု ရှိကြောင်း သတင်းပေးပို့ချက်အရ တာဝန်ကျရဲဝန်ထမ်းတွေ သွားရောက်စစ်ဆေးရာမှာ ကွန်ကရစ်အုတ်ပုံ နဲ့ မြေတွေပြိုကျနေ တာ တွေ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့မြန်မာအလုပ်သမားတွေက ကွန်ကရစ်အောက်မှာ ပိနေတဲ့ အလုပ်သမားတွေကို ၀ိုင်းဆွဲထုတ်တာကြောင်း၊ ဆွဲထုတ်လို့ရလာတဲ့ သူတွေဟာ အမျိုးသမီး ၃ ဦးဖြစ်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ၀ိချစ်ရပ်ကွက် ရဲစခန်း ဒုရဲအုပ် ဂျာလစ် လဲမ်ပန်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးမေးမြန်းချက်အရ လွန်ခဲ့တဲ့ ၂ ရက်လောက်က မိုးဆက်တိုက်ရွာထားတဲ့အတွက် ဆောက်ပြီးသား ကွန်ကရစ်တချို့ ပြန်ကွာကျလာတာကို အလုပ်သမားခေါင်းဆောင်က သူတို့ကို ဘိလပ်မြေပြန်ဖာခိုင်းခဲ့ကြောင်း၊ သူတို့ နံရံပေါ်တက်ပြီး မကြာခင် ကွန်ကရစ်ပြိုကျပြီး မြေကြီးအောက် ကို ရောက်သွားကြောင်း၊ သေဆုံးသူတွေဟာ မြေပုံပိပြီး ဦးခေါင်းမှာ သွေးထွက်ဒဏ်ရာတွေ တွေ့တယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

သေဆုံးသူ ၃ ဦးလုံး မြန်မာအလုပ်သမားတွေဖြစ်ပြီး မနု  (၂၅) နှစ်၊ မမိုး (၁၉) နှစ်နဲ့ မမေ (၁၈) နှစ်တို့ ဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါ့လျော့မှုလို့ ကနဦး သုံးသပ်ထားပြီး တိုက်ဆောင်လုပ်ရေး ကန်ထရိုက်တာကို ဆက်လက် စစ်ဆေးသွားမယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ရေးသားဖော်ပြထားပါတယ်။

DVB (မြန်မာပိုင်း)
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်ကျွန်းစု  ဖူးကက်မြို့က ဆာက်လုပ်ရေးလုပ်ငန်း ခွင်တခုမှာ ဇွန်လ 
၁၀ ရက် ညနေ ၄ နာရီ က ဆောက်လက်စ ကွန်ကရစ် နံရံပြိုကျပြီး မြန်မာအလုပ်သမားအမျိုးသမီး ၃ ဦး  အခင်းဖြစ်နေရာမှာ သေဆုံး၊ ၁ ဦး ဒဏ်ရာရပြီး ဆေးရုံ တင်ထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

တောဆင်ရိုင်း ၀င်ရောက် မှုကြောင့်(၂) ပတ် အတွင်း အမျိုးသမီး (၁) ဦး သေ၊ အိမ်(၁၅) လုံး ပျက်စီး

Photo: တောဆင်ရိုင်း ၀င်ရောက် မှုကြောင့်(၂) ပတ် အတွင်း အမျိုးသမီး (၁) ဦး သေ၊ အိမ်(၁၅) လုံး ပျက်စီး
Thursday, June 12, 2014

 ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သော သီတင်း (၂) ပတ်ခန့်က စတင်၍ တောဆင်ရိုင်း ၀င်ရောက် ဖျက်ဆီး မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး၊ နေအိမ် (၁၅) လုံးနှင့် စပါးကျည်များ ပျက်စီးခဲ့ရကြောင်း ဒေသခံများ က ပြောသည်။

မေလ (၂၉) ရက်နေ့တွင် ကျွန်းကုန်း ကျေးရွာအုပ်စု၊ ကျောက်အိုင်ကြီး ကျေးရွာ၌ နေအိမ် (၂) လုံးကို ဖျက်ဆီးကာ အိမ်ပေါ်တွင် ရှိနေသူ အသက် (၅၀) ရှိ ဒေါ်နော်လားဝါးကို ဆွဲချပြီး နင်းသတ်ခဲ့ကြောင်း၊ ထိုနေ့မှ စတင်၍ နေ့စဉ် ကျေးရွာ အတွင်း ၀င်ရောက် ဖျက်ဆီးနေကြောင်း ကျောက်အို ကျေးရွာမှ ဦးဝင်းစိုး က The Messenger သတင်းစာသို့ ပြောသည်။ နှစ်ပတ် အတွင်း ဆင် အန္တရာယ်ကြောင့် ငကြွက်ကုန်း ကျေးရွာအနီး ထိန်တောကုန်းတွင် ဦးသန်းစိုး၏ နေအိမ်တစ်လုံး၊ ငကြွက်ကုန်း အရှေ့ ဘက်စမ်းကြီးကွင်းတွင် နေအိမ် တစ်လုံး၊ ငကြွက်ကုန်းရွာ အပြင်ဘက် ဥယျာဉ်ထဲတွင် ဒေါ်နော်တို့တိုဖူး၏ နေအိမ် တစ်လုံး တံခွန်တိုင် ရွာတွင် နေအိမ် နှစ်လုံး၊ နှမ်းလုံး ကြိုင်ရွာတွင် ဦးမောင်ကြီး နေအိမ် အပါအ၀င် ငါးလုံး၊ ဆင်လူးကုန်းတွင် ဦးဖိုးကဲ၏ နေအိမ် တစ်လုံး စုစုပေါင်း နေအိမ်(၁၅) လုံး ပျက်စီး ဆုံးရှုံးခဲ့ရသည်။

ဆင်တွေက နေ့စဉ်ရက်ဆက် ၀င်နေတယ်။ တစ်ခါတလေ နှစ်ရက်လောက် ခြားတယ်။ စိုက်ထားတဲ့ အပင်တွေကို စားတယ်။ ဖျက်တယ်။ အိမ်ကို ဖျက်ပြီး ဆန်အိုးထဲ က ဆန်ကိုရှာ စားတယ်။ စပါးကျည်ကို ဖောက်ပြီး စပါးကို စားတယ်။ ပြီးတော့ လူကို ရန်ရှာတော့ တာပဲ ဒေသခံ ဒေါ်နော်တို့ တိုဖူး ကပြောသည်။

တောသူတောင်သားဆိုတာ တောတောင်ကို အမှီပြုပြီး၊ သစ်ခုတ်ထင်းခုတ် တောင်ယာဥယျာဉ် အလုပ်နဲ့ အသက်မွေးကြ ရတာ၊ ခုတော့တော တောင်ထဲ သာမက ဥယျာဉ်ထဲတောင် မသွားရဲဘူး ဖြစ်နေတယ်။ တောဆင်ရိုင်းရန် ကြောက်တာကြောင့် အလုပ်ပျက် အကိုင်ပျက် နဲ့ ကြာရင် ဒီဒေသမှာ စားဝတ်နေရေး အခက်ကြုံ နိုင်တယ် ဟု ကြွက်ကုန်း ကျေးရွာမှ ဒေသခံ ဦးစိုးသန်း က ပြောသည်။

သာပေါင်း သစ်တောကြိုးဝိုင်း အတွင်း တောဆင်ရိုင်းအကောင် (၁၀၀) ကျော်ခန့် ရှိနေပြီး၊ သစ်တောများ ပြုန်းတီး လာခြင်း လူများက နေထိုင်မှု နေရာချဲ့ထွင်လာခြင်း နှင့် စိုက်ခင်းများ ခြံကာခြင်း တို့ကြောင့် တောတောင်များ အတွင်း ၄င်းတို့ လွတ်လပ်စွာ ရှာဖွေ စားသောက်နိုင်မည့် စားကျက်များ ကွယ်ပျောက်လာကာ လူတို့ စိုက်ပျိုးထားသော စပါးနှင့် သီးနှံတို့ကို ၀င်ရောက် ရှာဖွေ စားသောက်ကြခြင်း ဖြစ်သည်။ ယင်းကြောင့် အသက် အန္တရာယ် ဆုံးရှုံးမှုများနှင့် အိုးအိမ်များ ပျက်စီးခဲ့ကြရာ ဆင်များအတွက် ဘေးမဲ့တော ကြိုးဝိုင်းထားရှိ ဆောင်ရွက်ပေး သင့်ကြောင်း ပုသိမ်ခရိုင် သစ်တော ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မျိုးမင်းပိုင်

Messenger News Journal
ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ ပြီးခဲ့သော သီတင်း (၂) ပတ်ခန့်က စတင်၍ တောဆင်ရိုင်း ၀င်ရောက် ဖျက်ဆီး မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး၊ နေအိမ် (၁၅) လုံးနှင့် စပါးကျည်များ ပျက်စီးခဲ့ရကြောင်း ဒေသခံများ က ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများအား ချင်းမိုင်အာဏာပိုင်များ ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းရဲနှင့်စစ်တပ်က နေရာ အတော် များများ၌ ပိုက်စိပ်တိုက်စစ်ဆေးကာ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ်မရှိသည့် သျှမ်းပြည်မှရွှေ့ပြောင်း အလုပ်သမား အား ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ထိုင်းရဲတပ်ဖွဲ့ အရာရှိတဦးကပြောသည်။

မိုးရွာစဉ် ဟန်းဖုန်းရင်ဘတ်ထဲ ထည့်ထားသူ လျှပ်စစ်သံလိုက် စက်ကွင်းမိပြီး သေဆုံး

မိုးရွာစဉ် ဟန်းဖုန်းကို ရင်ဘတ်ထဲထည့်ပြီး လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး လျှပ်စစ်သံလိုက် စက်ကွင်းမိကာ နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

နွားနောက်အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့ နေရာကွက် မိုးကြီးနိုင်

Photo: နွားနောက်အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့ နေရာကွက် မိုးကြီးနိုင်
Thursday, June 12, 2014

 ဘင်္ဂလားပင်လယ်အော် နှင့် ဆက်စပ်နေသည့် အာရေဗျ ပင်လယ်အောက်ထဲတွင် မြန်မာ နိုင်ငံ မိုး/ဇလဌာနမှ အမည်ပေး ထားသည့် နွားနောက် (Nanauk) မုန်တိုင်းတိုက်ခတ်နေပြီး ယင်းမုန် တိုင်း၏ အရှိန်ကြောင့် မြန်မာ နိုင်ငံဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကာ ကမ်းရိုးတန်းဒေသ များအား လေပြင်းအန္တရာယ် ကျ ရောက်နိုင်ကြောင်း ပညာရှင်များ က သတိပေးထားသည်။

‘‘မုန်တိုင်းက အာရေဗျပင် လယ်ထဲမှာ တိုက်နေတယ်။ သူ့ရဲ့ အရှိန်ကြောင့် မုတ်သုံလေအား ကောင်းပြီး မြန်မာနိုင်ငံ တချို့နေ ရာတွေမျာ နေရာကွက်ပြီး မိုးကြီး နိုင်တယ်။ ပင်လယ်ပြင်ခရီးသွား လုပ်ငန်းတွေနဲ့ ငါးဖမ်းရေယာဉ် တွေ သတိထားဖို့ လိုပါတယ်’’ ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

မိုး/ဇလဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နွားနောက် (Nanauk) မုန်တိုင်း၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း သတိ ပေးထားသည်။ ထို့ပြင် မြစ်ဝ ကျွန်းပေး၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်နာရီလေတိုက် နှုန်း မိင် ၄၀ အထိ တိုက်ခတ်နိုင် ကာ လှိုင်းကြီးနိုင်ကြောင်း သတိ ပေးချက် ထုတ်ပြန်ထားသည်။

နွားနောက် (Nanauk) မုန် တိုင်းသည် အာရေဗျပင်လယ်တွင် ၂၀၁၄ ခုနှစ်အတွင်း ဒုတိယ မြောက် ဖြစ်ပေါ်လာသည့် မုန် တိုင်းဖြစ်ပြီး ယခုအကြိမ်တွင် မြန် မာနိုင်ငံမှ မုန်တိုင်းအမည်တပ်ခဲ့ ခြင်းဖြစ်သည်။ ဘင်္ဂလားပင်လယ် အော်၊ ကပ္ပလီပင်လယ်နှင့် အာ ရေဗျပင်လယ်တို့တွင် ဖြစ်ပေါ် သော မုန်တိုင်းများကို အိန္ဒိယ သမုဒ္ဒရာနှင့် ထိစပ်နေသည့် နိုင်ငံ ၁၁ ခုမှ အလှည့်ကျအမည်ပေး ခြင်းဖြစ်ပြီး ယခုနှစ်တွင် မြန်မာ နိုင်ငံမှ ပေးထားသည့် နာမည်ပေး ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့် အာရေဗျပင် လယ်အော်တို့သည် ဆက်စပ်နေ သောကြောင့် နွားနောက် (Na-nauk) မုန်တိုင်း၏ အရှိန်သည် မြန်မာနိုင်ငံသို့ပါ သက်ရောက် ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်း လွင်က ရှင်းပြသည်။ မုတ်သုံလေ အားကောင်းလာခြင်းကြောင့် မြန် မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက် ပိုင်းဒေသများ မိုးရနိုင်ကြောင်း ပြောသည်။

Author: အောင်သစ်လွင်

7Day Daily
 ဘင်္ဂလားပင်လယ်အော် နှင့် ဆက်စပ်နေသည့် အာရေဗျ ပင်လယ်အောက်ထဲတွင် မြန်မာ နိုင်ငံ မိုး/ဇလဌာန မှ အမည်ပေး ထားသည့် နွားနောက် (Nanauk) မုန်တိုင်းတိုက်ခတ်နေပြီး ယင်းမုန် တိုင်း၏ အရှိန်ကြောင့် မြန်မာ နိုင်ငံဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကာ ကမ်းရိုးတန်းဒေသ များအား လေပြင်းအန္တရာယ် ကျ ရောက်နိုင်ကြောင်း ပညာရှင်များ က သတိပေးထားသည်။

လူကုန်ကူးသူ လှေတစ်စင်းပေါ်က ပစ်ခတ်မှုကြောင့် လူ ၅ဦး သေဆုံး

Photo: လူကုန်ကူးသူ လှေတစ်စင်းပေါ်က ပစ်ခတ်မှုကြောင့် လူ ၅ဦး သေဆုံး
Thursday, June 12, 2014

 မလေးရှားနိုင်ငံကို လှေတွေနဲ့ သွားရောက်ဖို့ ကြိုးစားပြီး ရိုဟင်ဂျာတွေ လိုက်ပါသွားတဲ့ လှေတစ်စင်းဟာ ဘင်္ဂလားပင်လယ်အော်မှာ ပြဿနာနဲ့ ကြုံတွေ့ခဲ့တဲ့အတွက် လူ ၅ ဦးသေဆုံးပြီး အယောက် ၂၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံး သူတွေဟာ ထိုင်းလှေ အမှုထမ်းနဲ့ လူကုန်ကူးသူ တွေရဲ့ ပစ်ခတ် ချက်ကြောင့် သေဆုံး ရတာ ဖြစ်ပါတယ်။

လူကုန်ကူးသူတွေနဲ့ ထိုင်း အမှုထမ်း တွေက သူတို့ ကို မလေး ရှား နိုင်ငံကို ခေါ်သွား မယ် လို့ ပြော ခဲ့ပေမယ့် ခေါ်မသွားပဲ နောက်ထပ် ခရီးသည် တွေကို စောင့်ပြီး လူတွေ ထပ်တင်နေ ခဲ့တဲ့အတွက် ခရီးသည် တွေက မကျေမနပ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါအပြင် သူတို့ ကို လည်း လှေ ပေါ်မှာ နှစ်ပတ်ကြာ နေခိုင်းပြီး အစား အသောက် လုံလုံ လောက်လောက် မကျွေးတဲ့အတွက် ပြဿနာ စ ဖြစ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် အာဏာ ပိုင်တွေက ပြောပါတယ်။

အဲဒီလှေပေါ်မှာ ရိုဟင်ဂျာ၊ ဘင်္ဂလားဒေ့ရှ် လူမျိုးတွေ အပြင် ထိုင်းလှေ အမှုထမ်းနဲ့ လူကုန်ကူး သူတွေ လိုက်ပါသွား တယ်လို့ ဆိုပါတယ်။

လူပေါင်း ၃၁၈ ယောက်ထဲက ၂၃ ယောက်လောက် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး တခြား အယောက် ၁၅၀ ကျော် ကတော့ ဓားဒဏ်ရာနဲ့ ရုန်းရင်း ဆန်ခတ်ကနေ ဒဏ်ရာရခဲ့သလို တချို့ကလည်း အစာရေစာ ငတ်မွတ်တဲ့ဒဏ် ခံနေရတယ်လို့ ဆိုပါတယ်။

အဲဒီအတွက် လူကုန်ကူးမှုမှာ ပါဝင်တဲ့ ထိုင်းလှေအမှုထမ်းနဲ့ မြန်မာလူကုန်ကူးသူကို ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။

ပြဿနာဖြစ်နေတုန်း လှေပေါ်က ဆင်းဖို့ ကြိုးစားချိန်မှာ တခြားလှေက လူကုန်ကူးသူတွေ သူတို့ကို သေနတ်နဲ့ လှမ်းပစ်ခဲ့တာ ဖြစ်တယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ခရီးသည်တွေဟာ သူတို့ကို မလေးရှားနိုင်ငံကို ခေါ်ဆောင်သွားဖို့ လူကုန်ကူးသူတွေကို ဒေါ်လာ နှစ်ထောင် (မြန်မာကျပ်ငွေ သိန်း ၂၀ နီးပါး) ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ABC Radio Australia

ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ (Credit: AFP)
ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ (Credit: AFP) 
မလေးရှားနိုင်ငံကို ​လှေတွေနဲ့ ​သွားရောက်ဖို့ ​ကြိုးစားပြီး ​ရိုဟင်ဂျာတွေ ​လိုက်ပါသွားတဲ့ ​လှေတစ်စင်းဟာ ​ဘင်္ဂလားပင်လယ်အော်မှာ ​ပြဿနာနဲ့ ​ကြုံတွေ့ခဲ့တဲ့အတွက် ​လူ ​၅ ​ဦးသေဆုံးပြီး ​အယောက် ​၂၀၀ ​လောက် ​ဒဏ်ရာရရှိခဲ့ပါတယ်။

အီရတ်မှာ နောက်တမြို့ စစ်သွေးကြွ သိမ်းခံရ

Photo: အီရတ်မှာ နောက်တမြို့ စစ်သွေးကြွ သိမ်းခံရ
Thursday, June 12, 2014

 အီရတ်က လာတဲ့ သတင်းတွေ အရ အစ္စလာမ္မစ် စစ်သွေးကြွ တွေက ၂ ရက် အတွင်း နောက်ထပ် တမြို့ကို သိမ်းယူ လိုက်ပြီလို့ ဆိုပါတယ်။

တနေကုန် ဒလကြမ်း စစ်ဆင်လာတဲ့ ISIS သူပုန်တွေဟာ ဆက်ဒမ် ဟူစိန်ရဲ့ ဇာတိ တစ်ကရစ်မြို့ ကို အခုအခံ မရှိ သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

စစ်သွေးကြွတွေရဲ့ ဘဂ္ဂဒက် ကို စစ်ဆင်ရေးကို လမ်းမှာ ပိတ်ဆို့ နိုင်လိမ့်မယ်လို့ နောက်ဆုံး သတင်းတွေ အရလဲ သိရပါတယ်။

အီရတ် တောင်ပိုင်းက Samarra မြို့စွန်မှာလဲ သူပုန် တွေကို တားဆီး နိုင်ခဲ့တယ်လို့ သိရပေမယ့် လုံးဝ စိတ်ချ ရတဲ့ အခြေအနေ တော့ မဟုတ်ပါဘူး။

ဒီမြို့နဲ့ ဘဂ္ဂဒက် မြို့တော်က မော်တော်ကားနဲ့ ၂ နာရီ လောက်ပဲ မောင်းရပါတယ်။

တနင်္လ࿿ာ နေ့ကပဲ အီရတ် မြောက်ပိုင်းက အရေးပါတဲ့ မိုဆူးလ် မြို့ကြီး ကို ISIS အစွန်းရောက် လက်နက်ကိုင် တွေ သိမ်းပိုက် ခဲ့ပြီး လူ ၅ သိန်းလောက် ထွက်ပြေး ခဲ့ရ ပါတယ်။

အီရတ် နိုင်ငံ မိုဆူးလ်မှာ ဖမ်းဆီး ခံနေရတဲ့ တူရကီ နိုင်ငံသား တွေကို အန္တရာယ် ပြုခဲ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန် ဆောင်ရွက်သွားရမယ်လို့ တူရကီ အစိုးရက ပြောကြား လိုက်ပါတယ်။

တူရကီ ကို လာစမ်းဖို့ မကြိုးစားနဲ့လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး က သတိပေး လိုက်ပါတယ်။

ISIS အစွန်းရောက် တပ်က တူရကီ ကောင်စစ်ဝန်ရုံးကို စီးထားပြီး အနည်းဆုံး ၄၈ ယောက်လောက် ဖမ်းထားတယ်လို့ သတင်း ရရှိ ပါတယ်။

ISIS တွေကို ချေမှုန်းဖို့ အီရတ်ကို ကူဖို့ အသင့် ရှိတယ်လို့လဲ အမေရိကန် က ပြောကြား လိုက်ပါတယ်။

ဂျီဟတ် စစ်သွေးကြွ တွေ အရေး နိုင်ငံတကာ က ဝိုင်းဝန်း ဖြေရှင်းကြဖို့ ရှီအာ မွတ်ဆလင်တွေ ကြီးစိုးတဲ့ အီရတ် အစိုးရနဲ့ နီးစပ်တဲ့ အီရန်ကလဲ တောင်းဆို ခဲ့ပါတယ်။

ISIS တပ် တွေက ဆီးရီးယားက သမ္မတ အာဆတ် အစိုးရ ပြုတ်ကျအောင် တိုက်ခိုက် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
 အီရတ်က လာတဲ့ သတင်းတွေ အရ အစ္စလာမ္မစ် စစ်သွေးကြွ တွေက ၂ ရက် အတွင်း နောက်ထပ် တမြို့ကို သိမ်းယူ လိုက်ပြီလို့ ဆိုပါတယ်။

ကမ္ဘာ့ဖလားဘောလုံးဖွင့်ပွဲ ဘရာဇီးလ်ပြင်ဆင်

Photo: ကမ္ဘာ့ဖလားဘောလုံးဖွင့်ပွဲ ဘရာဇီးလ်ပြင်ဆင်
Thursday, June 12, 2014

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို ဒီကနေ့ ဘရာဇီးလ်နိုင်ငံမှာ စတင်တော့မှာနဲ့အတူ နောက်ဆုံး ပြင်ဆင်မှုတွေကို လုပ်နေကြပါတယ်။ ဘရာဇီးလ် မြို့ပေါင်း ၁၂ မြို့မှာ ဘောလုံးပွဲတွေ ကျင်းပမှာနဲ့အတူ၊ လက်စသတ်ဖို့ လိုနေသေးတဲ့ ဘောလုံးကွင်းတွေ၊ လေဆိပ်တွေ၊ လမ်းတွေမှာ အပြီးသတ် လိုအပ်တာတွေကို လုပ်နေကြပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာ ဖွင့်ပွဲအဖြစ် ဘရာဇီးလ်နဲ့ ခရိုအေးရှား ကန်ကြမယ့် Sao Paulo မြို့တော်က ဘောလုံးကွင်း တချို့နေရာတွေ ဆောက်လုပ်ဆဲဖြစ်ပြီး ကြံ့ခိုင်မှု ရှိ မရှိ စစ်ဆေးမှု မလုပ်ရသေးဘူးလို့ လေ့လာသူတွေက ပြောကြ ပါတယ်။ ဖွင့်ပွဲမှာတော့ စီစဉ်ထားတဲ့အတိုင်း နာမည်ကြီးအဆိုတော် Jennifer Lopez နဲ့ Pitbull တို့က ဒီနှစ် ကမ္ဘာ့ဖလားပွဲ သီချင်းဖြစ်တဲ့ 'We Are One (Ole Ola)' ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပွဲမတိုင်ခင် အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ ဘရာဇီးလ်မှာ ရှိခဲ့ပေမဲ့ ဘောလုံးပွဲကာလအတွင်း ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက ပြောထားပါတယ်။ လုံခြုံရေးကိုလည်း အထူး တင်းကျပ်ထားပါတယ်။ ဗိုလ်လုပွဲဝင်ကြမယ့် နိုင်ငံတကာ အသင်းတွေလည်း ဘရာဇီးလ်မှာ ရောက်နေကြပြီး ပြင်ဆင်လေ့ကျင့်နေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲတွေကို ဒီကနေ့ ဘရာဇီးလ်နိုင်ငံမှာ စတင်တော့မှာနဲ့အတူ နောက်ဆုံး ပြင်ဆင်မှုတွေကို လုပ်နေကြပါတယ်။ ဘရာဇီးလ် မြို့ပေါင်း ၁၂ မြို့မှာ ဘောလုံးပွဲတွေ ကျင်းပမှာနဲ့အတူ၊ လက်စသတ်ဖို့ လိုနေသေးတဲ့ ဘောလုံးကွင်းတွေ၊ လေဆိပ်တွေ၊ လမ်းတွေမှာ အပြီးသတ် လိုအပ်တာတွေကို လုပ်နေကြပါတယ်။

အမျိုးသားလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရန်အဆို အတည်ဖြစ်ခဲ့သည့်အတွက် ကော်မရှင်ဖွဲ့စည်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ဒေါ်ခင်ဝိုင်းကြည် တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရန် အဆိုအတည်ဖြစ်ပြီးနောက် ကော်မရှင်ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယင်းကော်မရှင် အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် က ဇွန် ၁၁ ရက်၌ ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

မသန်စွမ်းသူများအရေးကိစ္စ ကိုယ်စားပြုဆောင်ရွက်ရန် ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ ဖွဲ့စည်းမည်

ဇွန် ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ ညီလာခံတွင် ပြည်ထောင်စုအဆင့် မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ပဉ္စမအကြိမ် ဗဟိုဦးစီးကော်မတီ ညီလာခံ မန္တလေးမြို့၌ ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ ပဉ္စမအကြိမ် ဗဟိုဦးစီးကော်မတီ ညီလာခံကို မန္တလေးမြို့ ၁၅ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ နိုင်လွန်ခန်းမ၌ ဇွန် ၁၄ ရက်မှ ၁၅ ရက်ထိ နှစ်ရက်ကြာ ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေ ဆန့်ကျင်သည့် အဖွဲ့များ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေကို ဆန့်ကျင်သည့် အဖွဲ့ဝင် များ သည် ဇွန် ၁၁ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ တွေ့ဆုံခဲ့ကြသည်။