Thursday, 5 June 2014

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒကို ပြင်ဆင်သည့် ဥပဒေကြမ်း လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ခုရုံးဥက္ကဌ ဦးမြသိန်းက တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန် ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်အခါတွင် ဖွဲ့စည်းပုံနှင့် အညီ ပြင်ရန် အခွင့်အရေးဟု ပြည်သူ့လွှတ်တော်အမတ်ဦးရဲထွန်းက သုံးသပ်သည်။ 

သစ်ပင်စိုက်လို့ တရားစွဲတယ်

 ဒီရေကာတော သစ်ပင်တွေစိုက်ပျိုးရာမှာ ခွင့်ပြုချက် မတောင်းလို့ ဆိုပြီး လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) အဖွဲ့က ဦးထွန်းထွန်းဦး၊ ဒေးဒရဲမြို့နယ်က ဒေသခံဦးချိုလွင်၊ ဦးခင်ရွှေတို့ကိုတရားစွဲဆိုထားကြောင်း သိရပါတယ်။ 
တရားစွဲခံနေရတဲ့ ဦးချိုလွင်က“ဒီရေကာတောစိုက်ရာမှာ ဒေသခံရာနဲ့ချီပြီး စုပေါင်း စိုက်ကြတာဖြစ်ပေမယ့် ရဲစခန်းက ကျနော်တို့ကိုပဲ သီးသန့်ရွေးပြီး တရားစွဲတာ” လို့ ဧရာဝတီကို ပြောပါတယ်။ 
ကျုံဒါးစခန်းမှူး ရဲအုပ်နိုင်မွန်ထွန်းက တရားလိုပြုလုပ်၊ ပုဒ်မ ၁၈ နဲ့ တရားစွဲတာပါ။ 
ဒါကပထမဆုံးအကြိမ် တရားစွဲခြင်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ဒီရေကာတော အရေးပါပုံအကြောင်း လိုက်လံဟောပြောတဲ့၊ ပွဲစီစဉ်တဲ့ သူတို့ကို ဒီရဲစခန်းက ဒီပုဒ်မနဲ့ တရားစွဲထားခဲ့ပါတယ်။ ပထမအမှုကို ဒေးဒရဲမြို့နယ်တရားရုံးမှာ တရားရင်ဆိုင်နေတုန်း အခုလို ဒုတိယအမှု ဖြစ်လာတာပါ။ 

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ ယနေ့ရောက်မည်

Photo: အမေရိကန် ကုန်သွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ ယနေ့ရောက်မည်
Thursday, June 5, 2014

နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်စ ပြုလာသည့် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်မှုအဖြစ် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Ms. Penny Pritzker ဦးဆောင်သော အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဒု-ရုံး အဖွဲ့မှူးထံမှ သိရသည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် အဖွဲ့ကို တွေ့ဆုံမည်ဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်ကို ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

တပ်မတော်နှင့် ဆက်နွယ်သည့် စီးပွားရေး လုပ်ငန်းများနှင့် တွဲဖက်၍ အမေရိကန် စီးပွားရေး လုပ်ငန်းများ မလုပ်ကိုင်ရန် စီးပွားရေးပိတ်ဆို့မှု သက်တမ်း တစ်နှစ် ထပ်မံတိုးပြီးနောက် လာရောက်သည့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး၏ ခရီးစဉ်တွင် ပြည်တွင်းနာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် တွေ့ဆုံမည် မဟုတ်ကြောင်း အဆိုပါ အသင်းချုပ်ထံမှ သိရသည်။ 

“သူတို့အဖွဲ့က ခဏပဲနေမယ် ထင်တယ်ဗျ။ သမ္မတအိုဘားမား လာတုန်းကလိုပေါ့။ UMFCCI နဲ့ မတွေ့ဘူးဆိုတာ ဟုတ်ပါတယ်။ Sanction (စီးပွားရေး ပိတ်ဆို့မှု) ကြောင့်တော့ ဟုတ်မယ် မထင်ပါဘူး။ တိုက်ဆိုင်တာ နေမှာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဆိုသည်။

အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေး ဝန်ကြီး၏ ယခုခရီးစဉ်သည် အာရှဒေသ အတွင်းရှိ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့နှင့် ကုန်သွယ်မှု တိုးမြှင့်ရန် ရည်ရွယ်၍ လာရောက်ခြင်း ဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံသည် သံတမန် ဆက်ဆံရေး ရောက်ရှိလျက် ရှိသော်လည်း မြန်မာနိုင်ငံတွင် အမေရိကန် ကုန်သွယ်ရေးရုံး မရှိသောကြောင့် ပြီးခဲ့သည့် လပိုင်းအတွင်း အမေရိကန်နိုင်ငံခြား ကုန်သွယ်ရေး ဝန်ဆောင်မှု ဌာနရုံးကို ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံက ပေးမည့် တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့် (GSP) ရရှိရန် အခြေအနေကောင်းများ ရှိပြီး လက်ရှိတွင် မြန်မာ-အမေရိကန် ကုန်သွယ်မှုမှာ နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း သန်း ၇၀၀၀ ခန့် ရှိသောကြောင့် မြန်မာ-အမေရိကန် ကုန်သွယ်မှုထက် အဆ ၇၀ ခန့် ပိုမိုများပြားလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly
နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်စ ပြုလာသည့် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်မှုအဖြစ် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Ms. Penny Pritzker ဦးဆောင်သော အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဒု-ရုံး အဖွဲ့မှူးထံမှ သိရသည်။

ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်း ပနားမားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ဘော့စနီးယားအသင်း နှစ်ပွဲဆက် နိုင်ပွဲရရှိ

Photo: ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်း ပနားမားကို လေးဂိုးပြတ် အနိုင်ရခဲ့ပြီး ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ဘော့စနီးယားအသင်း နှစ်ပွဲဆက် နိုင်ပွဲရရှိ
Thursday, June 5, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် နိုင်ငံတကာ ခြေစမ်းပွဲများကို ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရာ ၂၀၁၄ ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်းက ပနားမားအသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရရှိထားသည့် ဘရာဇီးလ်အသင်းက ဖရက်ဒ်၊ နေမာ၊ အော်စကာ၊ ဟော့ခ်၊ ဂူစတာဗို၊ ရာမီရက်စ်၊ မာဆယ်လို၊ ဒန်တေ၊ ဒေးဗစ်လူးဝစ်ဇ်၊ အဲလ်ဗတ်စ်၊ ဂျူလီယိုဆီဆာ(ဂိုး)တို့ဖြင့် (၄-၂-၃-၁) ပုံစံ ပွဲထွက်လာခဲ့သည်။ ဘရာဇီးလ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့သလို ပနားမားအသင်းကလည်း အခွင့်အရေးအချို့ ရရှိခဲ့သည်။ သို့သော် ကမ္ဘာ့ထိပ်တန်း ကစားသမားများစွာ ပါဝင်နေသည့် ဘရာဇီးလ်အသင်းက အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး နေမာ (၂၇ မိနစ်)၊ အဲလ်ဗတ်စ် (၄၀ မိနစ်)၊ ဟော့ခ် (၄၆ မိနစ်)နှင့် ၀ီလီယံ (၇၃ မိနစ်)တို့က သွင်းယူပေးခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် ဘော့စနီးယားကလည်း နာမည်ကြီး မက္ကဆီကိုအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ယူကာ နှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့သည်။ နှစ်သင်းစလုံးတွင် အဓိက ကစားသမားများ ပါဝင်ခဲ့ပြီး မက္ကဆီကိုအသင်းက ပိုမိုခြေစွမ်းပြ ကစားနိုင်ခဲ့သည်။ ဘော့စနီးယားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုမူ ဟက်ခ်ျရိုဗစ်က ၄၁ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဘော့စနီးယားအသင်းမှာ ယခုပွဲ မတိုင်မီကလည်း အိုင်ဗရီကို့စ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရထားကြောင်း သိရသည်။

ကျန်ပွဲစဉ်များတွင် ဆွစ်ဇာလန်အသင်းက ပီရူးကို (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂရိနှင့် နိုင်ဂျီးရီးယားတို့ ဂိုးမရှိ သရေကျခဲ့ကြောင်း သိရသည်။

Eleven Media Group 

ပနားမားနောက်ခံလူများကို ကျော်ဖြတ်၍ ဂိုးသွင်းယူရန် ကြိုးပမ်းနေသော ဘရာဇီးလ်တိုက်စစ်မှူး နေမာ (Photo:AFP)
ပနားမားနောက်ခံလူများကို ကျော်ဖြတ်၍ ဂိုးသွင်းယူရန် ကြိုးပမ်းနေသော ဘရာဇီးလ်တိုက်စစ်မှူး နေမာ (Photo:AFP)
ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် နိုင်ငံတကာ ခြေစမ်းပွဲများကို ဇွန် ၃ ရက်နှင့် ၄ ရက်တွင် ဆက် လက် ယှဉ်ပြိုင်ကစားခဲ့ရာ ၂၀၁၄ ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်အသင်းက ပနားမားအသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၁,၀၀၀ အီးယူ ကူညီမည်

ဥရောပသမဂ္ဂ (အီးယူ)က “ကရင်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးရေး အတွက် ငွေကြေးအကူအညီပေးသည့်အစီအစဉ်”ကို PlaNet Finance အဖွဲ့မှတစ်ဆင့် ဆောင်ရွက်သွား မည်ဖြစ်ရာ သုံးနှစ်တာထိုစီမံကိန်းအတွက် ကျပ်သန်း ၁,၂၅၀ သုံးစွဲမည်ဟု ဇွန် ၄ ရက်က ထုတ်ပြန်ခဲ့သည်။

တိုင်းဒေသကြီးအစိုးရက တက္ကသိုလ်ကျောင်းကား ပေါ်တွင် ဖဲရိုက်ခြင်းမပြုရန် ညွှန်ကြားချက်ထုတ်

မန္တလေးတိုင်းအတွင်းရှိ တက္ကသိုလ် ကျောင်းပေါင်းစုံ ကြို၊ပို့ယာဉ်များပေါ်တွင် ဖဲရိုက်ခြင်း ပြုလုပ်သည်ကို တွေ့ရှိ နေရ သဖြင့် ပညာရေးနှင့် လုံးဝမသင့်လျော်သော ကိစ္စဖြစ်၍ အရေးယူမှုပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ဇွန်လ၂ ရက်တွင် ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ထုတ်ပြန် ထားသည်။ 

ကမ္ဘာနှင့် ဖွဲ့စည်းပုံ ဆင်တူသည့် ဧရာမဂြိုဟ်ကြီးတစ်လုံး ရှာဖွေတွေ့ရှိ

Photo: ကမ္ဘာနှင့် ဖွဲ့စည်းပုံ ဆင်တူသည့် ဧရာမဂြိုဟ်ကြီးတစ်လုံး ရှာဖွေတွေ့ရှိ
Thursday, June 5, 2014 

ကမ္ဘာမြေကဲ့သို့ပင် သက်ရှိများ ရှင်သန်နေထိုင်ရန် သင့်တော်သည့် ဧရာမ ဂြိုဟ်ကြီးတစ်လုံးကို သိပ္ပံပညာရှင်များက ခြေရာခံ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ Kepler-10cဟု လတ်တလော အမည်ပေးထားသည့် ယင်းဂြိုဟ်ကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် (၅၆၀)မျှ အကွာတွင် တည်ရှိသည်။ သိပ္ပံပညာရှင်များက ဘော်စတွန်တွင် ကျင်းပသည့် အမေရိကန် နက္ခတ်ဗေဒ ပညာရှင်များအဖွဲ့ အစည်းအဝေးတွင် ယခုတွေ့ရှိချက် အသစ်ကို ကြေညာခဲ့သည်။ Kepler-10cက စကြာဝဠာထဲတွင် သက်ရှိများ ရှင်သန်ပေါက်ဖွားရန် သင့်တော်သည့် ဂြိုဟ်ပေါင်း အတော်များများ ရှိနေနိုင်သည်ဆိုသော ခန့်မှန်းချက်များကို ပိုမိုအားကောင်း ခိုင်မာလာစေခဲ့သည်။

ကမ္ဘာမြေနှင့် ဖွဲ့စည်းပုံ ဆင်တူသည့် အဆိုပါဂြိုဟ်ကြီးသည် ကမ္ဘာထပ် ဒြပ်ထုသိပ်သည်းမှု (၁၇)ဆထိ ပိုမိုမြင့်မားသည်။ “ပြောရရင် စူပါကမ္ဘာမြေ၊ ဒါမှမဟုတ် မီဂါကမ္ဘာမြေလို့ တင်စားရလိမ့်မယ်”ဟု သုတေသီ တစ်ဦးဖြစ်သည့် ဒီမီတာ ဆက်ဆီလော့ဗ်က ဆိုသည်။ ၎င်းက “Kepler-10cဟာ ကမ္ဘာနဲ့တူတဲ့ ဂြိုဟ်တွေထဲက ဂေါ်ဇီလာကြီးပါပဲ”ဟုလည်း ညွှန်းဆိုပြောကြားသွားသည်။ နည်းပညာ အသုံးချ တိုင်းတာမှုများအရ ဂြိုဟ်ကြီး၏ အချင်းသည် ကီလိုမီတာ (၂၉၀၀၀)မျှရှိပြီး ကမ္ဘာဂြိုဟ်၏ နှစ်ဆမျှဖြစ်သည်။ သို့သော်လည်း ဒြပ်ထုမှာ သိသိသာသာ ကြီးမားလွန်းနေကြောင်းလည်း သိရှိရသည်။

“သိပ်သည်းဆ အရမ်းမြင့်မားတဲ့ ဂြိုဟ်တစ်ခုပါပဲ။ ကမ္ဘာဂြိုဟ်ရဲ့ သိပ်သည်းမှုထက် (၁၇)ဆလောက် ပိုများတယ်။ ကမ္ဘာပေါ်က ကျောက်တွေထဲမှာ အမာဆုံး ဆိုတာတွေထက် အဲဒီက မြေမျက်နှာပြင်က ပိုမာနိုင်တယ်။ ဒါပေမဲ့ မမေ့သင့်တာက ဂြိုဟ်အရွယ်အစား သိပ်ကြီးနေတာပါ။ အဲဒီတော့ တချို့နေရာတွေမှာ ဖိသိပ်ခံထားရတဲ့ ဓာတ်ပစ္စည်းတွေ ခိုအောင်းနေနိုင်တယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ တွက်ချက်မှုဟာ အဲဒီနေရာတွေပေါ် အခြေတည်ရင် အမှားအယွင်း ဖြစ်သွားနိုင်တယ်။ နောက်တစ်ချက်က ဂြိုဟ်ရဲ့ မျက်နှာပြင် (၅)ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းလောက်ထိ ရေထုရှိနိုင်တယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်”ဟုလည်း ဆက်ဆီလော့ဗ်က ပြောဆိုသွားသည်။ ပညာရှင်များက ဂြိုဟ်၏ သက်တမ်းကို နှစ်ပေါင်း (၁၁)ဘီလျံမျှဟု ယေဘုယျ ခန့်မှန်းထားသည်။ ယင်းသည် စကြာဝဠာ အစောပိုင်း ဖြစ်စဉ်များတွင် ကြယ်တံခွန်တစ်စင်း ပေါက်ကွဲရာမှ လွင့်စင်လာသည့် အစိတ်အပိုင်းတစ်ခုမှ စတင်ဖြစ်တည်လာခြင်းဟုလည်း သုတေသီများက ယူဆထားကြသည်။

Planet Myanmar Network
ကမ္ဘာမြေကဲ့သို့ပင် သက်ရှိများ ရှင်သန်နေထိုင်ရန် သင့်တော်သည့် ဧရာမ ဂြိုဟ်ကြီးတစ်လုံးကို သိပ္ပံပညာရှင် များက ခြေရာခံ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ Kepler-10cဟု လတ်တလော အမည်ပေးထားသည့် ယင်းဂြိုဟ်ကြီးသည် ကမ္ဘာမြေမှ အလင်းနှစ် (၅၆၀)မျှ အကွာတွင် တည်ရှိသည်။ သိပ္ပံပညာရှင်များက ဘော်စတွန်တွင် ကျင်းပသည့် အမေရိကန် နက္ခတ်ဗေဒ ပညာရှင်များအဖွဲ့ အစည်းအဝေးတွင် ယခုတွေ့ရှိ ချက် အသစ်ကို ကြေညာခဲ့သည်။ Kepler-10cက စကြာဝဠာထဲတွင် သက်ရှိများ ရှင်သန်ပေါက်ဖွားရန် သင့်တော်သည့် ဂြိုဟ်ပေါင်း အတော်များများ ရှိနေနိုင်သည်ဆိုသော ခန့်မှန်းချက်များကို ပိုမိုအားကောင်း ခိုင်မာလာစေခဲ့သည်။

ရုရှားကို လိုအပ်ရင် ပို ပိတ်ဆို့အရေးယူမယ်လို့ ဂျီ ဆဲဗင်းပြော

Photo: ရုရှားကို လိုအပ်ရင် ပို ပိတ်ဆို့အရေးယူမယ်လို့ ဂျီ ဆဲဗင်းပြော
Thursday, June 5, 2014 

ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြတဲ့ စက်မှု ထိပ်သီး အဖွဲ့ဝင် အနောက်အုပ်စု နိုင်ငံ ခေါင်းဆောင်တွေက တကယ်လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ မတည်မငြိမ် ဖြစ်အောင် ရုရှားနိုင်ငံက ဆက်လုပ်နေမယ် ဆိုရင် ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ သူတို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စက်မှု ထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ ပူးတွဲ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ရုရှား အစိုးရရဲ့ လုပ်ရပ်တွေဟာ လက်ခံနိုင်ဘွယ် မရှိကြောင်းနဲ့ ရပ်တန်းက ရပ်ဖို့ လိုကြောင်း ဖေါ်ပြထားပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂဲလာမာခဲက သူတို့အနေနဲ့ ယူကရိန်အရေးကို နည်းလမ်း ၃ ခုနဲ့ ဆက်ပြီး ဆောင်ရွက်သွားမယ်ဆိုတာ အတိလအလင်းပြောပြီးသား ဖြစ်တယ်။ ယူကရိန်းကို စီးပွားရေးကိစ္စတွေမှာ ထောက်ခံပံ့ပိုးမယ်၊ ရုရှားနဲ့ ပြောဆိုဆွေနွေးမယ်၊ ပြောဆိုဆွေးနွေးလို့ ကိစ္စအားလုံးမှာ တိုးတက်မှုမရှိဘူးဆိုရင် ပိတ်ဆို့ အရေးယူမှုတွေ လုပ်မယ့် အလားအလားတွေရှိတယ်၊ ယူကရိန်းမှာ နောက်ထပ် မတည်မငြိမ် အဖြစ်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ခရိုင်မီးယားကို ရုရှား နိုင်ငံထဲ သွင်းခဲ့ပြီးတဲ့နောက်ပိုင်း ရုရှားကို စက်မှုထိပ်သီးအဖွဲ့ကနေ ထုတ်ခဲ့တဲ့ နောက် ပထမဆုံးအကြိမ် ဂျီ ဆဲဗင်း လို့ ခေါ်တဲ့ စက်မှုထိပ်သီး ရ နိုင်ငံရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပတာ ဖြစ်ပါတယ်။

ဒီထီပ်သီးဆွေးနွေးပွဲဟာ မူလအစီအစဉ်အတိုင်းဆိုရင် ရုရှားက ဆိုချီမြို့မှာ ကျင်းပဖို့ ဖြစ်ပါတယ်။ အခု ရုရှား မပါတော့တဲ့အတွက် ဘရပ်ဆဲမှာ ပြောင်းကျင်းပတာပါ။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ယူကရိန်း အစိုးရတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမား လက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေချိန်မှာပဲ အခုလို ပူးတွဲ ကြေညာချက် ထွက်ပေါ်လာတာပါ။

အမေရိကန်သမ္မတ အိုဘားမား က လည်း စောစောပိုင်းက ပိုလန်နိုင်ငံကို ရောက်ခဲ့ချိန်မှာ ယူကရိန်းကို ထောက်ခံပံပိုးမယ်လို့ ဂတိပေးခဲ့ပြီး ယူကရိန်းက ရုရျားတို့ရဲ့ ယုတ်နိမ့်တဲ့ နည်းပရိယာယ်တွေလို့ သူခေါ်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ရုရှားတို့ကို သူသတိပေးခဲ့ပါတယ်။

အိုဘားမားဟာ သောကြာနေ့ ပြင်သစ်မှာ လုပ်မယ့် ဒုတိယကမ္ဘာစစ် ပြင်သစ် ကမ်းခြေကို မဟာမိတ်တပ်တွေ စတက်တဲ့ ဒီ ဒေး အနှစ် ၇၀ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီအခန်းအနားကို ရုရှသမ္မတပူတင်လည်းတက်မှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဖို့ အစီအစဉ်မရှိပေမယ့် ရုရှသမ္မတပူတင်ကတော့ ပြောဆို ဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ပြောခဲ့သလို အဲဒီအခမ်းအနားကို တက်လာမယ့် ယူကရိန်းရဲ့ သမ္မတသစ် မစ္စတာ ပိုရို ရှန်ကိုနဲ့လည်း သူတွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စက်မှု ထိပ်သီး ၇ နိုင်ငံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအား တွေ့ရစဉ်
စက်မှု ထိပ်သီး ၇ နိုင်ငံခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအား တွေ့ရစဉ် 
ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံ ဆွေးနွေးနေကြတဲ့ စက်မှု ထိပ်သီး အဖွဲ့ဝင် အနောက်အုပ်စု နိုင်ငံ ခေါင်းဆောင် တွေက တကယ်လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ မတည်မငြိမ် ဖြစ်အောင် ရုရှားနိုင်ငံက ဆက်လုပ်နေမယ် ဆိုရင် ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ သူတို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားကို အမေရိကန် သတိပေး

Photo: ယူကရိန်းနဲ့ပတ်သက်ပြီး ရုရှားကို အမေရိကန် သတိပေး
Thursday, June 5, 2014 

ရုရှားနိုင်ငံက ခရိုင်းမီးယားဒေသကို သိမ်းပိုက်တာမျိုး ဒါမှမဟုတ် ယူကရိန်းရဲ့ အချုပ်အခြာအာဏာထဲ လာရောက်စော်ကားတာမျိုးတွေဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ အမေရိကန်နိုင်ငံက ယူကရိန်းဘက်ကို ရပ်တည်သွားမယ်လို့ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ရုရှားကို သတိပေးပြောကြားလိုက်ပါတယ်။

သမ္မတ အိုဘားမားက ယူကရိန်းသမ္မတသစ် ကဋေကြွယ်သူဌေးကြီးနဲ့ တွေ့ဆုံခဲ့သလို ယူကရိန်း နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက် ဖို့အတွက် ထောက်ပံ့ ကူညီပေး သွားမယ်လို့လည်း ကတိပေးလိုက် ပါတယ်။

ဒါ့အပြင် ယူကရိန်းနိုင်ငံ စစ်ရေးထောက်ပံ့ မှုအတွက် ကျည်ကာနဲ့ ညကြည့် မျက်မှန်ဖြစ်တဲ့ အမှောင်ထုကို ထိုးဖေါက် မြင်နိုင်တဲ့ မျက်မှန်တွေ အပါအ၀င် ဒေါ်လာ ၅ သန်း ကူညီသွား မှာဖြစ်သလို အိုဘားမားက ပြောပါတယ်။

လက်ရှိအခြေ အနေအရ ယူကရိန်းအရှေ့ဘက်ခြမ်းက ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းစစ်တပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ယူကရိန်းစစ်စခန်း နှစ်ခုကိုလည်း ခွဲထွက်ရေးသမားတွေက သိမ်းပိုက်ထားပါတယ်။

ABC Radio Australia

ယူကရိန်းသမ္မတနဲ့ အမေရိကန်သမ္မတ
ယူကရိန်းသမ္မတနဲ့ အမေရိကန်သမ္မတ
ရုရှားနိုင်ငံက ​ခရိုင်းမီးယားဒေသကို ​သိမ်းပိုက်တာမျိုး ​ဒါမှမဟုတ် ​ယူကရိန်းရဲ့ ​အချုပ်အခြာအာဏာထဲ ​လာရောက်စော်ကားတာမျိုးတွေဟာ ​လက်ခံနိုင်စရာမရှိကြောင်းနဲ့ ​အမေရိကန်နိုင်ငံက ​ယူကရိန်းဘက်ကို ​ရပ်တည်သွားမယ်လို့ ​အမေရိကန် ​သမ္မတဘာရက်အိုဘားမားက ​ရုရှားကို ​သတိပေးပြောကြားလိုက်ပါတယ်။

နေ့စား ကျောင်းဆရာ၊ ဆရာမများကို တစ်ရက်လျှင် လုပ်အားခ ၃,၀၀၀ ပေးမည်

Photo: နေ့စား ကျောင်းဆရာ၊ ဆရာမများကို တစ်ရက်လျှင် လုပ်အားခ ၃,၀၀၀ ပေးမည်
Thursday, June 5, 2014 

အခြေခံပညာရေးအတွက် သင်ကြားပေးမည့် တရားဝင်ခန့်အပ်ထားခြင်း မရှိသေးသည့် နေ့စား ဆရာ၊ ဆရာမများကို တစ်ရက်လျှင်ကျပ် ၃,၀၀၀ဖြင့် ခန့်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေး ညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“နေ့စား၊ လပေး အခြေခံပညာဆရာ၊ ဆရာမအတွက်တစ်ရက်ကို ၂,၇၀၀ ပေးနေ ရာကနေ အခုဆိုရင် ၃,၀၀၀ ကျပ်တိုးပေးဖို့ နှုန်းသတ်မှတ်နေပြီဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ တိုးမြင့်ပေးလိုက်ခြင်းမှာ ဆရာ၊ဆရာမများသည် တရားဝင်ခန့်အပ်ထားသောသူများကဲ့သို့ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် သတ်မှတ်နှုန်းထားမရရှိခြင်း၊ ခန့်အပ်ထားသူကဲ့သို့ အခွင့်အရေးများ မရရှိခြင်းနှင့် နေ့စား၊ လပေးဆရာ၊ ဆရာမများ အဆင်ပြေစေရန် ရည်ရွယ်ခြင်းတို့ကြောင့် ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နေ့စား၊လပေးဆရာ၊ ဆရာမများကို မူလတန်းအဆင့်ပညာသင်ကြား မှုများတွင် ပိုမိုသင်ကြားမှု ပြု လုပ်နိုင်ရန်အတွက် တိုးချဲ့ခန့်အပ်ရန် ရွေးချယ်မှုများပြုလုပ်နေပြီး လက်ရှိအချိန်တွင် မန္တလေးတိုင်းအတွင်းရှိ ဆရာ၊ ဆရာမများ အင်အားနှင့် လိုအပ်မည့် အရေအတွက်ကို အချိုးချကာ စိစစ်မှုများကိုလည်း စတင် လုပ်ဆောင်နေပြီဖြစ်သည်။

“နေ့စား၊ လပေးဆရာ၊ ဆရာမဘယ်လောက်ကို ခန့်အပ်မယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ တိုင်းအတွင်းရှိ မူလတန်းကျောင်း တွေမှာ ဆရာ၊ ဆရာမတွေ အရေအတွက်ကိုရယူပြီး လိုအပ်တဲ့နေရာတွေမှာ ခန့်အပ်ဖို့တော့ စီစဉ်နေပြီဖြစ် ပါ တယ်” ဟု ယင်းက ဆက်လက်ပြောသည်။

မူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမခန့်အပ်ထားမှုမှာ စံနှုန်းအဖြစ် ကျောင်းသား ၄၀ ဦးလျှင် ဆရာ၊ ဆရာမ တစ်ဦးနှုန်း ခန့်အပ်ထားရမည်ဖြစ်ကြောင်း၊ သို့သော်လက်ရှိဆရာ၊ ဆရာမများစာရင်း အရကျောင်း သား ၅၀ ဦးလျှင် ဆရာ၊ ဆရာမတစ်ဦးနှုန်းကို ခန့်အပ်ထားသေးမည်ဖြစ်ကြောင်းနှင့် မူလတန်းကျောင်းများ တွင် ဆရာ၊ဆရာမငါးဦး တိုးချဲ့ခန့်အပ်ရန် စီစဉ်မှုများကို ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်းအတွင်း ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ မူလတန်းအဆင့်တွင် ငါးသိန်းကျော်၊ အ လယ်တန်းအဆင့်တွင် သုံးသိန်းကျော်နှင့်အထက်တန်းအဆင့်တွင်ကိုးသောင်းကျော်၊ဆရာ၊ဆရာမ များ အရေအတွက်အဖြစ် မူလတန်းအဆင့်တွင် နှစ်သောင်းကျော်၊ အလယ်တန်း အဆင့်ကိုးရာကျော်၊အထက် တန်းအဆင့်သုံးရာကျော်ရှိသည်ဟု အဆိုပါစာရင်းများတွင် ဖော်ပြထားသည်။

မျိုးသန့်
Mizzima - News in Burmese
အခြေခံပညာရေးအတွက် သင်ကြားပေးမည့် တရားဝင်ခန့်အပ်ထားခြင်း မရှိသေးသည့် နေ့စား ဆရာ၊ ဆရာမများကို တစ်ရက်လျှင်ကျပ် ၃,၀၀၀ဖြင့် ခန့်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေး ညွှန်ကြားရေး မှူး ရုံးမှ အဆင့်မြင့်အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်း ဝန်ကြီးချုပ် နေအိမ် မီးလောင်မှု ဝန်ကြီးချုပ်ကို တရားစွဲခွင့် မရှိဟုဆို

Photo: မန္တလေးတိုင်း ဝန်ကြီးချုပ် နေအိမ် မီးလောင်မှု ဝန်ကြီးချုပ်ကို တရားစွဲခွင့် မရှိဟုဆို
Thursday, June 5, 2014 

အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဥပဒေ ပြဋ္ဌာန်းချက်များအရ မီး သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ အရမ်း သို့မဟုတ် ပေါ့ဆစွာ ပြုလုပ်မှု ပျက်ကွက်မှု ပြုသူကိုသာ အရေးယူရန် ဖြစ်ကြောင်း အိမ်ရှင်၏ အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံရသူက ပေါ့ဆခြင်း၊ ရမ်းကားခြင်း ပြုမိပါက အိမ်ရှင်ကို အပြစ်ပေး၍ မရကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

“တရားရုံးတွေမှာ မီးပေါ့ဆမှုဆိုရင် ပေါ့ဆသူကို အရေးယူတယ်။ ခုနောက်ပိုင်း ဒဏ်ငွေနဲ့ မဟုတ်ဘဲ ထောင်ချတာမျိုး ရှိတယ်။ အိမ်ရှင်ကို အရေးယူတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်ရှင်က လူစား ထည့်တာတွေလည်း ရှိတာပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်သန်း (NDF) က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က အဲယားကွန်း မီးဖြတ်စက်မှ အပူချိန်လွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကာ မီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၁၁ သိန်း ဆုံးရှုံးခဲ့သည်။ ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်းအရ သိရှိရသည်။

The Voice Weekly
အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင်မှု ကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေ ချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီး ချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်ထည်ဖော်ဖို့ ရခိုင်ရဟန်းတော်များတိုက်တွန်း

Photo: ၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်ထည်ဖော်ဖို့ ရခိုင်ရဟန်းတော်များတိုက်တွန်း
Thursday, June 05, 2014 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အစိုးရက အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း စစ်တွေမြို့မှာ ကျင်းပနေတဲ့ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ညီလာခံကနေ တိုက်တွန်းလိုက်ပါတယ်။
ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ အစိုးရကို တိုက်တွန်းတောင်းဆိုဖို့ ဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ နာယကဆရာတော် အရှင်စန္ဒဝရက မိန့်ကြားပါတယ်။ 

"ဦးဇင်းတို့ ဆုံးဖြတ်ချက်ကတော့ ၁၂ ချက်လောက် ရှိတယ်ပေါ့နော်၊ အဲဒီမှာ အစိုးရကိုတောင်းဆိုဖို့ အချက် ၄ ခုပါတယ်၊ ၁၉၈၂ ဥပဒေ အမြန်ဆုံး ဖော်ဆောင်ပေးဖို့၊ ရခိုင်ပြည်နယ်မြေဒေသ လုံခြုံမှုရှိအောင် စောင့်ရှောက်ပေးဖို့ တောင်းဆိုမယ်ဆိုပြီး ဆုံးဖြတ်ကြတယ်"
ဒါ့အပြင် မောင်တောနယ်စပ်ဒေသကို လုံခြုံအောင်ဆောင်ရွက်ရေး တောင်းဆိုချက်ကိုလည်း သံဃာတော်တွေ လက်မှတ်စုပေါင်းရေးထိုးပြီး အစိုးရကို ပေးပို့တောင်းဆိုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြို့နယ်အဆင့် စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ကို ပြည်နယ်အဆင့်ထိ တိုးချဲ့ဖွဲ့စည်းသွားမယ်လို့လည်း ဒီနေ့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်း ဖြစ်ပါတယ်။ 

RFA Burmese
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို အစိုးရက အမြန်ဆုံး အကောင်အထည်ဖော် ဆောင် ရွက် သင့်ကြောင်း စစ်တွေမြို့မှာ ကျင်းပနေတဲ့ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ ညီလာခံကနေ တိုက်တွန်းလိုက်ပါတယ်။ 

ရန်ကုန်တိုင်းရှိ အခြေခံပညာ ကျောင်းဈေးတန်းများ ဇူလိုင်လတွင် စတင် စစ်ဆေးမည်

Photo: ရန်ကုန်တိုင်းရှိ အခြေခံပညာ ကျောင်းဈေးတန်းများ ဇူလိုင်လတွင် စတင် စစ်ဆေးမည်
Thursday, June 5, 2014

အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ အစားအသောက်များကို ရောင်းချခွင့် တားမြစ်ချက်များ ထုတ်ပြန်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းမုန့်ဈေးတန်း အားလုံးအား စစ်ဆေးမှုကို ဇူလိုင်လမှသာ စတင်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွှန့်ရွှေက The Voice သို့ ပြောကြားသည်။

မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းအတွက် သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးနှင့် အထက်တန်းအဆင့် ကျောင်းများအတွက် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့က ကျောင်းကျန်းမာရေး ကော်မတီများနှင့် လိုက်လံ စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသူများကို ကျန်းမာရေးကောင်းကြောင်း ထောက်ခံချက် ထားရှိရန် ညွှန်ကြားထားပြီး စားသောက်ဖွယ်ရာနှင့် အိုးခွက်ပန်းကန်များကို ကျန်းမာရေးနှင့် ညီညွှတ်စွာ အသုံးပြုရမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၈) အခြေခံပညာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမူက The Voice သို့ ပြောကြားသည်။

ကျန်းမာရေး စစ်ဆေးအဖွဲ့က ကျောင်းဖွင့်ပြီး ရက်အနည်းငယ်အတွင်း လိုက်လံစစ်ဆေးရန် အကြောင်းကြားထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အကင်၊ အချိုမှုန့်၊ ဆိုးဆေးပါတဲ့ အစားအစာတွေ မရောင်းရဘူး။ ကုန်ဆုံးရက် မပါတဲ့ အစားအစာတွေ မရောင်းရဘူး။ ဈေးရောင်းတဲ့သူတွေ ခေါင်းအုပ်၊ ရှေ့ကာအင်္ကျီနဲ့ လက်အိတ်တွေ ဝတ်ဆင်ရမယ်” ဟု လသာမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစိုးမင်းက ပြောကြားသည်။

စည်းကမ်းချက်နှင့် မညီသော ဈေးဆိုင်များကို အခြေခံပညာကျောင်းများတွင် ဆက်လက်ရောင်းချခွင့် မပြုကြောင်း ၎င်းက ရှင်းလင်း ပြောကြားသည်။

ကျောင်းကျန်းမာရေးအဖွဲ့ စစ်ဆေးမည့် အချက်များကို ကြိုတင် အကြောင်းကြားထားသော်လည်း လာရောက် စစ်ဆေးမည့်နေ့ကိုမူ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို ကြိုတင်အသိမပေးဘဲ ရှောင်တခင် စစ်ဆေးမည့် အကြောင်းကို အသိပေးထားကြောင်း ဦးစိုးမင်း၏ ပြောကြားချက်များအရ သိရသည်။

အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိ မုန့်များ ရောင်းချခွင့်ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စီမံချက်ချ စတင်လုပ်ဆောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) တို့က ပူးတွဲ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

The Voice Weekly
အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ အစားအသောက်များကို ရောင်းချခွင့် တားမြစ် ချက် များ ထုတ်ပြန်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျောင်းမုန့်ဈေးတန်း အားလုံးအား စစ်ဆေးမှုကို ဇူလိုင်လမှသာ စတင်မည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွှန့်ရွှေက The Voice သို့ ပြောကြားသည်။

သမ္မတကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ကေအင်န်ယူ ဆန္ဒရှိ

Photo: သမ္မတကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်ရန် ကေအင်န်ယူ ဆန္ဒရှိ
Thursday, June 5, 2014

တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီး ၂၀၁၄ခုနှစ် မကုန်မီ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကရင်အမျိုးသားအ စည်းရုံး(KNU) ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတနှင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံစဉ် အားလုံးကဆန္ဒရှိကြကြောင်းသ တင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီတို့ ပြုလုပ်သောငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးအား သြဂုတ်လမ ကုန်မီ ပြုလုပ်၍ရသည်ဟု မှတ် ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရာတွင် သမ္မတကို ဒုတိယသက်တမ်းကို ဆက်လက်တာဝန်ထမ်းဆောင်ရန် အကြံပြုခဲ့ကြောင်း KNU ဗဟို ကော်မတီဝင်ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

‘‘အကြံပြုရတဲ့အကြောင်းရင်းကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို သမ္မတကြီးက စတင်ဖော်ဆောင်တာဖြစ်တဲ့အတွက်ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို စလည်ဆုံးသမ္မတကြီးက အသိဆုံးဖြစ်တယ်။ သမ္မတကြီးက ဒုတိယသက်တမ်းဆက်ပြီးခေါင်းဆောင်မယ်ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မလွဲမသွေရရှိမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့ အကြံပြုတာဖြစ်ပါတယ်’’ဟု မန်းငြိမ်းမောင်ကဆိုသည်။

‘‘သမ္မတကြီးရဲ့ သဘောထားကတော့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ဒါပေမဲ့ တိုင်းပြည်က လိုအပ်လို့ပြည်သူကတောင်းဆိုရင် ကျွန်တော်ဆောင်ရွက်ပါ့မယ်လို့ ပြန်ပြောတယ်’’ဟု ဖဒိုမန်းငြိမ်းမောင်ကဆိုသည်။

‘‘ကာချုပ်နဲ့က မနက် ၁၀နာ ရီကနေ ၁၂နာရီခွဲအထိ ၂နာရီ ကျော်ကြာတယ်။ သမ္မတနဲ့တော့ ၁နာရီကျော်ကြာတွေ့တယ်။တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဒီနှစ်မကုန်ခင်မှာ ထိုးဖို့နိုင်ငံရေး ဆွေးနွေးပွဲကို ဒီနှစ်မကုန်ခင်မှာစဖို့ နှစ်ဖက်စလုံးက ဆန္ဒရှိကြပါတယ်’’ဟု တွေ့ဆုံပွဲတွင်ပါဝင်ခဲ့သူမြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)အကြီးတန်းအကြံပေး ဦးလှမောင်ရွှေကပြောသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးနှင့်ပတ်သက်သည့်ဆွေး နွေးပွဲများ၌ တိုးတက်သည့်သ ဘောတူညီမှုများရရှိသည်ကို တွေ့ရှိရပါကြောင်း၊ တပ်မတော် အနေဖြင့် လက်ရှိပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများအောင်မြင်သည် အထိ ပူးပေါင်းဆောင်ရွက်သွား မည်ဟု ဆုံးဖြတ်ထားပါကြောင်း တွေ့ဆုံပွဲအပြီး တပ်မတော်ကထုတ်ပြန်သည့်သတင်းထုတ်ပြန် ချက်တွင်ဖော်ပြပါရှိသည်။

ထို့အပြင်တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ် သက်၍ လူဦးရေအနည်းငယ်သာ ရှိသောတိုင်းရင်းသားမှအစ လူဦး ရေများစွာရှိသော တိုင်းရင်းသား များ အပါအ၀င်ပြည်နယ်နှင့်တိုင်း ဒေသကြီးအားလုံးသည်တူညီ သော အခွင့်အရေးများပြဋ္ဌာန်းပေး ပြီးဖြစ်၍ ဥပဒေနှင့်အညီခံစားခွင့် ရရှိရေးလိုအပ်သည့်နေရာများ တွင် ညှိနှိုင်းပြင်ဆင်ဆောင်ရွက် ရေးတို့အတွက် အခြေခံဥပဒေအ ယူအဆ ၃ ရပ်ပေါ်တွင် မူတည် ၍ စဉ်းစားလုပ်ဆောင်ရမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြပါရှိသည်။

ကရင်အမျိုးသားအစည်းအ ရုံးဥက္ကဋ္ဌစောမူတူးစေးဖိုးက ငြိမ်း ချမ်းရေးရသည်အထိ ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်

ဦးနှင့်တစ်ဦး အနိုင်ယူအမြတ် ထုတ်ရန်မရှိဘဲ ရိုးရိုးသားသားဖြင့် ငြိမ်းချမ်းရေးရအောင် တည် ဆောက်သွားမည်ဟုပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

ထို့အပြင် အမြင်မတူသည် များကိုလည်းသဘောထားကြီး ကြီးစိတ်ရှည်ရှည်ဖြင့် ညှိနှိုင်း ဆောင်ရွက်မည်ဟုပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် ခြောက်ကြိမ်မြောက် တွေ့ဆုံပွဲတွင် ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌစောမူတူးစေး ဖိုး၊ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂျော်နီ၊ ကာကွယ်ရေးဝန်ကြီးစောရောဂျ ခင်၊ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဖဒိုမန်းငြိမ်းမောင်နှင့် KNU၏ စစ်ရေးနှင့် နိုင်ငံရေးအ ကြံပေးစောထူးထူးလေးတို့တက် ရောက်ခဲ့ကြသည်။

တပ်မတော်ဘက်မှ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ဒုတိ ယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ် ကဲရေးမှူးဗိုလ်ချုပ်ကြီးလှဌေးဝင်း တို့နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ကေအင်န်ယူအဖွဲ့ဝင်များနှင့် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံစဉ် (ဓာတ်ပုံ - အောင်သူရ)
7Day Daily
ကေအင်န်ယူအဖွဲ့ဝင်များနှင့် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံစဉ် (ဓာတ်ပုံ - အောင်သူရ)
တစ်နိုင်ငံလုံးအပစ် ခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီး ၂၀၁၄ခုနှစ် မကုန်မီ နိုင်ငံရေး ဆွေးနွေး ပွဲများ ပြုလုပ်နိုင်ရန် ကရင်အမျိုးသားအ စည်းရုံး(KNU) ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတနှင့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံစဉ် အားလုံးကဆန္ဒရှိကြကြောင်းသ တင်းရရှိသည်။

Wednesday, 4 June 2014

ဘောလုံးပြန်ကစားဖွယ်ရှိဟု ဒေးဗစ်ဘက်ခမ်း အရိပ်အမြွက်ပြော

Photo: ဘောလုံးပြန်ကစားဖွယ်ရှိဟု ဒေးဗစ်ဘက်ခမ်း အရိပ်အမြွက်ပြော
Wednesday, June 4, 2014

မီယာမီတွင်ကိုယ်ပိုင်တည်ထောင်မည့် မေဂျာလိဂ်ကလပ်နှင့်အတူ ဘောလုံးသမားဘ၀ကို ပြန်လည် စတင်ဖွယ်ရှိသည်ဟု ဒေးဗစ်ဘက်ခမ်းက အရိပ်အမြွက်ပြောသည်။

အသက် ၃၉ နှစ်ရှိ ဒေးဗစ်ဘက်ခမ်းသည် ပီအက်စ်ဂျီတွင် ကာလတိုဖြတ်သန်းပြီးနောက် နှစ် ၂၀ ကြာကစားခဲ့သော ကစား သမားဘ၀မှ အနားယူကြောင်း ၂၀၁၃ ခုနှစ် မေတွင် ကြေညာခဲ့သူဖြစ်သည်။ ဘီဘီစီ အစီအစဉ်တစ်ခုတွင်သရုပ်ဆောင်နေသော ဘက်ခမ်းက "ကစားသမား အသင်းပိုင်ရှင် ဆိုတာဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ရှိကောင်းရှိလာနိုင်ပါတယ်။ လတ်တလောမှာတော့ ကျွန်တော် ဘက်စကတ်ဘောပွဲ ကြည့်ဖို့ရှိတယ်။ ကစားသမားတွေ သူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ကစားနေကြတာကိုတွေ့ရရင် ကျွန်တော့်ကို စိတ်လှုပ်ရှားစေပြီး ကစားပွဲတွေထဲ ပြန်လာချင်စိတ်ပေါက်လာတယ်။ ပြီးတော့ ကျွန်တော် ပြန်ကစားသင့်လား၊ ကျွန်တော်ပြန်လာသင့်လား၊ အနားယူရာကနေ ဘောလုံးပြန်ကစားသင့်လား ဆိုပြီး အတွေးတွေဝင်လာတယ်" ဟု ပြောသည်။

နိုင်ငံအသင်းအတွက် ၁၁၅ ပွဲကစားခဲ့သည့် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းသည် နိုင်ငံလေးနိုင်ငံ မှ ကလပ်အသင်းများနှင့် အဓိက ဆုဖလားများရယူထားနိုင်ပြီး အမေရိကန်ကလပ်အသင်းတစ်သင်းကို ပူးတွဲပိုင် ဆိုင်ရန် မျှော်လင့်နေသည်။ လော့စ်အိန်ဂျယ်လိစ်ဂလက်ဆီအသင်းတွင်ကစားစဉ်က စာချုပ်ပါအချက်အရ ၎င်းအနေဖြင့် မေဂျာလိဂ်တိုးချဲ့အသင်းသစ်တစ်သင်းကို ပေါင် ၂၅ သန်းဖြင့် ၀ယ်ယူခွင့်ရှိနေပြီး ၂၀၁၆ သို့မဟုတ် ၂၀၁၇ တွင် မီယာမီအခြေစိုက်အသင်းတစ်သင်းထွက်ပေါ်လာရန် ဘက်ခမ်းက ရည်မှန်းထားသည်။

BBC
မီယာမီတွင်ကိုယ်ပိုင်တည်ထောင်မည့် မေဂျာလိဂ်ကလပ်နှင့်အတူ ဘောလုံးသမားဘ၀ကို ပြန်လည် စတင်ဖွယ် ရှိသည်ဟု ဒေးဗစ်ဘက်ခမ်းက အရိပ်အမြွက်ပြောသည်။

ကမ္ဘာ့တန် ကြေး အမြင့် ဆုံး က စား သ မား စာ ရင်း မှာ အဆင့်် သုံးနေရာ ကို တက်လှမ်း လာတဲ့ လူးဝစ် ဆွာရက်စ်

လီဗာပူးလ် အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ လူးဝစ် ဆွာရက် ဟာ CIES Football Observatory အဖွဲ့ က ထုတ်ပြန်ခဲ့ တဲ့ ကမ္ဘာ့ တန်ကြေး အမြင့် ဆုံး ကစားသမား စာရင်း မှာ လီယွန်နယ် မက်ဆီ နဲ့ စီရော်နယ်လ်ဒို တို့ရဲ့ နောက် တတိယ နေရာ ကို တက်လှမ်း လာခဲ့ ပါပြီ။ လီယွန်နယ် မက်ဆီ အနေနဲ့ တန်ကြေး စုစု ပေါင်း ပေါင် ၁၆၁.၅ သန်းကနေ ၁၈၇.၆ သန်း ကြား တန် ကြေး နဲ့ ထိပ်ဆုံးမှာ ရပ်တည် နေပြီး သူ့ရဲ့ နောက်မှာ တော့ ရီးရဲလ် မက်ဒ ရစ် အသင်း ရဲ့ ကစားသမား စီရော်နယ်လ် ဒိုက ပေါင် ၈၅.၂-၉၉.၁ သန်း နဲ့ ရပ်တည် နေပါတယ်။ တတိယ နေရာ ကို တက်လှမ်း လာခဲ့ တဲ့ လူးဝစ် ဆွာရက်စ် ရဲ့ တန်ကြေး ကတော့ ပေါင် ၇၉.၄ နဲ့ ၉၂.၃ သန်း ကြားမှာပါ။

တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းစွာအဖြေရှာကြမယ်လို့ ပြောကြား လိုက်သည့် "အာရှကာကွယ်ရေးဝန်ကြီးများ"

Photo: တောင်တရုတ်ပင်လယ်အရေးကို ငြိမ်းချမ်းစွာအဖြေရှာကြမယ်လို့ ပြောကြား လိုက်သည့် "အာရှကာကွယ်ရေးဝန်ကြီးများ"
Wednesday, June 4, 2014

စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှကာကွယ်ရေးဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲမှာ ကာကွယ် ရေးဝန်ကြီးတွေဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြ မှာဖြစ် တယ်လို့ ပြောကြားထားပါတယ်။ စင်္ကာပူနိုင်ငံမှာ စနေနေ့က ဒုတိယနေ့အဖြစ်ကျင်းပခဲ့တဲ့ အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီးတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ရှိတယ်လို့ ဖော်ပြခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာနဲ့ အဖြေရှာကြမှာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်သူတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နိုင်ငံလုပ်ဆောင်နေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပါဝင်ပြီးပါဝင်ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး" Phung Quang Thanh "ကတော့ ဗီယက်နမ်နိုင်ငံက ပိုင်ဆိုင်တယ်လို့ပြောကြားထားတဲ့ ရေပိုက်နက်အတွင်းမှာ ရေနံတူးစင်တည်ဆောက်မှုကို ဖယ်ရှားဖို့တောင်းဆိုထားပြီး ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးဖို့ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

မလေးရှားကာကွယ်ရေးဝန်ကြီး"ဟစ်ရှာ မူဒင်ဟူစိန"ကတော့ တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေကြားမှာ ငြိမ်းချမ်စွာဖြေရှင်းမယ့် လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးအဖြေရှာ နေဖို့ဟာ ခက်ခဲပေမယ့် ကြိုးစားနေကြောင်းနဲ့ ဒီလိုဖြေရှင်းမှသာရနိုင်မှာဖြစ်တယ်လို့ ပြောကြားထား တဲ့အပြင် ယုံကြည်မှုတည်ဆောက်ခြင်းကလည်း အရေးပါတယ်လို့ ပြောကြားထာပါတယ်။ သြစတြေးလျကာကွယ်ရေးဝန်ကြီး " ဒေးဗစ်ဂျွန်စတန် " ကလည်း တောင်တရုတ်ပင်လယ်အရေးဟာ အင်အားသုံးပြီး ဖြေရှင်းပါက တိုးတက်မှာမဟုတ်တာကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

MRTV4
စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှကာကွယ်ရေးဝန်ကြီးများ ထိပ်သီး ဆွေးနွေးပွဲမှာ ကာကွယ် ရေးဝန်ကြီး တွေဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာကြ မှာဖြစ် တယ်လို့ ပြောကြားထားပါတယ်။ စင်္ကာပူနိုင်ငံမှာ စနေနေ့က ဒုတိယနေ့အဖြစ်ကျင်းပခဲ့တဲ့ အာရှလုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီးတွေဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ရှိတယ်လို့ ဖော်ပြခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာနဲ့ အဖြေရှာကြမှာဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။

အလုပ်ခွင်မှာ ၀ိတ်မတက်စေဖို့အတွက် နည်းလမ်းကောင်း (၅) ချက်

Photo: အလုပ်ခွင်မှာ ၀ိတ်မတက်စေဖို့အတွက် နည်းလမ်းကောင်း (၅) ချက်
Wednesday, June 4, 2014
     
အလုပ်ခွင်မှာ တစ်နေ့လုံး ထိုင်ပြီးအလုပ်လုပ်ရတာမို့ ခါးတွေလည်းတုတ်၊ အစားသောက်ဆိုလည်း ပြီးပြီးရော စားလိုက်တာပဲ။ အဲ့ဒါကြောင့် ခုဆိုရင် ၀ိတ်တွေလည်း တက်လာပြီလို့ ဆိုလေ့ရှိတဲ့ ပျိုမေတွေအတွက် အလုပ်ခွင်မှာ ဘာတွေဘယ်လိုပြုမူနေထိုင်ရ မလဲ၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်စားသောက်ရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။နေ့လည်စာအတွက် အသီးအရွက်တွေ ယူလာပြီး စားပေးပါ။ အသီးအနှံ၊ အသီးအရွက်တွေမှာ ဗီတာမင်တွေ ကြွယ်ဝလှတဲ့အပြင် အဆီလည်း မတက်တာကြောင့် ပျိုမေတွေ နေ့လည်စာကို အသီးအရွက်တွေ စားသုံးဖို့ ပြောချင်ပါတယ်။ အသီးအရွက်သုပ်ဖြစ်ဖြစ်၊ ရိုးရိုး အသီးအရွက်တွေချည်း စားတာပဲဖြစ်ဖြစ် နေ့လည်စာအတွက် စဉ်းစားမယ်ဆိုရင် အဆီလည်းကျ၊ ပိုက်ဆံလည်း စုပြီးသာဖြစ်ပြီပေါ့။

၂။နေ့လည်နေ့ခင်းမှာ လှုပ်ရှားမှုတစ်ခုခု လုပ်ပေးပါ။ မနက်ခင်းတစ်ခုလုံး အလုပ်တွေရှုပ်နေလို့၊ ဒါမှမဟုတ် ထမင်းစားပြီးချိန်မှာလည်း အလုပ်တွေဆက်တိုက်ရှုပ်နေတယ်ဆိုရင်တော့ ကော်ဖီသောက်ချိန်ဆိုပြီး အနားပေးတဲ့အချိန်မှာ ထိုင်ခုံမှာ ပေကပ်ထိုင်မနေပဲ လမ်းလျှောက်ပေးတာမျိုး၊ လေ့ကျင့်ခန်းသဘောမျိုး ခေါင်းဟိုဘက်လှည့်၊ ဒီဘက်လှည့်လုပ်ပေးတာမျိုး ၊ jogging ခုန်ပေးတာမျိုးလေးတွေ လုပ်ပေးပါ။ နေ့လည်နေ့ခင်းမှာ ချွေးထွက်သွားတယ်ဆိုရင် ဒါဟာ ခန္ဓကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းသွားတာမို့ ဒါကောင်းတဲ့အချက်ပါပဲ။

၃။အစားအသောက်စားပြီးတိုင်း ခံတွင်းသန့်ရှင်းရေးလုပ်ပါ။ နေ့လည်စာ စားတာပဲဖြစ်ဖြစ်၊ မုန့်စားတာပဲဖြစ်ဖြစ် အစားတစ်ခုခုစားပြီးတိုင်း ပလုတ်ကျင်းတာမျိုး၊ ခံတွင်းသန့်ရှင်းရေးလုပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ အဲ့ဒီလို ပါးစပ်သန့်ရှင်းရေးလုပ်ထားတယ်ဆိုရင် အစာနောက်တစ်ခုစားဖို့ရှိနေရင်တောင် လွယ်လွယ် ကူကူ မစားဖြစ်တော့ပါဘူး။

၎။ရုံးကရေခဲသေတ္တာထဲက အစားအစာတွေကို သန့်ရှင်းလတ်ဆတ်မှု ရှိမရှိ ကြည့်ပြီးမှစားပါ။ တစ်ခါတစ်လေ အလုပ်ကသူငယ်ချင်းရဲ့ ဘတ်ဒေးကိတ်ကြီးကို ရေခဲသေတ္တာထဲ ထိုးထည့်ထားပြီး ရက်တွေကြာမှ ပြန်စားကြတာမျိုးတွေ၊ တခြား အစားအစာတွေဆိုရင်လည်း ရက်ကြာမှ စားဖြစ်တာမျိုးတွေ မဖြစ်ပါစေနဲ့။

၅။ရေကို တစ်နေ့လုံး နည်းနည်းချင်းစီ သောက်သောက်ပေးပါ။ အလုပ်စားပွဲပေါ်မှာ ရေဗူးတစ်ဗူးချထားပြီး နည်းနည်းချင်းစီ သောက်ပေးနေပါ။ ရေဟာ ကယ်လိုရီ မရှိတာကြောင့် သောက်သင့်သလို ဗိုက်ထဲကို ရေ၀င်သွားတာကြောင့် အစားအသောက်စားမယ်ဆိုရင်တောင် ဗိုက်တင်းနေတာမို့ မစားဖြစ်တော့ဘူးလေ။ ဒါဟာလည်း ကောင်းတဲ့ အချက်ပါပဲနော်။

Ref:womenshealthmag.com
Trend Myanmar     
အလုပ်ခွင်မှာ တစ်နေ့လုံး ထိုင်ပြီးအလုပ်လုပ်ရတာမို့ ခါးတွေလည်းတုတ်၊ အစားသောက်ဆိုလည်း ပြီးပြီးရော စားလိုက်တာပဲ။ အဲ့ဒါကြောင့် ခုဆိုရင် ၀ိတ်တွေလည်း တက်လာပြီလို့ ဆိုလေ့ရှိတဲ့ ပျိုမေတွေအတွက် အလုပ်ခွင်မှာ ဘာတွေဘယ်လိုပြုမူနေထိုင်ရ မလဲ၊ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လိုရွေးချယ်စားသောက်ရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်

Photo: ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားအဖြစ် စတင်အကောင်အထည်ဖော်
Wednesday, June 4, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

မေ ၁၂ရက်တွင် အဆိုပါအမြန်လမ်းမကြီးပေါ်၌ ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးပြီးသည့်နောက်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးအား လေးလမ်းသွားမှ ရှစ်လမ်းသွားအထိ တိုးချဲ့ဆောက်လုပ်မည့် အစီအစဉ်အား အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အမြန်လမ်းမကြီးကို ရှစ်လမ်းသွားအဖြစ် ပြင်ဆင်သွားဖို့ စီစဉ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အချက်အလက်အကုန်လုံးကို သမ္မတကိုတင်ပြထားပါတယ်။ အခုအရင်ဆုံးအနေနဲ့ တံတားအပိုင်းတွေကို တိုးချဲ့ဆောင်ရွက်နေပါပြီ။ အမြန်လမ်းမှာ လုံခြုံရေးနဲ့ စည်းကမ်းပိုင်းတွေကို ပိုမိုဆောင်ရွက်နိုင်ဖို့အတွက် အမြန်လမ်းရဲတပ်ဖွဲ့အင်အားကိုလည်း ဖွဲ့စည်းပုံအင်အားထက်ပိုပြီး တိုးချဲ့သွားပါမယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး၊ အမြန်လမ်းမကြီးစစ်ဆေးရေးအဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ဇွန် ၃ ရက်တွင်ဆိုသည်။

ထို့ပြင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် လမ်းညွှန်သတိပေးဆိုင်းဘုတ်များကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၁၂ရက် ည ၇နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်းမနား-တောင်တွင်းကြီး မီးရထားခုံးကျော်တံတားအောက်သို့ ရာဇာမင်းခရီးသည်တင်ယာဉ်မှာ ပြုတ်ကျခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၆ဦးသေဆုံးခဲ့ပြီး ၂၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်ပြီး လူသေဆုံးမှုဖြစ်ခဲ့သည့် ရာဇာမင်းခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်ကို ပိတ်သိမ်းထားကြောင်း သိရသည်။

Eleven Media Group 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၇ အနီးအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၄/၇ အနီးအား မေလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို လေးလမ်းသွားမှ ရှစ်လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့သွားရန် စတင် အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဇွန် ၃ ရက် နံနက်ပိုင်းတွင် အမြန်လမ်းမကြီး စစ်ဆေး ရေး အဖွဲ့မှ အတွင်းရေးမှူး ရဲမှူးကြီးနေ၀င်းက ပြောကြားခဲ့သည်။

သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများနှင့် လှည်းကူးမှ ဖယ်ရှားခံရသူများ အလုပ်အကိုင်ရရေး အစိုးရက အထည်ချုပ်စက်ရုံ တည်ထောင်ပေးမည်ဟုဆို

Photo: သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများနှင့် လှည်းကူးမှ ဖယ်ရှားခံရသူများ အလုပ်အကိုင်ရရေး အစိုးရက အထည်ချုပ်စက်ရုံ တည်ထောင်ပေးမည်ဟုဆို
Wednesday, June 4, 2014

DKBA နောက်သို့ လိုက် မသွားဘဲ ကျန်ခဲ့သော သမီး ကလေးကျေးရွာမှ အိမ်ထောင်စု များနှင့် လှည်းကူးမြို့နယ်အတွင်း ဖယ်ရှားခံကျေးရွာအိမ်ထောင်စု များကို ၎င်းတို့လုပ်ငန်းအဆင် ပြေရန်အတွက် အစိုးရက အထည်ချုပ်စက်ရုံတည်ဆောက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

သမီးကလေးကျေးရွာမှ အိမ်ထောင်စုများကို ပြည်ခိုင်ဖြိုးပါတီ က ကျေးရွာတည်ထောင်၍ မြေ ကွက်နှင့် နေအိမ်များ အပိုင်ပေး မည်ဖြစ်ပြီး ဧပြီလအတွင်းက ရေမီးစုံပြုလုပ်ပေးထားသည်။

DKBA နောက်သို့လိုက် သွားသော သမီးကလေးကျေးရွာ အိမ်ထောင်စုများနှင့် လှည်းကူးမြို့နယ်အတွင်း ဖယ်ရှားခံကျေးရွာ ခြောက်ရွာမှ အိမ်ထောင်စု ၁၈၂ စုအား ပြည်ခိုင်ဖြိုးပါတီက ပေ ၂၀×၅၀ မြေကွက်နှင့် နေအိမ်တို့ ကို အပိုင်ပေးပြီး ကျေးရွာသစ်အ တွက် လျှပ်စစ်မီး၊ ခန်းမ၊ ဓမ္မာရုံ၊ ဆေးပေးခန်း၊ လမ်းစသည်တို့ပါ ပြုလုပ်ပေးထားသည်။ ယခုအခါ ၎င်းတို့ လုပ်ငန်းအဆင်ပြေရန်အတွက် ထိုကျေးရွာတွင် အထည်ချုပ်လုပ်ငန်း အသေးစားတစ်ခုတည်ဆောက်ပေးမည်ဖြစ်ရာ စက်ရုံတည်ဆောက်ရန် စတင် လုပ်ဆောင်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီးဒေါက်တာအောင်မြတ်ဦးကပြောသည်။

‘‘အစိုးရက သူတို့ကို လုပ် ငန်းတွေ အဆင်ပြေစေချင်တယ်။ အဲဒါကြောင့် ကျွန်တော့်သူငယ် ချင်းစက်ရုံအထည်ချုပ်လုပ်ငန်း ရှင်တစ်ယောက်ကူညီပေးတာပါ။ သူက ဒီနေရာမှာ စက်ရုံတည် ဆောက်ပြီး ဒီရွာက သူတွေအ တွက် အထည်ချုပ်လုပ်ငန်းတွေ သင်ပေးမှာပါ။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ပေးတာ ပါ’’ဟု ဒုတိယ၀န်ကြီးဒေါက်တာ အောင်မြတ်ဦးကပြောသည်။

DKBA နောက်သို့ လိုက် သွားသော သမီးကလေးကျေးရွာ အိမ်ထောင်စုကို ယခုတည် ဆောက်ပေးသောနေရာတွင် လာ ရောက်နေထိုင်လိုပါက အဆင် ပြေစွာ လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါကျေးရွာအား အမြန် လမ်းမကြီးဘေး မိုင်တိုင် ၂၀ ရှိ ၀ါးယားကုန်းကျေးရွာအနီးတွင် သမီးကလေးတိုးချဲ့ကျေးရွာသစ် အမည်ဖြင့် ပြုလုပ်ပေးရာ လက်ရှိ အချိန်တွင် နေအိမ် ၁၃ အိမ်ခန့် ပုံစံတူတည်ဆောက်ပေးထားပြီး လူဦးရေ ၈၀၀ ကျော်နေထိုင်နေ ကြောင်း လှည်းကူးမြို့နယ် ပြည် ခိုင်ဖြိုးပါတီတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးလှသန်း ကပြောသည်။

‘‘နေအိမ်တွေ အပိုင်ပေး မယ်။ ပြန်ပေးစရာမလိုဘူး။ အခု အဲဒီလိုလုပ်ပေးတော့ DKBA နောက်လိုက်သွားတဲ့ အိမ်ထောင် စုတွေထဲက ၁၉ စုပြန်လာပြီး အ ကူအညီတောင်းခံနေပါတယ်။ သူ တို့ကိုလည်း စစ်ဆေးမယ်။ သေ ချာတယ်ဆိုရင် လုပ်ပေးမယ်’’ဟု ဦးလှသန်းကပြောသည်။

‘‘အခုတာဝန်ရှိတဲ့သူတွေက စီစဉ်ပေးတော့ အားလုံးအဆင်ပြေနေပါပြီ။ နေစရာရော၊ ရေအ တွက်ရော၊ မီးအတွက်ရော ပူစရာမလိုတော့ပါဘူး’’ဟု DKBA နောက်သို့ လိုက်မသွားသော သမီးကလေးကျေးရွာသစ်တွင် နေထိုင်နေသည့်ကိုတက်တိုးက ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်တွင် သမီးကလေးကျေးရွာကို ဖယ်ရှားခဲ့သောကြောင့် ထိုအိမ်ထောင် စုများသည် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အောင်သိဒ္ဓိဘုန်းကြီး ကျောင်း၌ ခိုလှုံနေခဲ့သည်။ ထိုသို့ ခိုလှုံနေမှုကို ပဲခူးတိုင်းအတွင်း လက်မခံသောကြောင့် နေစရာမရှိဖြစ်နေသော သမီးကလေးကျေး ရွာ အိမ်ထောင်စုများအား DKBA က ဖေဖော်ဝါရီလအတွင်း နေစရာအိမ်များပေးမည်ဟုဆိုကာ လာ ခေါ်ခဲ့သည်။ ဧပြီလ ၂ ရက်တွင်သမီးကလေးကျေးရွာအိမ်ထောင်စု များကို DKBA အဖွဲ့ လာရောက် ခေါ်ဆောင်ရာတွင် အိမ်ထောင်စု ၈၂ စုနှင့်လူဦးရေ နှစ်ရာကျော် လိုက်ပါသွားခဲ့သည်။

7Day Daily

သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများကို နေရာချထားပေးသည့် အိမ်ရာတန်းကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
သမီးကလေးကျေးရွာ လက်ကျန်အိမ်ထောင်စုများကို နေရာချထားပေးသည့် အိမ်ရာတန်းကို တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
DKBA နောက်သို့ လိုက်မသွားဘဲကျန်ခဲ့သော သမီးကလေးကျေးရွာမှ အိမ်ထောင်စုများနှင့် လှည်းကူးမြို့နယ် အတွင်း ဖယ်ရှားခံကျေးရွာအိမ်ထောင်စု များကို ၎င်းတို့လုပ်ငန်းအဆင် ပြေရန်အတွက် အစိုးရက အထည်ချုပ်စက်ရုံတည်ဆောက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။