ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ ၄၃၆ မပြင်ရေး နေပြည်တော် တပ်ကုန်းမြို့ နယ်တွင် ပြင်းထန်စွာ ကန့်ကွက် သူကို ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် မော်တော်ယာဉ် တန်းက ကားရပ်၍ ၁၀ မိနစ် ကျော်ကြာ တွေ့ဆုံမေးမြန်းဆွေး နွေးခဲ့ကြောင်း သတင်းရရှိသည်။
Monday, 2 June 2014
ကိုယ့် ဈာပန အခမ်းအနား ကိုယ်တိုင် တက်ရောက်ခဲ့သူ

ပွာတိုရီကို နိုင်ငံက အသက် ၈ဝ အရွယ် ဂျော်ဂျီနာ ရှဗရွန်နီ လောရ်ဟာ သူ့ရဲ့ ဈာပန အခမ်းအနားကို ကိုယ်တိုင် တက် ရောက်နိုင် တဲ့သူ ဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ မှားယွင်းမှုဖြစ်စဉ်အား ငြိမ်းချမ်းစွာ ဖြေရှင်းပြီးစီး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် ကုလားဆိုး အကြမ်းဖက်သောင်းကျန်းသူ (RSO) အဖွဲ့မှ ၀င်ရောက် လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည့် အတွက် မိမိနယ်မြေခံလုံခြုံရေး တပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်း ကျန်းသူ အဖွဲ့မှ ဟုယူဆရသော လက်နက်ကိုင်ဆောင်ထားသူ ၂ ဦးသည် မိမိနိုင်ငံ နယ်နိမိတ်အတွင်းသို့ ၀င်ရောက်လာခဲ့ဖြင့် လုံခြုံရေး ဆောင်ရွက်နေသော နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ရာ အ၀ါရောင်ပြောက်ကျား ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ ၎င်းကိုင်ဆောင်သော သေနတ် ၁ လက်နှင့် ခဲယမ်း အချို့တို့အား သိမ်းဆည်းရမိခဲ့ပါသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ပြင်ခဲ့သော် . . .

တပ်မတော် (ရေ) မှ ကိုကိုးကျွန်းအရှေ့ ရေပြင်တွင် Combined Fleet Exercise အစီအစဉ်ဖြင့် လေ့ကျင့်ရေး ပြုလုပ်နေစဉ်
မေ ၂၈ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် (၅၂)အနီးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်နက်ကိုင်နှစ်ဦးသည် မြန်မာနယ်စပ်အနီး ပေ ၈ဝ ခန့်သို့ ချဉ်းကပ်လာပြီး လုံခြုံရေးတာဝန် ဆောင် ရွက်နေသော မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ပတ်ခတ်မှု ဖြစ်စဉ်တွင် အဝါရောင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တစ်ဦး ကျဆုံးပြီး အမ်-၂၂ သေနတ် တစ်လက်၊ ကျည်ကတ်လေးခု၊ ကျည် ၉၈ တောင့် သိမ်းဆည်းရမိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Sunday, 1 June 2014
ညွှန်ကြားရေးမှုးလက်သီးနှင့်အထိုးခံရသည့်ကိစ္စ ပြည်နယ်အစိုးရက စစ်ဆေးရမည်ဟု ဦးရဲထွဋ်ပြော
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးတစ်ဦးက ပြည်နယ်ပညာရေးမှုးရုံးမှ ခေတ္တ တာဝန်ခံညွှန်ကြားရေးမှုး အား
လက်သီးနှင့်ထိုးသည့်ကိစ္စကို ပြည်နယ်အစိုးရက
စစ်ဆေးဆုံးဖြတ်ရမယ့် ကိစ္စရပ်ဖြစ်သည် ဟု နိုင်ငံတော် သမ္မတ၏
ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေလ ၃၀ ရက်နေ့ ပြည်မြို့တွင်
သတင်းထောက် များနှင့် တွေဆုံစဉ် ပြောကြားလိုက်သည်။
ဝန်ကြီးက
မူလတန်းပြဆရာများ ပြောင်းရွှေ့ရေးကိစ္စအမိန့်ထုတ်ခိုင်းသည်ကို ခေတ္တတာဝန်ခံ
ညွှန်ကြားရေး မှုး က ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက် စောင့်ရန်လိုအပ်ကြောင်း
ပြောဆိုသဖြင့် ယင်းညွှန်ကြားရေးမှူး ကို လက်သီးနှင့်ထိုးပြီး
ဝင်ရောက်ပြောဆိုသူ လက်ထောက်ကြီးကြပ်ရေးမှုးကို ပါးရိုက်လိုက်သဖြင့် ပြည်နယ်
ဝန်ကြီးချုပ်ထံ တင်ပြထားသည်ဟု ပြည်နယ်ပညာရေးဌာနမှ ဆိုသည်။
ဆန္ဒပြပွဲများကို တားဆီးရန် ထိုင်းနိုင်ငံတွင် စစ်သားများနှင့် ရဲများချထား
ဘန်ကောက် - စစ်တပ်ကို အာခံကာ ဆန္ဒပြမည်ဟု ခြိမ်းခြောက်ထားသော
အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို တားဆီးရန် အာဏာပိုင်များက
ကြိုးစားကာ ဇွန်လ ၁ ရက်တွင် ဘန်ကောက်မြို့တစ်ဝန်း ရဲတပ်ဖွဲ့များနှင့် စစ်သားအင်အား ၆၀၀၀ ခန့်ချထားသည်ဟု ထိုင်းအရာရှိတစ်ဦးက ပြောသည်။
မေလ ၂၂ ရက်က အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲအသေးစားများ နေ့စဉ် နေ့တိုင်း ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများမှာ ၎င်းတို့၏ မိသားစုဝင်များပင်ဖြစ်စေ တင်းကျပ်သည့် စစ်ဥပဒေများဖြင့် အပြစ်ပေးခံရမည်ဟု စစ်ဘက်ဆိုင်ရာ အကြီးအကဲ ပရာယွတ်ချန်အိုချာက သတိပေးထားသည်။ သို့သော် ဆန္ဒပြသူများစွာကို ဖမ်းဆီးခြင်းသာ ရှိပြီး အင်အားသုံး နှိမ်နင်းခြင်း မရှိခဲ့ကြောင်း သိရသည်။
မေလ ၂၂ ရက်က အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲအသေးစားများ နေ့စဉ် နေ့တိုင်း ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများမှာ ၎င်းတို့၏ မိသားစုဝင်များပင်ဖြစ်စေ တင်းကျပ်သည့် စစ်ဥပဒေများဖြင့် အပြစ်ပေးခံရမည်ဟု စစ်ဘက်ဆိုင်ရာ အကြီးအကဲ ပရာယွတ်ချန်အိုချာက သတိပေးထားသည်။ သို့သော် ဆန္ဒပြသူများစွာကို ဖမ်းဆီးခြင်းသာ ရှိပြီး အင်အားသုံး နှိမ်နင်းခြင်း မရှိခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ကြောင်း မြန်မာအစိုးရ သတင်းထုတ်ပြန်
![]() |
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်မျာ |
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်၌ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ မြန်မာအစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန် ချက်ကို ဇွန်လ ၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာ များနှင့်ပတ်သက်၍
ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ဘဲ၊ မြန်မာနိုင်ငံက
မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုထိပါး လျှင် လုံးဝလက်ခံမည်မဟုတ်သလို နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရေး၊ အိမ်နီးချင်းကောင်းဆက်ဆံရေး တို့ကို အခြေခံ၍ သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာညှိနှိုင်းဆော င်ရွက်သွားမည်ဟုဖော်ပြထားသည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာ
ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ မြန်မာမမှားဟု သမ္မတရုံး တာဝန်ရှိသူပြော
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တိုက်ခိုက်မှုများတွင် မြန် မာလုံခြုံရေး
တပ်ဖွဲ့နှင့် တပ်မ တော်မှာ လုံးဝ မအမှားအယွင်း မရှိခဲ့ဘဲ မိမိပိုင်နက်ကို
လက်နက် ကိုင်တပ်ဖွဲ့များ ကျူးကျော်လာ ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်းသာ
ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အ ထိအခိုက်မခံလိုသည့် မြန်မာနိုင်ငံ ၏
မူဝါဒအရ ပြဿနာကို သံတမန်နည်းဖြင့် အေးချမ်းစွာဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကမ်းလှမ်းထားကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံက ပစ်ခတ်ဖမ်းဆီးရမိခဲ့သော ရုပ်အ လောင်းမှာ RSO တပ်ဖွဲ့ဝင်ဖြစ် ကြောင်း သိသော်လည်း တစ်ဖက် က BGB ဟု ပြောကာတောင်းနေသဖြင့် ရေရှည်နယ်စပ်တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကုန်သွယ်ရေးတို့ကို ရှေးရှု၍ အ လောင်းကို ယနေ့နံနက် (မေလ ၃၁ ရက်) တွင် ဘင်္ဂလားဒေ့ရှ်သို့လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံက ပစ်ခတ်ဖမ်းဆီးရမိခဲ့သော ရုပ်အ လောင်းမှာ RSO တပ်ဖွဲ့ဝင်ဖြစ် ကြောင်း သိသော်လည်း တစ်ဖက် က BGB ဟု ပြောကာတောင်းနေသဖြင့် ရေရှည်နယ်စပ်တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကုန်သွယ်ရေးတို့ကို ရှေးရှု၍ အ လောင်းကို ယနေ့နံနက် (မေလ ၃၁ ရက်) တွင် ဘင်္ဂလားဒေ့ရှ်သို့လွှဲပြောင်းပေးခ
တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများ စက်ရုံထဲသို့ ၀င်ခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်ရပြီး စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်
![]() |
ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား မေ ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် |
ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြော
![]() |
| မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − HlaOo's Blog) |
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမျဉ်းကို ကာကွယ်စောင့်ရှောက်နေသည့် မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ နောက် တွင် တပ်မတော်က အသင့်ရှိနေ ပြီး မည်သည့်ကျူးကျော်လာသော ရန်ကိုမဆို ပြန်လည်တုံ့ပြန်နိုင် သည့် အင်အားအပြည့်အ၀ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင် ၁၀မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ မြေငလျင်တစ်ခု လှုပ်ခတ်
ဇွန် ၁ ရက် နံနက် ၁၂ နာရီ ဝ၁ မိနစ် ၄၈ စက္ကန့်အချိန်၌ ရန်ကုန်မြို့အနီး
တွံတေးမြို့ အနောက်တောင်ဘက် ၁ဝ မိုင်ခန့်အကွာ ကမ္ဘာအေးမြေငလျင်စခန်း၏
အနောက်တောင်ဘက် ၂၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာ စကေး ၄ ဒသမ ၇ ရှိ
အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် တွံတေးမြို့နှင့် အနီးတစ်ဝိုက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအချို့နှင့်
ရန်ကုန်မြို့တို့တွင် သက်ရောက်မှုများ ရှိခဲ့ပြီး လှုပ်ခတ်ချိန် ၁၂
စက္ကန့်ခန့် ကြာမြင့်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာန၊မြေငလျင်ဌာနခွဲ မှ သိရသည်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် တွံတေးမြို့နှင့် အနီးတစ်ဝိုက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအချို့န
ဖွဲ့စည်းပုံပြင်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို စောင့်ကြည့်လေ့လာနေသည်ဟု ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ပြောကြား
![]() |
ရန်ကုန်မြို့ ယုဇနပလာဇာ၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်ရေးထိုးနေသူများကို မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်) |
မြန်မာ့ဒီမိုကရေစီအရေး ကန်အခိုင်အမာအားပေး
![]() |
| အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (၁၃) ကြိမ်မြောက် အာရှလုံခြုံရေးညီလာခံမှာ တွေ့ရစဉ်။ |
Saturday, 31 May 2014
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား
မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး
ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွပ်စွဲထားသော
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး အရေးနှင့် ပတ်သက်၍
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် သောကြာနေ့ ညနေပိုင်းက
ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများနှင့် အေအက်ဖ်ပီ သတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် လျှောက်နေခြင်း ဟုတ် မဟုတ် ပေါ်လွင်စေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အစိုးရပြောဆိုနေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်ေ နြ ခင်း ဟုတ်၊ မဟုတ် ပေါ်လွင်စေမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မေ ၃၀ ရက်က လွှတ်တော်အစည်းအဝေး ရပ်နားစဉ် သတင်းထောက်များနှင့် တွေ့ ဆုံကာ ပြောကြား သည်။
နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမိုများပြားလာခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ၏ ပါဝင်ပတ်သက်မှုများကို ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်
နိုင်ငံသားအမည်ခံနိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမျိုားပြားလာခြင်းနှင့် ပတ်သက် ၍ ဌာနဆိုင်ရာပိုင်းမှ ပါဝင်ပတ်သက်မှုများ ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က ပြောကြားသည်။
Friday, 30 May 2014
ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ

စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းဖြစ်နေတဲ့အရာပါ။ သိပ်တော့ ကိစ္စမရှိပါဘူး။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကိစ္စကြောင့် စိတ်ဖိစီးတာ၊ အချစ်ရေးကြောင့် စိတ်ပင်ပန်းနေရတာမျိုးတွေဟာ လူတိုင်းနီးပါး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတာမျိုးဆိုတော့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒါပေ မယ့် သိပ်ပြီး ခံစားတတ်လွန်းရင်၊ စိတ်ဖိစီးတတ်လွန်းနေတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေ မှန်း မသိရင်တောင် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာတဲ့ တစ်ချို့သောအရာတွေကြောင့် သင့်စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုတာ သိသွားစေပါတယ်။ ဘယ်လိုအရာမျိုးတွေက သင်စိတ်ဖိစီးနေတယ်ဆိုတာ ပြောပြပေးနိုင်ပါသလဲ။
လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။
တရားရုံးရှေ့ ခဲနဲ့ပေါက်သတ်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး
အခုရက်ပိုင်း ကမ္ဘာ့မီဒီယာပေါ် ဟိုးလေးတကြော်ဖြစ်နေတာကတော့
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ အသက် ၂၅ နှစ် အရွယ် ကိုယ်ဝန်ဆောင်
အမျိုးသမီးကို သူ့မိသားစုဆွေမျိုးတွေက သူတို့ သဘောမကျတဲ့ အမျိုးသားနဲ့
အိမ်ထောင်ပြုလို့ဆိုပြီး လာဟိုးမြို့ တရားရုံးရဲ့ ရှေ့မှာ ခဲနဲ့
ပစ်ပေါက်သတ်ခဲ့တဲ့သတင်းပါဘဲ ။
အင်္ဂါနေ့ နေ့လယ်ပိုင်းက လာဟိုးဗဟို တရားရုံးရှေ့မှာ သေဆုံးသွားသူနဲ့ သူ့ ခင်ပွန်းတို့က စောင့်ဆိုင်းနေ စဉ် သေဆုံးသူရဲ့ မိဘ၊ ညီအကို ဆွေမျိုး စုစုပေါင်း ၂ဝ လောက်က တုတ်တွေ၊ အုပ်ခဲတွေနဲ့ စတင်တိုက် ခိုက်ခဲ့ကြတာပါ။
အင်္ဂါနေ့ နေ့လယ်ပိုင်းက လာဟိုးဗဟို တရားရုံးရှေ့မှာ သေဆုံးသွားသူနဲ့ သူ့ ခင်ပွန်းတို့က စောင့်ဆိုင်းနေ စဉ် သေဆုံးသူရဲ့ မိဘ၊ ညီအကို ဆွေမျိုး စုစုပေါင်း ၂ဝ လောက်က တုတ်တွေ၊ အုပ်ခဲတွေနဲ့ စတင်တိုက် ခိုက်ခဲ့ကြတာပါ။
![]() |
| ခဲနဲ့ ပေါက်သတ်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီး |
သမီးဖြစ်သူ သေသွားပြီးနောက် ခဲနဲ့ ပစ်ပေါက် သတ်ခဲ့တဲ့ သူ့ဖခင်က လွဲလို့ ကျန်တဲ့ ဆွေမျိုး ညီအကို
မောင်နှမတွေက ထွက်ပြေးသွားကြတယ်လို့ ရဲက ပြောပါတယ်။
မောင်နှမတွေက ထွက်ပြေးသွားကြတယ်လို့ ရဲက ပြောပါတယ်။
Subscribe to:
Posts (Atom)





