ပုံစာ- ခရီးသည် ၁၄ ဦးသေဆုံးခဲ့သည့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် ရာဇာမင်းမော်တော်ကားအား သယ်ယူလာစဉ်။ (ဓာတ်ပုံ- ၀င်းကိုကိုလတ်)
ခရီးသည် ၁၄ဦး သေဆုံးခဲ့ပြီး ၂၉ ဦးဒဏ်ရာရရှိခဲ့သည့် ရာဇာမင်းကား တိမ်းမှောက်မှုတွင် ဒဏ်ရာရသူ သုံးဦးမှာ စိုးရိမ်ရသည့်အနေအထားရှိသည်ဟု မြန်မာရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်း က မဇ္ဈိမကို မေလ ၁၄ရက်တွင် ပြောကြားသည်။











