အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန၏ စစ်ဆေးတွေ့ရှိချက်အရ ဧရာဝတီတိုင်းဒေ သကြီး မြန်အောင်မြို့တွင် ဧပြီလ ၂၀ ရက်နေ့က စိမ်းစားငါးပိ အရောင်းဆိုင် ငါးဆိုင်ကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ဆိုးဆေး ပါဝင်သည့် စိမ်းစားငါးပိ ကုန်ချိန် ၁၆၂ ပိဿာကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်အောင်မြို့နယ် ဆေးရုံ အုပ်ကြီး ဒေါက်တာ ဝင်းထိန် က ပြောကြားသည်။
Tuesday, 22 April 2014
မန္တလေး အိမ်ခြံမြေ ဈေးကွက်ပြန်လည် ကောင်းမွန်လာ ရင်းနှီး မြှုပ်နှံသူများပြား

မန္တလေး အိမ်ခြံမြေ ဈေးကွက်သည် သင်္ကြန်မတိုင်မီအထိ အေးစက်နေခဲ့ ရာမှ ငွေရှင်များ မြေကွက် ဝယ်ယူ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်လာ သဖြင့် သင်္ကြန်ပြီး မန္တလေးဝန်းကျင် မြေကွက်များ ဝယ်ယူရန် စုံစမ်းလေ့ လာမှုများ ပြုလုပ်လာသဖြင့် မြေဈေးကွက် ပြန်လည် ကောင်းမွန်လာသည်။
ရွှေနန်းတော်ကျောင်း ပြန်လည်ပြင်ဆင်မည်

မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံ မြို့နယ်ရှိ ရွှေနန်းတော်ကျောင်းကို ဧပြီ နောက်ဆုံးပတ်မှ စတင်ကာ ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ အမေရိကန်နိုင်ငံအခြေစိုက် World Monument Funds အဖွဲ့က ၂ဝ၁၃ ခုနှစ် အောက်တိုဘာမှ စတင်ကာ ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး အတွက် ပဏာမသုတေသန မှတ်တမ်းများ၊ အချက်အလက်များ ကောက်ယူခဲ့သည်။
ဆီးရီးယားမှာ အဆိပ်ဓာတ်ငွေ့သုံးတဲ့ အထောက်အထားတချို့ ကုလတွေ့

ဆီးရီးယားနိုင်ငံက သူပုန်တွေနေထိုင်ရာ ဒေသတခုမှာ အခုလအတွင်း ဓါတုအဆိပ်ဓါတ်ငွေ့တွေ ပျံ့နေတဲ့ လက္ခဏာ တွေ့ရှိထားကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
ကမ္ဘောဒီးယားရဲနဲ့ ပဋိပက္ခ အတိုက်အခံတွေ ထိခိုက်ဒဏ်ရာရ

ကမ္ဘောဒီးယား လွှတ်တော်ကိုယ်စားလှယ် Mu Sochua စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်စဉ်
ကမ္ဘောဒီးယားနိုင်ငံက ရွေးကောက်ခံ အတိုက်အခံ ဥပဒေပြုလွှတ်တော်အမတ် Mu Sochua ကို ထောက်ခံ သူတွေနဲ့ ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့တွေ ဖနွမ်းပင်မြို့ လွတ်လပ်ရေးဥယျာဉ် အပြင်ဘက်မှာ တနင်္လာနေ့က အပြန်အလှန် တိုက်ခိုက်မှုခဲ့ကြတဲ့အတွက် လူ ၇ ဦး ဒဏ်ရာရသွားပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွှာအားလုံး ဧပြီ ၂၃ အပြီးစစ်မည်
ပညာရေး ဝန်ကြီးဌာနက ကျင်းပသော ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ် အဖြေလွှာ အားလုံးနီးပါး စစ်ဆေးပြီးဖြစ်ပြီး ကျန်ရှိနေသော အဖြေလွှာများ အတွက်လည်း ဧပြီလ ၂၃ ရက်နေ့ မတိုင်မီ အပြီးသတ် စစ်ဆေးရန် စီစဉ်ထားကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်း စာစစ် တာဝန်ကျသူများထံမှ စုံစမ်းသိရှိရသည်။
လုံခြုံရေး ဆိုင်ရာ ပစ္စည်းများနှင့် အီလက်ထရွန်နစ် ပစ္စည်းပြပွဲ ကျင်းပသွားမည်
ကမ္ဘာ့နောက်ဆုံးပေါ် လုံခြုံရေး ဆိုင်ရာ ပစ္စည်းများနှင့် အီလက်ထရွန်နစ် ပစ္စည်းများ ပြပွဲကြီး (International Security & Modern Electronics Expo 2014) Myanmar Promotional Service (MPS) Co.,Ltd. မှကြီးမှူး၍ လာမည့် ဧပြီ ၂၅ ရက် မှ ၂၇ ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော် အတွက် လိုအပ်လျက် ရှိသည့် လျှပ်စစ် ဓာတ်အားကိုလည်း ဖြည့်စွမ်း ပေးနိုင်မည့် စီမံကိန်းဖြစ်

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန် ရှိသူများ နှင့်အတူ ဧပြီ ၂ဝရက် နံနက် ၁ဝ နာရီက သူဌေးချောင်း ရေအား လျှပ်စစ် စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူ များ၏ တင်ပြချက်များ အပေါ် ပြည်ထောင်စု ဝန်ကြီးက ရေထိန်းစည် တူးဖော်ရာ၌ ကျောက်သား အနေအထား အရ အန္တရာယ်ရှိ နိုင်သဖြင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်း စေရေး ဂရုစိုက်ရန်၊ ရေသွယ်ဥမင် လိုဏ်များ တူးဖော်ရာတွင်လည်း ဥမင်လိုဏ် မပြိုကျ စေရေးနှင့် အလုပ်သမားများ ထိခိုက် အန္တရာယ် မရှိစေရေး ဂရုစိုက် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
အလှူ မှ နို့စိမ်းခေါက်ဆွဲ စားမိပြီး လူ(၂၇၀)ခန့်  ၀မ်းပျက် ၀မ်းလျှောဖြစ်

ဧပြီလ(၂၁)ရက်နေ့ သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊ အင်ပင်လှကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ရွာများက
ရာဇာမင်း EXPRESS ရှေ့ယာဉ်အား ကျော်တက်စဉ် ၀င်ရောက်တိုက်မိ ဒဏ်ရာရ

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ နံနက် ၀၀၁၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၅၈/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
အရှိန်မထိန်းနိုင်သောယာဉ်မှ ရှေ့ယာဉ်အား ၀င်ရောက်တိုက်မိ ဒဏ်ရာရ
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၆၀/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေ ပင်လေး အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။
အဖြစ်ဆိုးအလွန် ခရီးသည်တင်ယာဉ်လိုင်းအချို့ အပြောင်းအလဲစတင်
တောင်ပြာတန်း ခရီးသည်တင် ယာဉ်ပေါ်တွင် ခရီးသည်များ မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းက အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများ အနေဖြင့် ခရီးသည်များအား အရေးပေါ်ထွက်ပေါက်နှင့် ပတ်သက် ၍ အသိပညာပေးမှု ပြုလုပ်လေ့မရှိသည်ကို မီးမောင်းထိုးပြ လိုက်ခြင်းဖြစ်သည်။ ကားအတွင်း လူခြောက်ဦး မီးလောင်သေဆုံးမှု ဖြစ်စဉ်သည် ယာဉ်တိုက်မှုကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ အရေးပေါ် ထွက်ပေါက်များနှင့် ပတ်သက်ပြီး ခရီးသည်များ သိရှိမှုနည်းပါးခြင်း ကြောင့် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ဒီကနေတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ဘယ်လိုပြင်ဆင် နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
အိမ်လခမပေးနိုင်၍ အိမ်ရှင်က ဆင်းခိုင်းသောကြောင့် အဘိုးအိုတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်တွင် အိမ်ငှားနေထိုင် သည့် အဘိုးအိုတစ်ဦးသည် အိမ်လခမပေးနိုင်၍ အိမ်ရှင်က ဆင်းခိုင်း သောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မိုးမိတ်မြို့တွင် တောမီးမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်တွင် ဧပြီလ ၂၁ ရက်၊ နေ့လည် (၁၃)နာရီ (၃၀)မိနစ် အချိန်က မိုးမိတ်မြို့နယ်နှင့် ညောင်ပင်စောက်ကျေးရွာကြား မြို့နှင့်တစ်မိုင်အကွာတွင် တောမီးမှတစ်ဆင့် မီးကူးစက်ပြီး ဦးထိန်လင်းကြည် ဆန်စက်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ဆုတောင်းပွဲပြုလုပ်

မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများက ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၀မ်းနည်းသည့် အထိမ်းအမှတ် ဆုတောင်းနေ စဉ်
မိကျောင်းကန် သပိတ်စခန်းရှိ ပြည်သူများမှ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းအား ၀မ်းနည်းသည့် အထိမ်း အမှတ်ဖြင့် ဧပြီ ၂၁ ရက် ညနေ ၆ နာရီခန့်က ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးသာ ပြန်လည်လွှဲပြောင်းနိုင်သေး

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းအနီးတွင် လူကုန်ကူးမှု ပညာပေးဆိုင်းဘုတ် ဆိုက်ထူထားသည်ကို တွေ့ရစဉ်
တရုတ်နှင့်ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ပြန်လည်ကယ်ဆယ်နိုင်ခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား ၃၂ ဦးအနက် ၆ ဦးကိုသာ ကယ်ဆယ်နိုင်ပြီး ပြန်လွှဲပြောင်းပေးနိုင်သေးကြောင်း လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
စင်ကာပူနိုင်ငံသို့ ဘွဲ့စာရွက်စာတမ်း အတုဖြင့် သွားရောက်ခဲ့သည့် မြန်မာ ၁၂ ဦးကို ခေါ်ယူစစ်ဆေးမည်
စင်္ကာပူနိုင်ငံသို့ စာရွက်စာတမ်း
အတုများဖြင့် သွားရောက်ခဲ့သည့် မြန်မာအလုပ်သမား ၁၂ ဦးကို ပြည်ပ အလုပ်အကိုင်
ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှ ခေါ်ယူစစ်ဆေးသွားမည်ဖြစ်ကြောင်း
အဆိုပါ အသင်း ဥက္ကဋ္ဌ ဦးမင်းလှိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပြည်တွင်း၌ အထွက်နှုန်းနည်းသည့်အပြင် အိန္ဒိယ၀ယ်လက်များ ဆက်တိုက်ဝယ်ယူမှုကြောင့် ပဲဈေးမြင့်တက်
ပြည်ပပို့ပဲများ အထွက်နှုန်းနည်းသည့်အပြင် အိန္ဒိယ၀ယ်လက်များမှ ဆက်တိုက်ဝယ်ယူမှုကြောင့် ပဲဈေးမြင့်တက်ခဲ့ပြီး သင်္ကြန်ပိတ်ရက် အတွင်း၌ပင် ပဲအရောင်းအ၀ယ် အချို့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ ရရှိသော သတင်းများအရ သိရသည်။
နွေကာလအပူချိန်ပြင်းချိန် ရေသန့်နှင့် အချိုရည်ဈေးကွက် ကြီးထွားလာ
ယခုရက်ပိုင်းနေ့ အချိန်အပူချိန်မှာ ၄၂ ဒီဂရီစင်တီဂရိတ်၊ ၄၄ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိလာသည့် အတွက် သောက်ရေသန့် အသုံးပြုမှုများလာချိန်တွင်အချို့ သောအမှတ်တံဆိပ်များ၊ စက်ရုံများမှ သောက်ရေ သန့် ဈေးကွက်သို့ထုတ်လုပ်ပေးမှုနည်းလာ သည်မှာ တစ်လဝန်းကျင်ရှိလာကြောင်း၊ ယင်း တံ ဆိပ်သောက်ရေ သန့်များ ဈေးကွက်တွင် ဈေးနှုန်းတက်လာသည်ဟု ရန်ကုန်မြို့လယ်ရှိသောက်ရေသန့် အရောင်း ဆိုင်ကြီးများက ဆိုသည်။
Subscribe to:
Posts (Atom)