
မန္တလေးတိုင်း ဒေသကြီး အောင်မြေသာဇံ မြို့နယ်ရှိ ရွှေနန်းတော်ကျောင်းကို ဧပြီ နောက်ဆုံးပတ်မှ စတင်ကာ ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ အမေရိကန်နိုင်ငံအခြေစိုက် World Monument Funds အဖွဲ့က ၂ဝ၁၃ ခုနှစ် အောက်တိုဘာမှ စတင်ကာ ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး အတွက် ပဏာမသုတေသန မှတ်တမ်းများ၊ အချက်အလက်များ ကောက်ယူခဲ့သည်။








