သန်ဆန်ခါခြားနေသည့် ကလေးငယ်နှစ်ဦး ကြင်ကြင် နာနာဖြင့်
ရေတိုက်နေသည်ကို ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်း ကူးတို့သင်္ဘောပေါ်တွင်
တွေ့ရစဉ် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
မတ်လပိုင်းမှစ၍ အပူချိန် မြင့်တက်လာမှုနှင့်အတူ ကလေးသူငယ်များ ၀မ်းပျက်ဝမ်းလျှော ရောဂါ များ ဖြစ် ပွားလျက်ရှိပြီး အများစု မှာ ရေရှားပါးပြီး ရေသန့် မရရှိသေးသော အရပ်ဒေသများ မှဖြစ်သည်။ ရေပြဿနာကို အစိုးရအနေဖြင့် ကောင်းစွာကိုင်တွယ် ဖြေရှင်းပေးနိုင်မှု အားနည်းနေသလို လူမှုအဖွဲ့အစည်းအသီးသီးက လှူဒါန်းရာ၌လည်း ရေရှည်စီမံကိန်းမဖြစ်ခြင်းကြောင့် ထိရောက်မှုမရှိဘဲ ရေပြဿနာ အခက်အခဲ မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ကို ဒေသခံများ ခံစားနေကြရခြင်းဖြစ်သည်။