ဂီနီနိုင်ငံတွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသဖြင့်လူ ၇၈ ဦး
သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဆေးဝါး အထောက် အပံ့ပေးနေသည့်
လုပ်ငန်းအဖွဲ့အစည်းတစ်ခုက ပြောကြားခဲ့သည်ဟု ဧပြီ ၁ ရက်က အေ အက်ဖ်ပီ သတင်း
တစ်ရပ်တွင် ဖော်ပြထားသည်။
Wednesday, 2 April 2014
မြန်မာ့ရေပိုင်နက်တွင် နိုင်ငံခြားသင်္ဘောများ ငါးဖမ်းခြင်းကို ဧပြီ ၁ တွင် တရားဝင်ပိတ်ပင်
မြန်မာ့ရေပြင်ပိုင်နက်တွင် နိုင်ငံခြား ငါးဖမ်းရေယာဉ်များက မြန်မာ့မျိုးရင်းငါးများ ၀င်ရောက်ဖမ်းဆီးခြင်းကို ဧပြီလ ၁ ရက်မှစ၍ တရားဝင်ပိတ်ပင်တားဆီးလိုက်ပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ဧပြီလ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။
KIO ထိန်းချုပ်နယ်မြေ မဟုတ်သော ရှမ်းတိုင်းရင်းသားကျေးရွာများတွင်ပါ သန်းခေါင်စာရင်း မကောက် ရန် KIA အဖွဲ့က ခြိမ်းခြောက်တားမြစ်

ကချင်ပြည်နယ်၊ မန်စီမြို့နယ်ရှိ KIO ထိန်းချုပ်နယ်မြေ မဟုတ်သော ရှမ်းတိုင်းရင်းသားကျေးရွာများ၌ မတ်လ ၂၉ ရက်နေ့မှစ၍ သန်းခေါင်စာရင်းကောက်ရန် ရောက်ရှိနေသော မြို့နယ် လ၀က ၀န်ထမ်းများအား KIA အဖွဲ့မှ ခြိမ်းခြောက်တားမြစ်မှုများ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ရိုဟင်ဂျာဟုထွက်ဆိုခြင်းကြောင့် ရခိုင်ရှိ ဒုက္ခသည်စခန်းများ သန်းခေါင်စာရင်းမကောက်နိုင်
မြတ်ကျော်သူ၊ ဟိန်းကိုစိုး၊ နန်းလွင်နှင်းပွင့်၊ အေးမြင့်စန်း၊ ကြယ်ပြာတို့ စုစည်းတင်ပြသည်။ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း တတိယနေ့ဖြစ်သော ဧပြီ ၁ ရက်တွင် ရခိုင်ပြည်နယ်စစ်တွေ မြို့ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများကို စတင်ကောက်ယူနေပြီဖြစ်ရာ ဒေသနေသူအများစုက “ရိုဟင်ဂျာ”ဟု ထွက် ဆိုကြသည့်အတွက် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိသည်ကို မဇ္ဈိမက လေ့လာတွေ့ရှိရ သည်။
မော်လမြိုင်ခရိုင်တွင် တပ်မတော်က သိမ်းယူခဲ့သော လယ်မြေဧက၂၀၀၀ ကျော် စွန့်လွှတ်မည်
တပ်မတော် အစိုးရလက်ထက်၌ မော်လမြိုင်ခရိုင် ခြောက်မြို့နယ်အတွင်း တပ်ရင်းပေါင်း ၃၂ ခုက သိမ်း ဆည်း ခဲ့သော လယ်မြေများအနက် ဆက်လက် လုပ်ကိုင်ခြင်း မရှိတော့သည့် လယ်မြေ ၂၃၈၀ ဒသမ ၈၅ ဧကကို မူရင်း လယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် စာရင်း ရောက်ရှိပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုင်က ပြောကြားသည်။
သင်္ကြန် နေပြည်တော်မှာ ရှိမယ်လို့ဆိုတဲ့ သရုပ်ဆောင်ရွှေမှုံရတီ

ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို အပြည့်အဝရရှိထားပြီဖြစ်တဲ့ သရုပ်ဆောင်ရွှေမှုံရတီကို လတ် တလော အနု ပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ သူမက ‘အခု လတ်တလော မှာတော့ ကိုခန့်စည်သူနဲ့ ဗီဒီယိုဇာတ်ကားရိုက်နေပါတယ်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအချို့တွင်ကေအိုင်အေတားမြစ်မှုကြောင့် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ
မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အထိ ၁၂ ရက်ကြာ ပြည်လုံး ကျွတ်လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ
ခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင် မတ် ၃ဝ ရက် နံနက်ပိုင်းမှ
စတင်ကော က်ယူလျက်ရှိရာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်
(မြောက်ပိုင်း)ဒေသအချို့တွင် ကေအိုင်အေ တပ်ဖွဲ့ဝင် များ၏ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိကြောင်း မတ် ၃ဝ ရက် ညနေ ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ရရှိသောသတင်းအရ သိရ သည်။
ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် NLD ပါတီဖွဲ့စည်းပုံပြင်
ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီတွင် ပြုလုပ်ရန် ကြေညာထားသော ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ပါတီဖွဲ့စည်းပုံကို မတ်လ ၃၁ ရက်နေ့က ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် အရ ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် အမေရိကန် Ex-Im ဘဏ် ဆွေးနွေးခဲ့
အမေရိကန်နိုင်ငံ ပို့ကုန် နှင့် သွင်းကုန် ဘဏ် (Ex-Im ဘဏ်)၏ ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သော ပက်ထရစ်ရှာ လူဝီ (Patricia Loui) သည် ရန်ကုန် နှင့် နေပြည်တော်တို့ သို့ လာရောက်လည်ပတ်စဉ် ကာလဖြစ်သော မတ်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ အတွင်းတွင် ပြည်ထောင်စု အစိုးရ အရာရှိကြီးများ၊ အမေရိကန် စီးပွါးရေး ကိုယ်စားလှယ်များ၊ ဒေသတွင်း စီးပွါးရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး စီးပွါးရေး ပူးတွဲလုပ်ဆောင်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ဧပြီလ ၁ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲတွင် ပါရှိသည်။
INGO များ တိုက်ခိုက်ခံရမှု စစ်တွေမြို့ခံ ၁၂ ဦးကို ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်း (INGO) ရုံး၊ အဆောက်အအုံများကို ခဲနှင့် ပစ်ပေါက် ဖျက်ဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ ဒေသခံ ၁၂ ဦးကို မတ်လ ၃၁ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးကာ စစ်ဆေးနေကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
၂၀၁၄ ဧပြီလအတွက် ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေ
ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ရခိုင်ရှိ အဖွဲ့အစည်းဝန်ထမ်းများလုံခြုံရေးကိစ္စ ဘန်ကီမွန်း သမ္မတဦးသိန်းစိန်ထံ ဖုန်းဆက်
ရခိုင်ပြည်နယ်ရှိ လူသား ချင်းစာနာထောက်ထားမှု ဆိုင်ရာ ၀န်ထမ်းများ၏ လုံခြုံရေးအတွက် ကာကွယ်ပေး ရန် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတဦးသိန်းစိန်အား တယ်လီ ဖုန်းဖြင့်ဆက်သွယ်၍ တိုက် တွန်း လိုက်သည်။
သမီးကလေးကျေးရွာသူ၊ ရွာသား ၁၉၉ ဦး DKBA နောက် လိုက်ပြီ

ဒီကေဘီအေနောက်သို့
လိုက်သွားမည့် သမီးကလေးကျေးရွာသူ၊ ကျေးရွာသားများအား
အထုပ်အပိုးများနှင့်အတူ ဧပြီ ၁ ရက် ညနေက တွေ့ရစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
တပ်မြေနေရာဟုဆိုကာ စစ်တပ်က ဖယ်ရှားခဲ့၍ အောင် သိဒ္ဓိဘုန်းကြီးကျောင်းတွင်
ခိုလှုံ နေသည့် သမီး ကလေးကျေးရွာ အိမ်ထောင်စု ၇၉ စုမှ မိသားစုဝင် ၁၉၉ ဦးသည်
ဒီမိုကရေစီ အကျိုး ပြုကရင် တပ်မတော် DKBA နောက် သို့ ယနေ့ (ဧပြီ ၂ ရက်) တွင် လိုက်သွားတော့မည်ဖြစ်သည်။
ဒေသခံ လီဆူးတိုင်းရင်းသူ KIA တပ်ဖွဲ့ဝင်များမှ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်မှုများရှိနေ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ အောင်မြေ(၃)ကျေးရွာနေ လီဆူးတိုင်းရင်းသူ မူကြိုဆရာမအား မတ်(၂၉) ရက်နေ့ ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ရန်ကုန်သင်္ကြန် လုံခြုံရေးအဆင့်မြှင့်မည်ဟု လုံခြုံရေးဝန်ကြီးဆို

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကာလတွင် လုံခြုံရေးအဆင့်မြှင့်ကာ ချ ထားပေး မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း က ပြောကြားသည်။
ခြောက်လအတွင်း အလုပ်သင်ဆရာဝန် တာဝန်ထမ်းမည့်သူမရှိ
ဆေးတက္ကသိုလ်များတွင် နောက်ဆုံးနှစ်အပိုင်း (ခ) ပညာသင်နှစ်အား ခြောက်လ တိုး မြှင့်ထားခြင်းကြောင့် ယခုနှစ်ဇန် န၀ါရီမှ ဇွန်လကုန်အထိ အလုပ် သင်ဆရာဝန်အဖြစ် တာဝန်ထမ်း ဆောင်မည့်သူ မရှိသေးကြောင်း သတင်းရရှိသည်။
ဆန္ဒပြသူများအတွက် သီးသန့်နေရာ သတ်မှတ်မည်

အကြောင်းအမျိုးမျိုးဖြင့် ဆန္ဒပြမည့်သူများ စည်းကမ်းတကျ ဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဆန္ဒ ထုတ်ဖော်ရန် နေရာတစ်နေရာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာ

ပဲရစ်မျော်စင် အကြောင်း သိကောင်းစရာEiffel Tower လို့ခေါ်တဲ့ ပဲရစ် မျော်စင်ကြီးကို ၁၈၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ တည်ဆောက် ခဲ့တာကြောင့် ယနေ့မှာဆိုရင် သက်တမ်း အားဖြင့် ၁၂၅ နှစ် ရှိပါပြီ။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပုဂ္ဂလိက ဆေးရုံနှစ်ခု ပူးပေါင်း၍ အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်မည်

ထိုင်းနိုင်ငံမှ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံ တစ်ခုဖြစ်သော Bangkok Chain Hospital (BCH) ၏ ကျန်း မာရေး ဝန်ဆောင်မှု လုပ်ငန်းခွဲ တစ်ခုဖြစ်သော ကမ္ဘာ့ကျန်းမာရေး စင်တာ (World Medical Centre- WMC) သည် မြန်မာနိုင်ငံမှ Family Mandalar ဆေးရုံနှင့် ပူးပေါင်းကာ မြန်မာပြည်သူ၊ ပြည်သားများ အတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ ယခုအခါ အဆိုပါ ဆေးရုံနှစ်ခုအကြား လုပ်ငန်း အကောင်အထည်ဖော်ရေး သဘောတူညီမှု ဆိုင်ရာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
သင်္ကြန်မတိုင်မီ သပိတ်စခန်းများအားလုံး ရုပ်သိမ်းရန် လုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို
သပိတ်စခန်းများကို ညဥ့်သန်းခေါင်ယံ အချိန်များတွင် အင်အားသုံး စီးနင်းမှုများ ပြုလုပ်မှုကြောင့် အစိုးရ ကို ဝေဖန်မှုများ ဖြစ်ပေါ်နေချိန်တွင် ရန်ကုန်မြို့တော်အတွင်း ဖွင့်လှစ်ထားသည့် သပိတ်စခန်းများကို သင်္ကြန် ပွဲတော် မတိုင်မီ ရုပ်သိမ်းရန် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။
Subscribe to:
Posts (Atom)