Thursday, 20 March 2014

ပဋိပက္ခ ဒေသများရှိ အခြေခံပညာကျောင်းများ အတွက် ထောက်ပံ့ကြေး ပံ့ပိုးရန်စီစဉ်

ဖွံ့ဖြိုးမှုနှောင့်နှေးသော တိုင်းရင်းသား ဒေသနှင့် ပဋိပက္ခ ဒေသတို့ရှိ ပညာရေး ဝန်ကြီးဌာန လက်အောက် အခြေခံပညာ ကျောင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းထောက်ပံ့ကြေးနှင့် ပညာသင် ထောက်ပံ့ကြေးများ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က ပြောကြားသည်။

ငွေကြေးချို့တဲ့သူများအတွက် ပညာသင် ထောက်ပံ့မှု စီမံကိန်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်မည်

ကမ္ဘာ့ဘဏ်နှင့် သြစတြေးလျ အစိုးရတို့၏ အကူအညီဖြင့် စတုတ္ထတန်းမှ ဒသမတန်း အထိ ငွေကြေးနွမ်း ပါးသော ကျောင်းသား၊ ကျောင်းသူများ အတွက် လေးနှစ်ဆက်တိုက် ပညာသင် ထောက်ပံ့မှု အစီအစဉ်ကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မောင်က ပြောကြားသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဦးတည်ချက် မရှိဟု ဒေါက်တာဦးမြင့် ဝေဖန်

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြုလုပ်ခဲ့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှု များသည် ဦးတည်ချက် ပျောက်နေကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ဝေဖန် ပြောကြားလိုက်သည်။ 

တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်သည့် ဥပဒေကြမ်းကို အသစ်ပြန်ရေးရန် တိုင်းရင်းသားဖိုရမ် တောင်းဆို

Photo: တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်သည့် ဥပဒေကြမ်းကို အသစ်ပြန်ရေးရန် တိုင်းရင်းသားဖိုရမ် တောင်းဆို
Thursday, March 20, 2014

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို အသစ် ပြန်လည် ရေးဆွဲရန် တိုင်းရင်းသားပေါင်းစုံ ပါဝင် ဆွေးနွေးထားသော တိုင်းရင်းသား ဖိုရမ်က ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နော်အိအိမင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ မျက်မမြင်များ မိတ်သဟာယ အသင်းတွင် ပြုလုပ်သော မြန်မာနိုင်ငံတွင်းရှိ ဒေသခံ တိုင်းရင်းသားများနှင့် တိုင်းရင်းသား မျိုးနွယ်စုများ ဖိုရမ် နောက်ဆုံးရက် (မတ်လ ၁၉) တွင် ထုတ်ပြန်သော ယင်းကြေညာချက်နှင့် ပတ်သက်ပြီး အဆိုပါ ဖိုရမ် စီစဉ်သူလည်း ဖြစ်သည့် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အစိုးရက လက်ရှိ ရေးဆွဲထားသော ဥပဒေကြမ်းသည် တိုင်းရင်းသား လူမျိုးများအတွက် အမှန်တကယ် အကာအကွယ် ပေးနိုင်မည် မဟုတ်သောကြောင့် အသစ် ပြန်ရေးဆွဲသင့်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

“တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေကို တိုင်းရင်းသားတွေက တရားမျှတလိမ့်မယ်လို့ မယုံကြည်ကြဘူး။ ဥပဒေက အတည် မပြုရသေးပါဘူး။ မူကြမ်းပဲ ရှိပါသေးတယ်။ ဒါကြောင့် ပြန်လည် ရေးဆွဲသင့်တယ်လို့ တိုက်တွန်းတာပါ” ဟု ဒေါ်နော်အိအိမင်းက ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကို ကုလသမဂ္ဂ၏ ဒေသခံဌာနေ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို အခြေခံပြီး ဒေသခံဌာနေ တိုင်းရင်းသားများနှင့် ပညာရှင်များ ပါဝင်သော အဖွဲ့ (သို့မဟုတ်) ကော်မတီဖြင့် ပြန်လည် ရေးဆွဲရန် အလေးအနက် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဥပဒေကြမ်းမှာ ပြည်သူ့လွှတ်တော်တွင် တင်သွင်း ဆွေးနွေးဆဲ ဖြစ်သောကြောင့် ယင်းကဲ့သို့ ပြန်လည် ရေးဆွဲရန် တောင်းဆိုမရကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“အခြေခံဥပဒေမှာ ပါတဲ့အတိုင်း တိုင်းရင်းသားတွေရဲ့ ခံစားခွင့်တွေကို အကာအကွယ် ပေးလို့ရအောင် ဒီဥပဒေကြမ်းကို ရေးဆွဲထားတာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို ပြန်လည် ရေးဆွဲရန် တောင်းဆိုချက်အပြင်၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးနှင့် သက်ဆိုင်သည့် စာပေ၊ ဘာသာစကား၊ သမိုင်း အမွေအနှစ်များ၊ အနုပညာ၊ ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာများကို ဒေသခံဌာနေ တိုင်းရင်းသားများကို ကိုယ်တိုင် စီမံခန့်ခွဲရန် တောင်းဆိုကြောင်းလည်း ပါရှိသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ဌာနေ တိုင်းရင်းသား လူမျိုးများ၊ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP) ပါ ပြဋ္ဌာန်းချက် များကို နိုင်ငံတော် အစိုးရက အသိအမှတ်ပြု လက်မှတ် ရေးထိုးပြီး ဖြစ်သည်နှင့်အညီ လေးစား လိုက်နာကာ ဆောင်ရွက် ကျင့်သုံးပေးရန် လိုအပ်ကြောင်း တိုင်းရင်းသားဖိုရမ် ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ တိုင်းရင်းသားဖိုရမ်၏ ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံတွင် မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်တိုင် ပြုလုပ်မည့် အာဆီယံ ပြည်သူ့ဖိုရမ်တွင် အဖွဲ့ဝင်နိုင်ငံများမှ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမည်ဖြစ်ကြောင်း တိုင်းရင်းသားဖိုရမ် ကျင်းပရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly
တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေကြမ်းကို အသစ် ပြန်လည် ရေးဆွဲရန် တိုင်းရင်းသားပေါင်းစုံ ပါဝင် ဆွေးနွေးထားသော တိုင်းရင်းသား ဖိုရမ်က ထုတ်ပြန် တောင်းဆို လိုက်ကြောင်း တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အရပ်ဘက် လူ့အဖွဲ့အစည်းမှ ဒါရိုက်တာ ဒေါ်နော်အိအိမင်းက ပြောကြားသည်။

တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည်

Photo: တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည်
Thursday, March 20, 2014

မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင်ထားသော လက်နက်သစ် များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူများက ပြောကြားသည်။

ကိုကိုးကျွန်းရှေ့ ရေပြင်တွင် ပြုလုပ်မည့် တပ်မတော် (ရေ) ၏ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း အစီအစဉ်များမှာ တပ်မတော်ကို အဆင့်မီ တပ်မတော် တစ်ခုအဖြစ် တည်ဆောက်မည့် အစီအစဉ် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

လေ့ကျင့်ခန်း ပြုလုပ်စဉ် ကာလအတွင်း သတ်မှတ် ဧရိယာမှ ၅ မိုင် ပတ်လည်အတွင်း ရေယာဉ်အမျိုးမျိုး ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အထက်မှသာ ပျံသန်းရန် တပ်မတော် (ရေ) က သတိပေးချက် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှု မတိုင်မီ မတ်လဆန်းပိုင်းကလည်း တပ်မတော် (ရေ) ၏ အနော်ရထာ စစ်ရေယာဉ်မှ ရေယာဉ်ပစ် ဒုံးပျံ တစ်စင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး အဆိုပါ စမ်းသပ်မှုသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း တပ်မတော် (ရေ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ဖေဖော်ဝါရီလ အတွင်းကလည်း တပ်မတော် ကြည်း၊ လေ အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးတွဲစစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို မိတ္ထီလာဒေသတွင် ပြုလုပ်ခဲ့ပြီး တပ်မတော်ကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် အဆင့်မီ တပ်မတော်အဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ အတွင်းက ပြောကြားထားသည်။

The Voice Weekly
မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင်ထားသော လက်နက်သစ် များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူများက ပြောကြားသည်။

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

Photo: မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ
Thursday, March 20, 2014

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။

ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက်ကြောင်းကိုလည်း စုံစမ်း စစ်ဆေးခဲ့ကြသည်။

ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိ အချိန်အထိ လေယာဉ်မှူး နှစ်ဦးနှင့် ခရီးသည်များ၏ နောက်ကြောင်း ရာဇဝင်နှင့် ပတ်သက်ပြီး တိကျခိုင်မာသော မသင်္ကာစရာ အချက်အလက် တစ်ခုတလေမျှ ရှာဖွေ တွေ့ရှိရသေးခြင်း မရှိသဖြင့် လေယာဉ် ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးသူများနှင့် လေ့လာ သုံးသပ်သူများ အတွေးလွန်နေပြီလားဟု စဉ်းစားစရာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် လုပ်ငန်းအတွေ့ အကြုံအနှစ် ၂၀ ရှိ လေယာဉ်မှူးဟောင်း တစ်ဦးဖြစ်သည့် ခရစ္စဂွတ်ဖဲလိုးဆိုသူက မလေးရှား လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သူ့လုပ်ငန်း အတွေ့အကြုံပေါ် အခြေခံထားသည့် ကိုယ်ပိုင်သီအိုရီ တစ်ရပ်ကို တင်ပြလာခဲ့ကာ သူ၏သီအိုရီမှာ လက်ရှိ စုံစမ်းသိရှိထားရသမျှ အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို ယုတ္တိအရှိဆုံး အယူအဆ တစ်ရပ်လည်း ဖြစ်နေသဖြင့် နိုင်ငံတကာ သတင်းမီဒီယာများက သူ၏သီအိုရီကို အရေးတယူ ဖော်ပြခဲ့ကြသည်။

လေယာဉ်မှူးဟောင်း ခရစ္စဂွတ် ဖဲလိုး၏သီအိုရီကို အကျဉ်းချုံးဖော်ပြရလျှင် -
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် သမုဒ္ဒရာကို ဖြတ်၍ပျံသန်းနေစဉ် တွဲဖက်လေယာဉ်မှူးက မလေးရှား လေကြောင်း ထိန်းချုပ်ရေးစခန်းသို့ နောက်ဆုံး နှုတ်ဆက်စကား ပြောကြားပြီး မကြာမီမှာပင် ချို့ယွင်းမှု တစ်ခုကြောင့် လေယာဉ်တက်သည့် အချိန်က လေယာဉ် ရှေ့ဘီးတာယာ လောင်ကျွမ်းပြီး ထွက်ပေါ်လာခြင်း ဖြစ်နိုင်ဖွယ်ရှိသော မီးခိုးများသည် လေယာဉ်မှူး အခန်းထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။

ထို့ကြောင့် လေယာဉ်မှူးသည် ၎င်းလေ့ကျင့် သင်ကြားထားသည့်အတိုင်း လေယာဉ်ကို အနီးဆုံး လေဆိပ်တစ်ခုသို့ ဆင်းသက်နိုင်ရန်အတွက် လေယာဉ်ကို လမ်းကြောင်း ပြောင်းခဲ့သည်။

အသင့်လျော်ဆုံးနှင့် အနီးဆုံး လေဆိပ်မှာ ပူလောလန်ကာဝီ လေဆိပ် ဖြစ်ပြီး ထိုလေဆိပ်တွင် ပေ ၁၃၀၀၀ ရှည်လျားသော လေယာဉ် ပြေးလမ်းလည်း ရှိသည်။ လေယာဉ်မှူးသည် လေယာဉ်၏ ကွန်ပျူတာစနစ်တွင် လေယာဉ် ပျံသန်းမည့် လမ်းကြောင်းကို ပြောင်းလဲ ထည့်သွင်းလိုက်သဖြင့် အလိုအလျောက် မောင်းစက်သည် လေယာဉ်ကို အနောက်ဘက်သို့ ကွေ့စေပြီး လေယာဉ် ပြေးလမ်းရှိရာ လမ်းကြောင်းအတိုင်း ပျံသန်းစေခဲ့သည်။ (ရေဒါ အချက်အလက်များအရ လေယာဉ်သည် အမှန်တကယ် ထိုလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်)
ထို့နောက် လေယာဉ်မှူးနှင့် တွဲဖက် လေယာဉ်မှူးတို့သည် မီးခိုးနှင့် မီးတောက်များ ထွက်ပေါ်ရာနေရာနှင့် အကြောင်းအရင်းကို ရှာဖွေရန် ကြိုးစားရင်း အကြောင်းအရင်းကို ခွဲခွဲခြားခြား သိနိုင်ရန်အတွက် လျှပ်စစ်ဓာတ်ရှိသည့် ကိရိယာများကို ပိတ်ပစ်လိုက်ကြသည်။ ထိုကဲ့သို့ ပိတ်ပစ်သည့် အထဲတွင် မြေပြင်စခန်းသို့ သတင်းအချက်အလက်ပို့ ကိရိယာနှင့် စနစ်တို့လည်း ပါဝင်သည်။ (သို့သော် လေယာဉ်ကို ထိန်းကျောင်း ပျံသန်းနေသည့် အလိုအလျောက် မောင်းနှင်စက်ကိုတော့ ပိတ်မည် မဟုတ်ချေ)။ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်တွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေကြောင်း မြေပြင်စခန်းသို့ သတင်းပို့ရန် ပထမဆုံး ကြိုးစားမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လေထဲတွင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါ က လေယာဉ်မှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်မှာ (၁) ဆက်လက် ပျံသန်းနိုင်ရန် ကြိုးစားပါ၊ (၂) ပျံသန်းမည့် လမ်းကြောင်း သတ်မှတ်ပါ။ (၃) ဆက်သွယ်ပါ ဟူ၍ ဖြစ်သောကြောင့် ဆက်သွယ်ရန်မှာ နောက်ဆုံး အဆင့် ဖြစ်နေသောကြောင့် ဖြစ်သည်။ သို့ရာတွင် မီးခိုးများမှာ အချိန် အနည်းငယ်အတွင်း လေယာဉ်မှူး အခန်းထဲတွင် ပြည့်လာပြီး (လေယာဉ်ဘီးတာယာ မီးလောင်မှုက ထိုကဲ့သို့ အမှန်တကယ် ဖြစ်စေနိုင်သည်) လေယာဉ်မှူး နှစ်ဦးမှာ သတိလစ်သွားခဲ့သည် သို့မဟုတ် သေဆုံးသွားခဲ့သည်။

မီးခိုးများသည် လေယာဉ် နောက်ခန်းဆီထိ ရောက်ရှိသွားပြီး ခရီးသည်များနှင့် လေယာဉ် ဝန်ထမ်းများပါ မီးခိုးဒဏ်ကို ခံစားလိုက်ကြရသည် သို့မဟုတ် လေယာဉ်မှူး အခန်းတံခါးသည် သော့ပိတ်ထားသဖြင့် မည်သူမျှ လေယာဉ်မှူး အခန်းထဲသို့ ဝင်ရောက်ပြီး လေယာဉ်၏ အခြေအနေကို ကြည့်ရှုကာ လေယာဉ်ကို မြေပြင်ပေါ်သို့ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရန်အတွက် ကြိုးစား အားထုတ်နိုင်ခြင်း မရှိတော့ချေ။ (တစ်စုံတစ်ဦးက လေယာဉ်မှူး အခန်းထဲသို့ ရောက်သွားခဲ့ပြီး လေယာဉ်မှူးများ သတိလစ်နေသည်ကို တွေ့လျှင်သော်မှ လေယာဉ်၏ လျှပ်စစ်စနစ် အများစုမှာ ပိတ်ထားပြီးသား သို့မဟုတ် ပျက်စီးနေပြီးသား ဖြစ်သဖြင့် လက်တွေ့တွင် လေယာဉ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ရေး ကြိုးစားရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ) 

လေယာဉ်ကို ဆင်းသက်ရန်အတွက် အလိုအလျောက် မောင်းနှင်စက်ကို ညွှန်ကြားမည့်သူ တစ်ဦးတစ်ယောက်မျှ သတိရလာခြင်း မရှိသဖြင့် လေယာဉ်သည် ၎င်း၏ ကွန်ပျူတာစနစ်ထဲ ထည့်သွင်းထားသည့် လမ်းကြောင်းအတိုင်း ပူလောလန်ကာဝီကို အပေါ်မှ ဖြတ်ကာ အိန္ဒိယ သမုဒ္ဒရာဘက်သို့ ပျံသန်းသွားခဲ့သည်။ လေယာဉ် အင်ဂျင်၏ ပျံသန်းမှု သတင်းပို့စနစ်မှာမူ ဂြိုဟ်တုသို့ အချက်အလက်များ အလိုအလျောက် ဆက်လက် ပေးပို့နေခဲ့သည်။ အထက်ပါအတိုင်း ဖြစ်ပွားပြီး ၆ နာရီ သို့မဟုတ် ၇ နာရီခန့် ကြာမြင့်ပြီးသည့် နောက်တွင်မူ လေယာဉ်သည် ဆီကုန်သွားပြီး ပျက်ကျ သွားတော့သည်ဟူ၍ ဖြစ်သည်။

ခရစ္စဂွတ်ဖဲလိုး၏ သီအိုရီမှာ လေယာဉ်ပျံသန်းမည့် လမ်းကြောင်းကို တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်ခြင်း၊ အဆက်အသွယ် ပြတ်တောက် သွားပြီးနောက် လေယာဉ်မှာ ၇ နာရီခန့် ဆက်လက် ပျံသန်းနေခဲ့သေးခြင်း စသည့် လက်ရှိ စုံစမ်းသိရှိထားရသည့် အချက်အလက်များနှင့် ကိုက်ညီလျက် ရှိသလို စိတ်ကူးယဉ်ဆန်သော ကြိုတင် ကြံစည်မှုများ၊ အဖြစ်အပျက်များလည်း မပါမဝင်သဖြင့် လတ်တလောတွင် နိုင်ငံတကာ သတင်းမီဒီယာများကရော၊ လေ့လာသုံးသပ်သူ များကပါ အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး သီအိုရီတစ်ခုအဖြစ် သတ်မှတ်လျက် ရှိကြသည်။

The Voice Weekly
ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

ဘဏ်စာအုပ် အသုံးပြုရန် မလိုသည့် eSavings Account ၀န်ဆောင်မှုစနစ် သမ၀ါယမဘဏ်တွင် စတင်အသုံးပြု

လသာမြို့နယ်ရှိ သမ၀ါယမဘဏ် ရုံးချုပ်အား တွေ့ရစဉ်
ဘဏ်စာအုပ် အသုံးပြုရန် မလိုသည့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများ ဆောင်ရွက်နိုင်သော eSavings Account စနစ်အား သမ၀ါယမဘဏ်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါဘဏ်မှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးဇေယျာကျော်၏ ပြောကြားချက်အရ သိရသည်။

၁၉၆၂ ခုနှစ် ပုံနှိပ်ဥပဒေကို မီဒီယာဥပဒေသစ် နှစ်ရပ်ဖြင့် ပယ်ဖျက်လိုက်သော်လည်း သတင်းထောက်များကို အခြားသော မျှော့ကြိုးဥပဒေများဖြင့် အရေးယူနိုင်သည့် အခြေအနေ ရှိနေဆဲဖြစ်

CPJ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော သမ္မတထံပေးပို့သည့်စာကို တွေ့ရစဉ်

စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်နိုင်သည့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေကို မီဒီယာဥပဒေသစ်နှစ်ရပ် ပြဋ္ဌာန်းပြီး ပယ်ဖျက်လိုက်သော်လည်း မျှော့ကြိုးဖြစ်နေသည့် အခြားတည်ဆဲ ဥပဒေများဖြင့် သတင်းထောက်များကို အရေးယူနိုင်သည့် အခြေအနေ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

တရုတ်တွင် တိဘက်အိမ်မွေးခွေး တစ်ကောင်အား ဒေါ်လာနှစ်သန်းနီးပါးဖြင့် ရောင်းချ

Photo: တရုတ်တွင် တိဘက်အိမ်မွေးခွေး တစ်ကောင်အား ဒေါ်လာနှစ်သန်းနီးပါးဖြင့် ရောင်းချ
Thursday, March 20, 2014

တရုတ်တွင် တိဘက်အိမ်စောင့်ခွေးကြီး တစ်ကောင်ကို ဒေါ်လာနှစ်သန်းနီးပါးဖြင့် ရောင်းချခဲ့သည်ဟု သတင်းစာတစ်စောင်က မတ် ၁၉ ရက်တွင် ဖော်ပြခဲ့ရာ ဈေးအကြီးဆုံး ခွေးရောင်းချမှု ဖြစ်လာနိုင်သည်။

နိုင်ငံအရှေ့ပိုင်းရှိ ကျီကျန်းပြည်နယ်တွင် မတ် ၁၈ ရက်၌ ဇိမ်ခံအိမ်မွေးတိရစ္ဆာန်ပြပွဲတွင် အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးက တစ်နှစ်သားအရွယ်ရှိ ရွှေရောင်အမွေးရှိသော အိမ်စောင့်ခွေးကြီးကို ယွမ် ၁၂ သန်း (ဒေါ်လာ ၁ ဒသမ ၉ သန်း) ပေးကာ ၀ယ်ယူခဲ့သည်ဟု Qianjiang Evening News က ဖော်ပြခဲ့သည်။ “အဲဒီကောင်တွေမှာ ခြင်္သေ့သွေးပါတယ်။ မျိုးကောင်းစပ်ထားတဲ့ ခြံစောင့်ခွေးတွေပါ” ဟု ခွေးသားဖောက်သူ ကျန်းဂျင်ယန်၏ ပြောကြားချက်ကို ယင်းသတင်းစာက ကိုးကားဖော်ပြခဲ့သည်။ အနီရောင်အမွေးရှိသည့် တိဘက်ခွေးတစ်ကောင်ကို ယွမ် ၆ သန်းဖြင့် ရောင်းချခဲ့ရကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။

ဗဟိုအာရှနှင့် တိဘက်တို့၌ နော်မန်ဒစ်လူမျိုးများက အမဲလိုက်ရာတွင် အသုံးပြုကြသော ယင်းခွေးများသည် အရွယ်အစား ကြီးမားခြင်း၊ ရံဖန်ရံခါ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် လည်ဆံမွေးကြီးများ ရှိခြင်းတို့ကြောင့် ခြင်္သေ့နှင့် ဆင်တူသည်။ တိဘက်ခွေးကြီးများကို တရုတ်ချမ်းသာကြွယ်ဝသူများကြား တန်ဖိုးထား၊ ဂုဏ်ယူစရာ သင်္ကေတအဖြစ် သတ်မှတ်သည့်အတွက် ဈေးနှုန်းများ ခေါင်ခိုက်အောင်မြင့်မားနေခြင်း ဖြစ်သည်။ ယခုရောင်းချခဲ့သည့် ရွှေရောင်အမွေးဖြင့် ခွေးကြီးသည် ၃၁ လက်မမြင့်ပြီး အလေးချိန်ပေါင် ၂၀၀ (ကီလိုဂရမ် ၉၀ ) နီးပါးရှိကြောင်း ကျန်းကပြောကြားခဲ့သည်။ တိရိစ္ဆာန်များကို ရောင်းချရသည့်အတွက် ၀မ်းနည်းနေသည့် ကျန်းက “မျိုးမှန်တဲ့ တိဘက်အိမ်စောင့်ခွေးတွေက ကျွန်တော်တို့ တိဘက်လူမျိုးရဲ့ တန်ဖိုးထားရတဲ့ ပန်ဒါတွေလိုပါပဲ။ ဒါကြောင့် ဈေးကလည်း အလွန်မြင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်က Big Splash အမည်ရှိ အနီရောင် တိဘက်ခွေးကြီးကို ယွမ် ၁၀ သန်း(ဒေါ်လာ ၁ ဒသမ ၅ သန်း)ဖြင့်ရောင်းချခဲ့ပြီး ကမ္ဘာပေါ်တွင် ဈေးနှုန်းအမြင့်ဆုံး ခွေးရောင်းချမှုကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယခု ခွေးဝယ်ယူခဲ့သူသည် ကျင်တောင်မြို့မှ အသက် ၅၆ နှစ်အရွယ် အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်ပြီး ခွေးကို ကိုယ်တိုင်သားဖောက်မည်ဟု ယူဆရကြောင်း သတင်းစာက ဖော်ပြခဲ့သည်။ အိမ်မွေးခွေးမွေးမြူရေး ၀က်ဘ်ဆိုက်တစ်ခု၏ ပိုင်ရှင်က ပြီးခဲ့သောနှစ်တွင် ပေကျင်း၌ ပွဲတစ်ပွဲတွင် တိရစ္ဆာန်တစ်ကောင်ကို ယွမ် ၂၇ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဈေးမြင့်နေရခြင်းသည့် ခွေးသားဖောက်သူ အချင်းချင်းအကြား တိုင်ပင်ပြီး ဈေးနှုန်းမြင့်အောင် ညှိနှိုင်းထားခြင်းဖြစ်သည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

မတ် ၁၈ ရက်တွင် တရုတ်အရှေ့ပိုင်း ဟန်ကျိုးမြို့၌ တိဘက်အိမ်မွေးခွေးကြီး နှစ်ကောင်နှင့် ဓာတ်ပုံရိုက်နေသော အမျိုးသားတစ်ဦး (Photo:AFP)
မတ် ၁၈ ရက်တွင် တရုတ်အရှေ့ပိုင်း ဟန်ကျိုးမြို့၌ တိဘက်အိမ်မွေးခွေးကြီး နှစ်ကောင်နှင့် ဓာတ်ပုံရိုက်နေသော အမျိုးသားတစ်ဦး (Photo:AFP)
တရုတ်တွင် တိဘက်အိမ်စောင့်ခွေးကြီး တစ်ကောင်ကို ဒေါ်လာနှစ်သန်းနီးပါးဖြင့် ရောင်းချခဲ့သည်ဟု သတင်းစာတစ်စောင်က မတ် ၁၉ ရက်တွင် ဖော်ပြခဲ့ရာ ဈေးအကြီးဆုံး ခွေးရောင်းချမှု ဖြစ်လာနိုင်သည်။

ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အား တွေ့ခဲ့ကြောင်း သတင်းဖော်ပြမှုကို မော်ဒိုက်ရဲတပ်ဖွဲ့ စစ်ဆေး

Photo: ပျောက်ဆုံးနေသော မလေးရှားလေယာဉ်အား တွေ့ခဲ့ကြောင်း သတင်းဖော်ပြမှုကို မော်ဒိုက်ရဲတပ်ဖွဲ့ စစ်ဆေး
Thursday, March 20, 2014

မတ် ၁၇ ရက်တွင် သြစတြေးလျလေတပ်က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ ရေကြောင်းကင်းလှည့်လေယာဉ်ပေါ်၌ တွေ့ရသော လေယာဉ်မှူးတစ်ဦး
ခရီးသွားများ နှစ်သက်သော ကျွန်းစုနိုင်ငံ မော်ဒိုက်တွင် ဒေသခံများက ပျောက်ဆုံးမလေးရှားလေယာဉ်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထွက်ခဲ့မှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း မတ် ၁၈ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မတ် ၈ ရက်တွင် မော်ဒိုက်တောင်ပိုင်းရှိ ကူဒါဟူဗာဒိုကျွန်းပေါ် လေယာဉ်ကြီးတစ်စင်း အနိမ့်ပျံသန်းသွားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း Haveeru သတင်း ၀က်ဘ်ဆိုက်က ဖော်ပြမှုကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။  

အနီစင်းကျားများနှင့် လေယာဉ်ဖြူတစ်စင်းသည် မော်ဒိုက်တောင်ဘက်စွန်းသို့ ဦးတည်ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ကြောင်း ကူဒါဟူဗာဒိုဒေသခံများ၏ ပြောကြားချက်ကို Haveeru က ဖော်ပြခဲ့သည်။ ကုန်းရေ နှစ်သွယ်သွား လေယာဉ်များကို မြင်ဖူးသော်လည်း ဂျက်လေယာဉ် တစ်စင်းက ယခုကဲ့သို့ အနိမ့်ပျံသွားမှုကို မတွေ့ဖူးကြောင်း မျက်မြင်တစ်ဦး၏ ပြောကြားမှုအား ယင်းဝက်ဘ်ဆိုက်က ကိုးကားခဲ့သည်။Haveeru ဂျာနယ်လစ် ဖာရာအာမက်က မျက်မြင်အမြောက်အမြားသည် ယင်းအတိုင်းပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်း မော်ဒိုက်စစ်တပ်က မတ် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

မော်ဒိုက်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ရေဒါများနှင့် လေဆိပ်များရှိ အရပ်ဘက်ဆိုင်ရာ ရေဒါများအား ပြန်လည်စစ်ဆေးခဲ့သော်လည်း အဆိုပါလေယာဉ်သည် နိုင်ငံပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အထောက်အထား မတွေ့ခဲ့ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ MH370 ခရီးစဉ်လေယာဉ်ဟာ မော်ဒိုက်နိုင်ငံထဲကို ၀င်ခဲ့တဲ့ အထောက်အထား မတွေ့ရပါဘူး”ဟု စစ်တပ်၏ ကြေညာချက်တွင် ပါရှိသည်။

မော်ဒိုက်ရဲတပ်ဖွဲ့နှင့် အရပ်ဘက် လေကြောင်းအာဏာပိုင်များက အသေးစိတ်စုံစမ်းမှုများကို ဆက်လုပ်နေပြီး အစီရင်ခံစာတစ်စောင်ကို ထပ်မံထုတ်ပြန်သွားမည် ဖြစ်ကြောင်း အတည်ပြုထားသည်။

“ရေဒါအချက်အလက်တွေနဲ့ လေကြောင်းထိန်းသိမ်းရေးဌာနက မှတ်တမ်းတွေ အားလုံးကို ပြန်ပြီး စစ်ဆေးနေပါတယ်” ဟု အရပ်ဘက် လေကြောင်းအာဏာပိုင်အမှုဆောင်ချုပ် ဟူစိန်ဂျာလေးက ပြောကြားသည်။

ယခုအခါ မလေးရှားလေယာဉ်ကို နိုင်ငံ ၂၆ နိုင်ငံက ပူးတွဲရှာဖွေလျက် ရှိကြောင်း သိရသည်။                      

Eleven Media Group
မတ် ၁၇ ရက်တွင် သြစတြေးလျလေတပ်က ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ ရေကြောင်းကင်း လှည့်လေ ယာဉ်ပေါ်၌ တွေ့ရသော လေယာဉ်မှူးတစ်ဦး
ခရီးသွားများ နှစ်သက်သော ကျွန်းစုနိုင်ငံ မော်ဒိုက်တွင် ဒေသခံများက ပျောက်ဆုံးမလေးရှားလေယာဉ်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထွက်ခဲ့မှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း မတ် ၁၈ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မတ် ၈ ရက်တွင် မော်ဒိုက်တောင်ပိုင်းရှိ ကူဒါဟူဗာဒိုကျွန်းပေါ် လေယာဉ်ကြီးတစ်စင်း အနိမ့်ပျံသန်းသွားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း Haveeru သတင်း ၀က်ဘ်ဆိုက်က ဖော်ပြမှုကို စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။  

မလေးရှား ဘိုးအင်း ၇၃၇-၈၀၀ လေယာဉ်မှ ခရီးသည်တစ်ဦး အရေးပေါ်ဆေး ကုသမှု လိုအပ်၍ ရန်ကုန်လေဆိပ်သို့ ခေတ္တဆင်းသက်

မတ် ၁၈ ရက်က မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စီး မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ပျံသန်းစဉ် ခရီးသည်တစ်ဦး အရေးပေါ်ဆေးကုသမှု လိုအပ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ် သို့ ခေတ္တဆင်းသက်ခဲ့ရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်စပ်လုံခြုံရေး ကင်းစခန်း ၁၅ ခု ထပ်မံတည်ဆောက်နေ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်စပ်လုံခြုံရေး ကင်းစခန်း ၁၅ ခု ထပ်မံတည်ဆော က်နေကြောင်းနှင့် လက်ရှိတွင် နယ်စပ်မှတ်တိုင် Boundary Point ၆၄ အထိ တည်ဆောက်နေခြ င်းဖြစ်ကြော င်း စစ်အင်ဂျင်နီယာတပ်မှ သတင်းရရှိသည်။

MH370 ဟု ယူဆရသော လေယာဉ်ကို ပျောက်ဆုံးပြီးနောက် ထိုင်းရေဒါ ဖမ်းယူမိခဲ့

မလေးရှား လေကြောင်းမှ ပျောက်ဆုံးနေသည့် MH370 လေယာဉ်ဟု ယူဆရသော အမည်မသိ လေယာဉ်တစ်စင်းကို ထိုင်းလေတပ် ရေဒါက ဖမ်းယူတွေ့ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ လေယာဉ်၏ ပုံရိပ်ကို ခရီးသည်တင်လေယာဉ် ပျောက်ကွယ်သွားပြီး မိနစ်ပိုင်းမျှ အကြာတွင် ဖမ်းယူရမိခဲ့ခြင်းဟု သိရသည်။

ယူကရိန်းတပ်တွေ Crimea က ရုပ်သိမ်းတော့မည်

ယူကရိန်းနိုင်ငံ Crimea ကျွန်းဆွယ်မှာ အင်အားမမျှဖြစ်နေတဲ့ တပ်ဖွဲ့တွေ အားလုံးကို ရွှေ့ပြောင်းကယ်ထုတ် ဖို့ အစီအစဉ် ဆွဲထားပြီးပြီလို့ ယူကရိန်းနိုင်ငံ က ပြောလိုက်ပါတယ်။

အင်ဂျင်ပြဿနာ ထိန်ချန်ထားတဲ့ တိုယိုတာကားကုမ္ပဏီ ဒေါ်လာ သန်းထောင်ကျော် ပေးလျော်ရ

Photo: အင်ဂျင်ပြဿနာ ထိန်ချန်ထားတဲ့ တိုယိုတာကားကုမ္ပဏီ ဒေါ်လာ သန်းထောင်ကျော် ပေးလျော်ရ
Thursday, March 20, 2014

တိုယိုတာကားတွေမှာ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရှိနေတာနဲ့ပတ်သက်ပြီး လူထု နားလည်မှု လွဲမှားအောင် လုပ်ခဲ့တယ်ဆိုတာကို ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီဖြစ်တဲ့ ဂျပန်နိုင်ငံ တိုယိုတာ မော်တော် ကော်ပိုရေးရှင်းက ၀န်ခံလိုက်ပါတယ်။

တချိန်ထဲမှာပဲ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခုကို ကျေအေးဖို့အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂  ဘီလီယံ အမေရိကန် ပြည်ထောင်စု ကို ပေးဆောင်ဖို့ သဘောတူလိုက်ပါတယ်။

၎ နှစ်ကြာ အမှု ဖြေရှင်းလိုက်တာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်ဒီစီမြို့တော်မှာ ကြေညာချိန်အတွင်း ရှေ့နေချုပ် အဲရစ်က် ဟိုလ်ဒါ (Eric Holder) က ကုမ္ပဏီဟာ ရှက်ဖွယ်ရာ ပြုမူလုပ်ဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

တိုယိုတာကုမ္ပဏီဟာ ကားတွေ ဘေးကင်းလုံခြုံဖို့ထက် ကုမ္ပဏီ သိက္ခာမကျဖို့ကို ပိုပြီး စိုးရိမ်ခဲ့တယ်လို့ မစ္စတာဟိုလ်ဒါက ပြောပါတယ်။ "သူတို့ကားကို ၀ယ်ယူသူတွေထက် သူတို့အမှတ်တံဆိပ်ကို ဦးစားပေး ကာကွယ်ခဲ့တယ်ဆိုတာ ကုမ္ပဏီ ကိုယ်တိုင်က ၀န်ခံခဲ့ပါတယ်။ ဒါဟာ အများပြည်သူရဲ့ ယုံကြည်မှုကို ရှင်းရှင်းလင်းလင်းနဲ့ သိက္ခာမဲ့စွာ မတရား ပြုကျင့်လိုက်ရာ မြောက်ပါတယ်။" လို့ ရှေ့နေချုပ် အဲရစ်က် ဟိုလ်ဒါက ပြောပါတယ်။

တိုယိုတာနဲ့ လက်က်စ်ဆပ်စ်ကားတွေရဲ့ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ် မော်ဒယ်လ်တချို့မှာ မရည်ရွယ်ဘဲ ကားအရှိန် တက်သွားတတ်တဲ့ ပြဿနာတွေ ရှိတာကို တိုယိုတာကုမ္ပဏီက ဖုံးကွယ်ဖို့ ကြိုးစား ခဲ့တယ်ဆိုတဲ့အပေါ် အဓိက စုံစမ်းစစ်ဆေးခဲ့တာပါ။ အဲဒီလို ချို့ယွင်းမှုကနေ ကားမောင်းသူတွေက ရုတ်တရက် အရှိန် အရမ်းတင်လိုက်တဲ့အခါ ကားကို မထိန်းနိုင်တော့တာကြောင့် လူသေဆုံးတဲ့အထိ ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
တိုယိုတာကားတွေမှာ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရှိနေတာနဲ့ ပတ်သက်ပြီး လူထု နားလည်မှု လွဲမှားအောင် လုပ်ခဲ့တယ်ဆိုတာကို ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီဖြစ်တဲ့ ဂျပန်နိုင်ငံ တိုယိုတာ မော်တော် ကော်ပိုရေးရှင်းက ၀န်ခံလိုက်ပါတယ်။

ကချင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ဖို့ KIO ခွင့်မပြု

Photo: ကချင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ဖို့ KIO ခွင့်မပြု
Thursday, March 20, 2014

မြန်မာ နိုင်ငံ တဝန်းလုံးမှာ သန်းခေါင် စာရင်း ကောက်ယူဖို့ အစိုးရက ပြင်ဆင် နေချိန်မှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေ အတွင်း သန်းခေါင် စာရင်း ကောက်ခံခွင့် မပြုဘူးလို့ ကေအိုင်အေက ပြောပါတယ်။

ဒီအကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်း မှာပဲ အကြောင်း ပြန်ခဲ့ ပြီးပြီလို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ လုံခြုံရေး စိတ်မချရတဲ့ အတွက် လက်မခံတာလို့ ကေအိုင်အို ဘက်က ပြောကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း စစ်ပြေး စစ်ရှောင် အရေ အတွက်က ရှစ်သောင်း ကနေ တစ်သိန်း လောက် အထိ ရှိနေတဲ့ အတွက် ကျန်တဲ့ ဒေသခံတွေနဲ့ ပါဆိုရင် လူဦးရေ နှစ်သိန်းကျော်လောက် ရှိနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

ဒါပေမဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ ဝတပ်ဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေနဲ့ မိုင်းလားအဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေတွေ မှာတော့ သန်းခေါင် စာရင်းကို ကြိုတင် ကောက်ခံထားပြီး ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက တော့ သန်းခေါင်စာရင်း ကောက်ခံခွင့်ကို ကချင်ပြည်နယ် တစ်ခုလုံးက ငြင်းပယ်ထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း ခရိုင် လေးခု ရှိတဲ့ အနက် မိုးညင်း ခရိုင်ဘက်က ဘာမှ မကြားရဘူး၊ ပူတာအို ခရိုင်မှာ ကျေးရွာ တချို့ကလွဲရင် ကျန်အားလုံး နီးပါးကို ကြိုတင် ကောက်ယူထားပြီး ဖြစ်တယ်၊ မြစ်ကြီးနားမှာ အနည်းငယ် ကျန်တယ်လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကောက်လို့ရအောင် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။

ရာနှုန်းပြည့် သန်းခေါင်စာရင်း ကောက်ခံနိုင်တယ်ဆိုတာ ကမ္ဘာမှာ မရှိသေးဘူး၊ မြန်မာနိုင်ငံမှာလည်း မကောက်ခံနိုင်တဲ့ နေရာတွေကို တရားဝင် ကြေညာမှာပါလို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

လုံခြုံရေး စိတ်မချရလို့ လက်မခံတာလို့ ဆို
လုံခြုံရေး စိတ်မချရလို့ လက်မခံတာလို့ ဆို

မြန်မာ နိုင်ငံ တဝန်းလုံးမှာ သန်းခေါင် စာရင်း ကောက်ယူဖို့ အစိုးရက ပြင်ဆင် နေချိန်မှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေ အတွင်း သန်းခေါင် စာရင်း ကောက်ခံခွင့် မပြုဘူးလို့ ကေအိုင်အေ က ပြောပါတယ်။

KIA လွှမ်းမိုးခံ ABSDF ရဲ့ လူထုစိတ်ဝင်စားမှုရအောင်ပြောသော ဦးတည် ချက်များ

အစိုးရနှင့် တပ်မတော်ဘက်က ပြည်သူလူထုကိုဖိနှိပ်ပြီး အကြမ်း ဖက်ဖြေရှင်းမှုများ ရှိလာပါက ကျောင်းသား တပ်မတော်သည် လက်နက်ပြန် ကိုင်ဖို့ အဆင်သင့် ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)ဥက္ကဌ ဦးသံခဲက ၂၀၁၄ခုနှစ်၊ မတ်လ ၁၅ ရက်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဌာနချုပ်တည် ရှိရာ ဒေါင်းတမန်စခန်းတွင် ပြုလုပ်သည့် ဒဿမအကြိမ် ညီလာခံပိတ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။ ၎င်း၏စကားကို သေချာနားထောင်ကြည့် မယ်ဆိုပါကတစ်စုံတစ်ဦ၏ လွှမ်းမိုးမှုများ ပါဝင်နေသည်ကိုသိရှိနိုင်သည်။ သေချာ တာကတော့ ABSDFအဖွဲ့ သည် ယခုချိန်ထိ ၎င်းတို့ဘာသာရပ်တည်နေသောအဖွဲ့ မဟုတ်ပဲ KIA ၏တုတ်တစ်ချောင်းဖြစ်နေပါသည်။

လမ်းပြင် အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်၍ ၁၃ ဦးသေဆုံး ၃၃ ဦးဒဏ်ရာရရှိ

မကွေးတိုင်း ဒေသကြီး ၊ သရက်ခရိုင် ၊ မင်းတုန်း မြို့နယ် ၊ မြောက်ပြင် ကျေးရွာအနီး ပုသိမ် - မုံရွာ ကားလမ်းပေါ် ၌ ယမန်နေ့ သန်းခေါင်ကျော် ၁၂ နာရီ ၄၅ မိနစ်က ဟီးနိုးကား တစ်စီး တိမ်းမှောက် သဖြင့် သေဆုံးသူ နှင့် ဒဏ်ရာ ရရှိသူ များရှိခဲ့ကြောင်း သိရသည်။

Wednesday, 19 March 2014

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာများစာရင်း စတင်ကောက်ယူ

လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်ပါက မဲပေးနိုင်ရေးအတွက် ပြည်ပရောက် မြန်မာများ အရေအတွက် စာရင်းကို ကောက်ယူရန် နိုင်ငံတကာရှိ မြန်မာသံရုံးများသို့ အကြောင်း ကြားထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက The Voice သို့ ပြောကြားသည်။

ကရိုင်းမီးယားသည် ရုရှားပိုင် ဖြစ်လာမည်ဟု ပူတင်ပြော ယူကရိန်း အချုပ်အခြာအာဏာကိစ္စတွင် ရုရှားနှင့်တရုတ် သဘောထားကွဲလွဲ

Photo: ကရိုင်းမီးယားသည် ရုရှားပိုင် ဖြစ်လာမည်ဟု ပူတင်ပြော ယူကရိန်း အချုပ်အခြာအာဏာကိစ္စတွင် ရုရှားနှင့်တရုတ် သဘောထားကွဲလွဲ
Wednesday, March 19, 2014

ကရိုင်းမီးယားဒေသ ပါလီမန် လွှတ်တော်က လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာလိုက်မှုအပေါ် ယူကရိန်းတွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်က ယင်းဒေသသည် ရုရှားပိုင် နယ်နိမိတ် ဖြစ်လာမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အနောက်မီဒီယာများက ရေးသားဖော်ပြသည်။

ရုရှားအနေနှင့် ယူကရိန်း၏ ကရိုင်းမီးယားဒေသကို သိမ်းပိုက် ရယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့တွင် ထုတ်ဖော် ကြေညာသည်။

သမ္မတပူတင်သည် ရုရှားဖက်ဒရေးရှင်းထဲသို့ ကရိုင်းမီးယား ဝင်ရောက်ရေးနှင့် ပတ်သက်၍ ရုရှားနှင့် ကရိုင်းမီးယား ရီပတ်ဗလစ်အကြား ပဋိညာဉ် မူကြမ်းတစ်ရပ်ကို အတည်ပြုနိုင်ရေးအတွက် ဒီကရီတစ်ရပ်ကို အတည်ပြု လက်မှတ်ရေးထိုးပေးလိုက်ပြီ ဖြစ်သည်။

Reuters သတင်းဌာန၏ ရေးသား ဖော်ပြချက်တွင် အဆိုပါ အမိန့်ဒီကရီအရ သမ္မတပူတင်သည် ကရိုင်းမီးယားဒေသမှ ရုရှား လူမျိုးခေါင်းဆောင်နှင့် ပဋိညာဉ် တစ်ရပ်ကို လက်မှတ် ရေးထိုးမည်ဖြစ်ပြီး အဆိုပါ ခေါင်းဆောင်က ရုရှားထဲသို့ ကရိုင်းမီးယား ဝင်ရောက်ရေးအတွက် အဆိုပြုသွားဖွယ် ရှိသည်။

ယခုကဲ့သို့ ကရိုင်းမီးယားဒေသကို ရုရှားထဲသို့ သိမ်းပိုက်ရယူရန် ကြိုးပမ်းနေမှုနှင့် ပတ်သက်၍ ဝေဖန် ကန့်ကွက်သည့် နိုင်ငံများထဲတွင် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသာမက ရုရှား အစိုးရ၏ မိတ်ဖက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံလည်း ပါဝင်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံသည် ဆီးရီးယား အာဏာရှင်သမ္မတ ဘာရှာအာဆတ် အစိုးရအဖွဲ့အပေါ် ပြင်းထန်သည့် ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်မည့် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံတို့ စီစဉ်ခဲ့စဉ်က ရုရှားနှင့်အတူ လုံခြုံရေးကောင်စီတွင် ကန့်ကွက်ခဲ့ပြီး ဆီးရီးယား သူပုန်များအပေါ် လက်နက် ထောက်ပံ့မှုများသည် အချုပ်အခြာအာဏာ ကျူးကျော်မှု တစ်ရပ်အဖြစ် ပြစ်တင် ပြောဆိုခဲ့သည်။

သို့သော် ယခုယူကရိန်း၏ အချုပ်အခြာ အာဏာကိစ္စတွင် တရုတ်နှင့် ရုရှားတို့ သဘောထားချင်း တူညီမှု မရှိသည်ကို တွေ့ရသည်။
“တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေ အားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက် နယ်နိမိတ်အပေါ် အမြဲတစေ လေးစားခဲ့ပါတယ်။ ကရိုင်းမီးယားဒေသ အကျပ်အတည်းကို သတ်မှတ်ထားတဲ့ ဥပဒေ မူဘောင်ထဲကနေ နိုင်ငံရေးအရ ဖြေရှင်းသွားသင့်ပါတယ်။ နောက်ထပ် တင်းမာမှုတွေ မဖြစ်ပေါ်လာစေရေးအတွက် တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းသွားကြဖို့ ကရိုင်းမီးယား အကျပ်အတည်းမှာ ပါဝင်တဲ့သူတွေ အားလုံးကို မေတ္တာရပ်ခံ လိုပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟောင်လိုင်းက ပြောကြားသည်။

တရုတ်တစ်ပြည်ထောင် မူဝါဒကျင့်သုံးသော ဘေဂျင်း အစိုးရသည် ထိုင်ဝမ်ကျွန်းနှင့် ပတ်သက်သည့် ၎င်း၏ ရပ်တည်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ပံ့မှု ရရှိရန် လိုအပ်နေသည်ဖြစ်ရာ လုံခြုံရေး ကောင်စီတွင် ကရိုင်းမီးယား ပြဿနာအတွက် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်အား ရုရှားနိုင်ငံက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သော်လည်း တစ်စုံတစ်ရာမျှ တုံ့ပြန်ပြုမူခဲ့ခြင်း မရှိပေ။

ယူကရိန်းနိုင်ငံ၏ ကရိုင်းမီးယားဆိုင်ရာ ပြဿနာအတွက် လုပ်ဆောင်စရာ မြောက်မြားစွာ ရှိနေသည်ဟုသာ တရုတ်နိုင်ငံက ထုတ်ဖော် အသိပေးခဲ့သည်။

ယခုအခါတွင် အမေရိကန် အရာရှိကြီးများသည် ယူကရိန်း၏ ကရိုင်းမီးယား ပြဿနာတွင် ရုရှားအနေနှင့် နိုင်ငံတကာ ဥပဒေနှင့် စံသတ်မှတ်ချက်များကို ချိုးဖောက်ထားသည့် ပုံစံမျိုးဖြစ်အောင် ပုံဖော်ကာ ရုရှားအစိုးရကို အထီးကျန်ဖြစ်ရေးအတွက် ကြိုးပမ်းလျက် ရှိသလို တရုတ် အရာရှိကြီးများနှင့်လည်း အနီးကပ် တိုင်ပင် ညှိနှိုင်းလျက်ရှိသည်။

အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့၏ ပိတ်ဆို့အရေးယူမှု ခံထားရသူ ရုရှား နိုင်ငံရေးသမား လီယိုနစ်စလပ်စကီက ဒူးမားလွှတ်တော်၌ ပြောဆိုရာတွင် ကရိုင်းမီးယားဒေသနှင့် ပတ်သက်သည့် ရုရှား၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင် ဆုံးဖြတ်ချက် ဖြစ်သည်ဟု ချီးမွမ်းပြီး တရားမျှတမှုနှင့် အမှန်တရားတို့ ပြန်လည် မွေးဖွား လာပြီ ဖြစ်ကြောင်း ပြောကြားသည်။

The Voice Weekly
ကရိုင်းမီးယားဒေသ ပါလီမန် လွှတ်တော်က လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာလိုက်မှုအပေါ် ယူကရိန်း တွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်က ယင်းဒေသသည် ရုရှား ပိုင်နယ်နိမိတ် ဖြစ်လာမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အနောက်မီဒီယာများက ရေးသားဖော်ပြ သည်။