မကွေးတိုင်း ဒေသကြီး ၊ သရက်ခရိုင် ၊ မင်းတုန်း မြို့နယ် ၊ မြောက်ပြင် ကျေးရွာအနီး ပုသိမ် - မုံရွာ ကားလမ်းပေါ် ၌ ယမန်နေ့ သန်းခေါင်ကျော် ၁၂ နာရီ ၄၅ မိနစ်က ဟီးနိုးကား တစ်စီး တိမ်းမှောက် သဖြင့် သေဆုံးသူ နှင့် ဒဏ်ရာ ရရှိသူ များရှိခဲ့ကြောင်း သိရသည်။
Thursday, 20 March 2014
Wednesday, 19 March 2014
ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာများစာရင်း စတင်ကောက်ယူ
လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်ပါက မဲပေးနိုင်ရေးအတွက် ပြည်ပရောက် မြန်မာများ အရေအတွက် စာရင်းကို ကောက်ယူရန် နိုင်ငံတကာရှိ မြန်မာသံရုံးများသို့ အကြောင်း ကြားထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက The Voice သို့ ပြောကြားသည်။
ကရိုင်းမီးယားသည် ရုရှားပိုင် ဖြစ်လာမည်ဟု ပူတင်ပြော ယူကရိန်း အချုပ်အခြာအာဏာကိစ္စတွင် ရုရှားနှင့်တရုတ် သဘောထားကွဲလွဲ

ကရိုင်းမီးယားဒေသ ပါလီမန် လွှတ်တော်က လွတ်လပ်သော နိုင်ငံအဖြစ် ကြေညာလိုက်မှုအပေါ် ယူကရိန်း တွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် ရုရှားနိုင်ငံ သမ္မတဗလာဒီမာပူတင်က ယင်းဒေသသည် ရုရှား ပိုင်နယ်နိမိတ် ဖြစ်လာမည်ဟု ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အနောက်မီဒီယာများက ရေးသားဖော်ပြ သည်။
မလေးရှား လေယာဉ်သတင်း တိကျစွာ မထုတ်ပြန်ပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု ခြိမ်းခြောက်
ပျောက်ဆုံးသွားသော မလေးရှားလေယာဉ်MH-370 နှင့် ပတ်သက်သည့် သတင်းများကို မလေးရှား အာ ဏာ ပိုင်များက တိကျစွာ မထုတ်ပြန်ပေးပါက အစာအငတ်ခံ ဆန္ဒပြမည်ဟု လေယာဉ်ပေါ်တွင် ပါသွားသည့် တရုတ်နိုင်ငံသားများ၏ ဆွေမျိုးများက ခြိမ်းခြောက်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၃ သန်းကျော်ရှိခဲ့
၂၀၁၃ ခုနှစ် ဧပြီမှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီအထိ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၄၃ ဒသမ ၁၆၇ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်း၏ မတ် ၁၈ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားချက်အရ သိရသည်။
မီဒီယာတွေ ဘက်မလိုက်ဖို့ လိုပါတယ်
မြန်မာနိုင်ငံမှာ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်လို့မီဒီယာတွေက ဖော်ပြ နေမှုတွေဟာ ဘက်လိုက် မှုတွေ ရှိနေတယ်လို့ မန္တလေးတိုင်းက ကျောင်းထိုင်ဆရာတော်တစ်ပါးကမိန့်ကြား ပါတယ်။ ၂၀၀၈ ပြင်ဆင်ဖို့မှာကျန်တဲ့ အချက်တွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားပြောစရာမရှိပေမယ့် ၅၉(စ)နဲ့ ပတ်သက်လို့တော့ ပြောစရာဖြစ်နေပါတယ်။ ၅၉(စ)ဟာ မြန်မာတစ်မျိုးသားလုံးပတ်သက်နေတာမို့ ဖြစ်နိုင်ရင် အသက်(၁၈)နှစ်ကျော်သူတိုင်းကိုတစ်ဦးချင်းရဲ့ ဆန္ဒသဘောထားကို ရယူသင့်တယ်လို့လည်းအဆိုပါ ဆရာတော် က မိန့်တော်မူပါတယ်။
မြန်မာသင်္ဘောသားရှစ်ဦးလိုက်ပါလာသည့် တောင်ကိုရီးယားသင်္ဘောနှင့် တရုတ်သင်္ဘောတို့ ဂျပန်ပင်လယ်အော်တွင် တိုက်မိ၍ တစ်ဦးသေ၊ ရှစ်ဦးပျောက်ဆုံးနေ

တိုကျိုပင်လယ်ကွေ့အ၀င်တွင် မတ် ၁၈ ရက်အစောပိုင်းက ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှုကြောင့် တရုတ်သင်္ဘောသားတစ်ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ရှစ်ဦးရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
Tuesday, 18 March 2014
ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းမြင့်တက်လာ

ပြည်တွင်း ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်း မြင့်တက်လာပြီး ၁၃၀၀ စီစီကားများအရောင်း အ၀ယ်ဖြစ်လာကာ နယ်ဝယ်လက် ဆင်းမှ ပိုမိုရောင်းချ လာရကြောင်း ကား အရောင်း အ၀ယ်လုပ်ကိုင် သူများထံမှသိရသည်။
မန္တလေးတွင် စည်းကမ်းမဲ့ပြိုင်ကား မောင်းနှင်သူများကို စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူမည်

မန္တလေးခရိုင်အတွင်း ညအချိန်မတော် မူးယစ်သေစာ သောက်စားပြီး ပြိုင်ကား အပြိုင်အဆိုင် မောင်းနှင်သူများ ရှိလာသဖြင့် အများပြည်သူ အန္တရာယ် ကင်းရှင်းစေရေးနှင့် စိတ်အနှောင့် အယှက် ကင်းစေရန်တို့အတွက် အဆိုပါ စည်းကမ်းမဲ့ ပြိုင်ကား မောင်းနှင်သူများကို မတ်လ တတိယပတ်မှ စတင်ကာ စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။
အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့

ဟားခါးမြို့တွင် မီးစွဲလောင်နေသောအိမ်ကို မီးငြှိမ်းသတ်ပြီးနောက်တွေ့ရစဉ်
အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွ င်ဖြစ် ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပိုလန်မှာ ရှိတဲ့ Kaplica Czaszek အမည်ရှိ Chapel ရှေ့ မှာ ခြေချမိပြီဆိုတာနဲ့ ဒီ့ထက် တမူထူးခြားတာ မရှိတော့ဘူးလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ အတွင်းဘက်ကို ခြေလှမ်း လိုက်ပြီဆိုတာနဲ့ ကြောချမ်းအောင် ခံစားရပါလိမ့်မယ်။ စစ်နဲ့ ရောဂါတွေကြောင့် သေဆုံးခဲ့ကြ ရတဲ့ ထောင်ပေါင်းများစွာသော လူ့အရိုးတွေကို သေခြင်းအနိဋ္ဌာရုံနဲ့ ဆက်စပ်တဲ့ အစီအရီနဲ့ နံရံတွေမှာ ကပ်ထားပါတယ်။
ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မံပုံကျေးရွာ ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား မတ် ၁၆ ရက် ညနေ ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း ယင်းဒုက္ခသည်စခန်းမှ သိရသည်။
RCSS/SSA အဖွဲ့မှ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသခံများအား အတင်းအကြပ် စစ်သင်တန်းတက်ခိုင်း

ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေ ထိုင်သော ဒေသခံများအား ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ ၂၀၁၃ ခုနှစ် နှစ်ကုန် ပိုင်းမှစ၍ ရှမ်းနှစ်သစ်ကူးပွဲတော်အား အကြောင်းပြကာ လွယ်တိုင်းလျှံသို့ ခေါ်ဆောင်သွားပြီး စစ်သင်တန်းများ ကို အတင်းအကြပ်တက်ခိုင်းနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အင်းစိန်ထောင်မှ အကျဉ်းသား ခုနစ်ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို

အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြစ်မှုအသီးသီးဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသားများ အနက် အသက် ၂၀ အောက် အကျဉ်းသား ခုနစ်ဦးသည် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အဆိုပါ အကျဉ်းထောင်ရှိ အမှတ် ၃ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဝင်ရောက် ဖြေဆိုကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင် ထံမှ စုံစမ်း သိရှိရသည်။
အမည်မသိလေယာဉ်ဝင်မလာလို့ အာရှ အလယ်ပိုင်း နိုင်ငံတွေ ဆို

လူ ၂၃၉ယောက် တင်ဆောင်ပြီး အစအန ရှာမရ ဖြစ်နေတဲ့ မလေးရှား လေယာဉ် ပျောက်ဆုံး ခဲ့တဲ့ မတ်လ ၉ရက်နေ့မှာ သူတို့ နိုင်ငံ လေကြောင်းပိုင်နက်ထဲကို အမည်မသိ လေယာဉ် တစင်းမှ ဝင်ရောက်လာတာ မရှိခဲ့ဘူးလို့ အာရှ အလယ်ပိုင်းက ကာဇက်စတန်နဲ့ ခါဂစ်စတန် နိုင်ငံတွေက ပြောပါတယ်။
အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ်

ဝိုင်ဖိုင်အင်တာနက် ၀န်ဆောင်မှုစနစ်ကို အများပြည်သူသို့ ဝန်ဆောင်မှုပေး ရောင်းချနိုင်ရန် အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
Mister & Miss University 2014 ပြိုင်ပွဲဝင် ကျောင်းသား တစ်ဦးဖြစ် သူ မောင်ကျော်ဇောဟိန်း၏ နောက်ဆုံး စစ်ဆေးချက်ထွက်ရှိလာ

မြန်မာပြည်တစ်နံတစ်လျားမှ အများပြည်သူများ စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်သည့် Mister & Miss University 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်နေစဉ် သေဆုံးခဲ့သော ပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်ဇောဟိန်း၏ သေဆုံးမှု အမှုမှန်ပေါ်ပေါက်လာရေး အတွက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေရာ နောက်ဆုံး စစ်ဆေးချက် များ ထွက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။
မုံရွာ-ပုသိမ် ကားလမ်း အုံတုံပင်ကျေးရွာ ထန်းသမားများနှင့် တောင်သူများ ဆန္ဒထုတ်ဖော်

ယင်းမာပင် မြို့နယ်အတွင်း အိမ်ရာ စီမံကိန်းနှင့် ရဲတပ်ရင်း ဆောက်လုပ်မည့် နေရာများကို မြေညှိပြီး ထန်းပင်များ ဖြိုလှဲခံခဲ့ရကာ လေးလခန့် လုပ်ငန်းခွင် ဝင်ရောက်ခွင့် မရခဲ့ခြင်းကြောင့် စားဝတ်နေရေး ရပ်တည်ရန် ခက်ခဲလာသည့် အတွက် အုံတုံပင် ကျေးရွာမှ ဒေသခံ အချို့သည် မတ်လ ၁၇ ရက်နေ့တွင် မုံရွာ-ပုသိမ် ကားလမ်းမပေါ် ထွက်၍ တောင်းစားသည့် ပုံသဏ္ဌန် ပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။
ကချင်ပြည်နယ်မှ လူသတ် တရားခံပြေး မန္တလေးတွင် သေနတ်တစ်လက်နှင့် ဖမ်းမိ
ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့် ဒေသတို့တွင် ကျောက်တူးရာမှ ခွဲတမ်း မျှတစွာ မရသဖြင့် လူသတ်ပြီး ထွက်ပြေးလာသူ လေးဦးအနက် တစ်ဦးကို ပစ္စတို သေနတ် တစ်လက်ဖြင့် မန္တလေးမြို့တော်တွင် မတ်လ ၁၇ ရက်နေ့ နံနက်၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူး စိန်ထွန်းက ပြောကြားသည်။
Subscribe to:
Posts (Atom)
