
နေပြည်တော် ပျဉ်းမနားမြို့နယ် အလယ်ရွာကျေးရွာမှ ငါးဖမ်းသူလူငယ် တစ်ဦးသည် မတ် ၇ ရက်က ဆင်သေချောင်းအတွင်း ပိုက်ကွန်ပစ် ငါးဖမ်းစဉ်ရရှိသော ငါးများအတွင်းမှ ငါးရံ့ ခေါင်းတိုနှင့်တူ၍ အဖြူရောင် ဖြစ်ပြီး ခြေချောင်းလေးများဖြင့် ခြေထောက်လေးချောင်းပါရှိကာ ပါးဟက်အပြင်ဘက်မှ နားရွက်သဏ္ဌာန် ပန်းဖွားမျှင်တစ်ဖက် သုံးမျှင်စီပါသော အမည်မသိ ငါးတစ်ကောင်အား အရှင်ဖမ်းဆီးရမိခဲ့သည်။












