Thursday, 13 February 2014

သန်းခေါင်စာရင်း အချက်အလက်များ ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်

Photo: သန်းခေါင်စာရင်း အချက်အလက်များ ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီး ရရှိသည့် အချက်အလက် မူကြမ်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူ ရရှိသည့် အချက်အလက် စာရင်းအကြမ်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် တရားဝင် ထုတ်ပြန်ပေးမည် ဖြစ်ပြီး ကျန်အချက်အလက်များကို ကဏ္ဍအလိုက် ထပ်မံထုတ် ပြန်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို အမှတ်အသား (Code) ဖြင့် ကောက်ယူမည် ဖြစ်ပြီး အဆိုပါ Code ဖြင့် ကောက်ယူသည့် စာရွက်ကို စက်ဖြင့် အချက်အလက် စုဆောင်းမည် ဖြစ်သဖြင့် စာရင်းမြန်မြန်ဆန်ဆန် ထုတ်ပြန်နိုင်သော်လည်း Code နံပါတ်မ ရရှိသူများမှာ ကြန့်ကြာမည် ဖြစ်ကြောင်း ဦးခင်ရီက ပြောဆိုသည်။ 

သန်းခေါင်စာရင်း ကောက်ယူရာတွင် အချက်အလက် မှန်မှန်ကန်ကန် ဖြေဆိုရန် အလွန်အရေးကြီးပြီး တိကျသည့် ကိန်းဂဏန်းများ အချက်အလက်များ ရရှိမှသာလျှင် နိုင်ငံ၏ လက်ရှိနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ရေးဆွဲ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာနမှ သိရှိရသည်။

အဆိုပါ ကိန်းဂဏန်များ အတိအကျကို ရရှိမှသာ လူဦးရေစာရင်း၊ အလုပ်လက်မဲ့နှုန်း၊ လုပ်သားအင်အား၊ စာတတ်မြောက်မှုနှုန်း၊ လူနေမှု အဆင့်အတန်း၊ အိမ် အကြောင်းအရာနှင့် ပိုင်ဆိုင်မှု၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း၊ ပြည်တွင်း၊ ပြည်ပ ပြောင်းရွှေ့ခြင်း၊ မိသားစု ပုံသဏ္ဌာန်၊ အရွယ်အစား၊ အသက်ကြီးရွယ်အို၊ လူတန်းစား ကွာဟမှု၊ အသက်မွေးလုပ်ငန်း၊ လူမျိုး၊ ဘာသာ စသည့် အချက်အလက်များကို ရရှိနိုင်မည့် ဖြစ်ပြီး ယင်းကိစ္စများနှင့် ပတ်သက်၍ ကိန်းဂဏန်း အတိအကျ ရရှိမှသာလျှင် လိုအပ်ချက်များကို နိုင်ငံတော်က ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း ယင်းဌာနမှ သိရှိရသည်။ 

အသက်အရွယ်ကို မှန်မှန်ကန်ကန် ဖြေဆိုမှသာ အလုပ်လုပ်ကိုင်နိုင်သူ ဦးရေ (အသက် ၁၅ နှစ်မှ ၅၉ နှစ်ကြား)၊ အမှန်တကယ် အလုပ်လုပ်ကိုင်နေသူ ဦးရေ၊ အလုပ်လက်မဲ့ နှုန်းများကို တိတိကျကျ ရရှိမည် ဖြစ်ကြောင်း၊ ယင်းမှသာ အလုပ်အကိုင် ဖန်တီးပေးမှုကို အတိအကျ အကောင်အထည် ဖော်နိုင်မည် ဖြစ်ကြောင်း ဦးခင်ရီက ဆိုသည်။
“တက္ကသိုလ်ဝင်တန်း မအောင်တဲ့ သူတွေများတဲ့ နေရာဆိုရင်တော့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေ ဖွင့်ပေးဖို့ လုပ်ရမယ်” ဟု ၎င်းက ဥပမာပေးကာ ရှင်းပြသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်ပြီး အဆိုပါ စာရင်း ကောက်ယူရန် စာရင်းကောက် တစ်သိန်းခန့်၊ စာရင်းစစ် နှစ်သောင်းခန့် အသုံးပြုမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရှိရသည်။
နှစ်ပေါင်း သုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ် ကောက်ယူမည့် ပြည်လုံး ကျွတ်သန်းခေါင် စာရင်း ကောက် ယူပြီးရရှိသည့်အချက်အလက် မူကြမ်းကို ၂၀၁၅ ခုနှစ် အစောပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

မိခင်နှင့်အစ်မတို့ရန်ဖြစ်စဉ် ၀င်ရောက်သတ်ပုတ်သည့်မောင်ကို အစ်မဖြစ်သူမှဓါးဖြင့်ထိုး၍ သေဆုံး

၁၂.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် ကွမ်းခြံကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကွန်းခြံ ကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာတွင် အစ်မဖြစ်သူမှ မောင်ဖြစ်သူအား ဓါးဖြင့်ထိုး၍ သေဆုံး မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

သားကိုပြန်လာခေါ်သော ဇနီးသည်ကို ခင်ပွန်းက အက်စစ်ဖြင့်ပက်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်၊ ဝါးခင်းကျောင်းလမ်း တွင် ဖေဖော် ဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က လင်မယား ကွဲကွာနေစဉ် ခင်ပွန်း၏ နေအိမ်ထံ ကျန်ခဲ့သော သားဖြစ်သူကို လာခေါ်သည့် ဇနီးသည်အား ခင်ပွန်းဖြစ်သူက အက်စစ်ဖြင့် ပက်ခဲ့ကြောင်း အင်းစိန် မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကြားကားများကို အရေးယူရန် တိုင်းအစိုးရထံ တင်ပြမည်

Photo: ကြားကားများကို အရေးယူရန် တိုင်းအစိုးရထံ တင်ပြမည်
Thursday, February 13, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ် မဟုတ်ဘဲ ကြားကားအဖြစ် ပြေးဆွဲနေသော ယာဉ်များကို ဖမ်းဆီး အရေးယူရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည် ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

လတ်တလောတွင် ထိုယာဉ်များ ပြေးဆွဲနေသည်ကို ဓာတ်ပုံရိုက်၍ မှတ်တမ်း တင်လျက်ရှိပြီး မည်သည့် နေရာများတွင် ပြေးဆွဲလျက် ရှိသည်တို့ကို ယခုလပိုင်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထိုသို့ အရေးယူ ဆောင်ရွက်ရခြင်းမှာ ခရီးသည် တင်ယာဉ်များနှင့် ကြားကားအဖြစ် ပြေးဆွဲနေသည့် ယာဉ်များကြား မကြာခဏ အချင်းများလေ့ ရှိသည်ကို တွေ့ရခြင်းနှင့် တရားဝင် ပြေးဆွဲခြင်းဖြင့် ပြည်သူများ အတွက်ပါ အသက်အန္တရာယ် ကင်းရှင်းစေနိုင်ရန် ရည်ရွယ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘတ်စ်ကား စီးရသည်မှာ မှတ်တိုင်တွင် ကြာမြင့်ခြင်း၊ ယာဉ်နောက်လိုက်များ ယဉ်ကျေးမှု မရှိခြင်း၊ ကြားကားမှာ လိုရာခရီးသို့ အလျင်အမြန် ရောက်ခြင်းတို့ကြောင့် ဈေးအနည်းငယ် ပိုပေးရသော်လည်း ကြားကားစီးခြင်း ဖြစ်ကြောင်း ပန်းဆိုးတန်းမှ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ် မြို့တော်သို့ ကြားကားဖြင့် နေ့စဉ်သွားသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယခင်က ကြားကားများမှာ ညပိုင်းခရီးသည်တင် ဘတ်စ်ကားများ ရှားသည့် အချိန်တွင်သာ ပြေးဆွဲခဲ့သော်လည်း ယခုအခါ ဘတ်စ်ကားများနှင့် တန်းတူ ပြေးဆွဲနေသည်ကို တွေ့ရပြီး လှိုင်သာယာမြို့နယ်ရှိ အဝိုင်းများ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေရည်မှတ်တိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ ခြောက်ကွေ့ မှတ်တိုင်၊ ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံဆိပ်ကမ်း မြို့နယ် (၈၈) ရပ်ကွက်နှင့် သာကေတ မြို့နယ်များတွင် ပြေးဆွဲလျက် ရှိကြောင်း မထသ (ဗဟို) ထံမှ စုံစမ်းသိရသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်မဟုတ်ဘဲ ကြားကားအဖြစ် ပြေးဆွဲနေသောယာဉ်များ ကို ဖမ်းဆီးအရေးယူရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြမည်ဖြစ်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင် က ပြောကြားသည်။

ပြည်ထောင်စု ခေါင်းဆောင် ဗိုလ်ချုပ်ရဲ့ ပဋိသန္ဓေနှစ် ၁ဝဝပြည့် မွေးနေ့

မြန်မာ့သားကောင်း's photo.
ကျွန်တော် မြင်တွေ့မိတဲ့ သမိုင်းဝင် ဓာတ်ပုံတစ်ပုံရဲ့ ခေါ်ဆောင်ရာ နောက် အတွေးလေး လိုက်ပါ သွားမိခဲ့ပြီး ”တပည့်ပုံကို ဂုဏ်ယူ ချိတ်ဆွဲထားတဲ့ ဆရာနဲ့ ဆရာ ကတောင် အလေး ထားရ တဲ့တပည့်။ အဲ့ဒီ တစ်ခေတ်တည်း မှာ ပေါ်ခဲ့တာ တစ်ခါဆို ဆိုသလောက်ပါ ပဲ”လို့ ရေရွတ်မိ လိုက်ပါတယ်။

ဒေသခံ ရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ KIA မှ လူသစ် စုဆောင်း ခိုင်းစေ

Photo: ဒေသခံ ရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ KIA မှ လူသစ် စုဆောင်း ခိုင်းစေ
Thursday, February 13, 2014

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ဒေသခံရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက်အမြားပေးကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်စုဆောင်း ခိုင်းစေမှုများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။

KIA သည် ယခင်က ကချင်ပြည်နယ်အတွင်း နေထိုင်သော တိုင်းရင်းပေါင်းစုံကို လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအခါဒေသခံ ရှမ်းနှင့် ပလောင် လူငယ်များအား စည်းရုံးကာ လူသစ်စုဆောင်းခိုင်းနေကြောင်း မံစီမြို့ခံတစ်ဦးက ပြောသည်။

``လူငယ်ဆိုတော့ ငွေရရင် ဘာမဆိုလုပ်မှာပဲလေ။ မူးယစ်ဆေးဝါးကိုလည်း သုံးချင်သလောက် ပေးတယ်။ ငွေကိုလည်း အမြောက်အမြားပေးတယ် ဆိုတော့ ဒေသခံရှမ်းနဲ့ ပလောင်လူငယ်တွေ စိတ်ပြောင်းသွားနိုင် တာပေါ့။ အခု KIA က သူတို့ ကိုယ်စား အဲဒီလူငယ်တွေကို စည်းရုံးပြီး လူသစ် စုဆောင်းခိုင်းနေတယ်´´ ဟု စီခမ်းကြီးရွာသား တစ်ဦးက ဆိုသည်။

မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး ငွေကြေးရရှိထားသော ဒေသခံရှမ်းနှင့် ပလောင်လူငယ်များမှာ KIA အဖွဲ့ ဆီမှ ထုတ်ပေးထားသော တရားမ၀င် လက်နက်များကို ကိုင်ဆောင်ပြီး နန့်လင်းပါ၊ နန့်ကောက်၊ နန့်ဟန်၊ ကောင်းလွင်၊ မိုင်းနောင်၊ စီအူ၊ စီခမ်းကြီး ကျေးရွာများကို လှည့်လည်ကာ ရွယ်တူ ရှမ်း၊ ပလောင်လူငယ်များအား KIA အဖွဲ့ထဲသို့ဝင်ရန် လူသစ်စု ဆောင်းမှုများပြုလုပ်လာကြောင်း နန့်လင်းပါရွာသားများ၏ ပြောပြချက်အရ သိရသည်။

``အဓိကကတော့ ရှမ်းလူငယ်တွေကို စုဆောင်းခိုင်းတယ်လို့ သိရပါတယ်။ KIA ရဲ့ လုပ်ရပ်တွေဟာ ရှမ်းလူငယ် တွေရဲ့ အနာဂတ်ကို တမင်ရည်ရွယ်ပြီး ဖျက်ဆီးနေတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီကိစ္စကို သေချာစုံစမ်းပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(ကချင်ပြည်နယ်)အနေနဲ့ တာဝန်ရှိသူအဆင့်ဆင့်ကို တင်ပြသွားမှာဖြစ်ပါတယ်´´ ဟု ယင်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသွားခဲ့သည်။

ခွန်နော်
Credit : Kachin Daily News
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ ဒေသခံရှမ်းနှင့်ပလောင်လူငယ်များကို မူးယစ်ဆေးဝါးနှင့်ငွေ အမြောက် အမြားပေးကာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်စုဆောင်း ခိုင်းစေမှုများကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ပြုလုပ်လာကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အင်ဂျင်နီယာများ အာဆီယံဒေသတွင်း လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်ခွင့် ယခုနှစ်အတွင်း စခွင့်ပြုမည်

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာပညာရှင်များ အာဆီယံအဖွဲ့ဝင် နိုင်ငံ များ တွင် လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ခွင့်ကို ယခုနှစ်အတွင်း စတင်စမ်းသပ် မည် ဖြစ်ေ ကြာင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ စိစစ်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းမြင့်က The Voice သို့ ပြော ကြား သည်။

နှမ်းစေ့၏ ကျန်းမာရေး အာနိသင်များ

Photo: နှမ်းစေ့၏ ကျန်းမာရေး အာနိသင်များ
Thursday, February 13, 2014

နှမ်းစေ့မှာ အာဟာရဓာတ်တွေ အပြည့်ပါဝင်နေသလို ကော့ပါးဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ်တွေလည်း

အပြည့်ပါဝင်နေပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် B6 သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်နဲ့ တိုကိုဖီရောစတဲ့ ဗီတာမင်တွေလည်း အများအပြား တွေ့ရပါတယ်။ နှမ်းစေ့မှာ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်စစ်၊ အမျှင်ဓာတ် စတာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ကိုလက်စထရော နည်းပါတယ်။ နှမ်းစေ့မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက အများအပြား ရှိပါတယ်။

အရိုးကျန်းမာရေး
နှမ်းစေ့ လက်တစ်ဆုပ်စာ ပမာဏမှာ နွားနို့တစ်ဖန်ခွက်မှာပါတဲ့ ကယ်လ်စီယမ်ထက် ပိုမို ပါဝင်နေပါတယ်။ နှမ်းစေ့မှာပါတဲ့ ကယ်လ်စီယမ်ဟာ အရိုးကျန်းမာအောင် တည်ဆောက်နိုင်ပြီး အရိုးအားနည်းတာနဲ့ သွားခိုင်မာမှု လျော့ကျတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သက်လတ်ပိုင်း အရွယ်နဲ့ သက်ကြီး အမျိုးသမီးတွေမှာ အရိုးပါးရောဂါ မရအောင် နှမ်းစေ့က ကာကွယ် ပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ရေး
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့မှာ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ နှမ်းစေ့ကို စားတာကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးမှု မဖြစ်အောင် ကာကွယ် ပေးနိုင်သလို ကင်ဆာ ကုသရေး ကိုလည်း အထောက်အပံ့ ပေးပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း သက်သာရန်
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီဆီယမ်ဟာ ခေါင်းတစ်ခြမ်း ကိုက်စေတဲ့ သွေးကြောကျုံ့ဆန့်မှုကို လျော့ကျစေပါတယ်။ နှမ်းစေ့ကို ပုံမှန် စားတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ၊ ခေါင်းကိုက် တာနဲ့ မူးဝေတာတွေကို သက်သာစေပါတယ်။

နာ့ဗ်ကြောစနစ် သန်စွမ်းအောင်
နှမ်းစေ့မှာပါတဲ့ ဗီတာမင်အီးဟာ နာ့ဗ်ကြောစနစ်ကို ကောင်းမွန်စေပြီး နာ့ဗ်ကြောစနစ်မှာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

အသားအရေ ထိန်းသိမ်းမှု
နှမ်းစေ့နဲ့ နှမ်းဆီမှာ အရေပြားနဲ့ ဆံပင်အတွက် အကျိုးရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နှမ်းဆီက အရေပြား မီးလောင် ဒဏ်ရာတွေကို သက်သာစေပြီး အရေပြားဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နှမ်းစေ့ကို ပုံမှန်စားတာက အသားအရေ အမျိုးအစား အားလုံးအတွက် အကျိုးကျေးဇူး ရှိပါတယ်။

အူလမ်းကြောင်းနှင့် အစာခြေစနစ် ကျန်းမာရေး
နှမ်းစေ့ဟာ အူလမ်းကြောင်း တစ်လျှောက်မှာ သန်ကောင်တွေ ကူးစက်မှု မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ နှမ်းမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး
နှမ်းစေ့မှာပါတဲ့ Sesamine နဲ့ Sesamolin တို့ဟာ သွေးတိုးတာ မဖြစ်အောင်နဲ့ သွေးတွင်း ကိုလက်စထရော အဆင့် လျော့ကျအောင် ကာကွယ် ပေးနိုင်ပါတယ်။ နှမ်းစေ့ဟာ နှလုံး သွေးကြော စနစ်ဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

ရင်ကျပ်ပန်းနာရောဂါ ကာကွယ်ရေး
နှမ်းစေ့မှာပါတဲ့ မဂ္ဂနီစီယမ်ဟာ ရင်ကျပ် ရောဂါထတာနဲ့ အသက်ရှူ လမ်းကြောင်း စနစ်ဆိုင်ရာ ဝေဒနာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

သွေးဆုံးဝေဒနာ သက်သာရေး
နှမ်းစေ့ စားသုံးတာကြောင့် သွေးဆုံးချိန် ရောက်နေတဲ့ အမျိုးသမီးတွေမှာ ပူနွေးတာ၊ ညဘက် ချွေးထွက် လွန်တာနဲ့ အိပ်မပျော်တာတွေလို သွေးဆုံး ဝေဒနာတွေကို လျော့ပါး စေ ပါတယ်။ နှမ်းစေ့ကို စားတာကြောင့် အနာကျက်နှုန်းမြန်တာ၊ အဆစ်ရောင်နာ သက်သာစေတာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်နှုန်း ကောင်းစေတာစတဲ့ အကျိုးကျေးဇူး တွေကိုလည်း ရရှိစေပါတယ်။

မြ၀တီ
နှမ်းစေ့မှာ အာဟာရဓာတ်တွေ အပြည့်ပါဝင်နေသလို ကော့ပါးဓာတ်၊ သွပ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ ဆီလီနီယမ်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ်တွေလည်း အပြည့်ပါဝင်နေ ပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် B6 သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်နဲ့ တိုကိုဖီရော စတဲ့ ဗီတာမင်တွေလည်း အများအပြား တွေ့ရပါတယ်။ နှမ်းစေ့မှာ ပရိုတင်းဓာတ်၊ ကာဗို ဟိုက်ဒရိတ်၊ အမိုင်နိုအက်စစ်၊ အမျှင်ဓာတ် စတာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် နှမ်းစေ့မှာ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပြီး ကိုလက်စထရော နည်းပါတယ်။ နှမ်းစေ့မှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေက အများအပြား ရှိပါတယ်။

KIO/A မှ တအာင်းဒေသခံများအပေါ် တပ်သားသစ်များစုဆောင်းခြင်းနှင့် ဆပ်ကြေးများ ဆက်လက်ကောက်ခံနေ

Photo: KIO/A မှ တအာင်းဒေသခံများအပေါ် တပ်သားသစ်များစုဆောင်းခြင်းနှင့် ဆပ်ကြေးများ ဆက်လက်ကောက်ခံနေ
Thursday, February 13, 2014

၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ ၄ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် KIO/A စစ်တပ် မန်လွယ်တိုက်နယ် ဦးဘရမ်း တောင် မှ ဖတ်ရိုင်း-ပြိန်းဟွယ်အုပ်စု နမ့်ခုမ် ၊ မာန်မောဝ် ၊ ပြိန်းဟွယ်၊ မန်အောင်စုစည်း ၊ ပန်းဆေး ၊ ပန်ကူအုပ်စု ၊ နောင်ခွန် ကျေးရွာများသို့ ၀င်ရောက်ကာ ကျေးရွာကြီးရင် ကြီးသလို တပ်သားသစ် ၅ဦးမှ ၁၀ဦးအထိ ကောက်ခံသည့်အပြင် ဆန်၊ဆားပါကောက်ခံနေကြောင်းသိရသည်။

ရွာခံများမှ သတ်မှတ်ထားသောတပ်သားသစ် မပို့ပေးနိုင်သေးသဖြင့် ဆန်နှင့်ဆားကိုသာ ငွေပမာဏနှင့်တွက်ချက်၍ တစ်မိသားစုကို ငွေ(၁၇၀၀၀) တစ်သောင်းခုနှစ်ထောင်ကျပ်စီကောက်ခံပြီးပို့ပေးရန် အထက်ပါကျေးရွာ လူကြီးများစုဆုံပြီး နမ့်ခုမ်ကျေးရွာတွင် အစည်းအဝေးပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်နေ့တွင်လည်း ဟိုနောင်အုပ်စု၊ ပန်လောကျေးရွာ တွင် ကချင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော် ( ခဖရော် တိုက်နယ် -ဦးဘရန်ဂမ်) မှ ဦးဆောင်ပြီး တပ်သားသစ် အယောက်(၅၀)ပေးပို့ခိုင်းသည်။ ကျေးရွာမှ ရွာသူရွာသားများအား တောင်းသလောက်မပေးနိုင်သဖြင့် ရွာကိုယ်စား ဦးပန်းဦး အသက် (၅၀)နှစ် ၊ဦးအိုက်ဒွတ် အသက် (၄၀)၊ ဦးအိုက်လုမ် အသက် (၄၀)တို့သုံးဦးအား မသွားမနေရသွားခိုင်းရပြီး ကျန်ရွာတွင်းရှိ တစ်မိသားစုလျင် ကျပ်ငွေနှစ်သောင်း (၂၀၀၀၀) စီကောက်ခံ စုစုပေါင်း ကျပ်ငွေသိန်းနှစ်ဆယ် (၂၀) ပို့ပေးခဲ့ရသည်။ မပို့ပေးပါက ရွာကို ၀င်ရောက်ဖျက်ဆီးမည်ဟု ပြောဆိုသောကြောင့် ရွာသားများမှာအချိန်မှီ ပို့ဆောင်ပေးခဲ့ရကြောင်း ဒေသခံများမှပြောပြခဲ့သည်။

ပြီးခဲ့သော နိုင်ဝင်ဘာလ (၁၉ )ရက်နေ့ညတွင်လည်း ပန်လောကျေးရွာ ဒေသခံ ကျား(၆)ဦးနှင့်မ(၈)ဦး စုစုပေါင်း(၁၄)ဦး အား တပ်သားသစ်အဖြင့် ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်မှ ဖမ်းခေါ်ဆောင်သွားခဲ့သည်။ ယင်းသို့ ခေါ်ဆောင်သွားခံရသူများထဲမှ အလယ်တန်းကျောင်းသူ (၄)ဦးနှင့် ကလေးငယ်ရှိသော အမျိုးသမီး(၁)ဦး အား အဆိုပါညတွင် ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား(၆)ဦးမှာ(၁)ဦးချင်းအလိုက် မိမိတို့နည်းလမ်းဖြင့် နောက်ရက်တွင် ထွက်ပြေးလွတ်မြောက်လာကြခြင်းဖြစ်ကြောင်းသိရှိရသည်။

Credit to:TSYO (Ta’ang Students and Youth Organization) Official
၂၀၁၄ခုနှစ်၊ဖေဖော်ဝါရီလ ၄ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ၊ ကွတ်ခိုင်မြို့နယ် အခြေစိုက် KIO/A စစ်တပ် မန်လွယ်တိုက်နယ် ဦးဘရမ်း တောင် မှ ဖတ်ရိုင်း-ပြိန်းဟွယ်အုပ်စု နမ့်ခုမ် ၊ မာန်မောဝ် ၊ ပြိန်းဟွယ်၊ မန်အောင်စုစည်း ၊ ပန်းဆေး ၊ ပန်ကူအုပ်စု ၊ နောင်ခွန် ကျေးရွာများသို့ ၀င်ရောက်ကာ ကျေးရွာကြီးရင် ကြီးသလို တပ်သားသစ် ၅ဦးမှ ၁၀ဦးအထိ ကောက်ခံသည့်အပြင် ဆန်၊ဆားပါကောက်ခံနေကြောင်းသိရသည်။

မြောက်ပိုင်းကျောင်းသားများသေဆုံးမှု အစီရင်ခံစာထွက်မည့်အချိန် တိကျရန် တောင်းဆို

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF ) မြောက်ပိုင်းတပ်တွင် ကျဆုံးခဲ့ သည့် ကျောင်းသားများ သတ်ဖြတ်ခံရမှုများနှင့်ပတ်သတ်၍ အစီရင်ခံစာ ထွက်မည့်အချိန် အတိအကျ ဖြစ်စေလိုသည်ဟု မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းတစ်ဦးဖြစ်သည့် မန္တလေးမှ ကို ညီညီကျော်က မဇ္ဈိမကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောသည်။

သယံဇာတအရေးကိစ္စများအတွက် ဆွီဒင်ကူညီမည်

မေလတွင်စတင်မည့် ဒေသအလိုက် သယံဇာတဆိုင်ရာ လုပ်ငန်းစီမံချက်များတွင် ငွေကြေးနှင့် နည်း ပညာပိုင်းကို ဆွီဒင်နိုင်ငံ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ (Swedish Peace and Arbitration Society – SPAS)မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပါဝင်ခဲ့သူ အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဦးကျော်သက်ဝင်းက မဇ္ဈိမကို ပြောသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်ဖြစ်နေဆဲဟု ND-Burma အစီရင်ခံစာ ဖော်ပြ

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက် နေသော်လည်း တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများသည် နေ့စဉ်ဖြစ်နေဆဲဟု လူ့အခွင့်ရေးမှတ်တမ်းကွန်ရက် ND-Burma အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ရင်သားအလှ မထိခိုက်စေရန်

Photo: ရင်သားအလှ မထိခိုက်စေရန်
Thursday, February 13, 2014

ရင်သားဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ အရာပါ။

မိန်းကလေး တစ်ယောက် ကြည့်ကောင်း တယ်လို့ သတ်မှတ်ခံရတဲ့ အခါမှာလည်း ရင်သား အလှဟာ ပါဝင် ပတ်သက် နေပါတယ်။ ရင်သားလှတဲ့ မိန်းကလေးတွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတတ်ကြပါတယ်။ ဒါကြောင့် မိန်းကလေး တစ်ယောက် အတွက် ရင်သားအလှ မထိခိုက်စေဖို့နဲ့ ရင်သား ကျန်းမာရေး ကောင်းမွန် နေစေဖို့ အတွက် သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

၁) ဖြည့်စွက်ဆေး သောက်ပါ
ရင်သား ကျန်းမာရေးအတွက် လိုအပ်တဲ့ အစားအသောက်တွေကို ပြည့်ဝအောင် စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ မှီဝဲသင့်တဲ့ အစားအသောက် တွေကတော့ ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်း အသား၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အခွံချွတ် မထားတဲ့ ဆန်လုံးညိုလို ကောက်နှံ စာတွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီအာဟာရတွေကို အလုံအလောက် မစားဖြစ်ရင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်ပါတဲ့ ဖြည့်စွက်ဆေးကို မှီဝဲပေး သင့်ပါတယ်။

၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီကို စားပါ
အဆီတွေဟာ ဟော်မုန်း ထုတ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။ အဆီတွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီး လုပ်ငန်းဆောင်တာ များစွာကို ကောင်းမွန်စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို စားပေးတဲ့အခါ သင့်ခန္ဓာကိုယ်က ပိုကြည့် ကောင်းလာပြီး စိတ်ခံစားမှုလည်း ပိုကောင်းလာတာကို တွေ့ရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကတော့ ငါး အဆီ၊ အခွံမာသီး၊ အစေ့ အဆန်၊ သံလွင်ဆီ စတာတွေ ဖြစ်ကြပါတယ်။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါသရီး ဖက်တီးအက်စစ် အားဖြည့်ဆေးကို မှီဝဲပေးပါ။

၃) အပင်ထွက် ဟော်မုန်းကို မှီဝဲပါ
ဖိုင်တိုဟော်မုန်းတွေဟာ အပင်ကနေ ရတဲ့ ဟော်မုန်းတွေဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ ဟော်မုန်း အမျိုးအစား အားလုံးကို ဖန်တီး ထုတ်လုပ်ရာမှာ ကူညီပါတယ်။ ဟော်မုန်း စနစ် ဟန်ချက်ညီတာဟာ ရင်သားတွေကို ကျန်းမာစေပါတယ်။ ဒါကြောင့် ဖိုင်တိုဟော်မုန်း ရအောင် အပင်ထွက် အစားအစာတွေကို စားသုံး ပေးသင့်ပါတယ်။

၎) အသည်း ကျန်းမာအောင် ဂရုစိုက်ပါ
အသည်းရဲ့ လုပ်ငန်းဆောင်တာဟာ ဟော်မုန်းတွေနဲ့ တခြား ဓာတု ပစ္စည်းတွေကို တည်ဆောက် ဖြိုခွဲတာ ဖြစ်ပါတယ်။ အသည်း ကျန်းမာစေဖို့ အတွက် အရက် အလွန်အမင်း မသောက်ပါနဲ့။ မကောင်းတဲ့ ထပ်ပြန်ကြော်ဆီ၊ တိရစ္ဆာန်ထွက် အဆီ စတာတွေကို ရှောင်ပါ။ မှိုတက်နေတဲ့ အစားအစာတွေကို လုံးဝ မစားပါနဲ့။ အသည်း ကောင်းနေမှ ဟော်မုန်းတွေ ဟန်ချက်ညီကာ ရင်သား ကျန်းမာနေမှာ ဖြစ်ပါတယ်။

၅) စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ
စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့က အပြောလွယ်သလောက် လုပ်ရတာ ခက်ခဲပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေတာကြောင့် အာဟာရ ပြည့်ဝအောင် စားတာ၊ တရား ထိုင်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း လုပ်တာ စတဲ့ နည်းလမ်းတွေနဲ့ လျှော့ချ ကြည့်သင့်ပါတယ်။

၆) အပို ကိုယ်အလေးချိန်ကို လျှော့ချပါ
ကိုယ်အလေးချိန် ပိုနေရင် ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိခိုက် စေသလိုပဲ ရင်သားကိုပါ ထိခိုက် စေနိုင်ပါတယ်။ ပုံမှန်ထက် ကိုယ်အလေးချိန် ပိုများတာနဲ့ ကျန်းမာရေး ပြဿနာအကြား ဆက်စပ်မှု ရှိနေတာကြောင့် ကိုယ် အလေးချိန်ကို ပုံမှန် ရှိအောင် ထိန်းသင့်ပါတယ်။

၇) အမျှင်ဓာတ်များသော အစားအစာ စားပါ
အမျှင်ဓာတ် များတဲ့ အစားအစာတွေကို စားတာက အူလှုပ်ရှားမှုကို ကောင်းမွန် စေပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက်တွေနဲ့ အပို အီစထရိုဂျင်တွေကို ဖယ်ရှားပေးနိုင်ရင် ရင်သားကို ကျန်းမာစေ တာကြောင့် အမျှင်ဓာတ်များတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာ စတာတွေကို စားပေးသင့်ပါတယ်။ အသားကို လျှော့စားသင့်ပါတယ်။

၈) ကျန်းမာရေးနှင့် မညီညွတ်သော အရာများနှင့် ထိတွေ့မှု မရှိပါစေနှင့်
ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ကင်ဆာ ဖြစ်စေတဲ့ အရာတွေနဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့ စတာတွေနဲ့ မထိတွေ့မိအောင်၊ မရှုရှိုက်မိအောင် တတ်နိုင်သမျှ ရှောင်ပါ။ ဒီအရာတွေဟာ ခန္ဓာကိုယ် တွင်း ဟော်မုန်း စနစ်ကိုသာ မက ရင်သား ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

မြ၀တီ
ရင်သားဆိုတာ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အလှအပကို ဖော်ဆောင်ပေးတဲ့ အရာပါ။

နားအိုကြီးအနီး ပရန်တိုင်းမှော်ကြားတွင် အစိုးရတပ်များနယ်မြေလုံခြုံရေး လုပ်ဆောင်စဉ် KIA နဲ့တိုက်ပွဲဖြစ်ရာ KIA ဘက်မှ အများအပြားကျဆုံး

Photo: နားအိုကြီးအနီး ပရန်တိုင်းမှော်ကြားတွင် အစိုးရတပ်များနယ်မြေလုံခြုံရေး လုပ်ဆောင်စဉ် KIA နဲ့တိုက်ပွဲဖြစ်ရာ KIA ဘက်မှ အများအပြားကျဆုံး
Thursday, February 13, 2014

ဗန်းမော်ခရိုင် မန်စီမြို့နယ် နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦး ကျဆုံးသည့်အပြင် အများအပြားဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အစိုးရတပ်ဖြစ်သော ရွှေဂူတပ်ခြေမြန်တပ်ရင်း ၆၀၂ သည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် KIA တပ်ရင်း ၁၂ မှ ကြိုတင်စောင့်ပြီးတိုက်ခိုက်ရန် လှုပ်ရှားလာစဉ် နှစ်ဖက်တပ်များ မိနစ် ၃၀ ကျော်ကြာ ထိပ်တိုက် ပစ်ခတ်မှုဖြစ်ပွားကာ KIA မှ ဒုဗိုလ် နှင့် အရာခံဗိုလ် တို့ ၂ ဦး ကျဆုံးခဲ့သည့်အပြင် အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့သည်။ အစိုးရတပ်မှ ကျဆုံးမှုမရှိသော်လည်း ထိခိုက်ဒဏ်ရသူတော့ ရှိတယ်ဟု ကောင်ရွန်ရွာမှ ဒေသခံတစ်ဦးမှပြောသည်။

ယခုနောက်ပိုင်းတွင် အစိုးရတပ်မှာ နယ်မြေလုံခြုံရေးနှင့် တရားမဝင် သစ်မှောင်ခိုများကို စနစ်တကျ ရှင်းလင်းစဉ် KIA နဲ့ တိုက်ပွဲများဖြစ်ပွားကာ KIA ဘက်မှ အများအပြား ကျဆုံးမှုအပေါ် ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်နှိမ့်ကျ မှုများရှိလာသည့် အပြင် လူသစ်စုဆောင်းခြင်းခံရသော KIA စစ်သားများမှာ စစ်တိုက်လိုသော စိတ်မရှိတာကြောင့် ဖြစ်တယ်ဟု KIA တပ်ရင်း ၁၂ အရာရှိက ပြောကြားခဲ့သည်။ 

ယခုချိန် KIA တပ်ရင်း ၃၄ ဒေသတွင် ရင်း ၃၄ နှင့် ပလောင် (TNLA) တပ်ဖွဲ့များ ပူးပေါင်းက အစိုးရတပ်အား တိုက်ခိုက်နေပြီ KIA တပ်ရင်း ၃၄ နဲ့ တပ်ရင်း ၁၂ သည် စစ်အင်အား ပြန်လည်တိုးမြင့်ကာ လှုပ်ရှားနေပြီး KIA တပ်ရင်း ၈ ဒေသနှင့် KIA တပ်မဟာ (၃) နယ်မြေတွင်လည်း အင်းအားများတိုးချဲ့ထားရှိသည်။

ဇော်ဆန်း

ကချင်ပြည်နယ် အမျိုးသား ပြန်လည်ထူထောင်ရေးအဖွဲ့
ဗန်းမော်ခရိုင် မန်စီမြို့နယ် နားအိုကြီး အနီး ပရန်တိုင်းမှော်ကြား ဖေဖ၀ါရီလ ၇ ရက်နေ့တွင် အစိုးရတပ်နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ အရာရှိ ၂ ဦး ကျဆုံးသည့်အပြင် အများအပြားဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ကျွဲတိုက်မိပြီး တိမ်းမှောက်နေသော ပရိုဘောက်ယာဉ်အား ဆူဇူကီးဝက်စ်ဂွန်းယာဉ်မှ ထပ်မံဝင်တိုက်

Photo
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၇/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ ထွန်းထွန်းမင်း(၂၈)နှစ် မောင်းနှင် လာသည့် BB/xxxx ပရိုဘောက်အဖြူရောင်ယာဉ်သည် လမ်းဖြတ်ကူးသော ကျွဲအားရှောင်တိမ်းရာမှ အရှိန် မထိန်းနိုင်ဘဲ ပွတ်တိုက်၍ သစ်ပင်အားတိုက်မိကာ ရပ်တန့်သွားခဲ့သည်။

စုံတွဲအနေနဲ့ ပွဲတက်ဖို့ ဆိုတာ လိုပါသေးတယ် ဝတ်မှုန်ရွှေရည်

Photo: စုံတွဲအနေနဲ့ ပွဲတက်ဖို့ ဆိုတာ လိုပါသေးတယ် ဝတ်မှုန်ရွှေရည်
Thursday, February 13, 2014

စုံတွဲအနေနဲ့ ပွဲတက်ဖို့ ဆိုတာ လိုပါသေးတယ် ဝတ်မှုန်ရွှေရည် ကစ်က နောက်ပိုင်းမှာ ဇာတ် လမ်းပုံစံလေးတွေ ရွေးရိုက်လာတော့ မြန်မာပြည်မှာက ဇာတ်လမ်းပုံစံ အ သစ်အဆန်း ကရှားတယ်။ အဲဒီတော့ ဘယ်လို ရွေးချယ်ဖြစ်လဲ ဆိုတော့ ကစ်ကတော့ ကစ်ရိုက်ခဲ့တဲ့ ဇာတ် လမ်းတွေ၊ ဇာတ်ရုပ်တွေကို ချိန်ရိုက် တာပေါ့။ တစ်ခါ တလေကျရင် အ ကြောင်းကြောင့် စိတ်မပါဘဲ စိတ် ပါလိုက် ရတာတွေ ရှိတတ်တယ်။

မြန်မာဇာတ်ကားကြည့်တဲ့ ပရိသတ် တွေကလည်း အရမ်းအဆန်း အပြား ကြီးကို ကြည့်တာထက် မြင်နေကျ ဇာတ်လမ်းမျိုးတွေကိုပဲ စွဲနေတာ လေ။ အရမ်းကြီးပြောင်းလိုက်လို့ မရ ဘူး။ ဇာတ်လမ်း ကတော့ အရမ်းရှား ပါတယ်။ ဟောလိဝုဒ်တို့၊ ဘောလိ ဝုဒ်တို့လို နှစ်နှစ်၊ သုံးနှစ်နေမှ တစ်ခါ ရိုက်တာ မဟုတ်ဘူးလေ။ တစ်လ ကို သုံးကားရိုက်တယ်။ တစ်နှစ်လုံး ဆို သုံးဆယ့်ခြောက် ကားဖြစ်နေပြီ။ ဇာတ်လမ်း ကလည်း ရှားနေပြီ။ ပြီး တော့ တစ်ယောက်တည်း အတွက် လည်း မဟုတ်ဘူး။ မင်းသား၊ မင်း သမီးတွေအများကြီး အတွက်လေ။

အဲဒီကြား ထဲမှာမှ အကောင်းဆုံး လေးတွေ ရွေးချယ်ရိုက်ကူးရတယ်။ ဖြစ်နေတဲ့ အခြေအနေမှာ အကောင်း ဆုံးဖြစ်အောင် လုပ်ရတာပေါ့။ ဇာတ်ကားတွေ စရိုက်တုန်းကတော့ အခန်းနည်းပြီး ရိုက်ရတာမျိုးတွေ၊ လူမှုရေးအရ ရိုက်ပေး လိုက်ရတာ မျိုးတွေရှိခဲ့ပေမယ့် အဲဒါက ဘဝ အတွက် အကြီး အကျယ်ကြီးဖြစ် သွားတာမျိုးတွေ မရှိခဲ့ဘူး။ ကိုယ့်အ နေနဲ့ နာမည်လည်း မကြီး သေးဘူး လေ။ ဒါပေမဲ့ပြော ရလောက်အောင် တော့ မဟုတ်ပါဘူး။ ကစ်ကတော့ အမြဲကြိုး စားနေတဲ့ သူပါပဲ။ ကစ်က ရောပွဲတွေ တက်လာရင် တစ်ယောက် တည်း ဖြစ်နေတော့ ဘယ်တော့ လောက် စုံတွဲတက် လာတာကိုမြင် ရမလဲဆိုတော့ မေမေဘေး ကပါပါ တယ်။ စုံတွဲတက်ဖို့ ဆိုတာ လိုပါသေး တယ်။ ကစ်အတွက် မလိုသေးပါဘူး။

By 8 Days
စုံတွဲအနေနဲ့ ပွဲတက်ဖို့ ဆိုတာ လိုပါသေးတယ် ဝတ်မှုန်ရွှေရည် ကစ်က နောက်ပိုင်းမှာ ဇာတ်လမ်း ပုံစံလေးတွေ ရွေး ရိုက်လာတော့ မြန်မာပြည်မှာက ဇာတ်လမ်းပုံစံ အ သစ်အဆန်း ကရှားတယ်။ အဲဒီတော့ ဘယ်လို ရွေးချယ်ဖြစ်လဲ ဆိုတော့ ကစ်ကတော့ ကစ်ရိုက်ခဲ့တဲ့ ဇာတ် လမ်းတွေ၊ ဇာတ်ရုပ်တွေကို ချိန်ရိုက် တာပေါ့။ တစ်ခါ တလေကျရင် အ ကြောင်းကြောင့် စိတ်မပါဘဲ စိတ် ပါလိုက် ရတာတွေ ရှိတတ်တယ်။

ဘဏ်တိုက် ဓါးပြတိုက်တဲ့နေ့မှာ ဖွဲ့စည်းထားတဲ့ KIA

Photo: ဘဏ်တိုက် ဓါးပြတိုက်တဲ့နေ့မှာ ဖွဲ့စည်းထားတဲ့ KIA
Thursday, February 13, 2014

ကချင်ပြည်နယ် လဂျားယန်အနီး ဂျာအင်ယန်ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် အစိုးရစစ်တပ်နှင့် သစ်ပုံစောင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ဂျာအင်ယန်ရွာဘက်မှာ သစ်တွေစုပုံထားကြောင်း သတင်းရလို့ ဝင်ရောက် ရှင်းလင်းဖမ်းဆီးရာမှာ သစ်မှောင်ခိုလုပ်နေတဲ့ သစ်အကာကွယ်ပေး KIA တွေက အစိုးရတပ်ကို ပစ်ခတ်တိုက်ခိုက်တာကစပြီး KIA (၂၀) ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း၊ တိုက်ပွဲမှာ KIA ဘက်က အထိနာပြီးတော့ ဆုတ်ခွာသွားကြောင်း၊ စစ်တပ်ဘက်မှ လိုက်လံရှင်းလင်းရာ ကျွန်း၊ တမလန်းသစ်တန်ချိန် ၁၀၀၀ ခန့် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

KIA များအနေဖြင့် မကြာမီ အင်တာနက်စာမျက်နှာတွေမှာ မဟုတ်တမ်းတရားတွေနဲ့ အစိုးရစစ်တပ်တွေက သူတို့ကို စပြီးအလစ်အငိုက်တိုက်တယ်… ရွာတွေကို ဖျက်ဆီးတယ်ဆိုပြီး လျှောက်အော်တော့မှာ သေချာတယ်… KIA တွေက သူတို့ တရုတ်တွေနဲ့ပေါင်းပြီး သစ်မှောင်ခို ခိုးထုတ်နေတယ်ဆိုတာကိုတော့ ဘယ်တော့မှ ထုတ်ဖော်ပြောမှာမဟုတ်ဘူး… ဒီကောင်တွေက လုပ်ရပ်က ဒီအတိုင်းပါပဲဗျာ… ဒါ့ကြောင့်လည်း လာရှိုးဘဏ်တိုက် ဓါးပြတိုက်တဲ့နေ့မှာ ဖွဲ့စည်းတဲ့ ဓါးပြတွေက အမြဲတမ်း သူတို့ကအမှန်… ။ ကိုယ်တိုင်ဆက်ကြေးကောက်တာ တွေ၊ ကိုယ့်နိုင်ငံရဲ့ သယံဇာတတွေကို သူတစ်ပါးနိုင်ငံကိုရောင်းပြီး အကျိုးစီးပွားရှာနေတာတောင် အစိုးရစစ်တပ်က စစ်အင်အားသုံး တိုက်ခိုက်ပြီး တိုက်ပွဲတွေကို တစ်ဖက်သတ်ဖန်တီးတယ်လို့ ခုထက်ထိ အသံကောင်းဟစ်နေတုန်းပါပဲဗျာ….။

ဘာတဲ့….. “သူခိုးက လူပြန်ဟစ်နေတယ်” ဆိုတဲ့ စကားပုံက KIA အတွက် ပြောခဲ့သလား မှတ်ရတယ်…

ဒါနဲ့များ ဓါးပြသူခိုးက ဓါးပြတိုက်တဲ့နေ့ကို တော်လှန်ရေးနေ့တဲ့… ဇောင်းဟရားကလဲ လူလိမ်ပဲ… ကချင်လူငယ်တွေကို လှည့်စားပြီး ဗမာကိုတော်လှန်တဲ့နေ့တဲ့လေ… ကချင်ကတော့ ကချင်ပါပဲ… KIA ဥက္ကဌတောင် အမှန်မပြော ကူလီကူမာကောင်ကြီး ဦးဆောင်နေမှတော့ အားလုံးကလူလိမ်လူကောက်တွေချည်းပဲ…

ဒါ့ကြောင့် ကချင်ကောက်တာ မမြင်ရဘူး… ဆံပင်ကောက်တာ မြင်ရတယ်ပြောတာ… ကချင် ဖြောင့်တာ တံစဉ်ကောက်သလောက်တော့ ကျန်သေးတယ်တဲ့ဗျာ….။

Credit to:စိုင်းနော်စိုင်း
ကချင်ပြည်နယ် လဂျားယန်အနီး ဂျာအင်ယန်ရွာအနောက်ဘက် ၂ မိုင်ခန့်အကွာမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် အစိုးရ စစ်တပ်နှင့် သစ်ပုံစောင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။

ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်

Photo: ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်
Thursday, February 13, 2014

ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။

ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေး အိုးကပ်ချက် စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုး လေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော် ပြုလုပ်၍လည်း စားသုံး ကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ် နိုင်သည်။

လွန်ခဲ့သော သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝပြည့်နှစ် အထိ (၁ဝ)နှစ်ကို'' အရိုးအဆစ် ဆယ်စုနှစ်'' အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO မှ သတ်မှတ် ခဲ့သည်။ ထိုကဲ့သို့သတ်မှတ် ရခြင်းမှာ ကမ္ဘာပေါ်တွင် အရိုးကျိုးသူ၊ အဆစ်ရောင် လေးဘက်နာ ဖြစ်သူများ တိုးပွားများပြားလာခြင်းကြောင့် ဖြစ်သည်။ အရိုးမကျိုးစေရန်အတွက် ကာကွယ်ရန် ဗီတာမင်စီ ရရှိစေ နိုင်သော နေရောင်ခြည် ခံခြင်းနှင့် ကယ်လစီယံဓာတ် ကြွယ်ဝသော နို့နှင့် ငါးများ အရိုးပါ ဝါးစားခြင်းကို ဆရာဝန်များက အကြံပြုလာ ကြသည်။

ယခုအရိုးအဆစ် ဆယ်စုနှစ် လွန်လာသောအခါ ခေါင်းထောင် လာသော ရောဂါမှာ ''အရိုးပွရောဂါ''ဖြစ်သည်။ အရိုးတွင် အနှစ်နည်းပြီးအရိုးပါး လာသော ကြောင့်ဖြစ်သော ရော ဂါ ဖြစ်သည်။ ယောက်ျားများ အသက် (၅ဝ) ကျော်တွင် ဖြစ်လေ့ရှိပြီး မိန်းမများတွင် သွေးဆုံး ပြီးနောက် အရိုးပွ လာသည်ကို ထူးခြားစွာလေ့ လာတွေ့ရှိရသည်ဟု ဆိုသည်။

အရိုးပွ၊ အရိုးပါးရောဂါသည် အာယုဗေဒ ဆေးပညာ အမြင်အားဖြင့် ပထဝီဓာတ် အားယုတ် သော ရောဂါဖြစ်သည်။ ပထဝီဓာတ်သည် အရိုးအဆစ် တို့၏ အမာခံဓာတ် ဖြစ်သည်။ ၎င်းဓာတ် ချို့တဲ့လျှင် ဝါယောဓာတ် ခေါင်းထောင်လာသဖြင့် လေဖြတ်နိုင်သည်။ ငါးလေး အိုးကပ် စားခြင်းသည် လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်ဟု ရှေးက မြန်မာဓာတ်စာ ဆရာကြီး များက ညွှန်ကြားကြသည်။

မြ၀တီ
ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူ လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေ တိုးတက်

Photo: မြန်မာနိုင်ငံ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေ တိုးတက်
Thursday, February 13, 2014

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၁ ရှိရာကနေ ဒီနှစ် အဆင့် ၁၄၅ ဖြစ်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်စာရင်းအရ သိရပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အဆင့် သတ်မှတ်ချက်ညွှန်းကိန်းမှာ ဖေါ်ပြထားတာပါ။

အခုလို စာနယ်ဇင်းလွတ်လပ်ခွင့် အဆင့် ၁၄ ဆင့် တက်လာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက RFA ကို အခုလိုပြောပါတယ်။

“၂ဝ၁၂ မှာ စာပေးစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းပြီးတော့ လွတ်လွတ်လပ်လပ် ရေးသားခွင့်ပေးလိုက်တယ်၊ အဲဒါနံပါတ် ၁ အချက်၊ ၂ အချက်က ၂ဝ၁၃ ဧပြီ၊ မေ လောက်ကစပြီး ပုဂ္ဂလိက သတင်းစာတွေကို ထုတ်ဝေခွင့်ပေးလိုက်တယ်၊ တိုင်းပြည်မှာ ထုတ်ဝေနေတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ၊ လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ အစိုးရကို၎င်း၊ လွှတ်တော်ကိုသော်၎င်း တိုင်းပြည်ရဲ့ နိုင်ငံရေးရာကိစ္စတွေမှာ အဓိကဆောင်ရွက်နေတဲ့ နို်င်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရတယ်”

မြန်မာနိုင်ငံဟာ စာနယ်ဇင်းလွတ်လပ်ခွင့် ၁၄ ဆင့် တက်လာပေမဲ့လည်း ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်ထားတဲ့အချက်တွေ ပါရှိနေကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အစီအရင်ခံစာမှာ ဖေါ်ပြခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ညွှန်းကိန်းတွေအရ ဖင်လန်၊ နယ်သာလန်နဲ့ နော်ဝေးနိုင်ငံတွေက စာနယ်ဇင်းလွတ်လပ်ခွင့် အကောင်းဆုံးနိုင်ငံတွေဖြစ်ပြီး အယ်ရီဒယီးယားစ်နိုင်ငံ၊ မြောက်ကိုရီးယား၊ တာမန်နစ်စတန်(စ်)နဲ့ ဆီရီးယားနိုင်ငံတွေကတော့ စာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေဖြစ်ပါတယ်။

RFA Burmese
မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ အဆင့် ၁၅၁ ရှိရာကနေ ဒီနှစ် အဆင့် ၁၄၅ ဖြစ်လာကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ၂၀၁၄ ခုနှစ်အတွက်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်စာရင်းအရ သိရပါတယ်။

သန်းခေါင်စာရင်းပြဿနာ ICG သတိပေး

မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ မြန်မာတနိုင်ငံလုံးမှာ သန်းခေါင်စာရင်း ကောက် ယူမယ့် အစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေ အတွက် အထူး အရေးပါတဲ့အချိန်မှာ တင်းမာမှုတွေ တိုးလာစေမယ့် အန္တရာယ်ရှိနေတယ်လို့ အပြည်ပြည် ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့ ICG က သတိပေးလိုက်ပါတယ်။