Tuesday, 11 February 2014

လူမျိုးရေးပဋိပက္ခများကို မဟာဗျူဟာကျကျ ဖြေရှင်းရန် ရခိုင်အမျိုးသားထုကို တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများကို ရခိုင်အမျိုးသားများက တိကျသော မဟာဗျူဟာချမှတ် ပြီး အချိန်ယူ ဖြေရှင်းရန် လိုအပ်နေသည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သုံးရက်ကြာကျင်းပခဲ့သည့် ရခိုင် ခေါင်းဆောင်များ၏ ဆွေးနွေးညှိနှိုင်းပွဲအပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ(RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောကြားလိုက်သည်။

အစိုးရနှင့် တိုင်းရင်းသားများ၏ အပစ်ရပ်ရေးမူကြမ်းများ ဖေဖော်ဝါရီတွင် တိုက်ဆိုင်စစ်ဆေးမည်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆာင်ရွက်ရေးအဖွဲ့ NCCT နှင့် အစိုးရတို့ တစ်နိုင်ငံလုံးအတိုင်း အတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးနိုင်ရန်အတွက် နှစ်ဖက်စလုံးက ရေးဆွဲထားသော မူကြမ်းများကို လာမည့်ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရန်ကုန်မြို့၌ တိုက် ဆိုင် ဆွေးနွေးသွားမည်ဟု NCCT အဖွဲ့ခေါင်းဆောင်(၁) ဖဒိုစောကွယ်ထူးဝင်းက ဖေဖော်ဝါရီ ၁၀ တွင် မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဂျာမနီသမ္မတ အလေး ထားစောင့်ကြည့်နေ

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်ဝင်စားစွာ အလေးထား စောင့်ကြည့် နေသည်ဟု ဖေဖော်ဝါရီ ၉ ရက်က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသည့် ဂျာမနီသမ္မတ မစ္စတာ ယိုအာခင်ဂေါက်ခ်က ဖေဖော်ဝါရီလ ၁၀ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

လူဝကြီးများအတွက်ခုံတန်းများ ကမ္ဘာ့ဖလား ဘောလုံးကွင်းများတွင် တပ်ဆင်

Photo
ကိုယ်အလေးချိန် (၂၅)စတုံအထက် လူဝကြီးများ အနေဖြင့် သာမန် ခုံတန်းများပေါ်တွင် ထိုင်ကြည့်ရန် အဆင်မပြေ ဖြစ်လေ့ရှိသည့်နောက် ဆောက်လုပ်ရေး ကုမ္ပဏီများက ယင်းကဲ့သို့ လူဝခုံတန်းများကို တီထွင် တပ်ဆင် ရန် ဆုံးဖြတ်လိုက်ပါတယ်။

ကနေဒါ၊ နယ်သာလန် ရွှေတံဆိပ် အများဆုံးနဲ့ အိုလံပစ်မှာဦးဆောင်

Photo: ကနေဒါ၊ နယ်သာလန် ရွှေတံဆိပ် အများဆုံးနဲ့ အိုလံပစ်မှာဦးဆောင်
Tuesday, February 11, 2014

ရုရှားနိုင်ငံ၊ ဆိုချီမြို့က ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် တတိယနေ့ အဖြစ် တနင်္လာနေ့ ပွဲစဉ်တွေထဲက မီတာ ၅၀၀ အမျိုးသား စကိတ်အမြန်စီး ပြိုင်ပွဲမှာတော့ နယ်သာလန် နိုင်ငံက ရွှေ၊ ငွေ၊ ကြေးဆုတွေ အားလုံး ရရှိသွားပါတယ်။

Michel Mulder က ရွှေတံဆိပ်၊ အမွှာညီအကို Ronald Mulder က ကြေးတံဆိပ်နဲ့ တသင်းတည်း အားကစားသမား Jan Smeekens က ငွေတံဆိပ် အသီးသီး ရရှိခဲ့ကြတာပါ။ တနင်္လာနေ့က နောက်ဆုံး ဆုရရှိမှု စုစုပေါင်းမှာတော့ ကနေဒါက ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခုနဲ့ နယ်သာလန်က ရွှေတံဆိပ် ၃ ခု ငွေ ၂ ခုနဲ့ ကြေး ၂ ခု၊ နော်ဝေကတော့ ရွှေ ၂ ဆု၊ ငွေ ၁ ဆု၊ ကြေး ၄ ခုနဲ့ စုစုပေါင်း ၇ ဆုစီ အသီးသီး ရရှိထားကြပါတယ်။

အမေရိကန်ကတော့ ရွှေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်း ၅ ဆုနဲ့ စတုတ္ထနေရာမှာ ရှိနေတာပါ။

ကနေဒါနိုင်ငံက Charles Hamelin ကတော့ မီတာ ၁,၅၀၀ စကိတ်ပြိုင်ပွဲမှာ ပထမ ရရှိပြီး အိုလံပစ် ရွှေတံဆိပ် တတိယအကြိမ် ဆွတ်ခူးသွားပါတယ်။ Alpine ရေခဲပြင်လျှောစီး အမျိုးသမီး ပြိုင်ပွဲမှာတော့ ဂျာမဏီနိုင်ငံက Maria Hoefl-Riesch က ပထမရခဲ့တာပါ။ ၂ မိနစ် ၃၄.၆၂ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး နောက်မှာတော့ သြစတြီးယားက Nicole Hosp နဲ့ လမ်းတ၀က်မှာ အမှားနဲ့ကြုံခဲ့ရတဲ့ အမေရိကန် အားကစားမယ် Julia Mancuso တို့လည်း အသီးသီး ပန်းဝင်ခဲ့ကြပါတယ်။

တနင်္လာနေ့မှာပဲ နော်ဝေ Ski အားကစားသမား Ole Einar Bjoerndalen ကတော့ ၁၂ ကီလိုမီတာခွဲ biathalon ပြိုင်ပွဲမှာ အနိုင်ရပြီး ဆောင်းရာသီ အိုလံပစ်ပွဲတော်တွေရဲ့ ရွှေတံဆိပ် ၁၃ ဆုရှင်အဖြစ် စံချိန်ချိုးခဲ့တာပါ။ စနေနေ့ တုန်းကလည်း ၁၀ ကီလိုမီတာ Sprint ပြိုင်ပွဲမှာ ပထမရပြီး အသက် ၄၀ အရွယ် နော်ဝေချန်ပီယံဟာ အသက်အကြီးဆုံး ဆောင်းရာသီ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဖြစ်ခဲ့ပါတယ်။

VOA

နယ်သာလန်က ရွှေတံဆိပ်ဆုရှင်၊၊ Michel Mulder of Netherlands (လယ်) အမေရိကန်က Shani Davis of the United States (ဝဲ) နဲ့ တတိယဆုရှင် သြစတြေးလျက Greig တို့ အောင်ပွဲခံစဉ်
နယ်သာလန်က ရွှေတံဆိပ်ဆုရှင်၊၊ Michel Mulder of Netherlands (လယ်) အမေရိကန်က Shani Davis of the United States (ဝဲ) နဲ့ တတိယဆုရှင် သြစတြေးလျက Greig တို့ အောင်ပွဲခံစဉ်
ရုရှားနိုင်ငံ၊ ဆိုချီမြို့က ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် တတိယနေ့ အဖြစ် တနင်္လာနေ့ ပွဲ စဉ်တွေထဲက မီတာ ၅၀၀ အမျိုးသား စကိတ်အမြန်စီး ပြိုင်ပွဲမှာတော့ နယ်သာလန် နိုင်ငံက ရွှေ၊ ငွေ၊ ကြေး ဆုတွေ အားလုံး ရရှိသွားပါတယ်။

ဂျာမဏီသမ္မတနဲ့ဒေါ်စု မြန်မာ့အရေးဆွးနွေး

Photo: ဂျာမဏီသမ္မတနဲ့ဒေါ်စု မြန်မာ့အရေးဆွးနွေး
Tuesday, February 11, 2014

ဂျာမဏီသမ္မတ Joachim Gauck ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီးတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း အဓိကဆွေးနွေးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အေပီသတင်းတပုဒ်ကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဂျာမဏီသမ္မတ Joachim Gauck ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ တနင်္လာနေ့ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဂျာမဏီသမ္မတဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ်နဲ့ တနင်္ဂနွေနေ့က စတင်ရောက်ရှိနေတာဖြစ်ပါတယ်။

တနင်္လာနေ့အစောပိုင်းတုန်းကတော့ ဂျာမဏီသမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးတဲ့နောက် ပူးတွဲပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ အစိုးရတာဝန်ရှိသူတွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီး ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေ တိုးတက်မှုရှိတယ်ဆိုတာကို အသိအမှတ်ပြု လေးစားတယ်ဆိုတာကို ပြသဖို့အတွက် ဖြစ်ပါတယ်ဆိုပြီးတော့ သူက ဂျာမန်ဘာသာနဲ့ ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာတွေအနက် အဓိကဆွေးနွေးဖြစ်တဲ့ကိစ္စကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ သမ္မတတို့ရဲ့အမြင်တွေကို နားထောင်ဖို့တင်မကပါဘူး၊ အတိုက်အခံနဲ့ လူထုအခြေပြု၊ လူမှုအဖွဲ့အစည်းတွေရဲ့အမြင်သဘောထားတွေကို နားထောင်ဖို့ကလည်း အင်မတန်ကို အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖွဲ့စည်းပုံပါ အချက်အလက် အသေးစိတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလည်း အသေးစိတ်ကို အသေအချာ လေးလေးနက်နက် ဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တရားစွဲဆိုမှုတွေ၊ ပြဿနာတွေအမြောက်အများကို အောင်မြင်ကျော်လွှားနိုင်ခဲ့တဲ့ ဂျာမဏီနိုင်ငံရဲ့ခေါင်းဆောင်ကို တွေ့ဆုံခွင့်ရတာဟာ ဝမ်းမြောက်အားတက်စရာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့-

“ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ သိပ်မြန်လွန်းတယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူး။ တကယ်တန်းက နှေးလွန်းရင်သာ အန္တရာယ်ရှိပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ မှန်ကန်တဲ့နည်းလမ်းနဲ့ လမ်းကြောင်းပေါ်မှာ သွားနေသမျှ ကျမတို့အတွက်တော့ သိပ်ကိုစောပြီး မြန်လွန်းတယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူးရှင့်။”

ဂျာမဏီသမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်ကိုလည်းသွားရောက်ခဲ့ပြီးတော့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျာမဏီသမ္မတ Joachim Gauck ဟာ မြန်မာနိုင်ငံကနေ မထွက်ခွာခင် ဒီကနေ့ အင်္ဂါနေ့မှာတော့ ရန်ကုန်တက္ကသိုလ်မှာ သွားရောက် မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

VOA

မြန်မာပြည်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဂျာမဏီသမ္မတ Joachim Gauck (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
မြန်မာပြည်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဂျာမဏီသမ္မတ Joachim Gauck
 (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
ဂျာမဏီသမ္မတ Joachim Gauck ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီးတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျော်လွှားရမှာတွေ များပြားကြောင်း Telenor ပြော

Photo: မြန်မာနိုင်ငံမှာ ကျော်လွှားရမှာတွေ များပြားကြောင်း Telenor ပြော
Tuesday, February 11, 2014

မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းအတွက် လုပ်ကိုင် ခွင့်ရရှိခဲ့တဲ့ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီအနေနဲ့ ရင်ဆိုင်ကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေတယ်လို့ ကုမ္ပဏီ အရာရှိတစ်ဦးက ပြောပါတယ်။

ဒီနှစ် ဇန်န၀ါရီလကုန်ပိုင်းက လုပ်ကိုင်ခွင့်လိုင်စင် တရားဝင်ရရှိခဲ့တဲ့ Telenor ကုမ္ပဏီဟာ လာမယ့် ၈ လအတွင်း 2G နဲ့ 3G တယ်လီဖုန်းဝန်ဆောင်မှု စတင်နိုင်ဖို့ဆောင်ရွက်ရမှာပါ။ ဒါ့ပြင် ငါးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၉၀ ရာနှုန်း တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် နိုင်ငံတလွှားမှာ ဆက်သွယ်ရေးအခြေစိုက် စခန်းပေါင်း ၈ ထောင် တည်ဆောက်ပြီး ဆက်သွယ်ရေးကွန်ရက် ထူထောင်တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအတွက် Telenor က ဒေါ်လာ သန်းငါးရာ သုံးစွဲမှာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် အခြေခံအဆောက် အအုံတွေဖြစ်တဲ့ လမ်း ၊တံတား၊ လျှပ်စစ်ဓါတ်အား စတာတွေ ချို့တဲ့နေတဲ့အတွက်၊ အတော်အားစိုက်ဆောင်ရွက် ရမှာဖြစ်တယ်လို့ Telenor ကုမ္ပဏီ အမှုဆောင်အရာရှိ Petter Furberg က ပြောပါတယ်။

တိုင်းပြည်လူဦးရေ ၂၅ ၇ာနှုန်းသာ လျှပ်စစ်ဓါတ်အား ရရှိတာဖြစ်လို့ Telenor အနေနဲ့ အခြေစိုက်စခန်းတွေမှာ ဒီဇယ်ဆီသုံး မီးစက်တွေ၊ နေရောင်ခြည် စွမ်းအင်သုံး ဓါတ်အားပေးစနစ်တွေကို အရန်ထားအသုံးပြုရမှာဖြစ်ပါတယ်။ ဒါ့ပြင် အခြေစိုက်စခန်းတွေ တည်ဆောက်ရမယ့် နေရာတွေကိုရောက်ရှိဖို့ လမ်းပန်းခရီးကလည်း အချိန်မရွေးသွားလာလို့ မလွယ်ကူကြောင်း၊ အခုလို မိုးရာသီမှာ ပိုဆိုးကြောင်း၊ အပစ်အခတ်တွေ ရှိနေတဲ့ဒေသတွေကို သွားရောက်ဖို့လည်း မလွယ်သေးကြောင်း ကုမ္ပဏီအမှုဆောင် အရာရှိက ပြောပါတယ်။

အလားတူ လာဘ်ပေး လာဘ်ယူကိစ္စနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ပြဿ နာတွေ နဲ့လည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။အဲဒီထဲမှာ အကြီးမား ဆုံးအခက်အခဲက နိုင်ငံတလွှားမှာ ဆက်သွယ်ရေး အခြေစိုက်စခန်းတွေ တည်ဆောက်ခွင့်ရဖို့ စောင့်ဆိုင်းရမယ့်အချိန်ဖြစ်တယ်လို့ Telenor ကုမ္ပဏီ အမှုဆောင်အရာရှိ က ပြောပါတယ်။

RFA
မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းအတွက် လုပ်ကိုင် ခွင့်ရရှိခဲ့တဲ့ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီအနေနဲ့ ရင်ဆိုင်ကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေတယ်လို့ ကုမ္ပဏီ အရာရှိ တစ်ဦးက ပြောပါတယ်။

ပိန်ချင်ရင် သရက်သီးအခွံစားပါ

Photo: ပိန်ချင်ရင် သရက်သီးအခွံစားပါ
Tuesday, February 11, 2014

အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီများ တွေ့ရှိ ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။

သရက်သီး အခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီကလာပ်စည်း ဖြစ်ပေါ်နေသော လုပ်ငန်းစဉ် ဖြစ်သည့် Adipogenesis ကို နှိမ်နင်း ပေးတယ်လို့ ဆိုပါတယ်။

အပူပိုင်း သစ်သီးများ ထဲက တစ်မျိုးဖြစ်တဲ့ သရက်သီး များထဲမှာ အမျိုးမျိုးကွဲ ပြားခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။ သရက်သီးထဲမှာ အပင်ထွက် ဓာတု ပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုး ဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။

သရက်သီး အခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက် ဆိုးကျိုးတစ်ခု ကတော့ အဆီ ကလာပ်စည်းများ ဖြစ်ပေါ် အဆီ ကလာပ်စည်းများက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်း မျိုးဟာ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲခန်း အတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

မြ၀တီ
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီများ တွေ့ရှိ ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။

စိတ်ဖောက်ပြန်သူကိုကြောက်၍ အိမ်ကထွက်ပြေးရာမှ ပြန်လာကြည့်သောအခါ ကြိုးဆွဲချသေဆုံးနေသည့် စိတ်ဖောက်ပြန်သူကိုတွေ့ရှိ

မင်္ဂလာဒုံမြို့နယ်တွင် စိတ်ဖောက်ပြန်ပြီး သောင်းကျန်းနေသည့်သူကို အိမ်တွင်ထားခဲ့ရာမှ ကြိုးဆွဲချသေ ဆုံးသွားသည်ဆိုသည့်အမှုကို မင်္ဂလာဒုံရဲစခန်းက ဖေဖော်ဝါရီ ၄ ရက်တွင် ဓမ္မတာသေဆုံးခဲ့ခြင်း ဟုတ် မဟုတ်ကို အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ခေါင်းဆောင်အဖွဲ့ကို ပစ်ခတ်သူ စုံစမ်း

Photo: ရခိုင်ခေါင်းဆောင်အဖွဲ့ကို ပစ်ခတ်သူ စုံစမ်း
Tuesday, February 11, 2014

ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ ပြီးခဲ့တဲ့ အပတ် က မလေးရှား နိုင်ငံ ခရီးစဉ် အတွင်း ကွာလာ လမ်ပူမှာ ကားနဲ့ သွားလာစဉ်၊ ဆိုင်ကယ် တစီး ပေါ်ကနေ သေနတ် နဲ့ ပစ်ခတ်ခံရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးမလေးရှား ရဲ က လုံခြုံရေး ကင်မရာ စီစီတီဗီ မှတ်တမ်းတွေ အရ သံသယ ရှိသူတွေ ကို ရှာဖွေ နေပါပြီ။

ဒီအမှု ကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ ရဲအရာရှိ ဘားဆွတ် က အမှု ကို စုံစမ်းနေဆဲ ဖြစ်လို့ သံသယ ရှိသူ နှစ်ယောက် နဲ့ ပတ်သက်ပြီး မှတ်ချက်မပြုလို သေးကြောင်း၊ မြန်မာသံရုံး ရဲ့ ပန်ကြားချက်လည်း ရရှိထား ကြောင်း၊ မြန်မာ အစိုးရ ဘက်ကနေ ရဲတပ်ဖွဲ့ချင်း ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလှမ်းလာ ပါက၊ ကြိုဆိုဖို့ ရှိသလို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံရတဲ့ အထဲက ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ မှ ခေါင်းဆောင် ဒေါက်တာအေးမောင် ကလည်း ဒီအမှု ကို ဆက်လက် အရေးယူနိုင်ရေး အတွက် သူ့ပါတီက တာဝန်ရှိသူတွေ က တဆင့် မြန်မာနိုင်ငံ ရဲချုပ် နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူး နေ့မှာတော့ အမှုသွား အမှုလာ နဲ့ ပတ်သက်ပြီး၊ မလေးရှား နိုင်ငံမှာ အထူးသတင်း ထောက်လှမ်းရေး တပ်ဖွဲ့နဲ့ ရာဇဝတ်မှုခင်း ဌာနတို့ ပူးတွဲပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ့် အကြောင်း၊ ဒေါက်တာအေးမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မလေးရှားမှ ရဲတပ်ဖွဲ့ဝင်များ
မလေးရှားမှ ရဲတပ်ဖွဲ့ဝင်များ
ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ ပြီးခဲ့တဲ့ အပတ် က မလေးရှား နိုင်ငံ ခရီးစဉ် အတွင်း ကွာလာ လမ်ပူမှာ ကားနဲ့ သွားလာစဉ်၊ ဆိုင်ကယ် တစီး ပေါ်ကနေ သေနတ် နဲ့ ပစ်ခတ်ခံရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးမလေးရှား ရဲ က လုံခြုံရေး ကင်မရာ စီစီတီဗီ မှတ်တမ်းတွေ အရ သံသယ ရှိသူတွေ ကို ရှာဖွေ နေပါပြီ။

ယူအန်နှင့် အိုင်အန်ဂျီအိုများ ထွက်သွားရန် မောင်တော ဒေသခံများ တောင်းဆို ဆန္ဒပြ

PhotoPhoto
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက မောင်တောမြို့ အခြေစိုက် UN နှင့် INGO များ ဒေသအတွင်းမှ ထွက်ခွာသွားရန် ယနေ့ နေ့လည်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြ သည်။

အိမ်နီးချင်း နိုင်ငံတွေ နည်းတူ မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လစာ သတ်မှတ်မည်

Photo: အိမ်နီးချင်း နိုင်ငံတွေ နည်းတူ မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လစာ သတ်မှတ်မည်
Tuesday, February 11, 2014

အာရှဒေသအတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ အတိုင်း မြန်မာနိုင်ငံမှာလည်း အခြေခံ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသား ကော်မီတီက လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လုပ်ငန်းအမျိုးအစား၊ နေရာဒေသအပေါ် မူတည်ပြီး လုပ်ခ လစာ စံနှုန်းသတ်မှတ်မှုလုပ်ဆောင်ဖို့ ပြင်ဆင်နေကြပြီး မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်တွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

အရပ်သားအစိုးရလက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဆောင်လာသလို ပြည်တွင်း ကုန်ထုတ်စက်မှုလုပ်ငန်းတွေလည်း ပိုတိုးချဲ့လုပ်ဆောင်လာနေတဲ့ အနေအထားမှာ မြန်မာနိုင်ငံတွင်းက အလုပ်သမားတွေအတွက် နိုင်ငံတကာစံနှုန်းနဲ့အညီ အနိမ့်ဆုံး အခြေခံလုပ်ခလစာ သတ်မှတ်နိုင်ရေးက အဓိကလုပ်ဆောင်ရမယ့် အချက်ဖြစ်လာနေတာပါ။ ဒါကြောင့် အနိမ့်ဆုံးအဆင့် အခြေခံ လုပ်အားလစာ တရားဝင်နှုန်းထား သတ်မှတ်နိုင်ရေး အတွက် အစိုးရတာဝန်ရှိသူတွေက အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နဲ့ အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။

အခြေခံလုပ်အားခ နည်းပါးပြီး အလုပ်ချိန်နဲ့လုပ်အား မမျှတလို့ အလုပ်သမားအခွင့်အရေး ဆုံးရှုံး နစ်နာရသူတွေအတွက် အခြေခံလုပ်အားခ လစာသတ်မှတ်တဲ့နေရာမှာ နိုင်ငံတကာ အလုပ်သမား ဥပဒေတွေရဲ့ စံချိန်စံနှုန်းနဲ့ အညီ ရေးဆွဲနိုင်ဖို့အတွက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မီတီက ကြိုးစားနေတယ်လို့ အမျိုးသားအဆင့်အလုပ်သမားကိုယ်စားလှယ် ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“နိုင်ငံတကာရဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေသတ်မှတ်မှုအရတော့ ၂ မျိုးရှိတာကိုး၊ တမျိုးက အလုပ်တွေကို အမျိုးအစားအလိုက် အနှေးယာဉ် လုပ်သားဆို၊ အနှေးယာဉ်လုပ်သား တရက် ဘယ်လောက်ဖြစ်မလဲပေါ့။ သဘောပေါ့-တရာဆို တရက် ဘယ်လောက်ဖြစ်မလဲပေါ့။ ကျောင်းဆရာဆို တစ်ရက်ဘယ်လောက်ဖြစ်မလဲပေါ့။ အလုပ်ရဲ့အမျိုးအစားအလိုက် အနိမ့်ဆုံးအခကြေးငွေတွေ သတ်မှတ်လိုက်တာ။ ဥပမာ အိန္ဒိယလိုနိုင်ငံမျိုးပေါ့။ အဲဒီလို သတ်မှတ်လိုက်တဲ့အတွက်ကြောင့် အနည်းဆုံးအခကြေးငွေဟာ အများကြီးဖြစ်လာတာပေါ့။ ဥပမာ ထောင်ဂဏန်းတွေ ဘာတွေ ဖြစ်လာတာပေါ့။ ဒါက တမျိုးပေါ့။ သူက လုပ်ရတာလည်း နည်းနည်းပိုရှုတ်ထွေးတယ်ပေါ့။ နောက် တစ်မျိုး ကတော့ universal wage floor ခေါ်တာပေါ့။ အားလုံးတပြေးညီပုံစံမျိုးနဲ့ တနိုင်ငံလုံးကိုသတ်မှတ်လိုက်တာပေါ့။ အလုပ်အကိုင်၊ အမျိုးအစား၊ နေရာဒေသမခွဲဘဲနဲ့ လုပ်တာပေါ့။ ဒါပေမယ့် တချို့နေရာတွေကျတော့ ဖွံ့ဖြိုးတဲ့ဒေသနဲ့ မဖွံ့ဖြိုးတဲ့ဒေသဆိုပြီး အဲဒီမှာ စံနှုန်း နှစ်ခုလောက် သတ်မှတ်လိုက်တာပေါ့လေ။ အဲလို လုပ်တာတော့ ရှိတယ်။”

အနိမ့်ဆုံးလုပ်အားခလစာသတ်မှတ်နိုင်ရေး မြန်မာနိုင်ငံတွင်း ပြည်နယ်၊ တိုင်းဒေသအသီးသီးမှာ လုပ်ငန်းခွင်အနေအထား၊ အလုပ်သမား ဦးရေ၊ လက်ရှိရရှိတဲ့ လုပ်အားခ လစာနှုန်းထားတွေကို စာရင်းလိုက်လံ ကောက်ခံယူနိုင်ဖို့ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အတူ အမျိုးသားအဆင့် ကော်မတီအနေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ကနေပြီးတော့မှ ကောက်ထားတဲ့စစ်တမ်းတွေအရကတော့ အလုပ်သမားတွေရဲ့အသံတွေ ကြားတာကတော့ သူတို့က ဒေသအလိုက် လုပ်ခလစာ သတ်မှတ်ရေးကို ပိုပြီး ဦးစားပေးမယ့်သဘောရှိပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့က ဘာမြင်လဲဆိုတော့ အဓိက ကတော့ သတင်းအချက်အလက်စုဆောင်းဖို့က အရေးကြီးပါတယ်။ ဥပမာ ချင်းပြည်နယ်လို ဒေသမျိုးက အလုပ်သမားတစ်ယောက်ဟာ တစ်နေ့ သူ့ရဲ့လူနေထိုင်မှုစရိတ်စကတွေဟာ ဘယ်လောက်ရှိနိုင်မလဲ၊ သူအပါအဝင် သူ့မိသားစု တစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်ဖြစ်ဖြစ်ပေါ့နော်။ အဲဒါကတော့ နောက်ညှိနှိုင်းရမယ့် အနေအထားပေါ့။ အဓိက-ကတော့ ကောက်လို့ရရှိလာမယ့် သတင်းအချက်အလက်တွေပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်။”

မြန်မာနိုင်ငံတွင်း စက်ရုံတချို့မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေမှာလည်း အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုနဲ့ အခြေခံလုပ်အားခလစာ နည်းပါးမှုကြောင့် ဖြစ်တာမို့ အလုပ်ရှင်-အလုပ်သမားကြား တင်းမာမှုတွေ လျော့ပါးအောင် အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့အောင် လုပ်ကိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အခြေခံလုပ်အားခလစာ အမြန်ဆုံးသတ်မှတ်နိုင်ဖို့အရေး အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြတယ်လို့လည်း ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

အခြေခံလုပ်အားခလစာ ဥပဒေပြဌာန်းလာနိုင်တဲ့အခါမှာတော့ လုပ်အားခ လစာ ခေါင်းပုံဖြတ်ခံနေရတဲ့ နစ်နာဆုံးရှုံးမှုနေရတဲ့ အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေ အတွက် မျှော်လင့်ချက်ရှိစရာ ရှိလာနိုင်ပေမဲ့လို့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ အတွက်ကတော့ သမဂ္ဂတွေမှာ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲလို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေကပြောပါတယ်။

မဆုမွန် (VOA)
အာရှဒေသအတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ အတိုင်း မြန်မာနိုင်ငံမှာလည်း အခြေခံ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသား ကော်မီတီက လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လုပ်ငန်းအမျိုးအစား၊ နေရာဒေသအပေါ် မူတည်ပြီး လုပ်ခ လစာ စံနှုန်းသတ်မှတ်မှုလုပ်ဆောင်ဖို့ ပြင်ဆင်နေကြပြီး မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်တွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း စကောက်မယ်

Photo: မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း စကောက်မယ်
Tuesday, February 11, 2014

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ ရက်ပေါင်း ၄၀ကျော် ဘဲ ကျန်ပါတော့တယ်။

တစ်နိုင်ငံလုံးအနှံ့ အကွတ်ပေါင်း တစ်သိန်းကျော် သတ်မှတ်ပြီး လာမဲ့ မတ်လ ၂၉ရက် နေ့ ညသန်းခေါင်ယံ အချိန် က စပြီး ၁၂ ရက် ကြာ ကောက်ခံမှာ ဖြစ်ပါတယ်။

ဒီကောက်ခံမှုကို အစိုးရအနေနဲ့ သတ်မှတ်ထားတဲ့ စနစ်တွေ အတိုင်း ကောက်ခံ သွားမယ်လို့ အစိုးရဖက်က ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံ အနှံ့ တိုင်းနဲ ပြည်နယ် ၁၅ ခု မြို့ နယ် ပေါင်း ၃၃၀ နဲ ကျေးရွာပေါင်း ၆ သောင်း ကျော်မှာ လာမယ့် မတ်လ၂၉ ရက် နေ့ ည သန်းခေါင်ယံအချိန်မှာ စတင် ကောက်ခံမှာ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး နဲ ပြည်သူ့ အင်အား ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ဒီသန်းခေါင်စာရင်းကို ဘယ်လိုကောက်ခံမယ် ဒီကောက်ခံမှုဟာ တိုင်းပြည် အတွက် အရေးပါတယ် အခု သန်ခေါင်း စာရင်း ကောက်ယူတဲ့ ပုံစံဟာ တကမ္ဘာလုံးမှာ သုံးတဲ နည်းပညာသာ ဖြစ်ပြီး စံချိန်စံညွန်း တွေနဲ့ ညီတယ် ဆိုတာကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

တိုင်းရင်းသားတွေဖက် ကတော့ ဒီ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်တာတွေ ရှိနေသလို သီးခြား code နံပါတ် ပေးဖို့ တောင်းဆိုတာတွေအပေါ် အစိုးရဖက်က ညိနှိုင်းဖို့ရှိတယ်လို့ ပြောပေမဲ့ ဒီလို ယူ ဆတာ တွေဟာ လွဲမှား နေတယ်လို့ ဝန်ကြီး ဦး ခင်ရီ က ပြောပါတယ်။

အစိုးရဘက် ကတော့ ဒီလို ကောက်ခံမှုတွေနဲ့ ပတ်သတ်လို့ တိုင်းရင်းသားတွေ ဘက်က နားလည်အောင် ရှင်းပြဖို့ရှိတယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောသွားခဲ့ပါတယ်။

ဒီ သန်းခေါင်စာရင်း ကောက်ယူမှု အတွက်လည်း အစိုးရက နိုင်ငံ အနှံ့မှာ ကောက်ယူမယ့် သင်တန်းသား တစ်သိန်းကျော်ကို သင်တန်းတွေ ပေးဖို့ ပြင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အစိုးရဘက်က ဒီနေ့ ရှင်းတာကို ကြည့်ရင် တိုင်းရင်းသားတွေ ဖက်က တောင်းဆိုတဲ့ ရက်ရွှေ့ဆိုင်းဖို့နဲ ပြင်ဆင်ဖို့တွေ မရှိဘဲ မူလအစီစဉ်အတိုင်း သန်းခေါင်စာရင်း ကောက်ယူ သွားဖို့ ရှိတာ ပေါ်လွင်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ ရက်ပေါင်း ၄၀ကျော် ဘဲ ကျန်ပါတော့တယ်။

နို့ဖိုးဒုက္ခသည်စခန်းတွင် ကျန်းမာရေးဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒပြ

ထိုင်းနိုင်ငံ တာ့ခရိုင် အုန်းဖျန်ခရိုင်ထဲက နို့ဖိုး ကရင်ဒုက္ခသည်စခန်းမှာ ကျန်း မာရေးဝန်ထမ်း ၁၀၀ ကျော် လုပ်ခ လစာ တိုးမြှင့်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။

နားရွက်ကိုက်ဖြတ်ခံရသဖြင့် အမျိုးသမီးတစ်ဦး အမှုဖွင့်


လှိုင်သာယာမြို့နယ်တွင် အမျိုးသမီး၂ ဦး စကားများရန်ဖြစ်စဉ် ဝင်ရောက်ဖြန်ဖြေသည့် အမျိုးသမီး တစ်ဦး နားရွက်ကိုက်ဖြတ်ခံရ သဖြင့် ဖေဖောဝါရီ ၉ ရက်တွင် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံသို့ရောက်ရှိ

လာဘ်စားမှုဖြင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်းက မိသားစုနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ (၁ဝ)ရက် ရက်စွဲဖြင့် ရေးသားဖော်ပြသည်။

ကေအင်ယူ ရဲတပ်ဖွဲ့ သင်တန်းပေး

Photo: ကေအင်ယူ ရဲတပ်ဖွဲ့ သင်တန်းပေး
Tuesday, February 11, 2014

KNU ကရင်အမျိုးသား အစည်းအရုံးက ရဲတပ်ဖွဲ့ကို လော်ခီးလာ စခန်းမှာ ပထမဆုံး အကြိမ် ဖွဲ့စည်း လိုက်ပါတယ်။

လော်ခီးလာ သင်တန်းခန်းမမှာ ပို့ချတဲ့ ကရင် အမျိုးသား ရဲတပ်ဖွဲ့ ပထမဆုံး အကြိမ် သင်တန်းမှာ ကေအင်ယူ ခရိုင် ၇ ခုက သင်တန်းသား ၇ဝ ကျော် တက်ပါတယ်။

၁၉၉၅ က KNU ဌာချုပ် မာနာပလော ကျပြီး အနှစ် ၂ဝ နီးပါး အကြာမှာ အရင် ရှိပြီးသား ကေအင်ယူ ရဲတပ်ဖွဲ့ဝင် ဟောင်း တချို့နဲ့ အသစ်တွေကို ပေါင်းပြီး ရဲလုပ်ငန်း တွေ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရ ရဲတပ်ဖွဲ့ ရှိပေမယ့် ကေအင်ယူ ဒေသမှာလည်း ကရင် ရဲတပ်ဖွဲ့ ရှိဖို့ လိုကြောင်း၊ ထိုင်း - မြန်မာ နယ်စပ်က မူးယစ် ဆေး နဲ့ တခြား မှုခင်း တွေကို ရဲတပ်ဖွဲ့ နှစ်ခု ပူးပေါင်း ဆောင်ရွက် ကြမယ် လို့ ကေအင်ယူ ပြည်ထဲရေး နဲ့သာသနာရေး တာဝန်ခံ ဗဒိုအားတိုးက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး နောက်ပိုင်း ကေအင်ယူ ထိန်းချုပ် နယ်မြေ ပြန်တည်ငြိမ် လာချိန်မှာ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ဖို့ ကေအင်ယူ ခရိုင် ၇ ခုမှာ စုဆောင်း ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၇ဝဝ ကနေ တထောင်ကျော် အထိကို လေ့ကျင့် ပေးသွားမှာပါ။

အမျိုးသမီး တွေနဲ့ ပတ်သက်တဲ့ မှုခင်းတွေ အတွက် ဒီသင်တန်းကို ကရင် အမျိုးသမီး တွေ တက်ရောက်ကြတာ တွေ့ရပါတယ် ။

အခု ၁၀ ရက် သင်တန်းမှာ ဥပဒေ၊တရားရေးနဲ့ ရဲလုပ်ငန်းတွေကို ကေအင်ယူနဲ့ မဟာမိတ် အဖွဲ့တွေက ပညာရှင် တွေက ပို့ချ ပြီးတော့ မှုခင်းပိုင်း ဆိုင်ရာ ကိုတော့ စကော့တလန် ယာဒ် ကနေ လာပြီး ပို့ချပေးမယ်လို့ သိရ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
KNU ကရင်အမျိုးသားအစည်းအရုံးက ရဲတပ်ဖွဲ့ကို လော်ခီးလာစခန်းမှာ ပထမဆုံးအကြိမ် ဖွဲ့စည်းလိုက် ပါတယ်။

နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် KMA ကုမ္ပဏီက ဒဂုံဆိပ်ကမ်းရှိ လယ်မြေများကို အင်အားသုံးခြံခတ် သည့်အပြင် ကုမ္ပဏီအလုပ်သမားများ၏ ကိုယ်ထိလက်ရောက် ကျူးလွန် မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုအပေါ် အမှုဖွင့်မည်

Photo: င်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် KMA ကုမ္ပဏီက ဒဂုံဆိပ်ကမ်းရှိ လယ်မြေများကို အင်အားသုံးခြံခတ် သည့်အပြင် ကုမ္ပဏီအလုပ်သမားများ၏ ကိုယ်ထိလက်ရောက် ကျူးလွန် မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုအပေါ် အမှုဖွင့်မည်
Tuesday, February 11, 2014

နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထား သော အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီအဖွဲ့ဝင်၊ စီဘီဘဏ်ဥက္က| ဦးခင်မောင်အေး ပိုင် KMA Group of Companies (ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီလီမိတက်) မှ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ မြေဧက ၅ဝ ကျော်ရှိ လယ်မြေများတွင် အင်အားသုံး ခြံခတ်သည့်အပြင် ကုမ္ပဏီ အလုပ်သမားများက တောင်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရမှုအပေါ် ကောင်းမြန်မာအောင် ကုမ္ပဏီကို တောင်သူများက အမှုဖွင့် အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း တောင်သူများက The Daily Eleven သတင်းစာသို့ ဖေဖော်ဝါရီ ၁ဝ ရက်က ပြောကြားသည်။

“မနေ့ (ဖေဖော်ဝါရီ ၉ ရက်) က နံနက် ၈ နာရီလောက်မှာ ကောင်းမြန်မာအောင် ကုမ္ပဏီက ခြံစည်းရိုး အဓမ္မ အတင်းခတ်တယ်။ သူတို့ကတော့ ဧက ၅ဝ ကျော် အကုန်ခတ်မှာ။ အခုစဖြစ်တာက ဦးချစ်လှိုင်ရဲ့ ၁၃ ဒသမ ၄ဝ ဧကနေရာမှာ။ အဲဒီမှာ ဦးချစ်လှိုင်က မခတ်ဖို့တားတယ်။ မရဘူး။ အဲဒီမှာ စဖြစ်ကြတာ။ သူတို့လာတော့ ကုမ္ပဏီက ခေါ်လာတဲ့သူက အနည်းဆုံး ၅ဝ အောက်တော့ မဆင်းဘူးပေါ့။ လူတွေကားနှစ်စီးတိုက် ခေါ်လာတာ။ ကျွန်တော်တို့ကို မနေ့က ရိုက်တဲ့သူတွေပေါ့။ ပြီးတော့ ရဲအင်အားက ၅၂ ယောက်၊ နောက်ရောက်လာတဲ့ရဲ မပါသေးဘူး။ ၉၃၊ ၉၄ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေပါတယ်”ဟု ဦးချစ်လှိုင်၏ သမက်ဖြစ်သူ ကိုအေးထွန်းက ပြောကြားသည်။

ယင်းသို့ ကုမ္ပဏီမှ ခေါ်ဆောင်လာသူများက တောင်သူများကို လေးခွဖြင့်ပစ်ခြင်း၊ အုတ်ခဲကျိုးဖြင့် ထုခြင်းတို့ကြောင့်  တောင်သူ ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ဦးချစ်လှိုင် ၏ သမီးဖြစ်သူမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ကြောင့် လက်ရှိတွင် သင်္ဃန်းကျွန်းစံပြ ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ကိုအေးထွန်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ ကောင်းမြန်မာအောင် ကုမ္ပဏီမှ ၎င်းတို့ခေါ်ဆောင်လာသူများက တောင်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ အင်အားသုံးကာ အငြင်းပွား မြေပေါ်တွင် ခြံစည်းရိုးခတ်ခြင်းများအပေါ် တောင်သူများက ကောင်းမြန်မာအောင် ကုမ္ပဏီကို အမှုဖွင့်အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“ဒီလို အငြင်းပွားနေဆဲ မြေပေါ်မှာ သူတို့လက်နက် အပြည့်အစုံနဲ့လာပြီး အင်အားသုံးပြီး ခြံစည်းရိုးခတ်တယ်။ ကျွန်တော်တို့က တားတော့ သူတို့မှာ အသင့်ပါလာတဲ့ လက်နက်တွေနဲ့ ကျွန်တော်တို့ကို ကိုယ်ထိလက်ရောက် ကျူးလွန်လို့ ကျွန်တော်တို့က ကောင်းမြန်မာအောင် ကုမ္ပဏီကို ပုဒ်မတပ်ပြီး ဒဂုံဆိပ်ကမ်း ရဲစခန်းမှာ ဒီနေ့အမှုဖွင့်ဖို့ ပြင်ဆင်နေပါတယ်”ဟု ကိုအေးထွန်းက ပြောကြားသည်။

အဆိုပါ မြေများကို ၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်က သိမ်းယူခဲ့ပြီး ပြေစာကဲ့သို့ အထောက်အထားရှိသည့် မူလတောင်သူများကို သီးစားပြန်လည် ချထားခဲ့ကြောင်း၊ ယင်းနောက် အဆိုပါမြေများကို တောင်သူများအား ဆက်လက်လုပ်ကိုင်စေခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မြေတိုင်း၊ ရပ်ကွက်အမှတ် ၇၄၊ ၇၅၊ မြေကွက်အမှတ် ၁၊၂၊ ၂၂၈/၅၊ ၂၂၈/၇ နှင့် ၂၂၈/၈ တို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီ လီမိတက်သို့ ၂ဝ၁၃ ခုနှစ်၊ မေလ ၂ဝ ရက်နေ့တွင် နှစ် ၆ဝ အငှားစာချုပ်ဖြင့် ချထားပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ နှစ်ပေါင်း ၆ဝ မြေငှားစာချုပ် ကာလအပိုင်းအခြားတွင်  ၂ဝ၂၈ ခုနှစ် မေ  ၁၉ ရက်တွင် ကုန်ဆုံးသည့် ပထမ ၁၅ နှစ် အတွင်း သုံးလပတ်အတွင်း မြေငှားရမ်းခငွေ ကျပ် ၅၄၅၅ဝကျပ် (ငါးသောင်း လေးထောင် ငါးရာလေးဆယ်) ကိုသာ ပေးဆောင်ရမည်ဖြစ်ပြီး ဇန်နဝါရီ၊ ဧပြီ၊ ဇူလိုင်လနှင့် အောက်တိုဘာလများ၏ လဆန်း ၁ ရက်နေ့ များတွင် ကြိုတင်ပေးဆောင် ရမည်ဖြစ်ကြောင်း ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီ လီမိတက်၏ ကုန်သေတ္တာလွင်ပြင် စီမံကိန်းဆိုသော အငြင်းပွားမြေကွက်ပေါ်တွင် စိုက်ထူထားသည့် ဆိုင်းဘုတ်၌ ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် အဆိုပါနှစ် ၆ဝ ကာလအပိုင်း အခြား၏ ဒုတိယ၊ တတိယနှင့် စတုတ္ထ ၁၅ နှစ်စီ အတွက်လည်း အထက်ပါ မြေငှားခအတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း ယင်းဆိုင်းဘုတ်တွင် ဆက်လက် ဖော်ပြထားသည်။

Eleven Media Group

ဖေဖော်ဝါရီ ၉ ရက်က အငြင်းပွားမြေနေရာပေါ်တွင် ကုမ္ပဏီက ခြံလာခတ် မှုကြောင့် အလုပ်သမားများနှင့် တောင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်
ဖေဖော်ဝါရီ ၉ ရက်က အငြင်းပွားမြေနေရာပေါ်တွင် ကုမ္ပဏီက ခြံလာခတ် မှုကြောင့် အလုပ်သမားများနှင့် တောင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်
နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထား သော အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီအဖွဲ့ ဝင်၊ စီဘီဘဏ်ဥက္က| ဦးခင်မောင်အေး ပိုင် KMA Group of Companies (ကောင်းမြန်မာအောင် သင်္ဘော ကုမ္ပဏီလီမိတက်) မှ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ မြေဧက ၅ဝ ကျော်ရှိ လယ်မြေများတွင် အင်အားသုံး ခြံခတ်သည့်အပြင် ကုမ္ပဏီ အလုပ်သမားများက တောင်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန် မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရမှုအပေါ် ကောင်းမြန်မာအောင် ကုမ္ပဏီကို တောင်သူများက အမှုဖွင့် အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း တောင်သူများက The Daily Eleven သတင်းစာသို့ ဖေဖော်ဝါရီ ၁ဝ ရက်က ပြောကြားသည်။

ဂျာမနီသမ္မတနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် အကြွေးများ၏ ထက်ဝက်ကို ဂျာမနီနိုင်ငံက လျှော်ပေး

ဂျာမနီသမ္မတနှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
ဂျာမနီသမ္မတ ဂျိုဝါချက်ဂေါက်ခ်သည် ဖေဖော်ဝါရီ ၁ဝ ရက်က နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် အကြွေး ယူရို ၁ဝ၈၄ သန်းကျော်ထဲမှ ရာခိုင်နှုန်း ၅ဝ ဖြစ်သည့် ယူရို ၅၄၂ သန်းကို ဂျာမနီနိုင်ငံဘက်က လျှော်ပေးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်

Photo: ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန် 
Tuesday, February 11, 2014

ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။ 

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။ 

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။

အောင်ခမ်း (ရိုးရာလေး) 

http://yoyarlay.com/science-tech/mobile/39988-cheap-handset-s-sar
ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။