ဒေသဖွံ့ဖြိုးရေးအတွက်သုံးမည့် ကျပ်သိန်းတစ်ထောင် သုံးစွဲခွင့် ပါရှိသော
ပြည်ထောင်စု လွှတ် တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာ ၁၅ ရက်က ကျင်းပသည့် ပထမ
အကြိမ် ပြည်ထောင်စု လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေး နောက်ဆုံးရက်တွင် အ
တည်ပြုခဲ့ပြီးနောက် တစ်ကြိမ် တစ်ခါမျှ မကြုံတွေ့ခဲ့ ဖူးသည့် ယင်း အခြေအနေ
အတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ သည်။
Saturday, 21 December 2013
ရန်ကုန်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ တပ်ဆင်မည်

လူဦးရေ
ထူထပ်မှုနှင့် မော်တော်ယာဉ် များပြားမှုကြောင့် လေထုအတွင်း ညစ်ညမ်းမှု ပိုမို
များပြားလာသော ရန်ကုန် မြို့တော်တွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်
ကိရိယာများ တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
တရုတ်ကုမ္ပဏီများ တာဝန်ယူမှုနှင့်တာဝန်ခံမှု အားနည်းဟု တရုတ်သံအမတ်ကြီးဝန်ခံ
တရုတ် ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း စီးပွားရေးစီမံကိန်းများ လုပ် ဆောင်ရာတွင် တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းနေပြီး ယင်း အားနည်းချက်များကို ပြုပြင် ရန် တရုတ်အစိုးရမှ ကုမ္ပဏီများ အား တွန်းအားပေးနေကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံ အမတ်ကြီး H.E.Mr Yang Houlan က ပြောသည်။
ပြက္ခဒိန်အတွက် ညှို့ဓာတ်ပြင်းပြင်း ဓာတ်ပုံအရိုက်ခံခဲ့သည့် အီရီနာ

ရုရှား စူပါမော်ဒယ်လ်သည် အသားရောင် အတွင်းခံ အဝတ်အထည်များဖြင့် ညှို့ဓာတ်ပြင်းပြင်း ကိုယ် ဟန်ပြပေး ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ်ခံရမှုများ ရှိနေ
လက်ရှိတွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးသန်းကျော်ရှိပြီး လုပ်အားခ ခေါင်းပုံဖြတ် ခံရမှုများ ရှိနေသော်လည်း သွားရောက် လုပ်ကိုင်သူ များလာကြောင်း သတင်းရရှိသည်။
သမ္မတမဖြစ်ရေးပိတ်ပင်ထားသည့် အခြေခံဥပဒေပါအချက်များ ပြင်ဆင်မပေးပါက လာမည့်ရွေးကောက်ပွဲအား ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ဖွယ်ရှိနေသည် ဆိုခြင်းအပေါ် အနီးကပ်စောင့်ကြည့်နေမည်ဟု အမေရိကန်သံအမတ်ကြီးပြောကြား

၂၀၁၅
တွင် သူမအား သမ္မတမဖြစ်စေ ရေး ပိတ်ဆို့ထားသည့် အခြေ ခံဥပဒေပါ အချက်များအား
မပြင်ပေးပါက ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ရွေးကောက် ပွဲအား
သပိတ်မှောက်ဖွယ်ရှိ ကြောင်း ရိပ်ဖမ်းသံ ဖမ်း ပြောကြား
ခဲ့မှုနှင့်ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုအနေဖြင့် လောလောဆယ်တွင်
မှတ်ချက် မပေးလိုသော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်း များအား
အနီးကပ်စောင့် ကြည့် နေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး
ဒဲရစ် မစ်ချယ်လ် ကပြောသည်။ မကြာသေးမီက ဝေါစထ ရိသတင်းစာပါ ထိုသတင်းနှင့်
ပတ်သက်ပြီး ရန်ကုန်တိုင်းမ်နေ့ စဉ်၏မေးမြန်းချက်ကို အမေ ရိကန်သံအမတ်ကြီးက
ယင်း ကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
KIA က ဖမ်းဆီးထားသူများကို လွတ်ပေးရန် ရှမ်းမျိုးနွယ်စုများ ဆန္ဒဖော်ထုတ်
ကချင်လွတ်လပ်ရေးတပ်မတော် KIA က
ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသားများ အား ပြန်လည်လွှတ်ပေး ရန် ယနေ့
(ဒီဇင်ဘာလာ ၂၀ရက်)တွင် ရှမ်းတိုင်းရင်းသားက ရှမ်းစုမြောက်ရပ်ကွက်ရှိ
ဝန်တိုကျောင်းဝင်း အတွင်း၌ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ နာယက ဦးစိုင်းသာဇုံက မဇ္ဈိမကို ပြောသည်။
“၈ နာရီက ၁၁ နာရီခွဲလောက်ထိ လူက ၂သောင်း ၅ထောင်ဝန်းကျင်လောက်ရှိတယ်၊ ကျွန်တော်တို့ အပြင် ကို မထွက်တော့ဘူး။ ကျွန်တော်တို့ တရားဝင်ခွင့်ပြုချက် မရတာနဲ့ ဥပဒေကို ဆန့်ကျင်ပြီး မလုပ်ချင်ကြ လို့ ဝန်းတိုကျောင်းထဲမှာပဲ လုပ်လိုက်ပါတယ်”ဟု ဦးစိုင်းသာဇုံက ပြောသည်။
“၈ နာရီက ၁၁ နာရီခွဲလောက်ထိ လူက ၂သောင်း ၅ထောင်ဝန်းကျင်လောက်ရှိတယ်၊ ကျွန်တော်တို့ အပြင် ကို မထွက်တော့ဘူး။ ကျွန်တော်တို့ တရားဝင်ခွင့်ပြုချက် မရတာနဲ့ ဥပဒေကို ဆန့်ကျင်ပြီး မလုပ်ချင်ကြ လို့ ဝန်းတိုကျောင်းထဲမှာပဲ လုပ်လိုက်ပါတယ်”ဟု ဦးစိုင်းသာဇုံက ပြောသည်။
မြန်မာ ဒုက္ခသည်တွေ ဘဝ အစပျိုးနိုင်ရေး အမေရိကန် အစိုးရထောက်ပံ့
![]() |
| အမေရိကန်အစိုးရ ဌာနတစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်မှုဌာန (Health and Human Services) |
အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်မှာ ရောက်ရှိလာကြတဲ့ မြန်မာ
တိုင်းရင်းသား ဒုက္ခ သည်တွေ အတွက် အမေရိကန် အစိုးရကနေ ဒေါ်လာ ၆ သိန်း
ပထမဆုံးအကြိမ် ကူညီပံ့ပိုးပေးခဲ့ပါတယ်။
တိုင်းရင်းသား ဒုက္ခသည်တွေရဲ့ ဘ၀ရပ်တည်မှု အစပျိုးနိုင်ဖို့ အဓိက
ကူညီပေးတာဖြစ်ပြီး၊ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ပညာရေးဌာန
BCCE ကနေတဆင့် အခြေခံလိုအပ်ချက်တွေကို ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အပြည့်အစုံကိုတော့ မနန္ဒာချမ်း က ဆက်ပြောပြထားပါတယ်။
ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည်ဖော်မည်
![]() |
| (ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အချို့အား တွေ့ရစဉ်) |
ဂျပန်မှချေးယူရန်
သဘောတူညီမှု ရရှိခဲ့သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး
ရထား လမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည်
ဖော်မည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။
၂၀၁၅ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက သပိတ်မှောက်၊ ရွေးကောက်ပွဲ မ၀င်ဟု အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာ အချို့၌ ဖော်ပြချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်နှင့် လွဲမှားနေပြီး ထိပ်တိုက်တွေ့စရာ ဖြစ်စေနိုင်ကြောင်း NLD ရှင်းလင်း
![]() |
| ဒီဇင်ဘာ ၁၅ ရက်က သာယာဝတီမြို့တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် |
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှော က်၊ ရွေးကောက်ပွဲ မ၀င်ဟု အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာ အချို့တွင် ဖော်ပြချက်များ သည် ဒေါ်အောင်ဆန်း စုကြည် ၏ ပြောကြားချက်နှင့် လွဲမှားနေပြီး ထိပ်တိုက်တွေ့စရာများ ဖြစ်စေနိုင်ကြောင်း NLD ဗဟိုပြန်ကြားရေး ကော်မတီခေါင်းဆောင် မုံရွာအောင်ရှင်က The Daily Eleven သို့ ပြောကြားသည်။
အူရီးဒူး မြန်မာအနေဖြင့် 3G ကွန်ရက် တည်ဆောက်ရာတွင် ရေဒီယိုနှင့် စက်ပစ္စည်းများ အဓိကပံ့ပိုးသူအဖြစ် Nokia Solutions & Networks ကုမ္ပဏီကို ခန့်အပ်
အူရီးဒူး မြန်မာအနေဖြင့် 3G ကွန်ရက်
တည်ဆောက်ရာတွင် အဓိကကျသည့် ရေဒီယိုနှင့် စက်ပစ္စည်းများ အတွက် အဓိက
ပံ့ပိုးသူအဖြစ် Nokia Solutions & Networks ကုမ္ပဏီကို
ခန့်အပ်လိုက်ကြောင်း Ooredoo Myanmar မှ သတင်းရရှိသည်။
နှစ်ပါတီ ပူးပေါင်းရေး ဆွေးနွေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို SNLD ထပ်မံကမ်းလှမ်း
နှစ်ပါတီပူးပေါင်းရေး ဆိုင်ရာများကို ဆွေးနွေးရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ ၁၇ ရက်တွင် ဒုတိယအကြိမ် ကမ်းလှမ်း မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီတာခ တိုးကောက်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သူ ၄ ဦးကို အမိန့်ချမှတ်

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့စတင်ပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ ကြေညာချက်ထွက်လာတာကို ကန့်ကွက်ကြောင်း ဖယောင်းတိုင်ထွန်းပြီး ဦးဆောင် ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့ MDCF က ကိုသိန်းအောင်မြင့် အပါအဝင် ၄ ဦးကို ပုဒ်မ ၁၈ နဲ့ ဒီနေ့ ပန်းပဲတန်းမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်လကျခံဖို့ ဒါမှမဟုတ် ဒဏ်ငွေ ၁ သောင်းပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
ဥရောပ ပရီး မီးယားလိဂ် တစ်ခုတွင် မြန်မာ လူမျိုး ဘောလုံး သမား ချစ်စန်းကျော် ဝင်ရောက် ကစားနေ

ဖင်လန် ပရီးမီးယား လိဂ်အသင်း တစ် သင်းဖြစ် သည့် KUPS လူငယ် အသင်း တွင် မြန်မာ လူမျိုး ဘောလုံး သမား တစ်ဦး ဝင်ရောက်က စားနေပြီ ဖြစ်ကြောင်း သိရသည်။
ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ် ၇၀၀၀ ခန့် မြစ်ကြီးနားမြို့၌ စုဝေးခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် မရဘဲ ရက်ရွှေ့ဆိုင်း
![]() |
| ကေအိုင်အေအား ဆန္ဒပြရန် ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်များ မြစ်ကြီးနား၌ စုဝေးကြစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်) |
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ရုံးတွင် ဆန္ဒ ထုတ်ဖော်ရန် အစိုးရဌာနများသို့ တရားဝင်ခွင့်တောင်းခံခဲ့သော်လည်း ဆန္ဒထုတ်ဖော်ခွင့် ကို ပြည်နယ်ရဲ ဌာန မှ တာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း သိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲလက်မှတ် မှောင်ခိုဈေးနှုန်း ကျပ် ၆၀၀၀၀ အထိ ရောက်ရှိ
ဆီးဂိမ်းစ်ဖွင့်ပွဲ ခမ်းနားမှုအပေါ်
မူတည်၍ ပိတ်ပွဲအခမ်းအနားအား လာရောက်ကြည့်ရှုရန် ပရိသတ်များ စိတ် ၀င်
စားသော်လည်း လက်မှတ်များကုန်သွားသဖြင့် ပြင်ပမှောင်ခို ပေါက်ဈေး ငွေကျပ်
၆၀၀၀၀ ၀န်း ကျင် ဈေးရှိနေကြောင်း သိရသည်။
Subscribe to:
Posts (Atom)



