Thursday, 7 November 2013
တစ်ရက်အတွင်း ကလေးငယ် အဓမ္မကျင့်ခံရ၍ တိုင်တန်းမှု နှစ်ခုထိရှိ
ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၄ ရက် တစ်ရက်တည်းတွင် ကလေးငယ်များ
အဓမ္မပြုကျင့် ခံရသဖြင့် တိုင်တန်းထားမှု နှစ်ခုထိရှိခဲ့သည်ဟု
တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်က ဖြစ်ပွားထားပြီး
ကာယကံရှင်၏ မိသားစုက နိုဝင်ဘာ ၄ ရက်တွင်
အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။
ဂျကာတာ မြန်မာသံရုံး တိုက်ခိုက်ဖို့ကြိုးပမ်းသူ ရုံးတင်စစ်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ မြန်မာသံရုံးကို
တိုက်ခိုက်ဖို့ ကြံစည်ခဲ့သူအဖြစ် စွပ်စွဲခံထားရသူ ၁ ဦးကို သေဒဏ်အထိ
အပြစ်ပေး ခံရနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု အပါအ၀င် တခြားစွပ်စွဲချက်တွေနဲ့ ဒီကနေ့ပဲ ရုံးတင်စစ်ဆေး ခဲ့ပါတယ်။
သိမ်းဆည်းမြေများ တစ်နေ့ နှစ်မှု ဖြေရှင်းမည်ဆိုသော်လည်း လက်တွေ့တွင်မူ နှစ်လလျှင် အမှုငါးခုသာ ဖြေရှင်းနိုင်
သိမ်းဆည်းထားပြီး လယ်ယာမြေများကို ငွေရှင်ကြေးရှင်များက မြေစာရင်းလက်ဦးမှု ယူထားခြင်း များ ရှိနေ
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများအတွက် အစိုးရအဖွဲ့အဆင့်ဆင့်၏ ဖြေရှင်းဆောင် ရွက်မှုမှာ နှစ်လအတွင်း မြေဧက ၂,၀၀၀ နီးပါးသာ ဖြေရှင်းပြီးစီးသည်ဟု ပြည်ထောင်စု လွှတ်တော် သို့ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ပေးပို့သော နိုင်ငံတော်သမ္မတရုံး၏ အစီရင် ခံစာတွင် ဖေါ်ပြ ထားသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများအတွက် အစိုးရအဖွဲ့အဆင့်ဆင့်၏ ဖြေရှင်းဆောင် ရွက်မှုမှာ နှစ်လအတွင်း မြေဧက ၂,၀၀၀ နီးပါးသာ ဖြေရှင်းပြီးစီးသည်ဟု ပြည်ထောင်စု လွှတ်တော် သို့ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ပေးပို့သော နိုင်ငံတော်သမ္မတရုံး၏ အစီရင် ခံစာတွင် ဖေါ်ပြ ထားသည်။
လားရှိုးမြို့ နယ်မြေမှူးကို ပြည်သူ ၉၂ ဦး တိုင်ကြား
လည်ချောင်းတွင် အရိုးဆူးပါလျှင်
(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး
တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍
အကုန်အကျမြန်မည်ဖြစ်သည်။
(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး
တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍
အကုန်အကျမြန်မည်ဖြစ်သည်။
လျှပ်စစ်မီတာခ လျော့ကျစေရေး ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွား
လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့သူ များကို တွေ့ ရစဉ်
လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က
ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၎
နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့တွင်
စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု
အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအ၀င်
ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ကိုဇေယျာလင်း
(ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့်
ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ
ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။
Miss Universe ပြိုင်ပွဲ Miss Photogenic ဆုအတွက် မဲပေးရွေးချယ်မှုစတင်ပြီး Top 8 စာရင်းတွင် မိုးစက်ဝိုင် ပါဝင်
Miss Universe ပြိုင်ပွဲ၏ Miss Photogenic ဆုအတွက် မဲပေးရွေးချယ်မှု
စတင်လျှက်ရှိပြီး Top 8 စာရင်းတွင် မြန်မာအလှမယ် မိုးစက်ဝိုင်
ပါဝင်လျှက်ရှိသည်ဟု သတင်းရရှိသည်။ အဆိုပါ မဲပေးရွေးချယ်မှု၏ Top 8 စာရင်းမှာ
မြန်မာ၊ ပိုလန်၊ အင်ဒိုနီးရှား၊ ဟေတီ၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ အင်္ဂလန်၊
နီကာရာဂွါနိုင်ငံတို့ ဖြစ်သည်ဟု သိရသည်။ ထို့အပြင် Miss Universe
ပြိုင်ပွဲ၏ တရားဝင် မဲပေးရွေးချယ်မှုအတွက်လည်း မိမိ၏ အီးမေးလ်လိပ်စာနှင့်
နိုင်ငံတို့ကို ဖြည့်စွက်ကာ
သမ္မတဦးသိန်းစိန် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော တောင်ငူမြို့သို့ သွားရောက်
သမ္မတဦးသိန်းစိန်သည် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၏ အခြေအနေများ သိရှိနိုင်ရန် တောင်ငူမြို့
(ကေတုမတီမြို့သစ်) သို့ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီတွင် နေပြည်တော်မှ
ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။
မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားစွဲမည် ဟုဆို
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍
သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီး တို့အကြား အငြင်းပွားလျက်ရှိရာ
ပီနန်ဆရာတော်ကြီးက သံဃမဟာ နာယကအဖွဲ့အား တရားဥပဒေကြောင်းအရ တရားစွဲဆို
သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်က မဟာသန္တိသုခကျောင်းတိုက်တွင်
ပြုလုပ်သည့် ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍
စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
Wednesday, 6 November 2013
စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ
တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့
အရှေ့ကို ည ၁၂ နာရီ အကျော်မှာ
အငှားကား တစီးဆိုက် လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့
အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့
ကောင်မလေးတယောက် ခေါ်ချင်တဲ့အကြောင်း ကိုအကြီးကောင် ကို ပြော လိုက်တယ်။
သစ်ခိုးထုတ်မှု ကာကွယ်ရန် ရဲတပ်ရင်းနှစ်ရင်းအား သစ်တောသို့ လွှဲပြောင်းရန် စီစဉ်
သစ်ခိုးထုတ် မှုများကို ကာကွယ် နိုင်ရန်အတွက် ရဲတပ်ရင်းနှစ်ရင်းကို သစ်တော
ဦးစီးဌာနသို့ လွှဲပြောင်းပေးရန် ဖွဲ့စည်းပုံကျလာပြီဖြစ်ကြောင်း
သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြော သည်။ သစ်တော ဦးစီးဌာနမှ တာ
ဝန်ရှိသူတစ်ဦးက ''ပြည်ထဲရေး ဝန်ကြီးဌာနကတော့ တရားဝင် မလွှဲအပ်သေးပါဘူး။
အင်အား စုဖွဲ့ပုံပြင်ဆင်နေဆဲပဲ ရှိပါသေး
တယ်။ အင်အားဘယ်လောက်ပါ မယ်ဆိုတာလဲ မသိသေးပါဘူး။ ဒီလထဲမှာတော့ ရဲဝန် ထမ်း
၁၀၀ ကို သစ်တောနဲ့ပတ်သက်တာတွေ ကို
ရှင်းပြဖို့ သင်တန်းလုပ်ဖို့ရှိပါ တယ်။
သူတို့ကိုတော့ ကာကွယ် ရေးအတွက်ပဲ အသုံးပြုသွားမှာ
နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များနေ၍ ဝန်ကြီးဌာနများ လွှတ်တော် တွင် ဖြေရှင်း ရမည်
ပြည်နယ်နှင့်တိုင်း လွှတ်တော် ဆုံးဖြတ်ချက်များ ဝန်ကြီးချုပ်များ မဆောင်ရွက်ပါက သမ္မတထံ တိုင်နိုင်
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက ဆုံးဖြတ် အတည်ပြု ထားသော
ဥပဒေများ၊ အဆိုများ၊ မေးခွန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး
ဝန်ကြီးချုပ်များက လိုက်နာလုပ်ဆောင်ခြင်း မရှိပါက နိုင်ငံတော်သမ္မတထံ
တိုက်ရိုက် သဝဏ်လွှာပေးပို့ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ လွှတ်တော် ဥက္ကဋ္ဌများထံ
သဝဏ်လွှာ ပေးပို့ ထားကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက
ပြောကြားသည်။
ပုဇွန်တောင်မြို့နယ်မှ သိန်း(၁၀၀၀)ကျော်ခိုးသည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၅
၅.၁၁.၂၀၁၃ရက်နေ့ ၀၄၃၀အချိန် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ ဦးမောင်ကျော် (ဘ)ဦးမောင်မောင်သည် အိပ်ယာမှ ထစဉ် နေအိမ်နောက်ဖေးတံခါး ပွင့်နေပြီး ပစ္စည်းများပြန့်ကျဲနေ သဖြင့် စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းထားရှိသော စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲများပါ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၂၇)မျိုး၊ ငွေကျပ်သိန်း(၁၀၀)နှင့် ဆင်းကဒ်ပါ လက်ကိုင်ဖုန်း (၁)လုံး၊ စုစုပေါင်း(၂၉)မျိုး၊ ကာလတန်ဘိုးငွေကျပ်သိန်း (၁၁၀၀)ခန့်မှာ ပျောက်ဆုံးနေ သည်ကို တွေ့ရှိ၍ ခိုးယူသူအား စုံစမ်းဖေါ်ထုတ် အရေးယူပေးရန်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မ ရဲစခန်း(ပ)၂၄၀/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။
၅.၁၁.၂၀၁၃ရက်နေ့ ၀၄၃၀အချိန် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ ဦးမောင်ကျော် (ဘ)ဦးမောင်မောင်သည် အိပ်ယာမှ ထစဉ် နေအိမ်နောက်ဖေးတံခါး ပွင့်နေပြီး ပစ္စည်းများပြန့်ကျဲနေ သဖြင့် စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းထားရှိသော စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲများပါ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၂၇)မျိုး၊ ငွေကျပ်သိန်း(၁၀၀)နှင့် ဆင်းကဒ်ပါ လက်ကိုင်ဖုန်း (၁)လုံး၊ စုစုပေါင်း(၂၉)မျိုး၊ ကာလတန်ဘိုးငွေကျပ်သိန်း (၁၁၀၀)ခန့်မှာ ပျောက်ဆုံးနေ သည်ကို တွေ့ရှိ၍ ခိုးယူသူအား စုံစမ်းဖေါ်ထုတ် အရေးယူပေးရန်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မ ရဲစခန်း(ပ)၂၄၀/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။
ဘင်္ဂလီအယောက်၇၀ စီးနင်းလိုက်ပါသည့်လှေ တိမ်းမှောက်မှု အမေရိကန်သံရုံး ဝမ်းနည်းကြောင်း ထုတ်ပြန်
၂၀၁၃
ခုနှစ် နိုဝင်ဘာလ ၃ရက်က လူ ၇၀ နီးပါးပါဝင်သည့် လှေတိမ်းမှောက်မှုကို
အမေရိကန်ပြည်ထောင်စုက ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံရုံး က နိုဝင်ဘာ လ ၅ရက်က ထုတ်ပြန်လိုက်သည်။
လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ ဘုံသဘောတူညီချက် ၁၁
ချက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့်
စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူမည်
ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား
ဂျပန်နိုင်ငံမှ ငွေကြေးချေး ယူ ဆောင်ရွက် မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈
သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား
ဂျပန်နိုင်ငံမှ ငွေကြေးချေး ယူ ဆောင်ရွက် မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈
သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။
ဆီးဂိမ်းစ်အတွက် ဘတ်ဂျက်တောင်းခံသည့် ပညာရေး ၀န်ကြီးဌာနနှင့် ပတ်သက်၍ များစွာရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား၊ ဒီမိုကရေစီနှင့် မကိုက်ညီသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝေဖန်
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင်
ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအတွက် မဟုတ်ဘဲ အားကစားအတွက် အသုံးပြုရန်
ထပ်မံတောင်းခံခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့ပြီး
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ထို့အတွက် များစွာရှက်မိသည်ဟု
ပြောကြားသည်။
Subscribe to:
Posts (Atom)





