နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့
Mother Land အကြောင်းလေးများ မသိချင်ကြဘူးလား ။ အိုခေ.သိသလောက်ပြောပြ
မယ်။ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက် ရဲ့ ဒီအမိမြေ Mother
Land အကြောင်း ကတော့ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်အခု
သူတို့အကြောင်းပြောရင် ကုလားလို့ထည့်မရေးဘူး နော်ဟဲ.ဟဲ။ တော်ကြာ လူမျိုးရေး
ပဋိပက္ခ လော်ဘီလို့ခေါင်းစဉ်တပ်ခံရမှာတော့ကြောက်သဗျ။
Wednesday, 30 October 2013
ရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်း ပြတ်တောက်မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အချိန်တစ်နာရီကျော် ဓာတ်အားပြတ်တောက်မှု ဖြစ်ပွား
အောက်တိုဘာ ၂၉ ရက် ညပိုင်းက ရန်ကုန်မြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်စဉ်
အောက်တိုဘာ ၂၉ ရက် ညပိုင်းက တစ်နာရီကျော်ကြာ
ဓာတ်အားပြတ်တောက်ခဲ့ ရခြင်းမှာ ပြည်မြို့နှင့် မှော်ဘီမြို့နယ်ကြားရှိ
ရွှေတောင်-မြောင်းတကာ မဟာဓာတ်အား လိုင်းကြိုး အနည်းငယ် ပြတ်တောက်မှုကြောင့်
ဖြစ်ပြီး နိုင်ငံတစ်ဝန်း တစ်နာရီခွဲကြာ မီးပြတ်မှု ဖြစ်ပွားခဲ့ရကြောင်း
ရန်ကုန်မြို့ လျှပ်စစ်မီးပေးရေးအဖွဲ့မှ ဒုဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး
မောင်မောင်လတ်၏ ပြောကြားချက်အရ သိရသည်။
သီလ၀ါစက်မှုဇုန် ပူးပေါင်း တည်ထောင်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး ကော်ပိုရေးရှင်းသုံးခု သဘောတူညီချက် လက်မှတ်ရေးထိုး
ဂျပန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး ကော်ပိုရေးရှင်းကြီးများထဲမှ
သုံးခုသည် မြန်မာနိုင်ငံ၊ သီလ၀ါ၌ စက်မှုဇုန်တစ်ခုကို နှစ်နှစ်အတွင်း
ထူထောင်နိုင်ရန်အတွက် မြန်မာအစိုးရနှင့် ပူးပေါင်း လုပ်ဆောင် သွားရန်အတွက်
သဘောတူညီလိုက်သည်ဟု Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်
ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ်
လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား
နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ
ပြင်းထန်လျက် ရှိသည်။
Tuesday, 29 October 2013
ရည်းစားနှင့် ချိန်းတွေ့ပြီး ယောက်ျားလေးကို ရွှေလက်ကောက်ခိုးယူဟု စွပ်စွဲ
မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံ ထိပ်ဆုံးမှရပ်တည်
တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံအတွင်းရှိ အကြီးမားဆုံးသော
ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ၄၃ ဒသမ ၇၃၅
ဘီလီယံ၏ ၃၂ ရာခိုင်နှုန်းဖြစ်သော ကန်ဒေါ်လာ ၁၄ ဘီလီယံကျော်
ရင်းနှီးမြှုပ်နှံထားသည် ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသည့် စာရင်းဇယားများတွင် ဖော်ပြထားသည်။
ဆယ်စုနှစ် တစ်ခု အတွင်း အဆိုးရွား ဆုံး မုန်တိုင်း ဗြိတိန် နှင့် ပြင်သစ် နိုင်ငံများ ၌ တိုက်ခတ်
တစ်နာရီ
လျှင် အမြင့်ဆုံး လေတိုက် နှုန်း မိုင် ၉၀ ခန့် ရှိ သည့် ဟာရီကိန်း
လေမုန်တိုင်း သည် အင်္ဂလန် နှင့် ဝေလ ပြည်နယ် တောင်ပိုင်း ၌ အောက်တိုဘာ ၂၈
ရက် တွင် တိုက်ခတ် ခဲ့ရာ သန်းနှင့် ချီသော အလုပ်ဆင်း သူများ နှင့် လေယာဉ်
စီး ခရီး သည် များ ၏ ခရီးစဉ် များ ရပ်ဆိုင်း လိုက်ရ ကြောင်း ယနေ့ ဘီဘီစီ
သတင်း တွင် ဖော်ပြ သည်။ ယင်း မုန်တိုင်း သည် ဆယ် စုနှစ် တစ်ခု အတွင်း
ဗြိတိန် နှင့် ပြင်သစ် နိုင်ငံ တို့ အတွက် အဆိုးရွား ဆုံး မုန်တိုင်း
ဖြစ်သည်။ အင်္ဂလန် တောင် ပိုင်း တွင် အသက် ( ၁၄ ) နှစ် အရွယ် ယောက်ျားလေး
တစ်ဦး လှိုင်းလေ ပြင်းထန် သော ပင်လယ်ပြင် အတွင်း မျော ပါကာ ရေနစ် သေဆုံး
ခဲ့ကြောင်း၊ ၎င်း မမျော ပါမီ နာရီ အနည်းငယ် အလို တွင် ယင်း ဒေသ၌ အင်အား ပြင်း
ထန် သော လေပြင်း မုန်တိုင်း ကျရောက် ခဲ့ကြောင်း ကမ်းခြေ စောင့် တပ်ဖွဲ့ က
ပြောကြား သည်။
အပြစ်ရှိသူတွေကို အရေးယူဖို့ မြန်မာကို ကုလတိုက်တွန်း

မြန်မာနိုင်ငံတွင်း ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်အောင် အမုန်း
တရားတွေ ရေးသားဖြန့် ချိသူတွေ လှုံ့ဆော်သူတွေကို ထိထိရောက်ရောက်
အရေးယူသွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့
မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ မနေ့တုန်းက အတွင်းရေးမှူးချုပ်နဲ့
အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့တို့ တွေ့ဆုံစဉ်မှာ
ပြောဆိုသွားတာပါ။ ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။
မဟာချိုင်ရဲ မြန်မာလုပ်သားများကို ငွေညှစ်၍ ထိုင်းခရိုင်ရဲထံတိုင်ကြား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အများ
ဆုံးနေထိုင်သော မဟာချိုင်မြို့တွင် ထိုင်းရဲများက မြန်မာအလုပ်သမားများထံ
ငွေတောင်းခံမှုများ ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင် ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က စမွတ်စာခွန်ခရိုင် ရဲတပ်ဖွဲ့အား
အမှုဖွင့်တိုင်ကြား ထားကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အများ
ဆုံးနေထိုင်သော မဟာချိုင်မြို့တွင် ထိုင်းရဲများက မြန်မာအလုပ်သမားများထံ
ငွေတောင်းခံမှုများ ပြုလုပ်နေခြင်းကြောင့် ထိုင်းနိုင် ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ (MAT)က စမွတ်စာခွန်ခရိုင် ရဲတပ်ဖွဲ့အား
အမှုဖွင့်တိုင်ကြား ထားကြောင်း သတင်းရရှိသည်။
နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့်
ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင်
ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင်လမ်းမကြီးပေါ်
ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံတား ကို
အောက်တိုဘာလ ကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း
အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။
![နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်
Tuesday, October 29, 2013
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံတားကို အောက်တိုဘာလကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။
"ဘုရင့်နောင် လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတဲ့ အောက်ကဘုရင့်နောင် ခုံးကျော်တံတားကို ဒီလကုန်မှာစပြီး ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ သမိုင်းဘူတာရုံ လမ်းပေါ်က ခုံးကျော်တံတားကတော့ အသုံးပြုခွင့် မရသေးပါဘူး" ဟု ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတားသည် နှစ်ထပ်တံတား စီမံကိန်းဖြစ်ပြီး ဘုရင့်နောင် လမ်းမကြီးပေါ်တွင် တစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်တွင် တစ်စင်း တည်ဆောက်လျက်ရှိကြောင်း၊ ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်က စတင်ခဲ့ပြီး FMI Co.,Ltd မှ ဆောက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၁ ဘီလျံ ရှိနိုင်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများကို လာမည့်ဒီဇင်ဘာ အပြီးတည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။
"ဘုရင့်နောင် ပွဲရုံဝင်းထဲမှာရော၊ လမ်းမကြီးမှာပါ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ ခုံးကျော်တံတား တည်ဆောက်နေတော့ ပိုကျပ်တယ်။ ဒါပေမဲ့ လမ်းမကြီးပေါ်က တံတားက ဒီလကုန် ဖြတ်သန်းခွင့် ရတော့မှာဆိုတော့ လက်ရှိကြုံတွေ့နေတဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့သွားမှာပါ။ ၀င်းထဲမှာလည်း နေ့စဉ်နဲ့အမျှ ယာဉ်ထိန်းတွေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်" ဟုလည်း ဦးခင်ဟန်က ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာစေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားလေ့ရှိသည့် လှည်းတန်းလမ်းဆုံ၌ လှည်းတန်းခုံးကျော်တံတား တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က စတင်အသုံးပြုခွင့် ရခဲ့ကြောင်း၊ လက်ရှိတည်ဆောက်ဆဲ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများမှာ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင် ခုံးကျော်တံတားမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
@[114803668557265:274:Eleven Media Group]
ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းအား အောက်တိုဘာ ပထမပတ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-prn2/s403x403/1381948_658622207511754_2090505858_n.jpg)
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့်
ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင်
ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင်လမ်းမကြီးပေါ်
ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံတား ကို
အောက်တိုဘာလ ကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း
အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။
လျှပ်စစ်ဓါတ်အားခနှုန်းထားများ ပြင်ဆင်ပြောင်းလဲကောက်ခံမည့် ကိစ္စအား အသိပေး
၁။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေး
ရေးအဖွဲ့သည် ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု
ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန် အတွက် ၂ဝ၁၃ ခုနှစ် နိုဝင် ဘာလ
ဓာတ်အားသုံးစွဲမှုအပေါ်မှစတင်၍ အောက်ပါ တစ်ယူနစ်နှုန်းထားများ အတိုင်း
ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်ပါသည်-
ဟံသာဝတီ လေဆိပ်သစ်ကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ တည်ဆောက်ရန် တောင်းဆို
Incheon Airport Consortium ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်နမူနာ ပုံစံအား တွေ့ရစဉ်
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို မြန်မာနိုင်ငံမှ တစ်နှစ်လျှင်
ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည်
၁၀ သန်းဆံ့ အဆောက်အုံသာ တည်ဆောက်ရန် တောင်းဆိုကြောင်း သိရသည်။
စီအိုင်ဒီမှ စစ်ဆေးပြီး ငွေစက္ကူအတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ပြည်သူများလက်သို့ ပြန်လည်ရောက်ရှိ လာခြင်းအပေါ် ဗဟိုဘဏ်က စစ်ဆေးမှုများ ပြုလုပ်နေ
စီအိုင်ဒီ (မှုခင်းစုံစမ်းရေးဌာန) မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု
တံဆိပ်ရိုက်နှိပ် ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများ လှည့်လည်
သုံးစွဲနေသည့် ငွေများအကြား ပြန်လည် ရောက်ရှိလာသည့် အတွက်
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ
သတင်းရရှိသည်။
နိုင်ငံခြားငွေလက်မှတ် FEC များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက်ပေးနိုင် တော့မည် မဟုတ်ကြောင်း ဗဟိုဘဏ် နှိုးဆော်ချက် ထုတ်ပြန်
နိုင်ငံခြားငွေလက်မှတ် Foreign Exchange Certificate(FEC) များအား
သတ်မှတ်ကာလ ကျော် လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက်
ပေးနိုင်တော့မည် မဟုတ်သဖြင့် အချိန်မီ လဲလှယ် ကြရန် မြန်မာနိုင်ငံတော်
ဗဟိုဘဏ်က နှိုးဆော်ချက် ထုတ်ပြန်ထားသည်။
Subscribe to:
Posts (Atom)