Monday, 21 October 2013

မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း

Photo: မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း
Monday, October 21, 2013

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၁၂ ဦးမှာ NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်သို့) ပါတီ ကူးပြောင်းသွားကြောင်း သတင်းရရှိပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့က မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင် ၁၂ ဦးဟာ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး ချမ်းအေးသာစံရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။ 

လက်တလောအားဖြင့် ဒီမိုကရက်တစ်ပါတီမှ အဆိုပါ ပါတီပြောင်းလဲသူ ၁၂ ဦးအား မိမိသဘောအတိုင်း NLD ပါတီမှ နှုတ်ထွက်ခြင်း ဖြစ်သည့် ထောက်ခံချက်များ တောင်းဆိုထားကြောင်း ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးမှ အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်… ပါတီပြောင်းချင်လို့ဆိုပြီး ပြောပါတယ်.. ၁၂ ယောက် ပါ.. နောက်ထပ် ၁၅၀ ထပ်ပြောင်းမယ်လို့လည်း ပြောပါတယ်.. လောလောဆယ်တော့ သူတို့ဆန္ဒအတိုင်း နှုတ်ထွက်တယ် ဆိုတဲ့ ထောက်ခံချက်တွေ တောင်းထားတယ်… ကျွန်တော်တို့ပါတီက တစ်ယောက်ယောက် က တိုက်တွန်းလို့၊ စည်းရုံးလို့ ပြောင်းလာတာ မဟုတ်ဘူး ဆိုတဲ့ သဘောပါ..” လို့ ဆိုပါတယ်။

နောက်ထပ် မန္တလေးတိုင်းဒေသကြီး NLD ပါတီမှ ၁၅၀ ကျော် နှုတ်ထွက်မယ်လို့ သိရသော်လည်း ၎င်းတို့ အားလုံး ဒီမိုကရက်တစ်ပါတီ သို့ ပါတီပြောင်း မပြောင်းဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်ပြီးနောက်ပိုင်း ပါတီဝင် တစ်သိန်း ရရှိရေးအစီအစဉ်ဖြင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပေမယ့် ဗဟိုဦးစီးမှု လွန်ကဲခြင်း၊ မြို့နယ်ပါတီ ကိုယ်စားလှယ်များအပေါ် မကျေနပ်ကြခြင်း များကြောင့် နှုတ်ထွက်သူများ နှင့် ပါတီကူးပြောင်းသူများ တစ်နှစ်အတွင်း အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ နှုတ်ထွက်လာသူ အများစုမှာ ဒေါက်တာသန်းငြိမ်း နှင့် ဦးခင်မောင်ဆွေ ဦးစီးသည့် NDF ပါတီသို့လည်းကောင်း၊ ဦးသိန်းညွန့် ဦးဆောင်သည့် ဒီမိုကရေစီ ပါတီသစ် သို့လည်းကောင်း၊ ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့လည်းကောင်း အသီးသီး ပြောင်းလဲသွားကြကြောင်း သိရပါတယ်။

ကိုစိုးကြီး
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၁၂ ဦးမှာ NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်သို့) ပါတီ ကူးပြောင်းသွားကြောင်း သတင်းရရှိပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့က မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင် ၁၂ ဦးဟာ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး ချမ်းအေးသာစံရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။

အားကစားနှင့် တားမြစ်ဆေးများ

Photo: ရာမူး (ပန်းဝါ) မြို့ရဲ့ နောက်ဆုံးနေ့ ဝါကျွတ်ပွဲ
Monday, October 21, 2013

လွန်ခဲ့တဲ့နှစ် အတွင်းက ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀ နှီးပါးခန့် ဖျက်ဆီးခံခဲ့ရတဲ့ မြန်မာ နယ်စပ် အနီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရာမူး (ပန်းဝါ) မြို့ရဲ့ နောက်ဆုံးနေ့ ဝါကျွတ်ပွဲတော်ကို မနေ့ ညနေပိုင်းမှာ ကျင်းပခဲ့မှာ လူပေါင်း သောင်းနဲ့ ချီပြီး ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။

လူပေါင်း သောင်းနဲ့ချီပြီး ပါဝင်ဆင်နွှဲနေတဲ့ ရာမူး ပန်းဝါမြို့က ဝါကျွတ်ပွဲဟာ အလွန်တရာ စည်ကားလှ ပါတယ်။

မနေ့က ဝါကျွတ်ပွဲရဲ့ နောက်ဆုံးနေ့ ဖြစ်တာကြောင့် ရောင်စုံ ပန်းစက္ကူတွေနဲ့ ဘုရားရှင်ကို သုံးရက်တိုင်တိုင် ရည်မှန်း ပူဇော်ထားတဲ့ ပြသာဒ်တွေ၊ ဆီးမီးဖေါင်တွေကို ရာမူး မြစ်ထဲကို မျောချမယ့် အခမ်းအနားဖြစ်တဲ့ အတွက် သောင်းချီရှီတဲ့ လူအုပ်ကြီးဟာ ရာမူးမြစ်ကမ်းဘေးရပ်ပြီး ပွဲတော်ကို ဆင်နွဲခဲ့ကြပါတယ်။

ကရဝိတ်ငှက်၊ ကြိုးကြာငှက်၊ ဟင်္သာ ပုံသဏ္ဍာန်ပြုလုပ်ထားတဲ့ ရေထဲက ပြသာဒ် ဖေါင်တွေပေါ်မှာ လူငယ်တွေဟာ သီချင်းတွေ သံပြိုင် သီဆိုကာ ကပြီး လိုက်ပါလာကြပါတယ်။

အခု ကျင်းပခဲ့တဲ့ ဝါကျွတ်ပွဲမှာ လူပေါင်း သုံးသောင်း လေးသောင်းခန့် ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ ပန်းဝါ ဒေသခံ ရခိုင်လူမျိုး တစ်ဦး က ပြောပါတယ်။

ဒါ့ပြင် ဒီပွဲတော်ကို ယခင်က ရခိုင်လူမျိုးတွေက ဦးစီးကျင်းပခဲ့ကြပေမယ့် အခုအခါမှာတော့ ရခိုင် လူမျိုးတွေ ဦးဆောင်နိုင်စွမ်း မရှိတော့တဲ့ အတွက် မာရာမာကြီး ခေါ် ဘရဝါ လူမျိုးတွေက ဦးဆောင် ကျင်းပ ခဲ့ကြပါတယ်။

မာရမာကြီး လူမျိုးတွေ ဦးဆောင်ကျင်းပတဲ့ ပွဲဖြစ် ပေမယ့် ရခိုင်၊ ဟိန္ဒိ၊ သက်စတဲ့ လူမျိုးတွေကလည်း ပါဝင်ဆင်နွဲ ခဲ့ကြပါတယ်။

စစ်တပ်၊ ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတွေက လုံခြုံရေး အပြည့် ယူထားတယ်လို့ သိရပါတယ်။

ရာမူး မြို့မှာ ယမန်နှစ်က မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျောင်းပေါင်း (၁၉) ကျောင်းကို အစိုးရက ငွေကြေး ကုဋေနဲ့ချီပြီး အကုန်ကျခံကာ ပြန်လည် တည်ဆောက်ပေးခဲ့ပြီးတဲ့ နောက်မှာ ပထမဆုံး ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဝါကျွတ်ပွဲတော်ကို ခုလို ခြိမ့်ခြိမ့်သည်းသည်း စည်ကား သိုက်မြိုက်စွာ ကျင်းပနေခဲ့တာ ဖြစ်ပါတယ်။

BBC
မြန်မာနိုင်ငံမှာ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ မကြာမီ ကျင်းပပါတော့ မယ်။ မြန်မာ အပါအဝင် အာဆီယံ ၁ဝ နိုင်ငံက အားကစားပွဲများမှာ အားကစားမောင်မယ်တွေဟာ စတင်ပြိုင်ဆိုင် ကြတော့ မှာ ဖြစ်ပါတယ်။

လက်ပံတောင်းတောင် စီမံကိန်းနှင့် သက်ဆိုင်သည့် ESIA စစ်တမ်း၏ နောက်ဆုံးမူကြမ်းအား အစိုးရအဖွဲ့သို့ တင်ပြထားပြီး အမြန်ဆုံး ထုတ်ပြန်ရန်ရှိ

လက်ပံတောင်းတောင် စီမံကိန်းနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင် ထိန်းချုပ်ကွပ်ကဲရေး စီမံချက်နှင့် လူမှုရေး သက်ရောက်မှုဆိုင်ရာ အကဲဖြတ်မှု Environmental and Social Impact Accessment -ESIA စစ်တမ်းအား နိုင်ငံတကာ ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ဆောင်မှု အတိုင်ပင်ခံ ကုမ္ပဏီဖြစ်သည့် သြစတြေး လျနိုင်ငံမှ Knight Piesold ကုမ္ပဏီနှင့် ရေးဆွဲခဲ့ပြီး နောက်ဆုံးမူကြမ်း (Final Draft) အား အစိုးရအဖွဲ့ထံ တင်ပြထားကာ အမြန်ဆုံး ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီမှ သတင်းရရှိ သည်။

အိနိ္ဒယတွင်အဆိပ်အတောက်ပါသည့် အရက်များ သောက်သုံးမိခြင်းကြောင့်လူပေါင်း ၃၂ ဦးသေဆုံး

အိနိ္ဒယနိုင်ငံမြောက်ပိုင်းတွင် အဆိပ်အတောက်ပါသည့် အရက်များကြောင့် လူပေါင်း ၃၂ ဦး သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာလည်း နာမကျန်းဖြစ်ခဲ့ရသည်ဟု ရဲဌာနမှစနေနေ့ တွင် ပြောကြား လိုက်ကြောင်း အောက် တိုဘာ ၂၀ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်သား ရှားပါးနေ


စင်ကာပူနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်မားလာသော်လည်း အလုပ်သမား လုံလောက်မှုမရှိခြင်း ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟုသိရသည်။ဆောက်လုပ်ရေးလုပ်ငန်းများ တိုးတက် လာခဲ့ပြီး အလုပ်သမားမလုံလောက်မှုကြောင့် စင်ကာပူဆောက်လုပ်ရေး လုပ်ငန်းများသည် ကုန်ကျ စရိတ်မြင့်မားခြင်းနှင့် လုပ်ငန်းပြီးဆုံးရန်အတွက် အချိန်ကြာမြင့်စွာယူနေရသည့် အခြေအနေတွင် ဆိုက်ရော က် နေ သည်။

ရာမူး (ပန်းဝါ) မြို့ရဲ့ နောက်ဆုံးနေ့ ဝါကျွတ်ပွဲ


လွန်ခဲ့တဲ့နှစ် အတွင်းက ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀ နှီးပါးခန့် ဖျက်ဆီးခံခဲ့ရတဲ့ မြန်မာ နယ်စပ် အနီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရာမူး (ပန်းဝါ) မြို့ရဲ့ နောက်ဆုံးနေ့ ဝါကျွတ်ပွဲတော်ကို မနေ့ ညနေပိုင်းမှာ ကျင်းပခဲ့မှာ လူပေါင်း သောင်းနဲ့ ချီပြီး ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ သိရပါတယ်။

ဗုံးဖောက်သူများ၏ ရည်ရွယ်ချက်အပေါ် အစိုးရနှင့် KNU တို့ ရှင်းလင်းချက်ကွဲလွဲနေ

အောက်တိုဘာ ဒုတိယပတ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် ဗုံးဖောက်ခွဲမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် သဘောဖြင့် ပြုလုပ်သည်ဟု အစိုးရဘက်က ပြောဆိုထားသော်လည်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ကြီးထွားအောင်လုပ်ဆောင်သည်ဟု KNU (ကရင်အမျိုးသား အစည်းအရုံး)က သုံးသပ် ပြောဆိုလိုက်သည်။

၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၁ (ယနေ့) တွင် ဒေါ်အောင်ဆန်းစုကြည် ဥရောပသမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ ပါဝင်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်

Photo: ၂၀၁၅ ခုနှစ် မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၁ (ယနေ့) တွင် ဒေါ်အောင်ဆန်းစုကြည် ဥရောပသမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ ပါဝင်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်
Monday, October 21, 2013

၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက် (ယနေ့) တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ ပါဝင်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၉ ရက်က ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဘရပ်ဆဲလ်မြို့၌ ဥရောပ ကော်မရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများ မရှိလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ဒီမိုကရက်တစ်နည်းကျ ရွေးကောက်ပွဲ ဖြစ်လာမည် မဟုတ်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင် ရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် ဘာရိုဆိုက မိမိအနေဖြင့် ယမန်နှစ် နိုဝင်ဘာလ အတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် သမိုင်းတွင်မည့် ပြောင်းလဲမှုများကို ဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ အီးယူအနေဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားခဲ့ခြင်း အပါအ၀င် ဆက်ဆံရေးကို သိသာစွာ တိုးမြှင့်ခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များသည် ပြည့်စုံမှု မရှိသေးဘဲ လုပ်ဆောင်ရန် များစွာလိုနေသေးသည်ကို အီးယူအနေဖြင့် ကောင်းစွာ သတိထားမိသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အားပေးထောက်ပံ့မှုများနှင့် ထိုက်တန်နေပါကြောင်း၊ ယင်းသို့ ကူညီမှုများတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်အတူ အီးယူကလည်း အဓိက အခန်းကဏ္ဍမှ ဆက်လက်ပါဝင် သွားမည်ဖြစ်ကြောင်း ဘာရိုဆိုက ပြောကြားသည်။

အီးယူအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ပြန်လည်ရင်ကြားစေ့ရေးကို ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူထုအုံကြွမှုများအပေါ် ကိုင်တွယ်ထိန်းသိမ်းရေးနှင့် ပတ်သက်၍လည်း စွမ်းရည်မြှင့်တင်မှုများကိုလည်း ကူညီလုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၁ ရက်တွင် လူဇင်ဘတ်နိုင်ငံ၌ ဥရောပသမဂ္ဂ ၂၈ နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများနှင့် ကျင်းပမည့် ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သည့်အပြင် အောက်တိုဘာ ၂၂ ရက်တွင် စထရက်ဘွန်မြို့ရှိ ဥရောပ ပါလီမန်၌ ၁၉၉၀ ပြည့်နှစ်က ရရှိထားသော ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေး ဂုဏ်ပြုဆုအား လက်ခံရယူမည် ဖြစ်သည်။

Eleven Media Group

အောက်တိုဘာ ၁၉ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပကော်မရှင် ဥက္ကဋ္ဌ ကြိုဆိုနေစဉ် (Photo:AFP)
၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရမည်ဟု ပြောကြားခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက် (ယနေ့) တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂ နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ ပါဝင်မည့် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဗုံးဖောက်ခွဲသူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့

U-21-10
KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟို အလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒေးဗစ် မိုယေးစ်ကို ကူညီဖို့ အသင့်ရှိနေသည့် ဖာဂူဆန်

မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ အနားယူခဲ့သည့် ဆုံးဖြတ်ချက် အပေါ် ကျေနပ်လျက်ရှိနေပြီး လက်ရှိ မန်ယူနိုက်တက် နည်းပြဖြစ်သူ ဒေးဗစ်မိုယေးစ်အနေနဲ့ အကူအညီ လိုအပ်မည် ဆိုပါက ကူညီဖို့ အသင့်ရှိနေကြောင်း ပြောကြားလိုက်သည်။ ဖာဂူဆန်ဟာ မန်နေဂျာ ရာထူးမှ အနားယူလိုက်သော်လည်း အသင်း၏ သံတမန်အဖြစ်၊ ဒါရိုက်တာ အဖြစ်ဆက်လက် ရှိနေအုံးမည် ဖြစ်သည်။

Sunday, 20 October 2013

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ

Photo: အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ
Sunday, October 20, 2013

ဂျင်း
သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။
လေးညှင်းပွင့်
သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်းစေပါတယ်။

ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်
Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ သူ့မှရတဲ့ဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။
စပျစ်သီး
စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများအနေနဲ့ ကျောရိုးတစ်လျှောက်  ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြ ပါတယ်။
နာနတ်သီး
နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။
ချယ်ရီသီး
ချယ်ရီသီးကတော့ ဦးခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေပါတယ်။
ခရမ်းချဉ်သီး
ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်းစေပါတယ်။

Ref: medic facts
Yoyarlay
ဂျင်း
သူက ကြွက်သားကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ်ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့်ညီမျှသောပမာဏကို ထည့်သွင်း စားသုံး သင့်ပါတယ်။

ဒိုက်ဦးတွင် ဗုံးလန့်

Photo: ဒိုက်ဦးတွင် ဗုံးလန့်
Sunday, October 20, 2013

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း အမှတ် (၁၀) အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အထုပ်ကြောင့် ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

လမ်းဘေးတွင် ငါးမျှားသူတစ်ဦးက ငါးထည့်ထားသောအထုပ်ဖြင့် ယင်း အနက်ရောင်အိတ်ထုပ်ကို မှားယူမိ၍ ဖွင့်ကြည့်ရာမှ အိတ်အထပ်ထပ် ထုပ်ထားသော အထုပ်ဖြစ်ကာ ဝါယာကြိုးနှစ်စ ထွက်နေသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ အကြောင်းကြားခဲ့ကြောင်း စတင်တွေ့ရှိသူ ဦးမောင်ဌေးက ပြောကြားသည်။

အဆိုပါ မသင်္ကာဖွယ်အိတ် တစ်ထုပ်ကို သက်ဆိုင်ရာ နယ်မြေ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ရာ သစ်သားတုံးပေါ် တွင် ပိုးသတ်ဆေးအခွံကို တိပ်ဖြင့် ပတ်ကာ သံမှိုတစ်ချောင်း ရိုက်ပြီး ဖုန်းကြိုးဖြင့် ပတ်၍ ဝါယာကြိုးစ ထုတ်ထားသည့် ပစ္စည်းတစ်ခုသာ ဖြစ်ပြီး ပြည်သူများ စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ယင်းပစ္စည်းကို တာဝန်ရှိသူများက မွန်းလွဲ ၂နာရီတွင် အပြီးသတ် ရှင်းလင်းခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

"ဗုံးလို့ ထင်ရအောင် ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ၊ နောက်တာတော့ မဟုတ်ဘူး" ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အုန်း က ပြောကြားသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း အမှတ် (၁၀) အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အထုပ်ကြောင့် ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား

Photo: ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား
Sunday, October 20, 2013

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

မီးအားအတက်အကျကြောင့် ၀ါယာရှော့ဖြစ်ရာကနေ စတင် မီးလောင်ကျွမ်းတာဖြစ်တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း ဆိုင်အောက်ဘက်မှာ လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်နေစဉ်မှာ ဆိုင်ရဲ့ ထပ်ခိုးခန်းကို မီးကူးစပ်ခဲ့ပြီး အပေါ်ထပ်ကို တက်တဲ့ လှေခါး မီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်ဝန်ထမ်းတဦး လှေကားပေါ်ကနေပြုတ်ကျပြီး ပခုံးအဆစ်ပြုတ်ထွက်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မီးခိုးငွေ့တွေ အဆက်မပြတ် ထွက်နေတာကြောင့်လည်း မီးခိုးမွှန်ပြီး မေ့လဲခဲ့တဲ့ မီးသတ်သမားတွေနဲ့ အရပ်သားအချို့ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

ဆိုင်အတွင်းမှာ တီဗွီ၊ ရေခဲသေတ္တာစတဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အတွက် မီးငြှိမ်းသတ်ဖို့ အခက်အခဲဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက် မနက် ၁ နာရီလောက်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အချိန် ၅ နာရီလောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်ဖို့ မီးသတ်ကား အစီးရေ ၃၀ လောက်ကို အသုံးပြုခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

“မီးက များတာမဟုတ်ပါဘူး။ ထပ်ခိုးပေါ်မှာ ပစ္စည်းတွေအများကြီးထည့်ထားတော့ ရေခဲသေတ္တာတွေ ဘာတွေက လှိုက်ပြီး လောင်နေတာပါ။ လှေခါးကလည်း တက်လို့ မရဘူး ပိတ်နေတယ်။ ဘယ်ကမှ ၀င်လို့မရဘဲ မီးက အထဲမှာ လှိုက်လောင်နေတာပါ။ ရှေ့ကဖောက်၊ နောက်ကဖောက်နဲ့ တော်တော်လုပ်ယူရတယ်။ ဒုက္ခပေးတာက မီးခိုးပါ။

ပန်းဆိုးတန်း မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ် အောက်တိုဘာလ ၁၉ ရက် မနက် ၁ နာရီလောက်မှာလည်း ရွှေဘုံသာလမ်း အောက်ဘလောက် အိမ်အမှတ် ၅၆ မှာလည်း မီးအားမြှင့်စက် ၀ါယာလျှော့ဖြစ်ရာမှ မီးလောင်မှုတခု ထပ်မံဖြစ်ပွားခဲ့ပြီး အဲဒီမီးကိုတော့ မိနစ်ပိုင်းအတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှု ဖြစ်စဉ်တွေကနေ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးကို သက်ဆိုင်ရာက တွက်ချက်နေဆဲ ဖြစ်ပါတယ်။

ကောင်းထက်ကျော်
(ဒီဗွီဘီ)
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး

Photo: ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး
Sunday, October 20, 2013

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမူတွေရဲ့ အဓိကတရားခံကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်တန်းခေါင်းဆောင်တွေဟာ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

KNU နယ်မြေတွေထဲမှာ ဗုံးခွဲသမားတွေရှိနေရင် ဖမ်းဆီးပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ဗုံးခွဲတဲ့သူနဲ့ပတ်သက်လို့ တချို့အထောက်အထားတွေ ကျနော်တို့ပေးပါတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောထားရှိပါတယ်၊ တချို့ရတဲ့အချက်အလက်တွေပေါ်မှာ ကျနော်တို့ဘက်က ကူညီနိုင်တာတွေရှိပါတယ်၊ ဗုံးခွဲတဲ့သူ ကျနော်တို့နယ်မြေထဲမှာ ရှိနေတယ်ဆိုရင် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”

ဗုံးဖောက်ခွဲမူတွေကို ကြိုးကိုင်နေသူလို့ အစိုးရက ကြေညာထားတဲ့ စောနေတိုးဟာ KNU တပ်မဟာ ၅ လက်အောက်ခံတပ်ရင်းရဲ့ ဒုတပ်ရင်းမှူး အဆင့်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် KNU နဲ့ အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ် ထိခိုက်သွားမှာမဟုတ်ဘူးဆိုတာ နှစ်ဘက်လုံးကလက်ခံကြတယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ လုံးဝထိခိုက်မှုမဖြစ်ဘူးဆိုတာကို နှစ်ဦးနှစ်ဖက်လက်ခံပြီးတော့ ယုံကြည်ချက်အပြည့်အဝဖွင့်ပြပါတယ်၊ ရှုပ်ထွေးနေတဲ့ကာလကြီးမှာ နိုင်ငံတော်အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေးခရီးစဉ်ဟာ ပိုမိုခိုင်မာတယ်ဆိုတာကို လက်တွေ့ဖော်ပြတာပဲဖြစ်ပါတယ်”

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စု အစိုးရဘက်က သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ပြီး၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကာကွယ်ရေးဌာနက ဗိုလ်မှူးကြီး စောရောဂျာခင်၊ ဗိုလ်မှူးကြီး တူးတူးလေးနဲ့ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး KNU ကရင်အမျိုးသား အစည်းအရုံး က တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲ ခေါ်ယူကျင်းပမယ်လို့ သိရပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမူတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်တန်းခေါင်းဆောင်တွေဟာ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

Photo: WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ 

Sunday, October 20, 2013

တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း (၂၄)နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက်၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ အောက်တို ဘာ ၁၈ ရက် နံနက်ပိုင်းက ဝင်ရောက်ရှာဖွေ စစ်ဆေးရာ နန်းအွေ့ ဝတ်ဆင်ထားသည့် ညအိပ်ဝတ် ဘောင်းဘီရှည် အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၃ ပြား၊ လက်ဆွဲအိတ် အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၅ ပြား စုစုပေါင်း ၁၅၈ ပြား ဒေသတန်ဖိုး ၃၁၆ဝဝဝ ကျပ်နှင့် အိုက်စ် (သုည ဒသမ ဝဝ၂) ကီလိုဂရမ် ဒေသတန်ဖိုး ၄ဝဝဝဝ ကျပ်အား သိမ်းဆည်း ရမိသည်။

Yangon Police
တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း (၂၄)နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက်၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်း

ကျိုက်ထီးရိုး ဘုရားဖူး ရာသီအဖွင့်တွင် ဘုရားဖူးလာသူများဖြင့် စည်ကား

မြန်မာနိုင်ငံ မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ဗုံးတွေ့ရှိမှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ် ပွားေ နသော် လည်း ယခုနှစ် ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဘုရားဖူးသူများမှာ ပုံမှန်နှစ်စဉ်အတိုင်း စည်ကားနေကြောင်း သတင်းရရှိသည်။

သီတင်းကျွတ် လပြည့်နေ့မှစ၍ ရွှေတိဂုံ စေတီတော်၌ CID၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မည်

အောက်တိုဘာ ၁၉ ရက်တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့မှ စတင်၍ ရွှေတိဂုံစေတီတော်၌ လုံခြုံရေးဆောင်ရွက်မှုကို CID ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

Friday, 18 October 2013

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ အဓိက တရားခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းထုတ်ပြန်

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် စစ်ကိုင်းမြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက် ၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံ များဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၏ အောက်တိုဘာ ၁၇ ရက် ညပိုင်း သတင်းများ တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အလုပ်မှထုတ်ပယ်

8.1.1
ဖာမိုဆို အထည်ချုပ်စက်ရုံ တည်ရှိရာ မင်္ဂလာဒုံ စက်မှုဇုန် ၀င်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)  
အလုပ်သမား ခေါင်းဆောင် သုံးဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့် ပြန်လည် အလုပ်ခန့်ရန် အတွက် လုပ်ငန်းခွင် မ၀င်ဘဲ တောင်းဆို ဆန္ဒပြနေသည့် ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်)စက်ရုံ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အောက်တိုဘာ ၁၇ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။

ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ပြည်သူလူထုအား ထိခိုက်နာကျင် ထိတ်လန့်စေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) သတင်းထုတ်ပြန်

ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် ယခုရက်ပိုင်းအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခဲ့ခြင်း မရှိသော်လည်း ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဗုံးဖောက်ကွဲမှုများ အနက် ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် စောမြင့်လွင်က ၎င်းသည် KNU အဖွဲ့နှင့် ဆက်စပ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး နေတိုးဆိုသူမှာလည်း KNU တပ်ဖွဲ့၌ ဗိုလ်အဆင့် တာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြား ထားပြီး ထိုသူများသည် KNU တပ်မဟာ (၅) နှင့် ဆက်စပ်နေကြောင်း သတင်း ထွက်ပေါ် ခဲ့သည်။