Monday, 9 September 2013

တရုတ်ပိုက်လိုင်းကြောင့် နစ်နာမှုဖြေရှင်းပေးဖို့ ကျောက်ဖြူဒေသ ၂၈ ရွာ သမ္မတဆီ စာရေးတောင်းဆို

Photo: တရုတ်ပိုက်လိုင်းကြောင့် နစ်နာမှုဖြေရှင်းပေးဖို့ ကျောက်ဖြူဒေသ ၂၈ ရွာ သမ္မတဆီ စာရေးတောင်းဆို
Monday, September 9, 2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို
တင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာ
မှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသခံတွေရဲ့ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးဖို့
ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတဆီကို ဒီနေ့ စာပေးပို့လိုက်
ပါတယ်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ အခက်
ခဲတွေနဲ့ ပတ်သက်ပြီး သမ္မတဆီကို လက်မှတ်ရေးထိုး စာရေးသားပေး
ပို့ရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဒေသခံ ဦးချမ်းမောင်နုက RFA ကို အခုလိုပြောပါတယ်။

“အခုဒေသခံတွေသဘောကတော့ မိုးရာသီဆိုတော့ ဒီပိုက်လိုင်းမှာ
ဘေးထွက်ဆိုးကျိုးတွေ တော်တော်များတယ်ခင်ဗျ၊ ဘာဖြစ်လို့လဲ
ဆိုတော့ မြေထိုးစက်တွေသွားနေတဲ့အခါ စပါးတွေကပုံမှန်အတိုင်း စိုက်လို့မရဘူးပေါ့၊ အဲလိုမျိုးတွေ ပြဿနာဖြစ်နေတယ်၊ ကျနော်တို့လိုချင်တာကတော့ ပိုက်လိုင်းကို ဒီလိုမျိုးမဖြစ်အောင် လုပ်စေချင်တယ်ခင်ဗျ”

နိုင်ငံတော်သမ္မတဆီကို ပေးပို့လိုက်တဲ့ အဲဒီတောင်းဆိုတဲ့စာထဲမှာ ပိုက်လိုင်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေကို တိကျတဲ့အာမခံချက်တွေနဲ့ ဆောင်ရွက်ပေးဖို့၊ ကျေးလက်စာသင်ကျောင်းတွေအပါအဝင် ဆေးပေးခန်းတွေနဲ့ သောက်သုံးရေကန်တွေ ဖြည့်ဆည်းပေးဖို့၊ ကျေးရွာချင်းဆက်လမ်းတွေ ကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့၊ ဘိုးဘွားဘီဘင်အဆက်ဆက် မှီခိုလုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေတွေကို မည်သူတစ်ဦးတစ်ယောက်မျှ ကျူးကျော်သိမ်းပိုက်ခြင်းမပြုလုပ်ဖို့နဲ့ ပုဒ်မ-၁၈နဲ့ အမှုရင်ဆိုင်နေရတဲ့ မဒေးကျွန်းဆန္ဒပြရာမှာ ပါဝင်တဲ့ ခေါင်းဆောင် ၁ဝ ဦးကို အမှုကျေအေးပေးဖို့စတဲ့ အချက်တွေအပါအဝင် အချက် ၈ ချက်ပါဝင်ကြောင်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတအနေနဲ့ ဒေသခံတွေတောင်းဆိုတဲ့အချက်တွေကို ရက်ပေါင်း ၂ဝ အတွင်း တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိပါက ဒေသခံတွေ အနေနဲ့ ထပ်မံဆန္ဒပြတောင်းဆိုမယ်လို့လည်း သမ္မတဆီကို ပေးပို့တဲ့ စာထဲမှာ ထည့်သွင်းရေးသားထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့နဲ့ ဒေသခံတွေရဲ့ရပိုင်ခွင့်တွေကို ဆောင်ရွက်ပေးဖို့ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၈ ရွာက ဒေသခံတွေ စုပေါင်း လက်မှတ်ရေး ထိုးပြီး နိုင်ငံတော်သမ္မတဆီကို ဒီနေ့ စာပေးပို့လိုက်ပါတယ်။

ကျိုင်းလပ်မြို့နယ်ခွဲတွင် လက်နက်၊ မူးယစ်ရောင်းချသူများကို ဖမ်းမိ

Photo: ကျိုင်းလပ်မြို့နယ်ခွဲတွင် လက်နက်၊ မူးယစ်ရောင်းချသူများကို ဖမ်းမိ
Monday, September 9, 2013

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့
နယ်ခွဲ ကျခမ်းကျောက် ကျေးရွာအုပ်စု၊ ကျခမ်းဆောင် ကျေးရွာရှိ နေအိမ်
တွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၄နာရီ ၄၅ မိနစ်ခန့်က လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းချသူ အကျိုးဆောင်များကို ဖမ်းမိကြောင်း တာချီလိတ်
ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

ဦးအိုက်ဆေး (ခ) အားဆေ၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာ ၎င်းကိုမတွေ့ဘဲ ၎င်း၏ဇနီး ဒေါ်လိုဒေါနှင့် သမက်ဖြစ်သူ ဦးအိုက်မားတို့ထံမှ လောင်ချာကျည် (ခေါ် ) ၄၀ မမ ဗုံးသီး ၂၆၅ လုံး၊ အေကေ ၄၇ ကျည် ၁၀၀၀ တောင့်၊ ကဖင်း ၃၀ ကီလို၊ ကျည်အိမ် ခြောက်ခုနှင့် စိတ်ကြွဆေးပြား အကြေ ၁၅ ဂရမ်၊ ဘိန်းစိမ်း ၈၀ဂရမ်၊ ကိုးလုံးကျည် ၁၂ တောင့်တို့ကို ဖမ်းမိခဲ့ကြောင်း ခရိုင်မူးယစ် (အထူး) အဖွဲ့၏ စာရင်းများအရ သိရှိရသည်။

“မြေကြီးထဲမှာ လောင်ချာတွေကို ဆာလာအိတ် သုံးအိတ်နဲ့ မြှုပ်ထားတာ၊ အိပ်ခန်းထဲမှာရှိတဲ့ အဝတ်ထဲမှာ ပါကင်တွေနဲ့ ကျည်တွေနဲ့ သိမ်းထားတာ” ဟု မျက်မြင်တွေ့ရှိသူ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

တာချီလိတ်မြို့သည် နယ်စပ်နှင့် နီးစပ်သဖြင့် လာအိုနှင့် ထိုင်းနိုင်ငံတို့
ဘက်နှင့် နယ်မြေတွင်း လက်နက်ကိုင်အဖွဲ့များ၊ အခြားဝယ်လက်များကို လက်နက်နှင့် မူးယစ်ဆေးဝါး အရောင်းအဝယ်များရှိ ကြောင်း၊ နယ်မြေတွင်း ယခုနောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှုများကို ယခင်ထက် အရှိန်မြှင့် ဖမ်းဆီးလာကာ မကြာခဏ ဖမ်းမိခဲ့ကြောင်း တာချီလိတ်ခရိုင် မူးယစ်
( အထူး) အဖွဲ့မှ ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“တာချီလိတ်ခရိုင်ရဲ့ အချို့နေရာတွေမှာဆိုရင် လက်နက်ကိုင်တွေကို အကာအကွယ်ယူပြီး လုပ်နေတာတွေ တစ်ပုံကြီး။ အမှုတွေကိုလည်း အပြီးသတ် ဖော်ထုတ်စေချင်တယ်” ဟု တာချီလိတ်မြို့နယ် အသက် ၄၀ ကျော်ရှိ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းနှင့် အတူဖမ်းမိသော ကိုအိုက်မားကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ခ)/၂၂(ခ) အရလည်းကောင်း၊ ဒေါ်လိုဒေါကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) /၂၂(ခ) /၂၁ ဖြင့် အမှုဖွင့်ထားကြောင်း ကျိုင်းလပ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နယ်ခွဲ ကျခမ်းကျောက် ကျေးရွာ အုပ်စု၊ ကျခမ်းဆောင် ကျေးရွာရှိ နေအိမ်တွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၄နာရီ ၄၅ မိနစ်ခန့်က လက်နက်နှင့် မူးယစ်ဆေးဝါး ရောင်းချသူ အကျိုးဆောင်များကို ဖမ်းမိကြောင်း တာချီလိတ်ခရိုင် မူးယစ် ( အထူး) အဖွဲ့မှ ရဲအုပ်မြင့်လွင်က ပြောကြားသည်။

ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုမည်

Photo: ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုမည်
Monday, September 9, 2013

ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီး
ပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံ မည်ဆိုပါက အစိုးရ ထိန်းချုပ်မှု ကင်းသော ရင်းနှီးမြုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး အကြံပေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

စက်တင်ဘာ ၈ ရက်နေ့ ရန်ကုန်မြို့ အင်း လျားလိတ်ဟိုတယ်တွင် ကျင်းပ သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ
ဆွေးနွေး ပွဲ တွင် ဒေါက်တာမောင်မောင်သိမ်းက ထိုသို့ ပြောဆိုခြင်းဖြစ်
သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်တွင် အကောင်အထည် ဖော်လျက်
ရှိသည့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် စောင့်ကြည့် လေ့လာရေး
အဖွဲ့တခု ဖွဲ့စည်းမည်ဖြစ်ပြီး စီမံကိန်း ရင်းနှီးမြုပ်နှံမှုများ တွင် အစိုးရ၏ ထိန်းချုပ်မှု ပါဝင်မည် မဟုတ်ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

“စီးပွားရေးဇုန် ၃ ခုလုပ် နေတဲ့ နေရာမှာ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ထားဝယ်စီးပွားရေးဇုန်က အစိုးရတွေ ပါတယ်။ ကျောက်ဖြူမှာ အစိုးရပိုင်း မပါဘူး။ နိုင်ငံတကာ ကျင့်သုံးမှုနဲ့ အညီ တင်ဒါစနစ်နဲ့ပဲ သုံးမယ်။ ဒီတော့ Consortium လို ပူးပေါင်း အဖွဲ့ တခုကို အရင်ဖွဲ့မယ်။ အဲဒီအတွက် တင်ဒါခေါ်မယ်။ ပြီးရင် နိုင်ငံတကာကနေ ရင်းနှီးမြုပ်နှံမှု တင်ဒါ ခေါ်မယ်” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူ စီမံကိန်း စောင့်ကြည့် လေ့လာရေး ပူးပေါင်းအဖွဲ့ ဖွဲ့စည်းရေး
အတွက် နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း
များ၊ ကျောက်ဖြူ လူမှု အဖွဲ့အစည်းများ၊ ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း အများပိုင် ကုမ္ပဏီ၊ ကျောက်ဖြူ ခရိုင် ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း အများပိုင် ကုမ္ပဏီများ အပါအ၀င် လူမှုစီးပွား အဖွဲ့အစည်းများ အားလုံးကို ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူ စီမံကိန်း စောင့်ကြည့် လေ့လာရေးအဖွဲ့ ဖွဲ့စည်းမှုကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်ထုတ်ပြန် ကြေညာမည် ဖြစ်ပြီး ဒီဇင်ဘာ တွင် ရင်းနှီးမြှုပ်နှံသူများအတွက် စည်းမျဉ်းများ ရေးဆွဲမည်ဖြစ်ကြောင်း၊ ယင်းနောက်ရင်းနှီး မြှုပ်နှံမှု များကို ဖိတ်ခေါ်ပြီး တင်ဒါအောင် သည့် ရင်းနှီးမြှုပ်နှံသူများကို ၂၀၁၄ ခုနှစ် တွင် ထုတ်ပြန်ကြေညာ မည် ဖြစ် ကြောင်း ၊ ကျောက်ဖြူ ရေနက် စီမံကိန်း အထူးစီးပွားရေးဇုန် ၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ စစ်ဆေးမှုများကို ၂၀၁၃ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်မည်ဟု သိရှိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖော်ဆောင်ရေး အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း ၁၀ ခု ခန့် တည်ဆောက်နိုင်ပြီး လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရန်လည်း လုံခြုံရေး အစီအစဉ်များ ပါရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။

“လုံခြုံရေးပိုင်း စိတ်ပူတယ် ဆိုတာက ပြဿနာက အမြဲတမ်း ဖြစ်နေမှာ
မဟုတ်ဘူး။ ဒေသခံတွေကလည်း သူတို့ တိုးတက်မှု ပိုင်း အတွက် အကုန် လုံး ထိန်းကြမှာပဲ။ ဘာပြဿနာမှ ကြီးကြီး မားမား ဖြစ်စရာ မရှိပါဘူး”ဟု ဦးမြင့်သိန်း က ပြောသည်။

ကျောက်ဖြူ စီးပွားရေးဇုန် စီမံကိန်းအတွက် စစ်တော၊ ဆီမောကျေးရွာ ၂ ခု ပြောင်းရွှေ့ရမည်ဖြစ်ပြီး ဒေသခံများ ပြန်လည် နေရာချထားရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းမှ ဦးအောင်ကျော်သန်းက “ပြောင်းရွှေ့မှုက သက်ဆိုင်ရာက ဆောင်ရွက်နေတယ်။ စီမံကိန်းမှာ လယ်မြေတွေ မပါ ရအောင်လုပ်ထားတယ်။ ပြောင်းရွှေ့ရမယ့် လူဦးရေကိုလည်း အနည်း ဆုံး ပြောင်းရအောင် လုပ်နေတယ်။ စောင့်ကြည့် လေ့လာရေး
အဖွဲ့ မှာ ရခိုင်ဒေသ ခံတွေ ထည့်သွင်းဖွဲ့ဖို့လည်း လုပ်ထား တယ်။ ပြည်သူတွေ အတွက် အမှန်ကန်ဆုံး လုပ်ပေးဖို့ ဆောင်ရွက်နေတယ်”ဟု ဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ကျောက်ဖြူမြို့၏ အရှေ့ခြမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းကြောင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်းမြို့များ ဖွံ့ဖြိုးတိုးတက်လာမည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဧရာဝတီ
ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တွင် ရင်းနှီးမြှုပ်နှံ မည်ဆိုပါက အစိုးရ ထိန်းချုပ်မှု ကင်းသော ရင်းနှီးမြုပ်နှံမှု ပုံစံသစ်ဖြင့် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး အကြံပေး အဖွဲ့ ဒုတိယဥက္ကဋ္ဌ ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

အမျိုးသား ၉၁၉ယောက်နဲ့ တရက်အတွင်း အိပ်ပြီး စံချိန်သစ်တင်တဲ့ အမေရိကန်အမျိုးသမီး

Photo: အမျိုးသား ၉၁၉ယောက်နဲ့ တရက်အတွင်း အိပ်ပြီး စံချိန်သစ်တင်တဲ့ အမေရိကန်အမျိုးသမီး
Monday, September 9, 2013

အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ်တင်လိုက်ပါတယ်။

(နာမည်က မြန်မာစကားလုံးနဲ့ဆိုရင်တော့ နာမည်နဲ့လူနဲ့လိုက်ပါတယ်နော်။ လီဆာစပတ်ခ်) ဒီပြိုင်ပွဲမှာ သူနဲ့တခြားအမျိုးသမီးနှစ်ဦး ယှဉ်ပြိုင်ကြတာပါ။ အဲဒီနှစ်ယောက်ထဲက တယောက်က ယခင်က အမျိုးသား ၇၅၉ ယောက်နဲ့ အိပ်ပြီး စံချိန်တင်ထားသူ အမျိုးသမီးပါ။

ဒိုင်လူကြီးတွေအပြင် ကင်မရာမန်းခြောက်ယောက်ကလည်း ဒီပြိုင်ပွဲကိုသေသေချာချာ မှတ်တမ်းတင်ခဲ့ကြပါတယ်။

အောက်က ဒီအံ့သြအမျိုးသမီးရဲ့ ဓာတ်ပုံကို ကြည့်ရင်း သြဘာပေး
လိုက်ကြပါဦး။

Lisa Sparks is a stage name of an American pornographic film actress. Sparks is a world record holder for having had sex with the most partners in one day.

Born: October 6, 1977 (age 35), Bowling Green, Kentucky, United States
Nationality: American
Height: 5' 8" (1.73 m)
Spouse: Jeff Sparxxx (m. 1995)
Education: University of Kentucky

မြဝတီ
အမေရိကန်အမျိုးသမီး Lisa Sparks ဟာ အမျိုးသား ၉၁၉ ယောက်နဲ့ တရက်အတွင်းမှာအိပ်ပြီး စံချိန်သစ် တင်လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး

Photo: အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး
Monday, September 9, 2013

အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး ခဲ့ပါသည်။ ပြည်နယ်အစိုးရ အနေဖြင့် စစ်သားရာပေါင်းများစွာ တပ်ဖြန့် ချထားပြီး တည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်းသိရပါသည်။ တိုက်ခိုက်မှုများသည် လျင်မြန်စွာ ပျံနှံ့သွားကြောင်း၊ စစ်သားများသည် တစ်အိမ်တက်ဆင်း လက်နက်များအား ရှာဖွေလျက် ရှိကြောင်း၊တိုက်ခိုက် မှုများဟာ သေချာပြင်ဆင်ပြီး တိုက်ခိုက်မှုများ ဖြစ်ကြောင်း သိရပါသည်။ အူတရာ ပရာဒက် ပြည်နယ်တွင် လူဦးရေ သန်း ၂၀၀ ခန့် နေထိုင်ကြောင်းသိရပါသည်။

Source : Aljazzea
http://www.aljazeera.com/news/asia/2013/09/201398152539561718.html
အိန္ဒိယနိုင်ငံ၊ အူတရာ ပရာဒက် ပြည်နယ်တွင် ဟိန္ဒူ နှင့် မွတ်ဆလင် အဓိကရုဏ်း ဖြစ်ပွားရာ ၂၂ ဦးသေဆုံး ခဲ့ပါသည်။

ဆီးရီးယားသမ္မတက ဓာတုလက်နက်သုံးစွဲမှုငြင်းဆို၊အမေရိကန်တို့ တိုက်ခိုက်ရေးကိုဖိအားပေး

Photo: ဆီးရီးယားသမ္မတက ဓာတုလက်နက်သုံးစွဲမှုငြင်းဆို၊အမေရိကန်တို့ တိုက်ခိုက်ရေးကိုဖိအားပေး
Monday, September 9, 2013

ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာ ဆတ်က ဆီးရီးယားပြည်သူ များအား ဓာတုလက်နက်သုံးတိုက်ခိုက်ခဲ့မှု၏ နောက်ကွယ်တွင်၎င်းရှိ
မနေကြောင်း ပြောကြားပြီး အိမ်ဖြူတော်က ဆီးရီးယားအစိုးရအား အပြစ်ပေးသည့် အနေနှင့် စစ်ဆင်ရေးတစ်ခုလုပ် မည်ကို ထောက်ခံရန် အစိုးရအဖွဲ့အား သိမ်းသွင်းခြင်းကို ယခုတပတ်အတွင်း ဖိအားပေးရမည်ဖြစ်သည်။

အိုဘားမားအစိုးရသည် အမေရိကန်အထက်လွှတ်တော်တွင် ဆီးရီးယားနိုင်ငံ ကို စစ်ဆင်ရေး တရားဝင် ခွင့်ပြုနိုင်ရန် လာမည့်ဗုဒ္ဓဟူးနေ့၌ မဲပေးရွေးချယ်မှု တစ်ခု ရင်ဆိုင်ရမည်ဖြစ်သည်။ သမ္မတအာဆတ်က ၎င်းတို့အစိုးရအဖွဲ့ သည် တိုက်ခိုက်မှုတွင်ပါဝင် ခဲ့ကြောင်း စွဲချက်ကိုငြင်းဆိုပြီး အကယ်၍ သက်သေ ရှိပါက ပြသ သင့်ကြောင်း ပြောကြားသည်။“ကျွန်တော်တို့ပြည်သူတွေအပေါ်ဓာတု လက်နက်သုံးတိုက်ခိုက်ခဲ့တယ်ဆိုတာ သက်သေမရှိပါဘူး” ဟု သမ္မတက တနင်္ဂနွေနေ့က ဒမတ်စကတ်စ်တွင် အမေရိကန်မှ စီဘီအက်စ်သတင်းဌာနနှင့် ပြုလုပ်သော အင်တာဗျူးတွင် ပြောကြားသည်။

အာဆတ်က အကယ်၍ အမေရိကန်တို့ စစ်ဆင်ရေး လုပ်ပါက ဆီးရီးယား သည်လည်းမဟာမိတ်များနှင့်အတူ ပြန်လည်တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းသတင်းဌာနသို့ ပြောကြားသည်။ဆီးရီးယား မဟာမိတ်များတွင် တရုတ်နှင့်ရုရှားတို့အပါအဝင် အီရန်နှင့် လက်ဘနွန်မှ ဟက်ဇဘိုလာ လှုပ်ရှားမှု အဖွဲ့ ပါဝင်သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ဥရောပတွင် ဥရောပသမဂ္ဂနှင့် အာရပ်နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံကာ ဆီးရီးယား အစိုးရအား စစ်ဆင်ရေး ဆောင် ရွက်ရန် စည်းရုံးနေဆဲ ဖြစ်သည်။

လွှတ်တော် အမတ်များသည် ယနေ့မှ စတင်ကာ သမ္မတ အိုဘားမား၏ “ကန့်သတ်မှုဖြင့်” တိုက်ခိုက်မှု ပြုလုပ်မည့် အစီအစဉ်ကို ဆွေးနွေးရန်စုရုံး ကြမည်ဖြစ်သည်။အမေရိကန်သမ္မတသည် ဆီးရီးယားကို ဝင်ရောက်တိုက် ခိုက်ရေးနှင့်ပတ်သက်၍ ပြည်သူများအား အင်္ဂါနေ့တွင် မိန့်ခွန်း ပြောကြား သွားမည်ဖြစ်ပြီး ၎င်းက အစိုးရအဖွဲ့၏ ထောက်ခံမှုကိုရရှိရန်မှာ အလွန်ခက်ခဲမှုတစ်ခု ဖြစ်နိုင်ကြောင်း အသိအမှတ်ပြု ပြောကြားသည်။
အမေရိကန်သည် လွန်ခဲ့သည့် သြဂုတ်လအတွင်း လူပေါင်း ၁၅၀၀ နီးပါးသေဆုံးခဲ့သည့် တိုက်ခိုက်မှု တစ်ခုတွင် ဆီးရီးယား အစိုးရ ဓာတုလက်နက် သုံးစွဲကြောင်း စွဲချက်ဖြင့် တိုက်ခိုက်ရန် ပြင် ဆင်နေခြင်း ဖြစ်သည်။

Ref:BBC/Reuters
The Myanma Age
ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်က ဆီးရီးယားပြည်သူများအား ဓာတုလက်နက် သုံးတိုက်ခိုက်ခဲ့မှု ၏ နောက်ကွယ်တွင် ၎င်းရှိမနေကြောင်း ပြောကြားပြီး အိမ်ဖြူတော်က ဆီးရီးယားအစိုးရအား အပြစ်ပေးသည့် အနေနှင့် စစ်ဆင်ရေးတစ်ခုလုပ် မည်ကို ထောက်ခံရန် အစိုးရအဖွဲ့အား သိမ်းသွင်းခြင်းကို ယခုတပတ်အတွင်း ဖိအားပေးရမည်ဖြစ်သည်။

(၇၄)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

Photo: (၇၄)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားသို့
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
 Monday, September 9, 2013

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် စက်တင်ဘာလ(၉)ရက်နေ့လည်(၁း၀၀)နာရီက ကျင်းပသော (၇၄)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနား သို့အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်နာယက ဦးတင်ဦးတို့ တက်ရောက် ဂါရ၀ပြု ခဲ့ကြောင်း NLD မှ သိရသည်။

Popular Myanmar News Journal
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် စက်တင်ဘာလ(၉)ရက်နေ့လည်(၁း၀၀)နာရီက

၂ဝဝ၈ အခြေခံဥပဒေကြောင့် အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောကြား

Photo: ၂ဝဝ၈ အခြေခံဥပဒေကြောင့် အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သူရ ဦးရွှေမန်း ပြောကြား
Monday, September 9, 2013

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကနေ နောင်တက်လာမယ့်အစိုးရကို အာဏာ လွှဲပြောင်းပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ထားဝယ်မြို့တော်ခန်းမမှာ ကျင်းပတဲ့ ဒေသခံလွှတ်တော်အမတ်တွေ၊ မြို့မိမြို့ဖတွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ သူရ ဦးရွှေမန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

"ကျနော်တို့ မြန်မာနိုင်ငံမှာတော့ နဝတအစိုးရက မိမိတို့ကျင့်သုံးနေတဲ့ အာဏာအရပ်ရပ်ကို နောင်တက်လာတဲ့ အစိုးရအဖွဲ့ကိုလွှဲပေးတာ ဘယ်နိုင်ငံမှမလုပ်နိုင်တဲ့ကိစ္စ၊ ဘယ်သူမှမလုပ်နိုင်ဘူး၊ ဘယ်ပုံစံနဲ့လွှဲပေး တယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှဲပေးတာ၊ ဒီအခြေခံဥပဒေ သည် ထိုခေတ်ထိုအခါက ဒီလိုအာဏာလွှဲပေးနိုင်အောင် ရေးသားပြဌာန်း ထားတဲ့ ဖွဲ့စည်းပုံ၊ အဲဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲနိုင်ခဲ့ရင် အခုလိုအာဏာလွှဲပေးနိုင်မှာ မဟုတ်ဘူး"

ဒါ့အပြင် အာဏာရှိတဲ့သူတွေဟာ မိမိရဲ့အာဏာကို တခြားပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ဆီကို လွှဲပြောင်းပေးဖို့ဆိုတာဟာ အင်မတန်ခဲယဉ်းတဲ့ ကိစ္စဖြစ်တယ်လို့ သူရ ဦးရွှေမန်းက ပြောခဲ့ပါတယ်။

သူရ ဦးရွှေ့မန်းနဲ့အဖွဲ့ဟာ ထားဝယ်ရေနက်စီမံကိန်း အထူးစီပွားရေးဇုံကို သွားရောက်ကြည့်ရှုခဲ့သလို ထားဝယ်ဒေသမှာ လျှပ်စစ်မီးရရှိရေးနဲ့ လမ်းပန်းဆက်သွယ်ရေး စတာတွေနဲ့ ပတ်သက်ပြီး ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်သင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်နာယကနဲ့ ထားဝယ်ဒေသ ခံတွေ တွေ့ဆုံ ပွဲကို ထားဝယ်မြို့အခြေစိုက် လူမှုအဖွဲ့အစည်းတွေကိုတော့ ဖိတ်ကြားခြင်း မရှိဘူးလို့လည်း သိရပါတယ်။

RFA
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကနေ နောင် တက်လာမယ့်အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက်ပါတယ်။

တိရစ္ဆာန်အစာ ကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ကြိုတင်စနစ်ဖြင့် ဝယ်ယူနေ သဖြင့် ပြည်တွင်းသားငါးဈေး မြင့်တက်လာနိုင်

မြန်မာနိုင်ငံမှ ထွက်သော တိရစ္ဆာန်အစာ ကုန်ကြမ်းများကို တရုတ်နိုင်ငံ ကုန်သည်များ မဟုတ်သော တစ်ဆင့်ခံ တရုတ်ပွဲစားများက ကြိုတင်ငွေပေး စနစ်ဖြင့် ဝယ်ယူနေသည်ကို မထိန်းချုပ်နိုင်ပါက ပြည်တွင်း တိရစ္ဆာန်အစာ ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်မှုကြောင့် ပြည်တွင်း သား၊ ငါး ဈေးနှုန်းများ ကြီးမြင့်လာနိုင် သည်ဟု သိရသည်။

ဒီမိုကရေစီနှင့် ရုပ်ရှင်၊ ရင့်ကျက်မှုနှင့်အနုပညာအမြင်

Photo: ဒီမိုကရေစီနှင့် ရုပ်ရှင်၊ ရင့်ကျက်မှုနှင့်အနုပညာအမြင်
Monday, September 9, 2013

ရုပ်ရှင်သည် ဖျော်ဖြေတင်ဆက် မှုဖြစ်သည့် အားလျော်စွာ ပရိသတ်နှင့် လူ့အဖွဲ့အစည်းအပေါ် ကြီးမား သည့် သက်ရောက်မှု ရှိပါသည်။ တစ် ပြိုင်နက်တည်းမှာပင် ရုပ်ရှင် သည် အနုပညာလည်းဖြစ်သည်ဆိုသည့် အတွက် အနုပညာတစ်ရပ်ကို ဖန်တီး ရာတွင် ရိုးသားမှု၊ လွတ်လပ်မှုရှိမှ သာ တိုးတက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ပေ သည်။ ဆင်ဆာ စည်း ကမ်းသတ်မှတ် ချက်များဖြင့်သာဆိုလျှင် လူ့အဖွဲ့အ စည်း၏ ယနေ့ဖြစ်ပျက်နေသော ကိစ္စများကို ရိုးသားစွာ ရိုက်ကူးတင်ဆက်မှုလုပ်နိုင်မည်မဟုတ်ပေ။ ယင်းကို သိလာကြသည့် အမေရိကန်ရုပ် ရှင်သားများ သည် ၁၉၆၈ခုနှစ်တွင် ပရိသတ်၏ ရင့်ကျက်မှုအရ ခွဲခြား ကန့်သတ်ပေးမည့် ရုပ်ရှင်ဇာတ်ကား အဆင့်အတန်း သတ်မှတ် ချက်စနစ် (Rating) ကို စတင်တီထွင် ကျင့်သုံးလာ နိုင်ခဲ့ကြလေသည်။ ထို့အတူပင် ပွင့်လင်းလာမှုနှင့် အတူ မြန်မာ့ရုပ်ရှင်ဗီဒီယိုလောကအနေဖြင့်လည်း ရုပ်ရှင် အဆင့် အတန်း သတ်မှတ်ချက်စနစ်ကို ကျင့်သုံးသင့်၊မကျင့်သုံးသေးသင့်အပေါ် ရုပ်ရှင်လောကသားများ၏အသံကို မေးမြန်းဖော်ပြလိုက်ရပါသည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်
အခုလောလောဆယ်အနေအထားကတော့ ကျွန်တော်တို့က
မြန်မာပြည်ဖြစ်နေတယ်။ ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်နေတဲ့ အတွက် အနုပညာဖန်တီးမှုပိုင်း မှာလည်း ရပ်နေလို့ မရဘူး။ရပ်နေမယ်ဆိုရင် Presentation တွေနောက်ကျကျန်ခဲ့ ဖို့ပဲ ရှိတယ်။ အဲဒီတော့ သတ်မှတ်ခြင်း၊မသတ်မှတ်ခြင်းကို ဝေဖန်အကြံပေးဖို့ ကျွန်တော့်မှာ မပြည့် စုံသေးပါဘူး။

ဒါရိုက်တာဝင်းထွန်းထွန်း
တစ်ကမ္ဘာလုံးမှာရှိနေတဲ့ စနစ်တွေ ပါ။နှစ်မျိုးတော့ ရှိတယ်။ တချို့က Rating ဆိုတဲ့ သဘောတရားကို ၁၈နှစ် အောက်မကြည့်ရဘူးလို့ ထင်တယ်။ အဲဒီတစ်မျိုး တည်း ပြောတာမဟုတ်ပါဘူး။ အသက်အရွယ်အပိုင်းအခြားအရ ၁၈ နှစ်၊ ၁၆ နှစ်၊ ၁၅နှစ် အောက်မ ကြည့်ရဆိုတာတစ်ခု တည်းမဟုတ်ဘဲ အနုပညာ ထုတ် လုပ်မှုပေါ်မှာ သူတို့ရဲ့ တန်ဖိုးဘယ်လောက်ထိ ရှိလဲ ဆိုတဲ့ Rating ကို လည်း သတ်မှတ်စေချင် တယ်၊ရှိစေချင် တယ်။ဒါတွေက သတ်မှတ်ပေး ပါလို့တော့ ပြောလို့ မရဘူး။ ခေတ် ကာလအခြေအနေနဲ့ သူ့ဘာသာသူ ဖြစ်သွားမှာပါ။ ကိုယ်တို့အနုပညာသမားတွေပဲ နားလည်လို့မရဘူး။ ပရိသတ်တွေကိုယ်တိုင် နားလည်ဖို့ လိုတယ်။ ဒီအတွက် အများကြီး ဆွေးနွေးရဦးမယ်။ အသိပညာတွေ ပေးရဦးမယ်။ တစ်ချိန်ကျရင်တော့ ဖြစ်လာမှာပါ။

ဒါရိုက်တာ သီဟတင်သန်း
ဆေးလိပ်မသောက်နဲ့ လို့တားရင် ဆေးလိပ်ပိုသောက် ဖြစ်သွားတယ်။ ၁၈ နှစ်အောက်မရောင်းနဲ့ဆိုလည်း ရောင်းနေ ကြတာပဲလေ။ စည်းကမ်းလိုက် နာတဲ့သူနဲ့မ လိုက်နာ တဲ့ သူဆိုတာလူနဲ့ပဲဆိုင်လိမ့်မယ်။ ရုပ် ရှင်ရုံထဲမှာဆေး လိပ်မသောက် ရဘူး။ဒါကိုကျွန်တော် က တွေ့လို့ ရုံကဝန်ထမ်း ကိုသွား ပြောတာ။ဘယ်ကောင် သွား ပြော တာလဲဆိုတဲ့ ကွန်ဖလစ်ကြုံ ခဲ့ဖူးတယ်။နောက် ရုပ်ရှင်ရုံထဲ မှာလူတိုင်း နိုင်ငံ တော်အလံကို မတ်တတ်ရပ် အလေးပြုကြတာ တစ်မိနစ်ပြည့်လို့လား။ဒါကို လူတိုင်းရပ် လို့လား။ Rating သတ်မှတ်လိုက်တယ်။ ၁၆ နှစ် အောက်မကြည့်ရ။ သူခိုး ကြည့် တော့ကော။ အခုက တစ်ကိုယ်ရည်သုံးလို့ရတဲ့ အီလက်ထရော နစ် ပစ္စည်းတွေ အများကြီး ပဲ။ဒီလိုကျတော့ မိဘရဲ့သွန်သင် ညွှန်ကြားမှုနဲ့ လည်း နည်းနည်း တော့ပတ်သက်လိမ့်မယ်။အများကြီးတော့မဟုတ်ဘူး။ မိဘတွေ ဘယ်လောက်ဆုံးမ ပေမယ့် လုပ်ချင်လုပ်သွားမှာပဲ။ မင်းတို့ဒါမလုပ်နဲ့ ဆိုပိုလုပ်တတ် တာ လူတိုင်းရဲ့အကျင့်ပဲ။

သားညီ
အသက်၁၈နှစ်အောက် မကြည့်ရဆိုတာမျိုး ဒီမှာ သတ်မှတ်မယ်ဆိုရင် မကောင်းဘူးလို့ ထင်တယ်။ ဒီမှာက အခွင့်အရေးတအားယူတတ်ကြတယ်။ ကျွန်တော့်ကို စိတ် ဆိုးရင်လည်း ဆိုးကြလိမ့်မယ်။ အခုဆိုရင် နည်းနည်းလေးလွှတ်ပေးလိုက်ရင် ကျွန်တော်တို့ မြန်မာတွေက အများကြီး လုပ်ကြတယ်။ ကျွန်တော်တို့မှာအဲဒီအကျင့် ဆိုး ကြီး တစ်ခုရှိတယ်။ ၁၈နှစ် အောက်မကြည့်ရဆိုပြီး အခွင့်အကောင်းယူပြီး ကပ်သီလေးတွေ ရိုက်ကြတော့မယ်။ အဲဒီ တော့စည်းကမ်းချက်ကိုသတ်သတ်မှတ်မှတ်ချပြီး ဒီလိုမျိုးအ ခန်းတွေမရိုက်ရဘူးဆိုပြီး တစ်ခါတည်းသတ်မှတ်ပေးတာ မျိုးက ပိုကောင်းမယ်လို့ ထင်တယ်။

သူထူးစံ
အနုပညာဆိုတာတအား လွတ်လပ်တယ်။ ချုပ်ချယ်တာ မကြိုက်ဘူး။ ချုပ်ချယ်မှုတွေ ရှိရင်အနုပညာမကောင်းဘူး။ ကန့်သတ်ချက်တွေ ပါလာရင်လည်း အနုပညာက ဘယ်လိုမှ မကောင်းနိုင်ဘူး။ အစ်ကိုတို့က ပရိသတ်အနေနဲ့လည်းခံစားလို့ မရဘူး။အဲဒါကအနုပညာအ တွက်လုံးဝ မကောင်းနိုင်ပါဘူး။

Popular Journal
ရုပ်ရှင်သည် ဖျော်ဖြေတင်ဆက် မှုဖြစ်သည့် အားလျော်စွာ ပရိသတ်နှင့် လူ့အဖွဲ့အစည်းအပေါ် ကြီးမား သည့် သက်ရောက်မှု ရှိပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ရုပ်ရှင်သည် အနုပညာလည်းဖြစ်သည်ဆိုသည့်

“ကမ္ဘာ့အကြီးဆုံး” ခေါင်းလောင်း သွန်းမည့် သတင်းကြောင့် ကြေးဈေးတက်

Photo: “ကမ္ဘာ့အကြီးဆုံး” ခေါင်းလောင်း သွန်းမည့် သတင်းကြောင့် ကြေးဈေးတက်
Monday, September 9, 2013

မင်းကွန်း ခေါင်းလောင်းကြီးထက် သုံးဆနီးပါး ပိုကြီးမားနိုင်ပြီးကမ္ဘာ့အကြီး
ဆုံး ဖြစ်လာနိုင်သည့် ကြေးသွန်း ခေါင်းလောင်းကြီးကို မြောင်းမြမြို့တွင် သွန်းလုပ်မည့် သတင်းကြောင့် ကြေးဝါဈေးနှုန်းများ တရိပ်ရိပ် တက်လျက်
ရှိကြောင်း မန္တလေးမြို့ တမ္ပဝတီရပ်မှ ကြေးသွန်း ပညာရှင်များက ပြောသည်။

မြောင်းမြမြို့မှ ငါးမိုင်ခန့် အကွာတွင် တည်ရှိသော မြစိမ်းတောင် ပေါ်တွင်
ကြေးတန်ချိန် ၃၃၃ (ပိဿာချိန်ပေါင်း ၂ သိန်းကျော်) ရှိပြီး အကျယ်အဝ ၂၇ ပေ၊ ခေါင်းလောင်း ဆုံလည်အထိ ၂၇ ပေနှင့် စုစုပေါင်း အရှည် ၃၆ ပေ ရှိသည့် ကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်မည့် ကြေးခေါင်းလောင်းကြီးကို သွန်းလုပ် တော့မည့် သတင်းကြောင့် ကြေးအရောင်းအဝယ် ကုန်သည်
များက ကြေးဝါဈေးနှုန်းများလပိုင်းအတွင်း ဈေးတက်လိုက်ကြခြင်း ဖြစ်ကြောင်း
သိရသည်။

“ကြေးဈေးက တရိပ်ရိပ် တက်နေတာ၊ ရှိတဲ့သူကလည်း မရောင်းကြ
ဘူး၊ ခေါင်းလောင်းကြီးအတွက် ကြေးတွေ လာဝယ်မယ် ထင်ပြီး တမ္ပဝတီမှာ သတင်းထွက်လာတော့ ကုန်သည်တွေက ကြေးဝါပစ္စည်း ပြတ်တယ်ပဲ ပြော
တယ်။ ဈေးကလည်း တပတ်နဲ့ တပတ်တောင် မတူဘူး၊ ပစ္စည်းပြတ်နေတဲ့ ပုံစံပါဖြစ်နေတာ” ဟု မန္တလေးမြို့ တမ္ပဝတီရပ်ရှိ ကြေးသွန်းလုပ်ငန်း ပညာရှင် ကိုဇင်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

ယခင်က ကြေးဝါဈေးနှုန်းမှာ တနှစ်နီးပါး ဈေးငြိမ် နေခဲ့သော်လည်း သြဂုတ် လကုန်ပိုင်းက စပြီး လက်ရှိအချိန်အထိ ကြေးဝါ တပိဿာလျှင် ၆၈၀၀ ကျပ်မှ ၈၄၀၀ ကျပ်အထိ တရိပ်ရိပ် ဈေးတက်လျှက်ရှိကြောင်း၊ ကြေးဝါ
ဈေးတက်နေသော်လည်း ပစ္စည်း လှောင်ထားသူများသာ ရှိနေသဖြင့်
ရောင်းသူနည်းနေ၍ ပစ္စည်းပြတ်လပ်သည့် နီးပါး ဖြစ်ကာ ရက်ပိုင်းနီးပါး
စောင့်ဆိုင်းမှ ပစ္စည်းရရှိကြောင်း သိရသည်။

“ကျနော်တို့က ကြေးဆင်းတုတော်တွေ လုပ်ကြတာဆိုတော့ ကြေးရဖို့
အတွက် ကုန်သည်တွေဆီမှာ ရက်ထပ်စောင့်ပေး ရတယ်။ အဲဒီအချိန်
ကြေးက ဈေးထပ်တက်တာ မျိုးလည်း ရှိတယ်ဆိုတော့ ကျနော်တို့ လုပ်ငန်းဘက်တွေ ကျတော့ နစ်နာမှု ရှိတယ်။ ကြေးဈေးကွက် ကတော့ ကုန်သည်တွေ ကစားလို့ ကောင်းတဲ့ ဈေးကွက် ဖြစ်သွားတာပေါ့” ဟု ကြေးသွန်း ပညာရှင် ကိုဇင်မင်းထွန်းက ရှင်းပြသည်။

ကြေးသွန်း ခေါင်းလောင်းကြီးကို သွန်းလုပ်ရာတွင် ကုန်ကျနိုင်သည့် ကြေး အရေအတွက်၏ တဝက်ခန့် ရရှိနေပြီ ဖြစ်သော်လည်း ကြေးထပ်ဝယ်
နိုင်သည်ဟုဆိုကာ ကုန်သည်များက ဈေးကစားကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခေါင်းလောင်းကြီးကို တည်ဆောက်ရန် စီစဉ်နေသည့်အဖွဲ့တွင်
ဒု – သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး၏ သားဖြစ်သူ ဦးမောင်မောင်ဦးလည်း ပါဝင်နေပြီး လက်ရှိတွင် ဦးမောင်မောင်ဦးက ဘုန်းကြီးဝတ်ဖြင့် ရှိနေသည်ဟု သိရသည်။

“ကြေးဈေး တက်တာက ခေါင်းလောင်းကြောင့် ဖြစ်နိုင်သလို၊ တရုတ်ပြည်ဘက်က ကြေးအဝယ်များရင်လည်း တက်နိုင်တယ်။ အခု ခေါင်းလောင်း သွန်းမှာမို့ ကြေးတွေ လိုက်သိမ်းနေတယ် ဆိုရင်လည်း အဓိက ကုန်ကြမ်းက ရန်ကုန်ဘက်ကပဲ ဖြစ်လိမ့်မယ်” ဟု မြောင်းမြမြို့တွင် သွန်းလုပ်မည့် ခေါင်းလောင်းကြီး ဆောက်လုပ်ရန် အတွက် သွားရောက် လေ့လာခဲ့သူ ကြေးသွန်းပညာရှင် ဦးသန်းဇော်က ဧရာဝတီသို့ ပြောသည်။

လက်ရှိ ကမ္ဘာပေါ်တွင် အကြီးဆုံး ခေါင်းလောင်းမှာ ၁၄၈၄ ခုနှစ်တွင် သွန်းလောင်းပြီး ရန်ကုန်မြစ်ဝတွင် မြုပ်သွားသော ဓမ္မစေတီ
ခေါင်းလောင်းဖြစ်သည်။ တန်ချိန် ၃၀၀ ကျော်ရှိသည်။ ဒုတိယ အကြီး
ဆုံးမှာ ၁၆၃၃ ခုနှစ်တွင် သွန်းလောင်းသော ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ချီယွန်အင် ဘုန်းကြီးကျောင်း ခေါင်းလောင်းဖြစ်သည်။ တန်ချိန် ၇၄ တန် ရှိသည်။

အကြီးဆုံး တည်ရှိနေသည့် ခေါင်းလောင်းကြီးမှာ ပိဿာချိန် ၂ သိန်းကျော်
ရှိမည်ဖြစ်၍ ပိဿာချိန် ၅၅၅၅၅ ပိဿာ(တန်ချိန် ၉၇ တန်ကျော်) ရှိသော
မင်းကွန်း ခေါင်းလောင်းကြီးထက် ၃ ဆနီးပါး ကြီးမားလိမ့်မည်ဖြစ်ကြောင်း
ကြေးသွန်းပညာရှင် ဦးသန်းဇော်က ဆိုသည်။

မြန်မာမှုလက်ရာ ကြေးသွန်း ခေါင်းလောင်းများကို ဒုတိယကမ္ဘာစစ်ပြီး ကာလ ကတည်းက ထပ်မံ သွန်းလုပ်မှုများ နည်းပါး လာခဲ့သည်ဟုလည်း သိရသည်။

ဧရာဝတီ
မင်းကွန်း ခေါင်းလောင်းကြီးထက် သုံးဆနီးပါး ပိုကြီးမားနိုင်ပြီးကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်သည့် ကြေး သွန်း ခေါင်းလောင်းကြီးကို မြောင်းမြမြို့တွင် သွန်းလုပ်မည့် သတင်းကြောင့် ကြေးဝါဈေးနှုန်းများ တရိပ်ရိပ် တက်လျက်ရှိကြောင်း မန္တလေးမြို့ တမ္ပဝတီရပ်မှ ကြေးသွန်း ပညာရှင်များက ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက်နိုင်ငံတကာအကြံပေးအဖွဲ့ ရွေး ချယ်မည်

Photo: ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက်နိုင်ငံတကာအကြံပေးအဖွဲ့ ရွေး
ချယ်မည်
Monday, September 9, 2013

ရခိုင်ပြည်နယ်တွင် ဖော်ဆောင်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက်
ရင်းနှီးမြုပ်နှံသူများ ခေါ်ယူရာတွင် လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ
စံချိန်စံညွန်းများကို ရေးဆွဲရန်အတွက်နိုင်ငံတကာအကြံပေးအဖွဲ့တစ်ခုကို
ရွေးချယ်သွားမည်ဟုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။

" ဒီစီမံကိန်းက အစိုးရအချင်းချင်းလုပ်မဲ့ စီမံကိန်း မဟုတ်ဘူး ဒီတော့
ရင်းနှီးမြုပ်နှံသူတွေကို တင်ဒါခေါ်တဲ့အခါ နိုင်ငံတကာ စံညွန်း
အတိုင်းဖြစ်အောင်Terms of conditionတွေ terms of reference တွေကို ရေးဆွဲဖို့အတွက်အတွေ့အကြုံရှိတဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကို အရင်ရွေးရမယ် " ဟု ၄င်းကပြောသည် ။

အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့အတွက် တင်ဒါကို စက်တင်ဘာလ ၂၃ရက်နေ့တွင်စတင်လက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တင်ဒါအောင်အဖွဲ့ကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည် ။

ထို့နောက် ကျော်ဖြူအထူးစီးပွားရေးဇုန်အတွက် ရင်းနှီးမြုပ်နှံမှု တင်ဒါကို
၂၀၁၃ ဒီဇင်ဘာလတွင် ခေါ်ယူကာ ၂၀၁၄ မတ်လတွင် တင်ဒါအောင် ကုမ္ပဏီအား ထုတ်ပြန်ကြေညာမည် ဖြစ်သည် ။

၂၀၁၄ ဧပြီလမှာ စီမံကိန်း စတင်အကောင်အထည်ဖေါ်မယ်ဟုဘဏ္ဏာရေး
ဒုဝန်ကြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့ ဒု ဥက္ကဌ ဦးမောင်မောင်သိမ်းက ပြောသည် ။

KYL(Popular Myanmar News Journal) ရခိုင်ပြည်နယ်တွင် ဖော်ဆောင်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် ရင်းနှီးမြုပ်နှံသူများ ခေါ်ယူ ရာတွင် လိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွန်းများကို ရေးဆွဲရန်အတွက်နိုင်ငံတကာ အကြံပေး အဖွဲ့တစ်ခုကို ရွေးချယ်သွားမည်ဟုစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။

အရှေ့ တောင်အာရှမှ အချမ်းသာဆုံး ပုဂ္ဂိုလ်

Photo: အရှေ့ တောင်အာရှမှ အချမ်းသာဆုံး ပုဂ္ဂိုလ် 
Monday, September 9, 2013

ရောဘတ်ကွတ် ( Robert Kuok ) လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ဆိုင် ငွေကြေး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ အထက်မှာ ရှိပြီး ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် အဆင့် လေးဆယ်ကျော်မှာရှိတယ်လို့လည်း Bloomberg မှ စာရင်းကောက် ဖော်ပြပါတယ်။ Forbes မဂ္ဂဇင်းကတော့ ကမ္ဘာ့ အဆင့် ၇၀ ကျော်နေရာမှာ ထားရှိဖော်ပြပါတယ်။

အသက် ၉၀ ကို ယခု ၂၀၁၃ အောက်တိုဘာမှာ ပြည့်မှာ ဖြစ်ပါတယ်။ မလေးရှားတို့ လွတ်လပ်ရေးမရခင်ကတည်းက စီးပွားရေးလုပ်ငန်းမှာ အခြေချ လာသူ ဖြစ်ပြီး ဂျပန် မစ်ဆူဘီရှီမှာလည်း ဝန်ထမ်းအဖြစ် လုပ်ကိုင် ခဲ့ဖူးပါတယ်။

စိုက်ပျိုးရေးကိုအခြေခံပြီး ချမ်းသာကြွယ်ဝသွားသူ ဖြစ်ပါတယ်။ ၁၉၉၀ ကျော် ကာလက ကမ္ဘာ့ သကြားသူဌေးအဖြစ် စံချိန်တင် လူသိများခဲ့ပြီး ယခုချိန် မှာတော့ သူပိုင်တဲ့ စီးပွားရေးလုပ်ငန်းဟာ နယ်ပယ်ပေါင်းစုံမှာ ရှိနေပြီ ဖြစ် ပါတယ်။

မလေးရှား၊ ဒူဘိုင်း၊ ဟောင်ကောင်၊ ရှန်ဟိုင်း၊ ပဲရစ်၊ နဲ့ အခြား အာရှ၊ အမေရိက၊ ဥရောပနိုင်ငံကြီးများမှာ ဟိုတယ်ပေါင်း ၇၀ ကျော် ပိုင်ဆိုင် ပါတယ်။ သတ္တုတွင်း၊ ရေနံ၊ စိုက်ပျိုးရေး၊ စတော့ရှယ်ယာ၊ ပို့ကုန်၊ သွင်းကုန်၊ ဝန်ဆောင်မှု၊ ပို့ဆောင်ရေး အစရှိသဖြင့် နယ်ပယ်ပေါင်းစုံမှာ လုပ်ငန်းများစွာ ပိုင်ဆိုင်ထားပြီး သားသမီး ၈ ယောက်နဲ့ ဆက်လက် လုပ်ကိုင် နေပါတယ်။

ဟောင်ကောင်နိုင်ငံ ပြုပြင်ပြောင်းလဲရေး ပြုလုပ်စဉ်က နိုင်ငံရေးနဲ့  စီးပွားရေး အကြံပေးအဖြစ်လည်း အခန့်အပ်ခံခဲ့ဖူးတာမို့ နိုင်ငံရေးမှာလည်း သြဇာရှိသူ တစ်ဦးအဖြစ် အမည်တွင်စေခဲ့ပါသေးတယ။် နေ့ မှာတော့ ရောဘတ်ကွတ် ကတော့ ဟောင်ကောင်မြို့  မှာ နေထိုင်လျက် ရှိကြောင်း သိရပါတယ်။

Ref: wiki
Yoyarlay
ရောဘတ်ကွတ် ( Robert Kuok ) လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ဆိုင် ငွေကြေး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံအထက်မှာရှိပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အဆင့်လေးဆယ်ကျော်မှာရှိတယ်လို့လည်း Bloomberg မှ စာရင်းကောက် ဖော်ပြပါတယ်။ Forbes မဂ္ဂဇင်းကတော့ ကမ္ဘာ့ အဆင့် ၇၀ ကျော်နေရာမှာ ထားရှိဖော်ပြ ပါတယ်။

ဈေးဝယ်ရင်း ချောစီးရမယ့် ရှော့ပင်းစင်တာ

Photo: ဈေးဝယ်ရင်း ချောစီးရမယ့် ရှော့ပင်းစင်တာ
Monday, September 9, 2013

မလေးရှားနိုင်ငံ၊ ပင်နီစူလမလေးရှားကျွန်းဆွယ် အနောက်ဘက် ကမ်းရိုး တန်း Selangor ပြည်နယ်၊ Subang Jaya မြို့ မှာ တည်ရှိတဲ့ ရှော့ပင်းစင်တာ တစ်ခုမှာ ဖြစ်ပါတယ်။

ငါးထပ်မြင့်တဲ့ Empire Shopping Gallery မှာတပ်ဆင်ထားပြီး ၅၀ မီတာ ရှည်တဲ့ ချောဖြစ်ပါတယ်။ လူကြီး၊ လူငယ် မရွေး ဈေးလာဝယ်ရင်း အပေါ်ဆုံး ထပ်ကနေ ချောစီးဆင်းနိုင်ဖို့ တပ်ဆင်ထားပေးခြင်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဧပြီလက စတင်တပ်ဆင်ပါတယ်။

ဂျာမနီနိုင်ငံက ကုမ္မဏီတစ်ခုမှ တပ်ဆင်ထားပေးခြင်းဖြစ်ပြီး စာချုပ်အရ ဇန်နဝါရီလမှာ ပြန်ဖြုတ်လိုက်ပါပြီ။ ဈေးဝယ်ရင်း ချောစီးလို့ရမယ့် ကစား စရာ တပ်ဆင်ထားပေးမှုကြောင့် လူသိများသော ရှော့ပင်းစင်တာ တစ်ခု ဖြစ် လာကြောင်း သိရပါတယ်။

Ref: wiki
Yoyarlay
မလေးရှားနိုင်ငံ၊ ပင်နီစူလမလေးရှားကျွန်းဆွယ် အနောက်ဘက် ကမ်းရိုး တန်း Selangor ပြည်နယ်၊ Subang Jaya မြို့ မှာ တည်ရှိတဲ့ ရှော့ပင်းစင်တာ တစ်ခုမှာ ဖြစ်ပါတယ်။

အိန္ဒိယနှင့် ပြင်သစ်Shakti-2013 ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်

Photo: အိန္ဒိယနှင့် ပြင်သစ်Shakti-2013 ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်

အိန္ဒိယနှင့်ပြင်သစ် နှစ်နိုင်ငံ စစ်ဘက်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် ကြိုးပမ်း အားထုတ်မှုအဖြစ် Shakti-2013 အမည်ရှိ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ကို စက်တင်ဘာ ၉ ရက်မှ ၂ဝ ရက်ထိ ပြင်သစ်နိုင်ငံ French Alps ဒေသရှိ Grenoble မြို့တွင်   ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် ဒုတိယအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးလေ့ကျင့်ခန်း အတွင်း အိန္ဒိယနိုင်ငံ Jaipur အခြေစိုက် အနောက် တောင်ပိုင်းကွပ်ကဲမှု ဌာနချုပ်၊ Kumaon တပ်ရင်းကြီးမှ အမှတ် (၅) တပ်ရင်းနှင့် ပြင်သစ်စစ်ဘက်မှ အမှတ်(၂၇) တောင်ပေါ် စစ်ဆင်ရေး တပ်မဟာရှိ တပ်ဖွဲ့များ အပါအဝင် နှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၆ဝ ခန့် ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းစစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံအကြား ကုလသမဂ္ဂပဋိညာဉ် စာတမ်းအရ ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေးများကို အလေးထား ဆောင်ရွက်သွား မည် ဖြစ်ပြီး  မြင့်မား သော တောင်ပေါ်ဒေသများတွင် တပ်စုအဆင့် တန်ပြန်သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင် ရေးများ ပူးတွဲလေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းစစ်ရေး လေ့ကျင့်ခန်းကို နှစ်နိုင်ငံ စစ်ဘက်များအကြား လုပ်ထုံး လုပ်နည်းဆိုင်ရာ အသိပညာများ တိုးတက်စေရန်၊ ကဏ္ဍစုံမှ ခြိမ်းခြောက်လာနိုင်မှုကို အကောင်းဆုံး တုံ့ပြန်နိုင် စေရန်နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များ တိုးမြှင့်ရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

http://www.myawady.net.mm/allnews/global/item/24780-2013-09-09-09-42-19
အိန္ဒိယနှင့်ပြင်သစ် နှစ်နိုင်ငံ စစ်ဘက်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် ကြိုးပမ်း အားထုတ်မှု အဖြစ် Shakti-2013 အမည်ရှိ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ကို စက်တင်ဘာ ၉ ရက်မှ ၂ဝ ရက်ထိ ပြင်သစ်နိုင်ငံ French Alps ဒေသရှိ Grenoble မြို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ဆွစ်ဇာလန်၊ အီတလီနှင့် မွန်တီနီဂရိုးနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် အလည်အပတ်သွားရောက်

Photo: ဆွစ်ဇာလန်၊ အီတလီနှင့် မွန်တီနီဂရိုးနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် အလည်အပတ်သွားရောက်

ထိုင်းဝန်ကြီးချုပ် ရင်လပ်သည် ဆွစ်ဇာလန်၊ အီတလီ၊ ဗာတီကန် စီးတီးနှင့်  မွန်တီနီဂရိုး နိုင်ငံများသို့ စက်တင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ အလည်အပတ် သွားရောက်ရန် စက် တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ရင်လပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီးချုပ် ကီတီ ရတ်နာရာနွန်၊ နိုင်ငံခြားရေး ဝန်ကြီး ဆူရာပွန် တိုဗီ ချတ်ချိုင်ကူလ်၊  ပို့ဆောင်ရေး ဝန်ကြီး ချာ့ဒ်ချတ်ဆူတီပန့်၊ စက်မှုဝန်ကြီး ပရာ ဆတ်ဘွန်ချိုင်ဆွတ်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ပီရာပန်ပါလူဆွတ်၊ မီဒီယာနှင့် အခြားသော ပုဂ္ဂလိက လုပ်ငန်းရှင်များ လိုက်ပါသွားကြောင်း သိရသည်။

ရင်လပ်သည် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိစဉ် (၂၄) ကြိမ်မြောက် ကုလသမဂ္ဂ  လူ့အခွင့်အရေး ကောင်စီအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အီတလီ၊ ဗာတီကန် စီးတီးနှင့် မွန်တီနီဂရိုးနိုင်ငံသို့  ဆက်လက် အလည်အပတ် သွားရောက်မည်ဖြစ် သည်။ ရင်လပ်အနေဖြင့် မွန်တီနီဂရိုး နိုင်ငံသို့ အလည်အပတ် သွားရောက်ရန် စီစဉ်မှုသည် အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် ဟောင်းသက်ဆင်၏ အငြင်းပွားဖွယ် အကျိုးစီးပွားနှင့် ပတ်သက် နေသည်ဟု အတိုက်အခံများ၏ စွပ်စွဲပြောကြားနေမှု များအား ၎င်းက ငြင်းဆိုခဲ့ကြောင်း သိရ သည်။

ရင်လပ် အလည်အပတ်သွားရောက်စဉ် ခေတ္တဝန်ကြီးချုပ် တာဝန်အား ဒုတိယ ဝန်ကြီးချုပ် ပရာချာ ပရွန်နော့က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။  

http://www.myawady.net.mm/allnews/global/item/24779-2013-09-09-09-40-47
ထိုင်းဝန်ကြီးချုပ် ရင်လပ်သည် ဆွစ်ဇာလန်၊ အီတလီ၊ ဗာတီကန် စီးတီးနှင့် မွန်တီနီဂရိုး နိုင်ငံများသို့ စက်တင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ အလည်အပတ် သွားရောက်ရန် စက် တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ဆီးရီးယားအရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏ သဘောထား လာမည့် ရက်သတ္တပတ် အကုန်တွင် ချမှတ်မည်

Photo: ဆီးရီးယားအရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏ သဘောထား လာမည့် ရက်သတ္တပတ် အကုန်တွင် ချမှတ်မည်

ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့ဖွယ် ရှိမှုအပေါ် ပြင်သစ်နိုင်ငံက   မည်သို့ အရေးယူ ဆောင်ရွက်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို လာမည့် ရက်သတ္တပတ်အကုန်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ ဟော်လန်ဒ်က စက်တင်ဘာလ ၇ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။

အမေရိကန် လွှတ်တော်အနေဖြင့် ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူ တိုက်ခိုက်မှု ပြုလုပ်ရေး မဲခွဲဆုံး ဖြတ်မှုကို နောက်အကျဆုံး အနေဖြင့် စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ် သွားဖွယ်ရှိပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဓာတုလက်နက်ဖြင့် အသုံးပြု တိုက်ခိုက် ခဲ့မှုနှင့် ပတ်သက်သည့် အပြီးသတ် စစ်ဆေးတွေ့ရှိချက်များကို လာမည့် ရက်သတ္တပတ် အကုန်တွင် ထုတ်ပြန် ကြေညာသွားဖွယ်ရှိသည်ဟု မျှော်မှန်းထားကြောင်း၊ ထိုသို့ ကြေညာပြီးနောက် တွင် အရေးယူ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဟော်လန်ဒ်က ပြောကြားခဲ့သည်ဟု သိရသည်။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၂၈ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများကလည်း ဆီးရီးယား အစိုးရအဖွဲ့၏ ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့မှုအပေါ် ပြတ်ပြတ်သားသား  တုံ့ပြန် ဆောင်ရွက်သွားရေးကို ထောက်ခံကြောင်းနှင့် သက်သေအထောက်အထားများ ခိုင်ခိုင်လုံလုံ ရရှိရေးအတွက် သတင်းအရင်းအမြစ်များ စုစည်း လုပ် ဆောင်သွားရန်လည်း သဘောတူညီခဲ့ ကြကြောင်း စက်တင်ဘာ ၇ ရက်က လစ်သူရေးနီးယားနိုင်ငံ၌ ပြုလုပ်သည့် ဆွေးနွေးပွဲ အပြီးတွင် ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။    

http://www.myawady.net.mm/allnews/global/item/24776-2013-09-09-09-35-40
ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့ဖွယ် ရှိမှုအပေါ် ပြင်သစ်နိုင်ငံက မည်သို့ အရေး ယူ ဆောင်ရွက်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို လာမည့် ရက်သတ္တပတ်အကုန်တွင် ထုတ်ပြန်ကြေညာ မည် ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဟော်လန်ဒ်က စက်တင်ဘာလ ၇ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ရုရှားအပါအဝင် ဗဟို အာရှဒေသ နိုင်ငံများနှင့် စီးပွားရေးဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်မည်

Photo: တရုတ်နိုင်ငံက ရုရှားအပါအဝင် ဗဟို အာရှဒေသ နိုင်ငံများနှင့် စီးပွားရေးဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်မည်
Monday, September 9, 2013

ရုရှားနိုင်ငံ အပါအဝင် ဗဟိုအာရှဒေသရှိ နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ကာဇက်စတန်နိုင်ငံသို့ အလည် အပတ်ရောက် ရှိနေသော တရုတ်သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၇ ရက်တွင် အက်စ်စတာနာ မြို့ရှိ နာဇာ ဘာရဗ်တက္ကသိုလ်၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြား ခဲ့သည်ဟု အင်တာနက်သတင်းတစ်ရပ်အရ သိရသည်။

ရှီကျင့်ဖျင်သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် G-20 ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် ကာဇက်စတန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိ နေခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ဗဟိုအာရှနိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများအား အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် သံတမန်ရေး နည်းလမ်းအရလည်း ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ဆက်ဆံရေးကို အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ပိုးလမ်းမကြီးသည် ဗဟိုအာရှမှ တစ်ဆင့် ဥရောပနှင့် တရုတ်နိုင်ငံအား ချိတ်ဆက် ထားသော နှစ်ပေါင်းရာ နှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်သည့် သမိုင်းဝင်ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုဖြစ် သည်။ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ ပါဝင်သော ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး မူဘောင် အတွင်း၌ ဘော်လ်တစ်ပင်လယ် ကမ်းရိုးတန်းဒေသနှင့် ပစိဖိတ် ကမ်းရိုးတန်း ဒေသတို့အား ချိတ်ဆက်ပေးမည့် အရေးပါသော ကုန်သွယ်ရေး ပင်မလမ်းကြောင်း တစ်ခု ထူထောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်တွင် ဗဟိုအာရှနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရာတွင် တိုက်ရိုက် ငွေကြေးစနစ် တစ်ရပ်ထားရှိ အသုံးပြုရေးနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အတားအဆီး ဖြစ်နေမှုများအား ဖယ်ရှား ရှင်းလင်းရေးနှင့် ပတ်သက်သော အစီအမံများလည်း ပါရှိကြောင်း သိရသည်။ 

ဲမြ၀တီ
ရုရှားနိုင်ငံ အပါအဝင် ဗဟိုအာရှဒေသရှိ နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ကာဇက်စတန်နိုင်ငံသို့ အလည်အပတ်ရောက် ရှိနေသော တရုတ် သမ္မတ ရှီကျင့်ဖျင်က စက်တင်ဘာ ၇ ရက်တွင် အက်စ်စတာနာ မြို့ရှိ နာဇာ ဘာရဗ်တက္ကသိုလ်၌ မိန့်ခွန်းပြော ကြားစဉ် ထည့်သွင်း ပြောကြား ခဲ့သည်ဟု အင်တာနက်သတင်းတစ်ရပ်အရ သိရသည်။

ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင် ရွက် ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်

Photo: ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင် ရွက် ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်
Monday, September 9, 2013

ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ပုသိမ်မြို့ အင်ဂျင်နီယာ မှူးကြီးရုံး အစည်းအဝေး ခန်းမ၌
ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းသည် တိုင်းဒေသကြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းအနေဖြင့် မိမိတို့ တာဝန်ယူ ဆောင်ရွက် နေကြရသည့် လုပ်ငန်းများကို တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့်အထိ စနစ်တကျ အဆင့်ဆင့်ကြီး ကြပ် ဆောင်ရွက် သွားကြစေလိုပါကြောင်း၊ လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက် သွားနိုင်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးများ ဦးဆောင်သော အဖွဲ့ များဖြင့် အဖွဲ့များ ဖွဲ့စည်း စစ်ဆေး လျက် ရှိပါကြောင်း၊ မိမိတို့ တာဝန်ယူနေ သည့် လုပ်ငန်းများ အရည်အသွေး ပည့်မီရေး၊ သတ်မှတ်ချိန် အတွင်း အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း အင်ဂျင် နီယာမှူးကြီး၊ ခရိုင်အဖွဲ့များ၊ လမ်း/ တံတား အထူးအဖွဲ့ များ၊ လေယာဉ်ကွင်း အထူးအဖွဲ့များနှင့် အထူး စီမံကိန်းကြီး အဖွဲ့များမှ အင်ဂျင်နီယာ များက သက်ဆိုင်ရာ ဒေသများ အလိုက် လုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်း ရရှိသည်။ 

မြ၀တီ
ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း လုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ပုသိမ်မြို့ အင်ဂျင်နီယာ မှူးကြီးရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး

KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် တရုတ်အမျိုးသားကောလိပ် ဖွင့်လှစ်

Photo: KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် တရုတ်အမျိုးသားကောလိပ် ဖွင့်လှစ်

စက်တင်ဘာလ ၉ ရက် ၂၀၁၃

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ၂၀၀၇ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့သော တရုတ်စာနှင့် တရုတ်စကား သင်ကြားပေးသည့် ကျောင်းအား စက်တင်ဘာလထဲတွင် တရုတ်ဘာသာစကား အမျိုးသားကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး ကျောင်းသားကျောင်းသူအသစ်များကိုလည်း စာရင်းလက်ခံနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ခံများထံမှ သိရသည်။

ယင်းတရုတ်ဘာသာစကား အမျိုးသားကောလိပ်တွင် ပညာသင်နှစ် ၂ နှစ်သတ်မှတ်ထားပြီး တစ်နှစ်ပတ်လုံး အတွက် ကျောင်းစရိတ် ၀င်ကြေး တရုတ်ယွမ်ငွေ ၅၀၀၀ ( မြန်မာငွေ ၈ သိန်းခန့်) နှင့်ဘော်ဒါဆောင်တွင် အိပ်၊စား ကုန်ကျစရိတ် တရုတ်ငွေ ယွမ် ၈၅၀၀ (မြန်မာငွေ ၁၃ သိန်းကျော်) ပေးသွင်းရကြောင်း သြဂုတ် ၂၅ ရက်နေ့မှစ၍ နာမည်စာရင်းလက်ခံနေပြီဖြစ်ကြောင်း ယင်းကောလိပ်ကျောင်း ဘော်ဒါဆောင် တာဝန်ခံတစ်ဦးက ပြောသည်။

လိုင်ဇာမြို့မှ ဒေသခံကချင်လူငယ်များသည် တရုတ်စာ၊တရုတ်စကားများကို သင်ကြားနေရပြီး အစိုးရမှ ပြဌာန်းထားသော မြန်မာစာနှင့် သင်ရိုးညွှန်းတမ်းများကို သင်ကြားခွင့်မရသောကြောင့် လိုင်ဇာမြို့သည် တရုတ်ကို အားကိုးလွန်းနေသည်ဟု ဒေသခံ ကျောင်းသားမိဘအချို့က ပြောကြကြောင်းနှင့် တရုတ်ကောလိပ် သည် လိုင်ဇာရှိ ပညာတတ်လူတန်းစားအတွက်သာ ဖြစ်နေကြောင်း သိရှိရသည်။
တရုတ် - မြန်မာနယ်စပ် ကချင်အရေးလေ့လာသုံးသပ်သူ သတင်းထောက်တစ်ဦးက “ အဲဒီကောလိပ် ကျောင်းမှာ ၂ နှစ်တက်ပြီးရင် တရုတ်နိုင်ငံ ကူမင်တက္ကသိုလ်မှာ ကျောင်းဆက်တက်ခွင့်ရှိတယ်ဆိုပြီး တရုတ်က အပိုင်ချည်ထားပြီးသား၊ ကချင်လူငယ်တွေက မြန်မာနိုင်ငံထဲမှာရှိတဲ့ တက္ကသိုလ်တွေမှာ မတက်တာတော့ ပညာရေးပိုင်းနဲ့ လူမျိုးရေးအရ နိုင်ငံသိက္ခာကျတာပေါ့ ၊ တနည်းပြောရရင် လိုင်ဇာက တရုတ်ရဲ့ သြဇာခံလို ဖြစ်နေတဲ့ သဘောပါပဲ ” ဟုပြောသည်။
“ အရင်တုန်းက တိုက်ပွဲတွေကြောင့် နယ်မြေမအေးချမ်းလို့ ဒေသခံလူငယ်တွေ အစိုးရကျောင်းမှာ မတက်ရတာ လက်ခံနိုင်တယ်၊ အခုအေးချမ်းနေပြီလေ၊ ဘာလို့ မတက်ခိုင်းသလဲ၊ လိုင်ဇာမှာရှိတဲ့ ခေါင်းဆောင်တွေက တရုတ်အလိုကျ လိုက်လုပ်နေတာရှင်းနေတာပါပဲ၊ ဒီလိုင်ဇာမှာ မြန်မာငွေမသုံးဘဲ တရုတ်ယွမ်သုံးနေတာက သက်သေပဲပေါ့ ” ဟု ဆက်ပြောသည်။

၎င်း၏ ထပ်မံပြောပြချက်အရ လိုင်ဇာမြို့တွင် တရုတ်နိုင်ငံမှ ပုဂ္ဂလိကဘဏ်များ လာရောက်ဖွင့်လှစ်ထား ကြောင်း၊ လိုင်ဇာမြို့ ပတ်ဝန်းကျင်ရှိ ရွှေမှော်များ၌ တရုတ်ကုမ္ပဏီများအား ရွှေတူးဖော်ခွင့်ပြုထားရကြောင်း၊ တရုတ်စာနှင့် တရုတ်စကားများသာ သင်ကြားနေရခြင်းမှာ တရုတ်၏ သြဇာကို မလွန်ဆန်နိုင်၍ ဖြစ်ကြောင်း လိုင်ဇာမြို့သည် မြန်မာနိုင်ငံ ကချင်ပြည်နယ်ထဲမှ မြို့တစ်မြို့ဟု အမည်ခံသာရှိပြီး အမှန်တကယ်တွင် တရုတ်၏ မြို့တစ်မြို့ ဖြစ်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

နော်မိုင်
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ၂၀၀၇ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့သော တရုတ်စာနှင့် တရုတ်စကား သင်ကြားပေးသည့် ကျောင်းအား စက်တင်ဘာလထဲတွင် တရုတ်ဘာသာ စကား အမျိုးသားကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး ကျောင်း သားကျောင်းသူအသစ်များကို လည်း စာရင်းလက်ခံနေပြီဖြစ်ကြောင်း လိုင်ဇာမြို့ခံများထံမှ သိရသည်။