Saturday, 24 August 2013

သတင်းမီဒီယာ ဥပဒေကြမ်း တင်သွင်းမှုအား အမျိုးသား လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူ

သတင်းမီဒီယာ ဥပဒေကြမ်း တင်သွင်းမှုအား သြဂုတ်၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ တင်သွင်းခဲ့မှုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပူးပေါင်းကော်မတီ ဆုံးဖြတ်

8.1.1
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ် တွေ့ရှိမှု အစီရင်ခံစာအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ၏ သြဂုတ် ၂၃ ရက်က ပြုလုပ်သော ပထမအကြိမ် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။

ထားဝယ်-ထီးခီး ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အချို့ကို KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ်

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ခွဲနှင့် မေတ္တာမြို့နယ်ခွဲ ထိုင်း-မြန်မာနယ်စပ် ထီးခီး ကုန်သွယ်ရေး စခန်းသို့ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အချို့ကို သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်အချို့က တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ထားဝယ်ဒေသခံ များက ပြောကြားသည်။

ရွှေသံလွင်မီဒီယာ၊ Forever Group တို့နှင့် ပြန်ကြားရေးတို့ ပူးပေါင်း လုပ်ကိုင်မှုမှာ ဥပဒေမရှိဘဲ အမိန့်၊ ညွှန်ကြားချက်၊ စာချုပ်များဖြင့် လုပ်ကိုင်နေခြင်းဖြစ်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ပြောကြား

ရွှေသံလွင်မီဒီယာ၊ Forever Group၊ အက်ဖ်အမ်များအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း လုပ်ကိုင်ရာတွင် ယခင်ကဥပဒေမရှိဘဲ အစိုးရအဖွဲ့ အမိန့်ညွှန်ကြားချက်၊ စာချုပ်စာတမ်းများဖြင့် လုပ်ကိုင်နေခြင်း ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ပါသည်။

နှစ်ရက်ဆက် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရန်ကုန်မြို့ အနှံ့အပြား ရေကြီးရေလျှံမှုဖြစ်ပွား

8.1.1
မြောက်ဥက္ကလာပမြို့နယ် အထွေထွေရောဂါ ကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီးအတွင်း ရေလျှံနေသည်ကို သြဂုတ် ၂၃ ရက် နံနက် ၁၁ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်အချို့တွင် မိုးရွာသွန်းခြင်း၊ ချောင်းရေလျှံခြင်း များကြောင့် ဘုန်းတော် ကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် ကားလမ်းများပေါ်တွင် သြဂုတ် ၂၂ ရက်နေ့မှစ၍ ၂၃ ရက် နေ့အထိ ရေကြီးမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်း ကို လုံးဝမလုပ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အတည်ပြု ပြောကြား

Photo: ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့အား ဒလဘက်သို့ တိုးချဲ့မည့် စီမံကိန်း ကို လုံးဝမလုပ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အတည်ပြု ပြောကြား
Saturday, August 24, 2013

ယခုအစိုးရ လက်ထက်တွင် ရန်ကုန်မြို့ကြီးအား ဒလဘက်သို့ ချဲ့ရန်စီမံကိန်း ကို လုံးဝမလုပ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က အတည်ပြု ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် မြေဈေးများ အဆမတန် မြင့်တက်မှုနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် မည်သို့ထိန်းချုပ်သွားရန် ရှိမရှိ သတင်းထောက်များက မေးမြန်းခဲ့မှုအပေါ် ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်း ပသော ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် မီဒီယာ များ တွေ့ဆုံပွဲတွင် မြေဈေးနှုန်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ပြန်လည် ဖြေကြားရာ၌ နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ''ကျွန်တော်တို့ ဒလဘက်မှာ လုပ်စရာ အကြောင်းမရှိဘူး။ တစ်ချိန်တော့ ရန်ကုန်မြို့ကြီးက ဒလဘက်ကို ချဲ့ဖို့အကြောင်း ရှိတယ်။ အခုမဟုတ်ဘူး။ ကျွန်တော်တို့ မလုပ်ပေမယ့် ကြားကလူတွေက ဒလကိုလုပ်မယ် ဆိုတာနဲ့ မြေတွေအားလုံးက ဈေးတွေ တက်သွားတယ်။ ကျွန်တော်တို့ ဒလကို လုံးဝမလုပ်ဘူး။ ဒီအစိုးရ လက်ထက်မှာ ဒလမလုပ်ဘူး။ ဒါပေမဲ့ လူတွေက လုပ်ပစ်လိုက်တော့ လူတွေပဲ ဒုက္ခရောက်ပြီး ဘယ်နေရာမှန်းမသိ၊ ညာနေရာမှန်း မသိ ဖြစ်သွားတယ်။ ဒါကြောင့် ဒလကို ကျွန်တော်တို့ မလုပ်ဘူး။ ဒလကို ကိုရီးယားနဲ့ တံတားထိုးမယ်ဆိုတာ ဆောက်လုပ်ရေးက သွားကြည့်တာနဲ့မှန်းပြီး အဲဒီနေရာမှာ တံတားထိုးမယ်ဆိုပြီး ၀ယ်ကြပြန်ရော။ ကျွန်တော်တို့လည်း အဲဒီအလုပ်တွေက လိုက်လို့ကို မနိုင်ဘူး'' ဟု ပြောကြားခဲ့သည်။

မြေဈေးမြင့်တက် မှုများကို နိုင်ငံတော် အနေဖြင့် အခွန်ဖြင့် ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ မြေနှင့်ပတ်သက်သော အခွန်ဥပဒေများကို ပြုပြင်သင့်တာ ပြုပြင်သွားမည် ဖြစ်ကြောင်း၊ အရောင်းအ၀ယ်များအား Moniter လုပ်ပြီး အခွန်ဖြင့် လိုက်ထိန်းသွားရန် စီစဉ်နေကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များရှိ မြို့နယ်အလိုက် မြေဈေးနှုန်းများအား သတ်မှတ်ကာ တံဆိပ်ခေါင်းခွန်အား အပြည့်အ၀ ရရန်အတွက် ဆောင်ရွက်နေသည် ဟုလည်း သိရှိရသည်။

မြို့နယ်အလိုက် တစ်စတုရန်းပေ ပတ်လည် မြေတန်ဖိုးများကို ပြုစုပြီးပါက ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် တံဆိပ်ခေါင်း ခွန်များအား လျော့ပြကာ ယခုအချိန်တွင် လုပ်ကိုင်နေကြောင်း ကိုလည်း သိရှိရသည်။

Eleven Media Group
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရှင်းလင်း ပြောကြားနေစဉ်
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ရှင်းလင်း ပြောကြားနေစဉ်
ယခုအစိုးရလက်ထက်တွင် ရန်ကုန်မြို့ကြီးအား ဒလဘက်သို့ချဲ့ရန်စီမံကိန်းကို လုံးဝမလုပ်ကြောင်း နိုင် ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က အတည်ပြု ပြောကြားခဲ့ပါသည်။

ရွှေသံလွင် မီဒီယာမှ နိုင်ငံတော်သို့ အကျိုးအမြတ် ပေးသွင်းရမည်ကို သုံးနှစ်အထိ ပေးစရာ မလိုဘဲ ခွင့်ပြုပေးထားခဲ့ပြီး ယခုနှစ်မှသာ နိုင်ငံတော်မှ အကျိုးအမြတ် စတင်ရရှိမည်

Sky Net ရုပ်သံလိုင်း တည်ထောင်ထားသည့် ရွှေသံလွင် မီဒီယာ အနေဖြင့် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် အကျိုးအမြတ် ခွဲဝေသည့်စနစ်ဖြင့် လုပ်ကိုင်နေသော်လည်း သုံးနှစ်အထိ အကျိုးအမြတ် ခွဲဝေပေး သွင်းခြင်းအား ပြန်ကြားရေးမှ ရွှေသံလွင်အပေါ် ဆိုင်းငံ့ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

Friday, 23 August 2013

ကမ္ဘာ့ ဆံပင် အုံ အကြီးဆုံး အမျိုးသမီး

Photo: ကမ္ဘာ့ ဆံပင် အုံ အကြီးဆုံး အမျိုးသမီး
Friday, August 23, 2013

သူမရဲ့ အမည်ကတော့ Aevin Dugas ဖြစ်ပါတယ်။ သူမရဲ့ ဆံပင်ကြောင့် ဂင်းနစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆံပင် ပတ်လည်က ၄ပေ ၄ လက်မ ( ၁၃၂ စင်တီမီတာ) ရှိပါတယ်။

Kaung Zay Yan
(Discoveries Myanmar)
သူမရဲ့ အမည်ကတော့ Aevin Dugas ဖြစ်ပါတယ်။ သူမရဲ့ ဆံပင်ကြောင့် ဂင်းနစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Facebook ကို ဖောက်နိုင် သည့် ဟက်ကာ ဒေါ်လာ ၁၁,၀၀၀ ရရန် သေချာ

Photo: Facebook ကို ဖောက်နိုင်သည့် ဟက်ကာ ဒေါ်လာ ၁၁,၀၀၀ ရရန် သေချာ
Friday, August 23, 2013

နာမည်ကျော် လူမှုကွန်ရက် တစ်ခု ဖြစ်သည့် Facebook ကို ထူထောင် ခဲ့သော မာ့ခ်ဇူကာဘတ်၏ Timeline ကို ခိုးဖောက် ဝင်ရောက်နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ခါလီရှာရီသာ ဆိုသူအား ဆုငွေအဖြစ် ဒေါ်လာ ၁၁,၀၀၀ ချီးမြှင့်ရန် ရှိကြောင်း Mashable.com တွင် ရေးသားထားသည်။

ထိုဆုငွေများကို ရှာရီသာအား Facebook က ချီးမြှင့်မည် မဟုတ်ဘဲ အွန်လိုင်းပေါ်တွင် လူထု လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် GoFundMe လှုပ်ရှားမှု အဖွဲ့က ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က Facebook ပေါ်ရှိ ဇူကာဘတ်၏ Timeline ကို ဝင်ရောက် ခိုးဖောက် နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ဟက်ကာ ရှာရီသာနှင့် ပတ်သက်ပြီး Facebook ၏ လုံခြုံရေးမှာလည်း လှုပ်ခတ်သွား ခဲ့ရသည်။

BeyondTrust လုံခြုံရေး ကုမ္ပဏီ နည်းပညာ အရာရှိ မာ့စ်မိုက်ဖရက်က ထိုသို့ စွမ်းဆောင်နိုင်သည့် ရှာရီသာကို ဆုငွေ ချီးမြှင့်ရန် Facebook ကို တိုက်တွန်းသော်လည်း ငြင်းဆန်ခဲ့သဖြင့် အွန်လိုင်း လှုပ်ရှားမှု တစ်ခု အနေဖြင့် စည်းရုံး လုပ်ဆောင်ခဲ့ရာတွင် တစ်နေ့တည်း ဒေါ်လာ ၁၀,၀၀၀ ရရှိခဲ့သည်။ လက်ရှိ အခြေအနေတွင် အလှူရှင်ပေါင်း ၁၉၉ ဦးထံမှ ရှာရီသာ အား ချီးမြှင့်ရန် ငွေသားပေါင်း ၁၁,၃၀၅ ဒေါ်လာ ရရှိနေပြီဖြစ်ကြောင်း GoFundMe အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

ဆုချီးမြင့်ရခြင်းနှင့် ပတ်သက်ပြီး မိုက်ဖရက်က လွတ်လပ်စွာ လှုပ်ရှား လုပ်ဆောင်နေသူတွေကိုလည်း သတိထားဖို့ လိုကြောင်း နည်းပညာ ကုမ္ပဏီ များ အနေဖြင့် ဤသို့သော လူငယ်များကို ချီးမြှင့် မြှောက်စားရန် လိုကြောင်း၊ တစ်ရက်တည်း ဒေါ်လာ သောင်းချီပြီး လှူဒါန်းကြသည့် အားပေး မြှောက်စားမှုကိုလည်း အသိအမှတ်ပြုရန် လိုကြောင်း ပြောကြား ခဲ့သည်။

ရှာရီသာသည် ပြီးခဲ့သည့် ရက်သတ္တပတ် က ဗိုင်းရပ်စ် တစ်မျိုးကို တီထွင်ခဲ့ပြီး Facebook Timeline က တစ်ဆင့် ပေးပို့နေခြင်း ဖြစ်ပြီး Facebook နှင့် မိတ်ဆွေဖွဲ့ မထားသူများထံသို့ပင် ယင်းဗိုင်းရပ်စ် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် လုံခြုံရေးအတွက် စိတ်ချရပါသည် ဆိုသော Facebook အပေါ် သံသယဝင်စရာများ ဖြစ်လာခဲ့သည်။

Facebook သည် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဒေါ်လာ ၂၀,၀၀၀ ပေးမည်ဟု ဆုငွေ ထုတ်ထားသော်လည်း ယနေ့အထိ ဒေါ်လာ ၅၀၀ ခန့်သာ ချီးမြှင့်ပေးမှု ရှိခဲ့ကြောင်း Facebook စာမျက်နှာ တစ်ခုတွင်လည်း ရေးသား ဖော်ပြထားသည်။

Facebook က မိမိအပေါ် အသိအမှတ် မပြုခြင်းနှင့် ပတ်သက်ပြီး စိတ်ပျက် မိကြောင်း ရှာရီသာ ကလည်း ပြောကြားသည်။

The Voice Weekly
နာမည်ကျော် လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Facebook ကို ထူထောင် ခဲ့သော မာ့ခ်ဇူကာဘတ်၏ Timeline ကို ခိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ခါလီရှာရီသာ ဆိုသူအား ဆုငွေ အဖြစ် ဒေါ်လာ ၁၁,၀၀၀ ချီးမြှင့်ရန် ရှိကြောင်း Mashable.com တွင် ရေးသားထားသည်။

ဖောက်ခွဲရေးသမား သတင်းကြောင့် မြိတ်တွင် ရပ်/ကျေးအဆင့်အထိ လုံခြုံရေးချ

Photo: ဖောက်ခွဲရေးသမား သတင်းကြောင့် မြိတ်တွင် ရပ်/ကျေးအဆင့်အထိ လုံခြုံရေးချ
Friday, August 23, 2013

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းသို့ ရေကြောင်းမှ တစ်ဆင့်
ဖောက်ခွဲရေးသမားသုံးဦး ရောက်လာမည်ဟူသည့် သတင်းကြောင့် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများအထိ လုံခြုံရေးအဆင့် မြှင့်တင် ထားကြောင်း သက်ဆိုင်ရာ တာဝန်ကျ ရဲအရာရှိများထံမှ သိရသည်။

အဆိုပါသတင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကစပြီး လုံခြုံရေး
အထူး ဆောင်ရွက်ရန်အတွက် ဖောက်ခွဲရေးသမားဟု သတင်းရထားသည့် သူများ၏ အမည်နှင့်တကွ ဓာတ်ပုံများကို တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များကိုပါ ပေးပို့ဝေ
ငှထားကြောင်း ရဲအရာရှိများက ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ မြိတ်ခရိုင်အတွင်းရှိ နေရာအများအပြား တွင် လုံခြုံရေး တိုးမြှင့်ချထားလျက်ရှိပြီး ၂၄ နာရီ အချိန်ပြည့် စောင့်ကြပ်နေ
ရကြောင်း တာဝန်ကျ ရဲအရာရှိများက ရှင်းပြသည်။

မြိတ်ခရိုင် တနင်္သာရီမြို့တွင်လည်း နေ့ကင်း၊ ညကင်းများဖြင့် အလှည့်ကျ လုံခြုံရေး တိုးမြှင့်ထားပြီး ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ရပ်မိရပ်ဖ
များနှင့် ပူးပေါင်းပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း တနင်္သာရီမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ရေလမ်းက ဝင်လာမယ်လို့ သတင်းရထားတော့ ကမ်းနားဘက်မှာ ပိုပြီး စောင့်ကြည့်တယ်။ ရွာတွေမှာ ရပ်မိရပ်ဖတွေ၊ မီးသတ်တွေ၊
ပြည်သူ့စစ်တွေက လက်နက်အပြည့် အစုံနဲ့ စောင့်ကြည့်နေတယ်” ဟု အထက်ပါဝန်ထမ်းက ပြောကြားသည်။

အဆိုပါ သတင်းကြောင့် မြို့တွင်းမြို့ပြင် စောင့်ကြည့် စစ်ဆေးမှုများကို ဆက်တိုက်ပြုလုပ်နေရပြီး လုံခြုံရေးတာဝန် ဆောင်ရွက်ရမည့် ရက်အကန့်အသတ်ကို မပြောနိုင်သေးဟု မြိတ်မြို့အဝင်အထွက် စစ်ဆေးနေသည့် တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

“ကောလာဟလ သတင်းတွေက အမျိုးမျိုး ထွက်နေတာပါပဲ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။ အကြမ်းဖက် ဖောက်ခွဲရေးသမားများဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည့်သူ သုံးဦးအနက် တစ်ဦးမှာ ယခင် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ယခုထိုင်းနိုင်ငံသား တစ်ဦးအဖြစ် ခံယူသည့် မာမတ် (ခ)သိန်းအောင်ဖြစ်ကာ မြန်မာနိုင်ငံတွင် ၁၂ နှစ်သားအထိ နေထိုင်ခဲ့ဖူးကြောင်း၊ မြန်မာ စကားကိုလည်း ကောင်းမွန်စွာ ပြောတတ်ကြောင်း ဖော်ပြသည်။

ဒုတိယမြောက် တစ်ဦးဖြစ်သည့် အာဇက်မှာ အင်ဒိုနီးရှားနိုင်ငံ
သားဖြစ်ပြီး မြန်မာစကားကိုလည်း ကောင်းစွာ ပြော ဆိုနိုင်ကြောင်း
ဖော်ပြထားသည်။

တတိယတစ်ဦးဖြစ်သည့် ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိ
တစ်ဦးဖြစ်ပြီး ယခု ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် ခံယူထားကာ မြန်မာ
စကားကိုလည်း ကောင်းမွန်စွာ ပြောဆိုနိုင်သူ ဖြစ်သည်ဟု သက်ဆိုင်ရာက
ဖြန့်ဝေထားသည့် ဓာတ်ပုံနှင့် စာအရ သိရသည်။

Dawei Watch
The Voice Weekly
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းသို့ ရေကြောင်းမှ တစ်ဆင့် ဖောက်ခွဲရေးသမား သုံးဦး ရောက်လာမည်ဟူသည့် သတင်းကြောင့် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများအထိ လုံခြုံရေး အဆင့် မြှင့်တင် ထားကြောင်း သက်ဆိုင်ရာ တာဝန်ကျ ရဲအရာရှိများထံမှ သိရသည်။

မြန်မာ့လေကြောင်း မိုးရာသီ ပထမဆုံးအကြိမ် လက်မှတ်ဈေးလျှော့

Photo: မြန်မာ့လေကြောင်း မိုးရာသီ ပထမဆုံးအကြိမ် လက်မှတ်ဈေးလျှော့
Friday, August 23,2013

မိုးရာသီကာလအတွင်း မြန်မာ့လေကြောင်းမှ ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း ရှိအချို့ မြို့များကို လေယာဉ် လက်မှတ် ဈေးနှုန်းလျှော့ချကာ ရောင်းချပေးနေ ကြောင်း မြန်မာ့လေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လေယာဉ်လက်မှတ် ရောင်းချရာတွင် ပန်ကာတပ် ရိုးရိုးလေယာဉ်နှင့် ဂျက်လေယာဉ်တို့အတွက် ဈေးနှုန်းခွဲခြား သတ်မှတ်ထားပြီး စစ်တွေနှင့် ရန်ကုန်-ကော့သောင်းနှင့် ထားဝယ်-ကော့သောင်းနှင့် မြိတ်- ရန်ကုန်နှင့် ထားဝယ်တို့အတွက် မိုးရာသီအတွင်း ဈေးနှုန်းလျှော့ချပေးပြီး နောင်ရာသီများ အတွက်လည်း အဆိုပါအစီအစဉ်မျိုး ရှိသေးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ဈေးနှုန်းလျှော့ချရခြင်း၏ အဓိက အကြောင်းအရင်းမှာ ပြည်သူများဈေးနှုန်း သက်သာလွယ်ကူစွာ ခရီးသွားနိုင်စေရန် ဖြစ်ကြောင်း ၎င်းကထပ်မံ
ပြောကြားသည်။

The Voice Weekly
မိုးရာသီကာလအတွင်း မြန်မာ့လေကြောင်းမှ ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းရှိအချို့ မြို့များကို လေယာဉ်လက်မှတ် ဈေးနှုန်းလျှော့ချကာ ရောင်းချပေးနေကြောင်း မြန် မာ့လေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တေးသံရှင် ရတနာမိုင်၏ ပုံရိပ်များတေးစီးရီး သြဂုတ် ၂၉ ထွက်မည်

Photo: တေးသံရှင် ရတနာမိုင်၏ ပုံရိပ်များတေးစီးရီး သြဂုတ် ၂၉ ထွက်မည်
Friday, 23 August 2013

အလွမ်းသင့်ပန်းချီ တေးသီချင်းဖြင့် လူသိများလာသော ရတနာမိုင်၏ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်သော ပုံရိပ်များ တေးစီးရီးကို ရတနာမြိုင် တေးသံသွင်းမှ သြဂုတ်လ ၂၉ ရက်နေ့ တွင် ဖြန့်ချိသွားမည်
ဖြစ်ကြောင်း MyLay Entertainment မှ စီစဉ်သူ ဦးဇော်မျိုးထက်က ပြော
ကြားသည်။

“အရင်တုန်းက မိုင်လေးထွက်ခဲ့တဲ့ စီးရီးတွေမှာ ပါတဲ့သီချင်းတွေက
ယောက်ျားလေးဆန်တဲ့ သီချင်းတွေများတယ်။ ဒီစီးရီးမှာတော့ မိန်းကလေးဆန်တဲ့ Slow Rock ပုံစံသီချင်းလေးတွေ ပိုထည့်ထားတယ်” ဟု ပုံရိပ်များ တေးစီးရီးနှင့် ပတ်သက်၍ ၎င်းကထပ်လောင်း ပြောကြားသည်။

ယခုတေးစီးရီးတွင် သီချင်းပေါင်း ၁၂ ပုဒ်ပါဝင်ကာ Bonus Track အနေနှင့် အဝေးထွက်သွားသူ သီချင်းကို ပုံစံပြောင်း တီးထားပြီး မိခင်ဖြစ်သူမိုင်၏ မလွမ်းပို သီချင်းကိုလည်း မူရင်းပုံစံအတိုင်း ပြန်ဆိုထားကြောင်း၊ သီချင်းများကို တေးရေး ဦးမိုးမင်းဝင်း၊ နောင်နောင် (SF)၊ မင်းချစ်သူ၊ အောင်လ၊ ညီမင်းခိုင်၊ ထင်အောင်၊ ယုန်လေး၊ စိုးမိုးသန်း၊ will & smith, Ngar, KLC တို့ ရေးစပ်ပေးထားကြပြီး ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်း ဖြစ်ကြောင်း တေးသံရှင် ရတနာမိုင်က ဆိုသည်။

တေးသံရှင် ရတနာမိုင်မှာ မရှိလို့မဖြစ်နှင့် တစ်ကိုယ်တော် တေးစီးရီးများ ထွက်ရှိထားသည်။

The Voice Weekly
အလွမ်းသင့်ပန်းချီ တေးသီချင်းဖြင့် လူသိများလာသော ရတနာမိုင်၏ တတိယမြောက် တစ် ကိုယ်တော် တေးစီးရီးဖြစ်သော ပုံရိပ်များ တေးစီးရီးကို ရတနာမြိုင် တေးသံသွင်းမှ သြဂုတ်လ ၂၉ ရက်နေ့ တွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း MyLay Entertainment မှ စီစဉ်သူ ဦးဇော်မျိုးထက်က ပြော ကြားသည်။

မွန်လူဦးရေ စာရင်းကို စက်တင်ဘာ လလယ်တွင် ရန်ကုန်တိုင်း၌ ကောက်ခံရန်ရှိ

ရန်ကုန်တိုင်း ဒေသကြီးများအတွင်း နေထိုင်သည့် မွန်လူမျိုးများ မှတ်ပုံတင်များ၌ အမည်လွဲ ဖော်ပြထား သည့်အပေါ် ပြင်ဆင် နိုင်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူမည့် အစီအစဉ်သည် စက်တင်ဘာ ဒုတိယအပတ်၌ လုပ်ငန်းစတင် နိုင်မည် ဖြစ်ပြီး အလုံမြို့နယ်မှစတင်၍ ကောက်ယူသွားမည် ဖြစ်ကြောင်း မွန်လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ ဒါရိုက်တာ ဦးမင်းစိုးအောင်က ပြောသည်။

NSAက အမေရိကန်ပြည်သူတို့၏ အီးမေးလ် ထောင်ပေါင်းများစွာကို စုဆောင်း ရယူခဲ့ဟုဆို

Photo: NSAက အမေရိကန်ပြည်သူတို့၏ အီးမေးလ် ထောင်ပေါင်းများစွာကို စုဆောင်း ရယူခဲ့ဟုဆို
Friday, August 23, 2013

ကမ္ဘာကျော်စနိုးဒန် အရူပ်တော်ပုံ ဖြစ်ပွားခဲ့သော အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA)သည် ၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နှစ်စဉ်
ပုဂ္ဂိုလ်ရေးအီးမေးလ် ၅၆၀၀၀အထိကို တရားမဝင်စုဆောင်းခဲ့သည်ဟု အမေရိကန်၏နှစ်စဉ်ထုတ်ပြန်နေကျ တရားရုံးလျှို့ဝှက်မှတ်တမ်းများတွင်
ဖော်ပြထားသည်ဟုသိရသည်။ အဆိုပါအီးမေးလ်အသုံးပြုသူများသည် အကြမ်းဖက်သမားဟု သံသယရှိသူများနှင့် ချိတ်ဆက်မှု မရှိကြောင်းလည်း သိရသည်။

၎င်းလုပ်ရပ်သည် တရားမဝင်ကြောင်း ပြည်ပထောက်လှမ်း စောင့်ကြည့်ရေး
ဆိုင်ရာ တရားရုံးမှ တရားသူကြီးတစ်ဦးက ၂၀၁၁ခုနှစ်တွင် အမိန့်ချမှတ်
ခဲ့သည်ဟု တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့သည်။

ယင်းလုပ်ရပ်ကြောင့် NSAသည် အမေရိကန်ဥပဒေကို ချိုးဖောက်ခဲ့ဖွယ်ရှိ
သည်ဟု သာမာန်အားဖြင့် လျှို့ဝှက်ထားလေ့ရှိသော တရားရုံးမှတ်တမ်းတွင်
ဖော်ပြထားသည်ဟုဆိုသည်။

သို့ရာတွင် NSAက အီးမေးလ်များကို ရည်ရွယ်ချက်ရှိရှိရယူခြင်း၊ မဟုတ်ပဲ နည်းပညာပိုင်းချို့ယွင်းမှုကြောင့် ဖြစ်ရသည်ဟု အမည်မဖော်သော ထောက်
လှမ်းရေး တာဝန်ရှိသူများက ပြောကြားသည်ဟု သိရသည်။ NSAသည် အကြမ်းဖက်သမားများနှင့် တိုက်ရိုက်ချိတ်ဆက်မှုမရှိသော အမေရိကန်ပြည်
သူတို့၏ အီးမေးလ်များကို သီးခြားခွဲထုတ်နိုင်ခြင်းမရှိသဖြင့် နှစ်စဉ်
လူထောင်ပေါင်းများစွာ၏ အီးမေးလ်များကို စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အချက်အလက်များစုဆောင်းခြင်းသည် အမေရိကန်အခြေခံဥပဒေ စတုတ္တမြောက် ပြင်ဆင် ဖြည့်စွက်ချက် ချိုးဖောက်ခြင်းဖြစ်သည်ဟု တရားရုံးကဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ နိုင်ငံ တကာတွင် လူ့အခွင့်အရေး
အကြောင်း ကျယ်လောင်စွာပြောဆိုနေသော အမေရိကန်နိုင်ငံသည် ထိုကဲ့သို့ ပုဂ္ဂိုလ်ရေး အီးမေးလ်များ လျှို့ဝှက်ရယူနေခြင်းမှာ အမေရိကန်ပြည်
သူတို့၏ အခွင့်အရေး သို့မဟုတ် လူ့အခွင့်အရေးကို တစ်နည်းနည်းနှင့် ချိုးဖောက်နေခြင်းပင် မဟုတ်ပါလား။

Myanmar ICT
ကမ္ဘာကျော်စနိုးဒန် အရူပ်တော်ပုံ ဖြစ်ပွားခဲ့သော အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA)သည် ၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နှစ်စဉ် ပုဂ္ဂိုလ်ရေးအီးမေးလ် ၅၆၀၀၀အထိကို တရားမဝင်စုဆောင်းခဲ့ သည်ဟု အမေရိကန်၏နှစ်စဉ်ထုတ်ပြန်နေကျ တရားရုံးလျှို့ဝှက်မှတ်တမ်းများတွင် ဖော်ပြထားသည်ဟု သိရသည်။ အဆိုပါအီးမေးလ်အသုံးပြုသူများသည် အကြမ်းဖက်သမားဟု သံသယရှိသူများနှင့် ချိတ် ဆက်မှု မရှိကြောင်းလည်း သိရသည်။

သင့် Laptopရဲ့ Batteryကို ကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းများ

Photo: သင့် Laptopရဲ့ Batteryကို ကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းများ
Friday, August 23, 2013

သင့် Laptopရဲ့ Batteryကို ကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းများကို
ရေးပေးလိုက်ပါတယ်။ ဒီနည်းတွေက သင့် Laptopကို အားသွင်းလို့မရတဲ့ အခြေအနေမှာ များစွာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

Screen Brightnessကို လျှော့ချပါ

Modern Portable Electronic Deviceတွေဖြစ်တဲ့ Laptop, Tablet, Smartphoneစတာတွေမှာ အဓိက Batteryအကုန်မြန်စေတဲ့ အရာက Displayပဲ ဖြစ်ပါတယ်။ Screen Brightnessကို လျှော့ချခြင်းဖြင့် Batteryရဲ့ သက်တမ်းကို ကြာကြာသုံးနိုင်ပါတယ်။ Laptopရဲ့ ကီးဘုတ်က Function Key (Fn)ကိုဖိထားပြီး Brightness Buttonကိုနှိပ်ပြီး အတိုးအလျှော့
ပြုလုပ်ရမှာပါ။ Brightnessနည်းလေ Batteryအသုံး ခံနိုင်လေ ဖြစ်ပါတယ်။

နောက်တစ်နည်းက Windows 7မှာဆိုရင် Windows Key + X ကိုနှိပ်ပြီး Windows Mobility Centerကိုဖွင့်ပြီး Brightnessကိုချိန်ညှိလို့ ရပါတယ်။ Windows 8မှာတော့ Windows Key + X ကိုနှိပ်ရင် Power User Menuကိုဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Windows Mobility Centerကို သုံးချင်ရင် Control Panelကနေ သုံးရမှာပါ။

Displayကို အလိုအလျောက် ပိတ်အောင်လုပ်ပါ

သင့် Laptopကို အသုံးမပြုတော့တဲ့ အချိန်မှာ Displayကို အလိုလို ပိတ်အောင် ပြုလုပ်ထားခြင်းဖြင့်လည်း Batteryကို ကြာရှည် အသုံးခံစေပါတယ်။ Control Panelက Power Optionsကိုဝင်ပါ။ Dim the display , Turn off the displayမှာ မိနစ်အနည်းဆုံး သတ်မှတ်ပေးပါ။ Mouse Cursorရွေ့လျားခြင်းဖြင့် ဒါမှမဟုတ် ကီးဘုတ်က ကီးတစ်ခုခုကို နှိပ်ခြင်းဖြင့် ပြန်အသုံးပြု နိုင်ပါတယ်။ သင်အသုံးပြုနေသမျှ Displayကအလိုလို ပိတ်မှာ မဟုတ်ပါဘူး။အဲဒီအတွက် သင့်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။ Media Playerတွေကို အသုံးပြုနေရင်လည်း Displayက အလိုလို မပိတ်တဲ့အတွက် ရုပ်ရှင်၊ သီချင်းတွေကို နားထောင် ကြည့်ရှုနေရင်လည်း အနှောင့်အယှက် မဖြစ်ပါဘူး။

Bluetoothနဲ့ တစ်ခြား Deviceတွေကို Disableလုပ်ပါ

Bluetooth, Wifiတွေကို မလိုအပ်ဘဲ ဖွင့်ထားခြင်းကလည်း Batteryကို အကုန်မြန်စေပါတယ်။ Bluetooth, Wifiစတာတွေကို Disableလုပ်ဖို့ Function Key (Fn)ကို ဖိထားပြီး Bluetooth, Wifiတို့ရဲ့Symbol Keyကို နှိပ်ပြီး အဖွင့်အပိတ် လုပ်ပါ။

Power Planကို Tweakလုပ်ပါ

Windowsမှာ Power Planတွေ အမျိုးမျိုး ပြုလုပ်သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် Balanced Modeကို အသုံးပြုနေရာကနေ Powerအကုန် သက်သာစေချင်ရင် Power Saver Modeကို ပြောင်းသုံးလို့ ရပါတယ်။ Power Plan အမျိုးမျိုးက Settingတွေကို သင့်စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။ Control Panel မှာ Power Optionsကို ရှာတွေ့နိုင်ပါတယ်။

Advanced Power Optionsကို ပြောင်းလဲဖို့ Change plan settingsကိုနှိပ်ပါ။ Change advanced power settingsကို နှိပ်ပါ။ အဲဒီမှာ Tweakလုပ်နိုင်တဲ့ Settingsတွေ အများကြီး ရှိပါတယ်။သင့် Hard Driveကို မြန်မြန် Power Offလုပ်ဖို့၊ Processorကို နှေးအောင်လုပ်ဖို့၊ Desktop Background Slideshowတွေကို Pauseလုပ်ဖို့ စတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီလို ပြောင်းလဲပေးခြင်းဖြင့်လည်း သင့် Powerကို သက်သာစေပါတယ်။

Windows Power Troubleshooterကို သုံးပါ

Windows 7နဲ့ 8မှာ Power Troubleshooting Toolပါရှိပြီး သင့် Batteryကုန်ဆုံးစေတဲ့ အရာတွေကို Scanလုပ်ပြီး အလိုလို ပြုပြင်ပေးနိုင်ပါတယ်။ Troubleshooterကိုသုံးဖို့ Control Panelက Troubleshootingကို နှိပ်ပါ။ View allကို နှိပ်ပါ။ Powerကိုနှိပ်ပြီး Troubleshooterကို ဖွင့်ပါ။

Windowsက ပြဿနာတွေကို ရှာဖွေပြီး အလိုလို ပြုပြင်ပေးပါလိမ့်မယ်။

Startup Programsတွေကို ပိတ်ပါ။ ပေါ့ပါးတဲ့ Programsတွေကို သုံးပါ။

- Screen Saverတွေကို မသုံးပါနဲ့။ Modern Computerတွေမှာ Screen Saverကို သုံးစရာမလို ပါဘူး။ Batteryပိုကုန်စေပါတယ်။

- Backgroundမှာ Runနေတဲ့ Programsတွေကို ပိတ်ပါ။ System Trayမှာ Runနေတဲ့ Programs တွေကို မသုံးရင် ပိတ်ပါ။ ဒါမှမဟုတ် Uninstall လုပ်ပါ။ ဒါမှမဟုတ် Startupမှာ အလိုလို မRun အောင် ပိတ်ထားပါ။

- Heavy Programsတွေကို သုံးခြင်းအားဖြင့် CPUကို ပိုအလုပ်လုပ်စေပြီး Batteryကို မြန်မြန် ကုန်စေပါတယ်။ အဲဒီအစား Light Weight Programတွေကို ရွေးချယ်သုံးပါ။

- သင့်စက်မှာ RAMကို အသုံးပြုမှုများလာလို့ မလုံလောက်တော့ရင် ကွန်ပြူတာက Dataတွေကို Hard Driveကို ရွှေ့ပြောင်းပါတယ်။ အဲလို ရွှေ့ပြောင်းခြင်းဟာလည်း Powerကို မြန်မြန် ကုန်စေပါတယ်။ အဲဒီအတွက် RAM အသုံးပြုမှုနည်းအောင် Background Programတွေကို ပိတ်ပါ။ ဒါမှမဟုတ် RAM ကို Upgrade လုပ်ပါ။

သင့်ကွန်ပြူတာ အလုပ်လုပ်မှုနည်းလေ Powerသက်သာလေ ဖြစ်ပါတယ်။ CPU, RAM usage တွေကို Task Managerမှာ တွေ့နိုင်ပါတယ်။

Sleepအစား Hibernateကို သုံးပါ

ကွန်ပြူတာ Sleepဖြစ်သွားတဲ့ အချိန်မှာတောင် Powerအနည်းငယ်ကို အသုံးပြုနေပါတယ်။ Hibernateလုပ်ရင်တော့ System Stateကို Driveမှာ သိမ်းပြီး Power Off လုပ်လိုက်တဲ့အတွက် Powerကို လုံးဝအသုံးပြုမှု မရှိတော့ပါဘူး။

အထက်ပါ နည်းတွေကို အသုံးပြုပြီး သင့် Laptopရဲ့ Batteryကိုကြာရှည်စွာ အသုံးပြုနိုင်မှာပါ။ အထက်ပါ နည်းတွေကို အသုံးပြုပြီးတော့လည်း သင့် Batteryက အသုံးမခံဘူးဆိုရင် ကြာရှည်စွာ အသုံးပြုနိုင်တဲ့ Batteryကို ၀ယ်ပြီးလဲလှယ် အသုံးပြုနိုင်ပါတယ်။

Myanmar ICT
သင့် Laptopရဲ့ Batteryကို ကြာရှည်စွာအသုံးပြုနိုင်မယ့်နည်းများကို ရေးပေးလိုက်ပါတယ်။ ဒီနည်းတွေက သင့် Laptopကို အားသွင်းလို့မရတဲ့ အခြေအနေမှာ များစွာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S

Photo: ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S
Friday, 23 August 2013

ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S ဆိုပြီးတော့ ဓာတ်ပုံတွေ ထပ်ထွက်လာပါပြီ။

ရေးသားဖော်ပြနေကြတဲ့အတိုင်းဆိုရင် iPhone က အရောင် လေးမျိုးနဲ့ ထွက်နိုင်ကြောင်းဆို ပါတယ်။ ရွှေရောင် iPhone 5S ထွက်မယ်ဆိုတဲ့ သတင်း နဲ့ ဓာတ်ပုံက ရက်ပိုင်းအတွင်းပဲ ရှိပါသေးတယ်။ ကမ္ဘာအနှံ့က ဆိုရှယ်မီဒီယာတို့ အပေါ်ပျံ့ နှံ့  ပြီး ရွှေရောင် အိုင်ဖုန်းလိုချင်ကြောင်း ရင်ဖွင် သူတွေ အင်မတန် များနေပါတယ်။ ရွှေအလွှာ ပါးပါးလေး ထည့်သွင်း အရောင် တင်ပေးမယ့် Golden iPhone 5S ရဲ့  ဈေးကလည်း အခြား အရောင် များနဲ့ သိပ်မကွာဘူးလို့ ဆိုပြန်ပါတယ်။ ဒီတော့ တကယ်သာ မှန်ရင် အားလုံး ရွှေရောင်ကို Demand ဖြစ်ကြမှာ အမှန်ပါပဲ။

အဲ့လိုမဟုတ်ပဲ ရွှေရောင်တစ်ခုက ဈေးကြီးရင်တော့ High class ဖုန်း ကိုင်သူ များအတွက်ပဲ ဖြစ်လာမှာပါ။ အတွင်းမှာ ပါဝင်မယ့် Specification, နည်ပညာ နဲ့ အပြင် Hardware အကြောင်းရေးသားချက်များကို Apple က ပြန်လည် ဖြေရှင်းချက် မပေးထားသေးပဲ ထုတ်ဖော်ပြသမယ့် ရက်ကိုသာ စောင့်ဆိုင်းနေကြပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့မှာ iPhone 5S, iPhone 5c တို့ကို မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref:pockelint
Aung Kham (TSJ team)
ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S ဆိုပြီးတော့ ဓာတ်ပုံတွေ ထပ်ထွက်လာပါပြီ။

Social Media Manager မြန်မာပြည်မှာလည်း လိုလာပြီ

Photo: Social Media Manager မြန်မာပြည်မှာလည်း လိုလာပြီ
Friday, August 23, 2013

လေ့လာကြည့်မိသလောက် ကုမ္မဏီကြီးတွေ တော်တော်များများ လည်း Social Media Manager ရာထူးနဲ့ အလုပ်ခေါ်နေကြပါပြီ။ အချို့ ကျတော့လည်း Web Based Communication Manager , Online Manager အစရှိသဖြင့် အမည်အမျိုးမျိုးနဲ့ခေါ်နေကြပါပြီ။

Requirement တွေကို ကြည့်လိုက်တော့လဲ Facebook တို့လို Social Site မျိုးကို ကောင်းကောင်း အသုံးပြုနိုင်တဲ့သူ ဖြစ်ရမယ်ဆိုတာကို တွေ့ရပါတယ်။ အခြား Requirement တွေ သိပ်မများပါဘူး။ ဒါကြောင့် ဒါဟာ ကြိုးစား သူတိုင်း ရရှိနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Facebook ကို အပျော်သုံးနေမယ့် အစား Facebook Page တို့လိုဟာမျိုးတွေ ဖန်တီး ပြီး Fan အရေအတွက်တိုးအောင်လုပ်ထားမယ် ဆိုရင် အကျိုးအမြတ်များစွာ ရှိပါတယ်။

နောက် မြန်မာပြည်ကို တကယ့် Enterprise ကုမ္မဏီကြီးတွေ ဝင်ရောက်တဲ့ အခါ Social Media Manager Post နဲ့ ဝင်ရောက် လုပ်ကိုင်နိုင်ပြီး အသက်မွေး ဝမ်းကျောင်း ပညာရပ်ကောင်း တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Social Media Manager ရာထူးမျိုးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိလိုသူများဟာ Management course မှ Subject တစ်ခုကို Specialize လုပ်ပြီး လေ့လာခြင်း၊ သို့မဟုတ် အားလုံးကို လေ့လာသင်ကြားခြင်း၊ IT နှင့် ပက်သက်သော ဘွဲ့လက်မှတ်၊ Certificate တစ်ခုခု ရရန် ဖြေဆို ထားခြင်း တို့ကို ပြုလုပ်ပြီး ကိုယ်ပိုင် Facebook Page ကောင်းကောင်း တစ်ခု ဖန်တီး ထားရန် လိုအပ်ပါတယ်။ နောက် Social Media Manager ရာထူးနဲ့ ပက်သက်လို့ အလုပ်ခေါ်တဲ့ Resource များရှိရင် Techspace Facebook Page ကနေ တစ်ဆင့်မျှဝေပေးသွားပါမယ်။

Aung Kham (TSJ team)
လေ့လာကြည့်မိသလောက် ကုမ္မဏီကြီးတွေ တော်တော်များများ လည်း Social Media Manager ရာထူးနဲ့ အလုပ်ခေါ်နေကြပါပြီ။ အချို့ ကျတော့လည်း Web Based Communication Manager , Online Manager အစရှိသဖြင့် အမည်အမျိုးမျိုးနဲ့ခေါ်နေကြပါပြီ။

တတိယအကြိမ်မြောက် Developer Conference ကျင်းပမည်

နည်းပညာဆိုင်ရာ solution ရေးသားသူများ၊ အခြားနည်းပညာ စိတ်ဝင်စားသူများ တက်ရောက်ကြသော Developer Conference ကို ပြည်တွင်း၌တတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Curtin University မှ အင်ဂျင်နီယာဘွဲရများအတွက် MSc Project Management ဘာသာရပ်ဝင်ခွင့်ခေါ်ယူခဲ့

မြန်မာနိုင်ငံ(သို့)နိုင်ငံတကာရှိ အင်ဂျင်နီယာ ကဏ္ဍနယ်ပယ် အသီးသီးတွင်အခွင့်အလမ်းသစ် များ ရှာဖွေပြီး ထိပ်တန်းစီမံခန့်ခွဲမူပညာရပ်နှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများအတွက် MSc (Project Management ) ဘာသာရပ်ကို သြစတြေးလျ Curtin University ၏ စင်ကာပူ Campus တွင်တက်ရောက်နိုင်ကြောင်းသိရသည်။ 

အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် ဝင်ခွင့် အမှတ်တိုးမြှင့်သတ်မှတ်

တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၈၀ နှင့်အထက် ရရှိသူများသာရန်ကုန်နှင့် မန္တလေးမြို့ များရှိ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်တို့တွင် ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားကြောင်းသိရသည်။