Sunday, 11 August 2013

ခါးပိုက်နှိုက်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ

Photo: ခါးပိုက်နှိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ
Sunday, August 11, 2013

၁၀.၈.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်ဖမ်းဆီးရေးတာဝန်အား အင်းစိန်မြို့နယ်၊ လှိုင်မြစ် လမ်း၊ ပေါက်တောဝကားမှတ်တိုင်၌ဆောင်ရွက်လျက်ရှိစဉ်
ယာဉ်လိုင်းအမှတ် (၂၂၄)ပေါ်မှ ဆင်းလာသော လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ ညီညီ (ဘ)ဦးဆန်းလွင်၊ (၁၅)ရပ်ကွက်၊ အောင်မျိုးမင်း (ဘ)ဦးစံထွန်း ၊ (၁၈)ရပ်ကွက်၊ အောင်ကျော်(ခ) အောင်ကြီး (ဘ)ဦးစိုးဝင်း၊ (၁၃)ရပ်ကွက်နေသူတို့အား သက်သေများရှေ့ရှာဖွေရာ
ညီညီဝတ်ဆင်ထား သည့် အင်္ကျီအိတ်ကပ်အတွင်းမှ ငွေစက္ကူရောရာ (၁၇၀၀၀)ကျပ်အား တွေ့ရှိစစ်မေးရာ ၎င်းတို့(၃)ဦး သည် ၎င်းယာဉ်အားလှိုင်သာယာရုံးရှေ့မှတ်တိုင်မှ စီးနင်းလိုက်ပါခဲ့ရာ အင်းစိန်မြို့နယ် ကမ်းနားမှတ်တိုင်တွင်ဆင်းသွားသည့်
အသက်(၃၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ကျောပိုးအိတ်အား
အောင်မျိုးမင်းနှင့် အောင်ကျော်(ခ)အောင်ကြီးတို့မှ ၎င်းတို့၏ဘေးလွယ်အိတ်ဖြင့် တိုးဝှေ့လူကာပေးပြီး ညီညီမှဇစ်ဖွင့်နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
အင်းစိန်မြို့မရဲစခန်း (ပ)၈၆၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့် အရေးယူဆောင်ရွက်ထားရှိပြီး ကြွေးကျန်အမှုများနှင့် တိုက်ဆိုင် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police
၁၀.၈.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေး တပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် ခါးပိုက်နှိုက်ဖမ်းဆီးရေးတာဝန်အား အင်းစိန်မြို့နယ်၊ လှိုင်မြစ်

ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန်

ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန်

Sunday, August 11, 2013



ရောဂါ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်း သူတွေဟာ ခံတွင်းပျက်ပြီး အစာ စားချင်စိတ် လျော့နည်း တာကြောင့် ကိုယ်အလေး ချိန်တွေ လျော့ကျ လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအား

လျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာ သင့်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ရပါတယ်။



မိသားစုစုံညီ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ စားပါ



တစ်ယောက်တည်း အစာစားရင် အစာစားရမှာကို ပျင်းနေတတ်ပါတယ်။ အစာစားချိန်ဆိုတာ လူအများနဲ့ ပေါင်းဖော်ပြီး အတူစားရတဲ့ အချိန်ပါ။ အများနဲ့အတူ မစားရင် အထီးကျန်တဲ့ စိတ်ခံစား မှု ဖြစ်စေပြီး အစာစားချင်စိတ် လျော့ကျစေနိုင်ပါတယ်။ အိမ်မှာ မိသားစု စုံညီ အစာစားပါ ဒါမှမဟုတ် အလုပ်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ အစာစားပါ။



စားချင်စိတ်ရှိသော အစာကို စားပါ



ကျွန်မတို့တွေဟာ ကိုယ်ကြိုက်တဲ့ အစာဆိုရင် များများ စားချင်တတ်ကြပါတယ်။ ခံတွင်းပျက်နေချိန်မှာ အစာစားချင်စိတ် ဖြစ်လာအောင် ကိုယ်ကြိုက်တဲ့အစာကို စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာဆိုရင် အများကြီးမစားပါနဲ့။ သစ်သီးတွေကို စားချင်စိတ်ဖြစ်ပေါ်ပြီး အများကြီး မစားနိုင်ရင် သစ်သီးဖျော်ရည် ဖျော်သောက်ပါ။ သစ်သီးစိတ်တွေကို အရသာရှိအောင် ပြင်ဆင်ပြီး စားပေးပါ။



အစာကို နည်းနည်းနှင့် မကြာခဏ စားပါ



ခံတွင်းပျက်ကာ ကိုယ်အလေးချိန် လျော့ကျနေသူတွေ အနေနဲ့ ကယ်လိုရီများများ ရရှိစေဖို့ တစ်နေ့မှာ အစာက နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။ တစ်နေ့မှာ အစာကို ငါးကြိမ်- ခြော က်ကြိမ်ခန့် စားပေးတာက အာဟာရဓာတ်တွေကို ပိုမို ရရှိစေမယ့်နည်းပါ။



ပြင်းသောအနံ့ပါ ဟင်းလျာများ ရှောင်ပါ



ခံတွင်းပျက်နေချိန်မှာ အရသာခံအာရုံနဲ့ အနံ့ခံအာရုံ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ အနံ့ပြင်းတဲ့ အစာတွေနဲ့ ဝေးဝေးမှာနေပါ။ ဥပမာ- ညှီတဲ့ အသားတွေကို ထမင်းပွဲမှာ မပါအောင် သတိထားပါ။



အာဟာရဖြည့်စွက်ဆေး သုံးပါ



အာဟာရ ဖြည့်စွက်ဆေးတွေကို မှီဝဲတာကြောင့် ကယ်လိုရီစားသုံးမှု တိုးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဖြည့်စွက်ဆေးတွေကို ပုံစံအမျိုးမျိုး ထုတ်ထားပြီး အနံ့အရသာ မျိုးစုံ ရှိတာကြောင့် ခံတွင်းပျက်နေသူတွေ အနေနဲ့ အစာစားချင်စိတ် တိုးလာအောင် မှီဝဲသင့်ပါတယ်။



ဟင်းလျာထဲ သဘာဝ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ချက်ပါ



သဘာဝ ဟင်းခတ်အမွှေးအကြိုင်တွေ ပါတဲ့ အစာတွေက အစာစားချင်စိတ်ကို တိုးစေနိုင်ပါတယ်။ သဘာဝ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ငရုတ်ကောင်း၊ ဂျင်စင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန် နီ၊ လေးညှင်း၊ စမုံစပါး၊ ချင်း (ဂျင်း)၊ လက်ဖက်စိမ်း စတာတွေ ဖြစ်ပြီး သင်ချက်တဲ့ ဟင်းလျာထဲမှာ ထည့်ချက်သင့်ပါတယ်။



ကြယ်စင်

Good Health

မြ၀တီ ကျန်းမာရေး
ရောဂါ ဝေဒနာတစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေးမကောင်းသူတွေဟာ ခံတွင်းပျက်ပြီး အစာစားချင်စိတ် လျော့နည်းတာကြောင့် ကိုယ်အလေးချိန်တွေ လျော့ကျလာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအားလျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာသင့်တဲ့ နည်း လမ်းတွေ ကို ရေးသားလိုက်ရပါတယ်။

ဂြိုဟ်တုသတင်းအချက်အလက် တရုတ် မြန်မာ မျှဝေမည်

တရုတ် နဲ့ မြန်မာ နည်းပညာဝန်ကြီးများ သဘောတူ လက်မှတ်ရေးထိုးနေကြစဉ်။ (သြဂုတ်လ ၉ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ Satellite ဂြိုဟ်တု ကနေရတဲ့ သတင်းအချက်အလက် တွေကို  မျှဝေသုံးစွဲဖို့  သောကြာနေ့က  သဘောတူစာချုပ်တရပ်

ဝါယာကြိုးဖြင့် ဆွဲကြိုးချသေဆုံး

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မြို့သစ် က/ခ ရပ်ကွက် ၊ က/(၅)လမ်းတွင်ရှိ အိမ်အမှတ် မ-၄၀တွင် အမျိုးသားတစ်ဦးသည် လျှပ်စစ်ဝါယာကြိုးဖြင့် ထုတ်တန်းတွင် ဆွဲကြိုးချသေဆုံးသွားကြောင်း ယင်းရဲ့ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒဂုံဆိပ်ကမ်း၊မြောက်ဒဂုံနှင့်ကြည့်မြင်တိုင်တို့တွင် နှစ်လုံးရောင်းချသူများ ဖမ်းမိ

ရန်ကုန်မြို့ရှိ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံနှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် နှစ်လုံးရောင်းချသူများကို ယမန်နေ့ က သက်ဆိုင်ရာ ရာစခန်းများမှ ဒုရဲအုပ်နှင့် အဖွဲ့ဝင်များက သက်သေများနှင့်အတူ ဝင်ရောက်ဖမ်း ဆီးနိုင်ခဲ့ကြောင်း ရန်ကုန်းတိုင်း ရဲဌာနမှ သိရသည်။

စုံစမ်းထောက်လှမ်းရေးအစီအမံများကို ပြုပြင်ပြောင်းလဲမည်ဟု အိုဘားမားပြောကြား

10.8.2013 tl2
စနိုးဒန် ဖွင့်ချပြောကြားပြီးနောက် ဝေဖန်မှုများ ခံလာရသောကြောင့် အမေရိကန် အစိုးရ၏ စုံစမ်း ထောက်လှမ်းရေးအစီအမံများကို ပြုပြင်ပြောင်းလဲမည်ဖြစ်ကြောင်း၊ ဖွင့်ချမှုကြောင့် လူထုယုံကြည်မှု ပျက်ခဲ့ သည့် ၎င်းအစီအမံသည် အမေရိကန် ပြည်သူများကို လုံခြုံစေရေးအတွက်သာ ဖြစ်ကြောင်း သမ္မတ အိုဘားမား ယမန်နေ့က ပြောကြားသည်။

နွားကျောင်း သား တစ်ဦး ရထားတိုက်သေ ဆုံး

ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ရွာသာကြီး ရပ်ကွက်တွင် ယမန်နေ့ လေးနာရီခွဲအချိန်က သားသတ်ရုံ အနောက် ဖက်ရှိ မီးရထားလမ်းဘေးတွင် နွားကျောင်းနေသောလူတစ်ဦး မီးရထားပွတ်တိုက် သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်အတွင်းမှ သိရသည်။

ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နာဖစ်အား ထောင်ဒဏ် အနှစ် (၃၀) ချမှတ်ခဲ့

Photo: ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နာဖစ်အား ထောင်ဒဏ် အနှစ် (၃၀) ချမှတ်ခဲ့
 Sunday, August 11, 2013

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အစိုးရဘဏ်အား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နာဖစ်အား ထောင်ဒဏ် အနှစ် (၃၀) ချမှတ်ခဲ့ကြောင်း သြဂုတ်လ (၉) ရက်နေ့က သိရှိရသည်။

၎င်းဟာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ကာ အမေရိကန်နိုင်ငံ နယူးယောက်
ပြည်သူများကို တောင်းပန်ခဲ့သည်။

MRTV
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အစိုးရဘဏ်အား ဗုံးဖောက်ခွဲရန် ကြံစည်ခဲ့သူ ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နာဖစ်အား ထောင်ဒဏ် အနှစ် (၃၀) ချမှတ်ခဲ့ကြောင်း သြဂုတ်လ (၉) ရက်နေ့က သိရှိရသည်။

ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံတွင် အမျိုးသမီးတစ်ဦး ခြောက် လွှာတိုက်ပေါ်မှ ခုန်ချသေကြောင်း ကြံစည်မှုဖြစ်ပွား

Photo: ရန်ကုန်မြို့၊ လှည်းတန်းလမ်းဆုံတွင် အမျိုးသမီးတစ်ဦး ခြောက် လွှာတိုက်ပေါ်မှ ခုန်ချသေကြောင်းကြံစည်မှုဖြစ်ပွား

လှည်တန်းလမ်းဆုံက အသစ်ဆောက်နေတဲ့ ကုန်တိုက်ကြီးနောက်ဖက်
တိုက်တန်း ခြောက်လွှာပေါ်က အမျိုးသမီးငယ်တစ်ဦး ၁၀.၈.၂၀၁၃ နေ့လည် သုံးနာရီ ခွဲခန့်က ခုန်ချသေကြောင်းကြံစည် မှုဖြစ်ပွားခဲ့ပါတယ်။

လူသိမြန်ပြီး အကြံအစည်အထမမြောက်လိုက်တာမို့ ကံကောင်းပါတယ်။
အခုတော့ အမျိုးသမီးလေးကို မီးသတ်တပ်ဖွဲ့ဝင်တွေက ဖျောင်းဖြပြီး
မီးသတ်ကားပေါ်တင် ခေါ်ထုတ်သွားပါပြီ။

သူ ခုန်ချဖို့ကြံစည်တဲ့ တိုက်ခန်းက လူမနေတဲ့ အခန်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် တွေဟာ တံခါးကိုရိုက်ချိုး ၀င်ရောက်ခဲ့ကြရတာပါ။

(သတင်းနှင့်ဓာတ်ပုံ- အင်တာနတ်သတင်းစဉ်)

Photo From အင်တာနတ် & Chit Nay Mrell
လှည်တန်းလမ်းဆုံက အသစ်ဆောက်နေတဲ့ ကုန်တိုက်ကြီးနောက်ဖက် တိုက်တန်း ခြောက်လွှာပေါ်က အမျိုးသမီးငယ်တစ်ဦး ၁၀.၈.၂၀၁၃ နေ့လည် သုံးနာရီ ခွဲခန့်က ခုန်ချသေကြောင်းကြံစည် မှုဖြစ်ပွားခဲ့ ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ရေနံချောင်းပြန်ပို့မည်

Photo: ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ရေနံချောင်းပြန်ပို့မည်

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့နယ် အ.ထ.က (၁) ကျောင်းမှ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို စက်တင်ဘာလအတွင်း အဆိုပါကျောင်းသို့ ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် (၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက သြဂုတ်လ ၉ ရက်နေ့တွင် ရေနံချောင်းမြို့နယ် အ.ထ.က (၁) ကျောင်း အကျိုးတော်ဆောင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားသွားခြင်း ဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်အဆင့် သိမ်းဆည်းရန် ယူဆောင်ခြင်းဖြစ်ပြီး ရေနံချောင်းမြို့ခံများက ကန့်ကွက်လျက် ရှိသောကြောင့် ယင်းသို့ ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း ဦးအောင်ငြိမ်းက ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ပြန်လည် ပေးအပ်ခြင်းကို ကြိုဆိုကြောင်း၊ ၂၀၁၅ တွင် ကျင်းပမည့် ရေနံချောင်း အ.ထ.က (၁) နှစ်တစ်ရာပြည့်ပွဲတွင် ဗိုလ်ချုပ် လက်ရေးမူစာအုပ်သည် ရေနံချောင်းမြို့တွင်သာ ရှိနေသင့်ကြောင်း အသက် ၃၀ အရွယ် အ.ထ.က (၁) ကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင်လ၁၉ ရက်နေ့တွင် ယူဆောင်သွားခြင်းဖြစ်ပြီး ရေရှည် ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်ပိုင်အဖြစ် ထားရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဗိုလ်ချုပ် လက်ရေးမူစာအုပ်ကို ၁၉၆၂ ခုနှစ်တွင် စာရေးဆရာကြီး ရေနံမြေ ဦးဘဖေက အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ဦးကြည်စိန်ထံသို့ လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ရေနံချောင်းမြို့ အ.ထ.က (၁) တွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ထိန်းသိမ်းထားခြင်း ဖြစ်သည်။

LC၊ ဟိန်းသွင်ထက်
The Voice Weekly
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့နယ် အ.ထ.က(၁) ကျောင်းမှ ယူဆောင် သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပါဠိဘာသာလက်ရေးမူစာအုပ်ကို စက်တင်ဘာလအတွင်း အဆို ပါကျောင်းသို့ ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်(၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်း က ပြောကြားသည်။

ဗီယက်နမ်နှင့် အမေရိကန် စစ်ပွဲကြီး ပြီးသွားသည်ကို မသိပဲ တောနက်ထဲမှာ ပုန်းအောင်းနေခဲ့သည့် သားအဖနှစ်ဦး၊ နှစ်ပေါင်း (၄၀)ကြာမှ ရှာဖွေတွေ့ရှိ

Photo: ဗီယက်နမ်နှင့် အမေရိကန် စစ်ပွဲကြီး ပြီးသွားသည်ကို မသိပဲ
တောနက်ထဲမှာ ပုန်းအောင်းနေခဲ့သည့် သားအဖနှစ်ဦး၊ နှစ်ပေါင်း (၄၀)ကြာမှ ရှာဖွေတွေ့ရှိ

အမေရိကန်းများ စစ်ရှုံးပြီး ဗီယက်နမ် စစ်ပွဲနိုင်ခဲ့သည့် သတင်းကို မသိနိုင်လောက်အောင် အပုန်းကောင်းခဲ့သော သားအဖနှစ်ဦး နှစ်ပေါင်း (၄၀) ကြာမှ တော်နက်ထဲမှ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

တွေ့ရှိတဲ့ အချိန်မှာ အေ
ဖက အသက် (၈၂)နှစ်ရှိနေပြီး သားက အသက် (၄၁)နှစ် ရှိနေပြီဖြစ်ပါတယ်။

သူတို့သားအဖနှစ်ဦးကို ပြီးခဲ့တဲ့  ဗုဒ္ဒဟူးနေ့ကမှ ဗီယက်နမ်နိုင်ငံ အလည်ပိုင်း  Quang Ngai Province က (၄၀) ကီလိုမီတာလောက် ဝေး တဲ့ တောနက်ထဲမှာ ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

ဖခင်ဖြစ်သူဟာ လူမျိုးစု စကားကို သာ ပြောဆိုခဲ့ပါတယ်။ သားဖြစ်သူကတော့ စကားလုံးအနည်းငယ်ကိုပဲ သိပါတယ်။ 

ဖခင်ဖြစ်သူရဲ့ ပြောကြားချက်အရ စစ်ပွဲကြောင့် ၁၉၇၃ ခုနှစ်မှာ သူ့အိမ်မှာ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး  သူ့ဇနီးဖြစ်သူနဲ့ ကလေးနှစ်ဦး သေ ဆုံးသွားခဲ့ပါတယ်တဲ့။

ဒီသားအဖနှစ်ဦးဟာ စစ်ဘေးစစ်ဒဏ်ကနေလွတ်မြောက် ခဲ့ပြီး တောနက်ထဲမှာ တာဇံတွေလို သစ်ပင်ပေါ်မှာ အိမ်ဆောက်ပြီး  သီးပင်စားပင်များကို စိုက်ပျိုးခြင်း၊ အမဲလိုက်ခြင်း တွေလုပ်ပြီးနေ ထိုင်ခဲ့ကြပါတယ်။ 

ဒီသားအဖနှစ်ဦးဟာ ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး နေ ထိုင်ခဲ့ကြာတာပါ။

အ၀တ်အစားတွေကိုတော့ သစ်ခေါက်တွေကို ယက်လုပ်ဖန်တီးပြီး ၀တ်ဆင်ထားတာကို တွေ့ရှိခဲ့ရပါတယ်။ သစ်ခေါက်အင်္ကျီ အသစ်တစ်ခုကိုလဲ ပြုလုပ်ထားတာကို လဲတွေ့ရှိခဲ့ရပါတယ်။

တွေ့ရှိချိန်မှာ ဖခင်ဖြစ်သူဟာ အလွန်အားနည်းပြီး ပိန်လှီနေသည့်အတွက် တောတွင်းကနေ ထမ်းစင်နဲ့ သယ်ယူခဲ့ပြီး အခုတော့ ဆေးရုံမှာ ဆေးကုသမှုခံယူလျှက်ရှိပါတယ်။

အခုတော့ သားအဖနှစ်ဦးကို ဒေသခံနဲ့ အာဏာပိုင်တွေဟာ တောတွင်း ကို ပြန်ပြေးမသွားနိုင်အောင် စောင့်ကြည့်နေရပါတယ်။

ဗန်ကောက်ပို့စ်
အမေရိကန်းများ စစ်ရှုံးပြီး ဗီယက်နမ် စစ်ပွဲနိုင်ခဲ့သည့် သတင်းကို မသိနိုင်လောက်အောင် အပုန်းကောင်း ခဲ့သော သားအဖနှစ်ဦး နှစ်ပေါင်း (၄၀) ကြာမှ တော်နက်ထဲမှ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် အခမ်းအနားသို့ ဘင်္ဂလာဒေခ်ျ့ မှ ရခိုင် ၈၈ မျိုးဆက်များ တက်ရောက်

88-Arakanese-student-with-Min-ko-naing
ရန်ကုန်မြို့တွင် သြဂတ်စ်လ ၆ ရက်နေ့မှ ၈ ရောက်နေ့ထိ ကျင်းပပြုလုပ်နေသော ၂၅ နှစ်မြောက် ရှစ်လေးလုံး ငွေရတုအခမ်းအနား သို့  ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေကြသော ၈၈ မျိုးဆက် ကွန်ယက် (ရခိုင်)မှ အဖွဲ့ဝင် ၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာဖြစ်သည့် အများပြည်သူ အပန်းဖြေရာ ပြည်သူ့ရင်ပြင်အတွင်း လုံးဝဆောက်လုပ်ခွင့် မပြုသင့်သည့် သုံးထပ်အမြင့်ရှိ ရှော့ပင်းစင်တာ ရာခိုင်နှုန်း ၇၀ ပြီးစီး

Y-11-8
ရှော့ပင်းစင်တာ ဆောက်လုပ်ငန်းရေး လုပ်ငန်းခွင်အား သြဂုတ် ၁၀ ရက်နေ့ က တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာထဲတွင် ပါဝင်နေသည့်အပြင် ရွှေတိဂုံစေတီတော်နှင့် နီးကပ်နေသည့်

စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်း အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ် စတင်ပြေးဆွဲမည်

စင်ကာပူနိုင်ငံ အခြေစိုက် Tiger Airways လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ရန်ကုန်-စင်ကာပူ ခရီးစဉ်အား စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Tiger Airways လေကြောင်းလိုင်းသည် အာရှဒေသအတွင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသော စရိတ်နည်း လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ - ရွှန်းလဲ့ဝင်း)

Photo: မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား လေကြောင်း ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေး ဆုံရပ်အဖြစ် အဆင့်မြှင့်တင်ရန် ဂျပန်နိုင်ငံမှ Mitsubishi-Jalux Inc ကုမ္ပဏီ ရွေးချယ်ခံရ
Sunday, August 11, 2013

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား လေကြောင်းကုန်စည် ထောက် ပံ့ပို့ဆောင်ရေး ဆုံရပ်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရန် ဂျပန်နိုင်ငံမှ Mitsubishi -Jalux Inc ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီး အရန်ကုမ္ပဏီ အဖြစ် ပြင်သစ်နိုင်ငံမှ VINCI Airport ကုမ္ပဏီအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးအဆင့် တင်ဒါရွေးချယ်ခံရသည့် Mitsubishi-Jalux Inc ကုမ္ပဏီသည် ဂျပန်နိုင်ငံမှ Mitsubishi Corporation H နှင့် JALUX Inc ကုမ္ပဏီ၊ မြန်မာနိုင်ငံမှ SPA Project Management ltd ကုမ္ပဏီတို့ ပါဝင်သည့် ကုမ္ပဏီ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

လေကြောင်းကုန်စည် ပို့ဆောင်ရေး လုပ်ငန်းတွင် ကုန်တင်လေယာဉ်ကြီး များ တိုက်ရိုက်ဆင်းသက်ကာ လေကြောင်းကုန်စည် ထောက်ပံ့ရေး ဆုံရပ်တစ်ခုအဖြစ် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

"အခုနောက်ဆုံးအဆင့် တင်ဒါရွေးချယ်ခံရတဲ့ Mitsubishi-Jalux Inc ကုမ္ပဏီက စီးပွားရေးအရ အချက်အချာကျတဲ့ မန္တလေးလေဆိပ် ကနေ ပြည်ပနိုင်ငံတွေ ကို လေကြောင်းကုန်စည်တွေ တိုက်ရိုက်တင်ပို့ နိုင်တဲ့ လေဆိပ်ကြီးတစ်ခုဖြစ်အောင် တည်ဆောက်သွားရမှာပါ" ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မန္တလေးလေဆိပ်အား အဆင့်မြှင့်တင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီမျာအား တင်ဒါခေါ်ယူခဲ့ပြီး ပထမအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ခုနစ်ခု အနက်မှ နောက်ဆုံးအဆင့် တင်ဒါရွေးချယ်ရေး အဖွဲ့မှ ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

တင်ဒါပထမအဆင့်တွင် လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး Master Plan၊ ခရီးသည်များအတွက် လေဆိပ်ဝန်ဆောင်မှု လုပ်ငန်း များ၊ လေဆိပ် အဆောက်ဦ အတွင်းနှင့်အပြင် ၀န်ဆောင်မှု လုပ်ငန်းများ၊ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းနှင့် Master Plan တွင် ထည့်သွင်းရေးဆွဲ ထားချက်အရ အနာဂတ်တွင် လိုအပ်သည့် လေဆိပ်အဆောက်အုံ တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားသည့်နေရာ တိုးချဲ့ခြင်းများ ပါဝင်သည့် လုပ်ငန်းစဉ်ရှစ်ချက်အား ထည့်သွင်းခေါ်ယူခဲ့ခြင်း ဖြစ်သည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ - ရွှန်းလဲ့ဝင်း)
Eleven Media Group
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အား လေကြောင်းကုန်စည် ထောက် ပံ့ပို့ဆောင်ရေး ဆုံရပ်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရန် ဂျပန်နိုင်ငံမှ Mitsubishi -Jalux Inc ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီး အရန်ကုမ္ပဏီ အဖြစ် ပြင်သစ်နိုင်ငံမှ VINCI Airport ကုမ္ပဏီအား ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထားဝယ် စီမံကိန်း အတွင်းရှိ မြန်မာ လုပ်သား အများစု အလုပ်ခွင် အတွင်း ခွဲခြား ဆက်ဆံခြင်းများ ကြုံတွေ့နေရ

W-11-8
တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ တွင် တည်ဆောက်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ၀င်ရောက်လုပ်ကိုင်နေသော ဒေသခံများနှင့် မြန်မာလုပ်သား များအနေဖြင့် ထိုင်းလုပ်သားများနှင့် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့နေရကြောင်း စီမံကိန်းအတွင်း လုပ် ကိုင်နေသည့် မြန်မာလုပ်သားများထံမှ စုံစမ်းသိရှိရသည်။

ပုဂံညောင်ဦးဒေသ တွင် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း အခြေအနေ များနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင် များ ဆွေးနွေး

V-11-8
ပုဂံဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများကို တာဝန်ရှိသူများမှ တွေ့ ဆုံဆွေးနွေး သည်ကို တွေ့ရစဉ်
သြဂုတ် ၁၀ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ဦးဇော်ဝင်းအောင် သည် ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းဝေးခန်းမတွင် မန္တလေးတိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ် လုပ်ငန်း

အစိုးရနှင့် ABSDF တို့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး ငါးရက်အကြာတွင် ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုး

S-11-8
ပြည်ထောင်စုအဆင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးအပြီး အစိုးရနှင့် ABSDF တို့မှ တာဝန်ရှိသူများကို တွေ့ရစဉ် (ဓာတ်ပုံ-နိုင်လင်း)
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီး ငါးရက်အကြာတွင် ပြည်ထောင်စုအဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို သြဂုတ် ၁၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံလူထု ဖိုရမ်တွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ဆွေးနွေးရန် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများ သဘောတူညီချက် ရရှိ

T-11-8
ကမ္ဘောဒီးယားနိုင်ငံ၌ ပြုလုပ်ခဲ့သော (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း အရပ်ဘက် လူ့အဖွဲ့အစည်းများ စုပေါင်းပြီး ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပမည့် အာဆီယံ လူထုဖိုရမ်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ အပါအ၀င် တရားမျှတမှုနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ထည့်သွင်းဆွေးနွေးသွားရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း မြန်မာလူထုဖိုရမ်မှ ဆက်သွယ်ညှိနှိုင်းရေးမှူး ကိုကျော်လင်းဦးက ပြောကြားသည်။

လက်ရှိပြုန်းတီးမှု နှုန်းအတိုင်း ဆိုပါက ၂၀၁၅ ခုနှစ်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသရှိ ဒီရေတောများ ပျောက်ကွယ်သွားနိုင်

လက်ရှိပြုန်းတီးမှု နှုန်းအတိုင်း ဆိုပါက ၂၀၁၅ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ ဒီရေတောများ ပျောက်ကွယ်သွားနိုင်ကြောင်း JICA မှ ပညာရှင်များက ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။