Sunday, 26 May 2013

နာဂစ် ဘိုးဘွား ရိပ်သာ ခေတ်သစ် ဘိက္ခုမာတာ ဦးစီး တည်ဆောက်နေ


ဧရာဝတီတိုင်းဖျာပုံခရိုင် ဘိုကလေးမြို့ နယ်ကဒုံကနိကျေးရွာမှာ နာဂစ်ဘိုးဘွားရိပ်သာ တည်ဆောက်နိုင်ဖို့ အတွက်ခေတ်သစ် ဘိက္ခုမာတာလို့ ကင်ပွန်းတပ်ခံခဲ့ရတဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုက ဦးစီးပြီး စီစဉ်နေတယ်လို့ သိရပါတယ်။

ကေအိုင်အို ထိန်းချုပ် နယ်မြေတွင် အမျိုးသားကော လိပ် ဖွင့်မည်

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုလက်မှတ် မရေးထိုး ရသေးသော ကေအိုင်အို၏ ထိန်းချုပ်နယ်မြေ၌ လာမည့် စက်တင်ဘာလတွင် အမျိုးသား ကောလိပ်ကျောင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ကေအိုင်အိုပညာရေးဌာန၏ ဒုတိယ တာဝန်ခံ ဦးခွန်းအောင်က The Voice သို့ ပြောကြားသည်။

ကမ္ဘာ့ အချမ်း သာဆုံးနိုင်ငံ များ

Photo: ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများ
Sunday, May 26, 2013

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ၏ ကမ္ဘာပေါ်ရှိ စီးပွားအင်အား ကြီးနိုင်ငံ၅၀အတွက် ၂၀၁၃ခုနှစ် ခန့်မှန်းစာရင်းဇယားအချက် အလက်များအား ပြည်တွင်း အသားတင်ထုတ်လုပ်မှုကိုအခြေ ခံ၍တွက်ချက်မှုအရ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ သုံးနိုင်ငံမှာ အောက်ပါအတိုင်းဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံ အဖြစ် စင်ကာပူနိုင်ငံရပ်တည်နေ ပြီး နှစ်စဉ်တစ်ဦးချင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးမှာ ၆၁၅၆၇ ဒေါ်လာဖြစ်သည်။ယခုနှစ်များ အတွင်း စင်္ကာပူ၏စီးပွားရေး တိုးတက်မှုမှာလျင်မြန်လျက်ရှိပြီး စင်္ကာပူသည်စီးပွားရေးလုပ်ငန်း များ၏ ဗဟိုအချက်အခြာ ဌာန တစ်ခုဖြစ်လာနေသည်။

၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူသည် ဆွစ်ဇာလန်အား ကျော်လွန်၍ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနိုင်ငံ အဖြစ်ရပ်တည်နေသည့်နိုင်ငံမှာ နော်ဝေးနိုင်ငြံဖစ်ပြီး ၎င်း၏တစ်ဦး ချင်းပြည်တွင်း အသားတင် ထုတ် လုပ်မှုတန်ဖိုးမှာ ၅၆၆၆၃ဒေါ်လာ ဖြစ်ကာ ဥရောပတိုက်၏အချမ်း သာဆုံးနိုင်ငံလည်း ဖြစ်သည်။ နော်ဝေးနိုင်ငံသည်လည်း ဆွစ်ဇာ လန်နိုင်ငံကဲ့သို့ပင် ဥရောပတိုက် ၏ကြွေးမြီးပြဿနာများအတွင်း စီးပွားရေးတည်ငြိမ်စွာရှိနေပြီး နိုင်ငံ၏ ရေနံထွက်ရှိမှုကြောင့် အမျိုးသား အသားတင်ထုတ် လုပ်မှုတန်ဖိုးမှာ ၂၀၁၃ခုနှစ်ပထမ လေးလပတ်အတွင်းဝ.၇ ရာခိုင် နှုန်းတိုးတက်ခဲ့သည်။အချို့သော နော်ဝေးနိုင်ငံသားများကတိုင်ပြည် ၏ရေနံနှင့်စွမ်းအင်အပေါ်အား ထားနေရမှုသည် တစ်ချိန်ချိန်တွင် ဒုက္ခတွေ့နိုင်သည်ဟု သတိပေး ပြောကြားကြသော်လည်း ယခု အချိန်အထိတွင်မှု နော်ဝေးနိုင်ငံ သည်စီးပွားရေးကောင်းမွန်နေ သေးပြီး ယခုနှစ်အတွင်း စီပွား ရေး၂.၇၅ရာခိုင်နှုန်းတိုးတက်လာ လိမ့်မည်ဟုလည်းခန့်မှန်းထားသည်။

ကမ္ဘာ့တတိယအချမ်းသာဆုံး နိုင်ငံမှာ အမေရိကန်ပြည်ထောင် စုဖြစ်ပြီး နှစ်စဉ်တစ်ဦးအသားတင် ထုတ်လုပ်မှုတန်ဖိုးမှာ ၅၁၂၄၈ ဒေါ်လာဖြစ်သည်။အမေရိကန် ပြည်ထောင်စုသည် စီးပွားရေး ကျဆင်းနေရာမှ တဖြည်းဖြည်း ချင်းပြန်လည်နာလံထူလာပြီး အမေရိကန်ပြည်သူအများစုမှာ သက်တောင့်သက်သာ လူနေမှု အဆင့်အတန်းဖြင့်နေထိုင်လျက် ရှိကာ အလုပ်လက်မဲ့ ရာခိုင်နှုန်း မှာလက်ရှိအချိန်တွင် ၇.၅ ရာခိုင်နှုန်း ဖြစ်သော်လည်းနိုင်ငံ၏ အနာဂတ်အလားအလာကောင်း မွန်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်း ထားသည်။၎င်း၏ ခန့်မှန်ချက် အရ၂၀၁၈ခုနှစ်တွင်တစ်ဦးချင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာ၆၃၀၀၀ရှိလာမည်ဖြစ် သည်။ 

ဥက္ကာအောင် 

The Hot News
ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ၏ ကမ္ဘာပေါ်ရှိ စီးပွားအင်အား ကြီးနိုင်ငံ၅၀အတွက် ၂၀၁၃ခုနှစ် ခန့်မှန်းစာရင်း ဇယားအချက် အလက်များအား ပြည်တွင်း အသားတင်ထုတ်လုပ်မှုကိုအခြေ ခံ၍တွက်ချက်မှုအရ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ သုံးနိုင်ငံမှာ အောက်ပါအတိုင်းဖြစ်သည်။

ရွှေသံလွင် ကုမ္ပဏီ ၏ လျှပ်စစ် ဓါတ်တိုင် သွယ်တန်း မှုကြောင့် ရာဘာနှင့် နှစ်ရှည်ခံပင် ရာချီ ပျက်စီး

Photo: ရွှေသံလွင်ကုမ္ပဏီ၏ လျှပ်စစ်ဓါတ်တိုင်သွယ်တန်းမှုကြောင့် ရာဘာနှင့် နှစ်ရှည်ခံပင် ရာချီပျက်စီး
Sunday, May 26, 2013

ကရင်ပြည်နယ်၊ဘားအံမြို့တွင် ရွှေသံလွင်ကုမ္ပဏီသည် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်း ရာ လမ်းတစ်လျှောက်တွင် ဒေသခံများ၏ ရော်ဘာပင်များနှင့် နှစ်ရှည်ပင်များ မြောက်များစွာ ပျက်စီးပြီး သက်ဆိုင်ရာ ဒေသခံ များ လျော်ကြေးငွေ တစ်စုံတစ်ရာ မရရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ဒေသခံများကို ညှိနှိုင်းဖြေရှင်းမှုများ မလုပ်ဆောင်ဘဲ လျှပ်စစ်သွယ်တန်းရာလမ်းတစ် လျှောက် ပျက်စီးဆုံးရှုံးကြသည့် ဒေသခံများ၏ ရာဘာပင်များနှင့် အခြားနှစ်ရှည်ပင်များကိုလည်း လျော်ကြေးငွေ မရရှိကြောင်း ရာဘာနှင့် နှစ်ရှည်ပင် ပျက်စီးဆုံးရှုံးခံရသူ ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ရေကျော်၊ မဟော်ဂနီလမ်းမှ နန်းမြင့်မြင့်ဇင်က ပြော သည်။

“ကျမ ရာဘာခြံကို လျှပ်စစ်ဓါတ်တိုင်ဖြတ်တော့ ရာဘာပင်တွေ၊ နှစ်ရှည်ပင်တွေ ရာထောင်ချီပြီး ပျက်စီးသွားတယ်။ ဖြတ်တဲ့လမ်း ကြောင်းမှာ ဧက(၂၀)လောက် ရှိတာကိုး။ လျှပ်စစ်ဓါတ်တိုင် သွယ်တန်းတဲ့ ကန်ထရိုက် ဇော်မျိုးအောင်က ကျမကို ပြောတယ်။ ရွှေသံလွင် ကုမ္ပဏီသူဌေး လာရှင်းမယ်တဲ့။ အခုထိ ဘယ်သူမှ မလာဘူး။ ဘာလျော်ကြေးငွေမှ မပေးဘူး”ဟု ပြောသည်။

ယင်းသို့ ပျက်စီးသွားခဲ့သည့် ဒေသခံများ၏ နှစ်ရှည်ခံအပင်များကို ရွှေသံလွင်ကုမ္ပဏီက ဖြေရှင်းပေးရန်နှင့် ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာကို ဒေသခံများက သွားရောက် အကူအညီတောင်းမည်ဖြစ်ကြောင်း နန်းမြင့်မြင့် ဇင်က ပြောသည်။

ကရင်ပြည်နယ်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး စောကြည်လင်းက လျှပ်စစ်ဓါတ်တိုင်များ သွယ်တန်းရာ၌ မလွဲမရှောင်သာ၍ ဒေသခံများ၏ အကျိုးစီးပွားများ ထိခိုက်မှုများရှိခဲ့သော် ဒေသခံများနှင့် ဆွေးနွေးတိုင်ပင်ပြီး လုပ်ထုံးလုပ်နည်းအရ ပျက်စီးသွား သည့် ဒေသခံများ၏ ရာဘာပင်များ၊ နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေများ အဆင့်ဆင့် ပေးဆောင်ရမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။

“ကျနော်တို့ လုပ်ထုံးလုပ်နည်းအရဆိုရင် လျှပ်စစ်ဓါတ်တိုင်တွေ သွယ်တန်းရာမှာ အတတ်နိုင်ဆုံး ဒေသခံတွေရဲ့ အကျိုးစီးပွား မထိခိုက်အောင် လုပ်ရပါတယ်။ မရှောင်ကွင်းနိုင်လို့သာ ဒေသခံများရဲ့ အကျိုးစီးပွားများကို ထိခိုက်မှုများရှိခဲ့ရင် ဒေသခံတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ပျက်စီးသွားတဲ့ အရာတွေ၊ အပင်တွေကို လျော်ကြေးငွေများ ပေးဆောင်ရပါတယ်”ဟု စောကြည်လင်းက ပြောဆိုသည်။

ရွှေသံလွင်ကုမ္ပဏီမှ လုပ်ကိုင်နေသည့် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ သွယ်တန်းထားသော လျှပ်စစ်ဓါတ်တိုင်လမ်းတစ် လျှောက်ရှိ ဒေသခံများ၏ ရာဘာခြံများ၊ ဥယျာဉ်ခြံများအပြင် ဘားအံမြို့အဝေးပြေးကားဂိတ် အရှေ့ဘက် ကြာအင်းတောင်ခြေ ရင်းရှိ ဒေသခံများ၏ ရာဘာနှင့် နှစ်ရှည်ပင်များလည်း ပျက်စီးဆုံးရှုံးခဲ့သေးသည်။

ထိုပျက်စီးမှုများကို ရွှေသံလွင်ကုမ္ပဏီက ယခုအချိန်ထိ ဒေသခံများနှင့် လာရောက်ဆွေးနွေးမှုများ၊ လျော်ကြေးငွေများ ပေး ဆောင်ခြင်းများ မရှိသေးကြောင်း သိရှိရသည်။

KIC (Karen Information Center)
ကရင်ပြည်နယ်၊ဘားအံမြို့တွင် ရွှေသံလွင်ကုမ္ပဏီသည် မော်လမြိုင်မြို့မှ ဘားအံစက်မှုဇုန်သို့ လျှပ်စစ် ဓါတ်တိုင်များသွယ်တန်းရာ လမ်းတစ်လျှောက်တွင် ဒေသခံများ၏ ရော်ဘာပင်များနှင့် နှစ်ရှည်ပင် များ မြောက်များစွာ ပျက်စီးပြီး သက်ဆိုင်ရာဒေသခံများ လျော်ကြေးငွေ တစ်စုံတစ်ရာ မရ ရှိကြောင်း ဒေသခံများက ပြောသည်။

တောင်ကုတ် နိုင်ငံရေး အကျဉ်း သားဟောင်း ကိုဆန်းလွှင် ဓာတ်လိုက်သေဆုံး

Photo: တောင်ကုတ် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဆန်းလွှင် ဓာတ်လိုက်သေဆုံး
Sunday, May 26, 2013

တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟာင်း တစ်ဦး ဖြစ်သူ ကိုဆန်းလွှင်သည် သူမောင်းနှင်နေသည့် အမြန်ရေယာဉ် တစ်ခုပေါ်တွင် ရုတ်တရက် ဓာတ်လိုက် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

ကိုဆန်းလွှင်သည် တောင်ကုတ်နှင့် စစ်တွေ အကြား ပြေးဆွဲနေသော ရွှေပြည်တန် အမြန်ယာဉ်တွင် မာလိန်မှူး အဖြစ် တာဝန်ယူမောင်းနှင်နေစဉ် ဓာတ်လိုက်သေဆုံးသွားခြင်း ဖြစ်ကြောင်း သူ၏ လုပ်ဖေါ် ကိုင်ဘက် တစ်ဦး ဖြစ်သူ ကိုမိုးနိုင်စိုးက ပြောသည်။

“ မေလ ၆ ရက်နေ့မှာ ဆုံးပါတယ်။သင်္ဘောပေါ်မှာ စက်ကို ပြုပြင်နေစဉ် ကာရန်း ဓာတ်လိုက်ရာမှ ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ စစ်တွေပြည်သူ့ ဆေးရုံကို ယူသွားပေမယ့် သူ့က သင်္ဘောပေါ်မှာကတည်းက ဆုံးသွားပါပြီ။ မေလ ၈ ရက်နေ့မှာတော့ စစ်တွေမှာ သူ့ကို သဂြိုလ်ခဲ့တယ်။”

ကိုဆန်းလွှင် သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး အရေးအခင်းနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလာဒေခ်ျ့ကို ထွက်လာရာတွင် ဒုတိယ အသုတ် တောင်ကုတ် အုပ်စုထဲ၌ ပါဝင်ခဲ့သည်။  အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းကို ပြန်ဝင်သွားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကုတ်မြို့နယ် စည်းရုံးရေး ကော်မီတီ အဖွဲ့ဝင် အဖြစ်ဆောင်ရွက်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့တွင်  နအဖ စစ်အစိုးရမှ နိရဉ္စရာ သတင်းဌာနနှင့် ဆက်သွယ်မူကြောင့် ဖမ်းဆီးပြီး ၁၃ (၁) လ၀က အက်ဥပဒေဖြင့် ထောင် (၅) နှစ်ချမှတ်ခဲ့ပြီး သံတွဲထောင်တွင် ထိန်းသိမ်း ထားခဲ့သည်။ ၂၁၀၂ ခုနှစ် ထောင်မှ ပြန်လွှတ်လာပြီး ရွှေပြည်တန် အမြန်ရေယာဉ်တွင် မာလိန်မှူး အဖြစ် လုပ်ကိုင်ခဲ့သည်။

အာဏာရှင် စနစ်ဆိုးကို တော်လှန်နေကြသော  နိုင်ငံရေးသမား၊ တော်လှန်ရေး သမားများ အနေဖြင့် နည်းမျိုးစုံနဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲတွင် ပါဝင်ခဲ့ကြသော်လည်း တစ်စုံတစ်ရာ အသိအမှတ်ပြု မခံရဘဲ  မလှပသော ဘ၀နှင့်  နိဂုံးချုပ်ခဲ့ကြရသည့် အပေါ် အထူး ယူကြုံးမရ နှမြောမိကြောင်း ကိုမိုးနိုင်စိုးက ပြောသည်။

“ အကျဉ်းထောင်က လွှတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဘ၀ပြန်လည် ထူထောင်ရေး အတွက် ကြုံတဲ့ အလုပ်ကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြရတယ်။ ကိုဆန်းလွှင်ဟာလည်းဘဲ ထောင်က လွှတ်လာပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံရေးကို ဆက်လက် လုပ်ကိုင်လိုပေမယ့် ဘ၀ အခြေအနေအရ မလုပ်ကိုင်နိုင်တော့ဘဲ သူကျွမ်းကျင်ရာ ရေယာဉ်မောင်း အလုပ်ကို လုပ်ကိုင်ရင်း ခုလို အခြေအနေမျိုးနဲ့ ဘ၀ကို အဆုံးသတ်ခဲ့ရတယ်။ ကျနော်အနေနဲ့ နောက်ဆုံး ပြောချင်တာကတော့ အာဏာရှင် စနစ်ဆိုးကို တော်လှန်နေကြတဲ့ နိုင်ငံရေးသမား၊ တော်လှန်ရေး သမားတွေဟာ နည်းမျိုးစုံနဲ့ မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲမှာ ပါဝင်ခဲ့ကြပေမယ့် ခုလို  မလှပတဲ့ ဘ၀တွေနဲ့ နိဂုံးချုပ်ခဲ့ကြရတဲ့ အပေါ် အထူး ယူကြုံးမရ နှမြောမိပါတယ်”  ဟု ဆိုသည်။

နအဖ စစ်အစိုးရ လက်ထက်တွင် နိရဉ္စရာ သတင်းဌာနနှင့် ဆက်သွယ်မူဖြင့် မောင်တောမြို့မှ တစ်ဦး၊ ပေါက်တောမြို့မှ တစ်ဦးနှင့် တောင်ကုတ်မြို့မှ တစ်ဦးတို့ ဖမ်းဆီး ထောင်ချခံခဲ့ရသည်။ တောင်ကုတ်မြို့မှ ဖမ်ဆီးခံရသူမှာ တောင်ကုတ်မြို့မှ ကိုဆန်းလွှင် ဖြစ်သည်။

ကိုဆန်းလွှင်မှာ အသက် (၄၅) နှစ်ရှိပြီး သူ့တွင် ဇနီး တစ်ဦးကျန်ရှိခဲ့ပြီး သားသမီး မကျန်ခဲ့ဟု သိရသည်။ သူ့ဇနီး ဖြစ်သူမှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သည့် ရခိုင်- မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်းနှင့် မြေးတော်စပ်သူ ဖြစ်ကြောင်း သိရသည်။

narinjara
တောင်ကုတ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟာင်း တစ်ဦး ဖြစ်သူ ကိုဆန်းလွှင်သည် သူမောင်းနှင်နေသည့် အမြန်ရေယာဉ် တစ်ခုပေါ်တွင် ရုတ်တရက် ဓာတ်လိုက် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။

ဦးသိန်းစိန် နဲ့  အဘေး တွေ့ ဆုံ

Photo
မြန်မာ နိုင်ငံ မှာ ရောကှ်ရှိ နေတဲ့ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး ဟာ ဒီနေ့ နေ ပြည်တော် က သမ္မတ အိမ်တော် မှာ သမ္မတ ဦးသိန်းစိန် နဲ့  တွေ့ ဆုံ ခဲ့ ပါတယ်။

သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ငွေတောင်းခံသည့် ဂျာနယ် သတင်းထောက်

Photo: သိမ်းဆည်းမြေ ပြန်ရအောင် လုပ်ပေးမည်ဟု ပြောပြီး ငွေတောင်းခံသည့် ဂျာနယ် သတင်းထောက် 

သိမ်းယူထားသည့် မြေယာများအား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး ဒီလှိုင်း ဂျာနယ် သတင်းထောက် ဆိုသူမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု မြိတ်ခရိုင် ပုလောမြို့နယ် ပလောက် မြို့နယ်ခွဲ အင်းမ ကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ (၂၀) ရက်နေ့ နံနက် (၀၈၀၀) အချိန် ဖြစ်ပွား ခဲ့ကြောာင်း သိရှိရသည်။ 

၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသည့် ဒီလှိုင်း ဂျာနယ် သတင်းထောက်ဖြစ်သူ ဦးခင်ဇော် အပါအ၀င် (၂) ဦးတို့သည် ထားဝယ်မြို့မှ တဆင့် ပလောက်မြို့နယ်ခွဲရှိ အင်းမ ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာ သင်းအုပ်ဆရာတော် ဦးဘဥာဏ် နေအိမ်တွင် တည်းခိုကာ မတ်လ (၂၀) ရက်နေ့ (၈) နာရီအချိန်တွင် ၄င်းနေအိမ်၌ ကျေးရွာသူ / သား (၄၇) ဦးနှင့် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

အစည်းအဝေးတွင် ဒီလှိုင်း ဂျာနယ် သတင်းထောက် ဦးခင်ဇော်က အစိုးရမှ သိမ်းယူထားသည့် မြေများအား ရွာသားများလက်သို့ ပြန်လည် ရရှိရေးအတွက် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြန်မရလျှင် ၄င်းမှ နှစ်ဆ ပြန်လျှော်မည်ဟု ပြောဆိုပြီး အစည်းအဝေး တက်ရောက်သူ (၄၇) ဦးထံမှ တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်း ဖြင့် ငွေကျပ် (၁၄) သိန်းကျော် တောင်းခံ ရယူသွားကြောင်း သတင်းရရှိ ပါသည်။

Posted From မြိတ်ပုလဲမြေ http://myeiknews.blogspot.com
သိမ်းယူထားသည့် မြေယာများအား ပြန်လည် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောပြီး ဒီလှိုင်း ဂျာနယ် သတင်းထောက် ဆိုသူမှ ငွေကျပ် (၁၄) သိန်း တောင်းခံရယူသွား ခဲ့သည့် ဖြစ်ရပ်တစ်ခု မြိတ်ခရိုင် ပုလောမြို့နယ် ပလောက် မြို့နယ်ခွဲ အင်းမ ကျေးရွာတွင် ၂၀၁၃ ခုနှစ် မတ်လ (၁၉) ရက်နေ့ (၂၀) ရက်နေ့ နံနက် (၀၈၀၀) အချိန် ဖြစ်ပွား ခဲ့ကြောာင်း သိရှိရသည်။

နေပြည်တော်မှာ နောက်သို့ပြန်တက်နေခြင်း

နေပြည်တော်ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်း ဆင်း ဖြစ်သော် လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ လာရောက် စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။

နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာများ ခွဲစိတ် မှုပြုလုပ်မည့် အိန္ဒိယဆရာဝန်များ စစ်ကိုင်း တိုင်းသို့  သွားရောက်

logo31

နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ ၁၅၀ ခန့်  ခွဲစိတ် ကုသရန် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဘက် မဏိပူရ ပြည်နယ် Imphal မြို့ တွင် အခြေစိုက် သည့် Shija Hospital and Research Institute (SHIJA) မှ ၁၂ ဦးပါဝင်သည့် အဖွဲ့  သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းသို့  မနေ့ က ထွက် ခွာခဲ့ကြသည်။

ဂျပန်နိုင်ငံ သည် အာရှဒေသ အတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြား ခဲ့သည့် စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong

Photo: ဂျပန်နိုင်ငံသည် အာရှဒေသ အတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားခဲ့သည့် စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong</p>
<p>ဂျပန်နိုင်ငံသည် အာရှဒေသ ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ်<br />
Lee Hsien Loong က ယမန်နေ့က ပြောကြားခဲ့သည်။</p>
<p>ဂျပန်နိုင်ငံ အနေဖြင့် အရှေ့တောင် အာရှဒေသ တစ်ခုလုံးနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ချိတ်ဆက်မှုများ တိုးမြှင့် လုပ်ဆောင်သင့်ကြောင်း ၊ စီးပွားရေး ကဏ္ဍ အနေဖြင့်လည်း အာရှပစိဖိတ် ဒေသများနှင့်ပါ လွတ်လပ်စွာ ကုန်သွယ်မှုများ လုပ်ဆောင်နိုင်ရေး အတွက်လည်း ကြိုးပမ်း ဆောင်ရွက်သင့်ကြောင်း ၊</p>
<p>လက်ရှိ တရုတ်နှင့် ဂျပန်နှစ်နိုင်ငံ အကြား ရေပိုင်နက် အငြင်းပွားမှုများကြောင့် တင်းမာမှုများ ရှိနေခြင်းနှင့် ပတ်သက်၍လည်း နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုပြီး စေ့စပ်ညှိနှိုင်းကာ ဆက်ဆံရေး ပြန်လည် တိုးတက် ကောင်းမွန်စေရန် လုပ်ဆောင်သင့်ကြောင်း ၊ </p>
<p>ကုန်သွယ်ရေး ၊ ဆိုက်ဘာ ထောက်လှမ်းရေး ၊ လူ့အခွင့်အရေး အစရှိသည့် ကဏ္ဍများနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား ဖြစ်ပေါ်လာနိုင်သည့် အရေးကိစ္စများနှင့် ပတ်သက်ပြီးလည်း နှစ်ဦးနှစ်ဘက် ခေါင်းဆောင်များအကြား ယုံကြည်မှုနှင့် နားလည်မှု ရှေ့ထားကာ အကောင်းဆုံး စေ့စပ် ညှိနှိုင်းသင့်ကြောင်း ပြောကြားခဲ့သည်။</p>
<p>ဖော်ပြပါ အင်အားကြီး နိုင်ငံများ အနေဖြင့် အချင်းချင်း ဆက်ဆံမှု များအား ထိခိုက်လာနိုင်သည့် ကိစ္စရပ်များကို ငြိမ်းချမ်းသော နည်းလမ်းများ အသုံးပြုပြီး စည်းမျဉ်းသစ်များ ရေးဆွဲကာ ဆွေးနွေးညှိနှိုင်းမှသာ မလိုလားအပ်သည့် ပဋိပက္ခများအား တားဆီးရာ ရောက်မည့်အပြင် </p>
<p>ပိုမိုငြိမ်းချမ်း ဖွံ့ဖြိုး တိုးတက်သော ကမ္ဘာတစ်ခုဆီသို့ ဆက်လက် ချီတက်နိုင်မည် ဖြစ်ကြောင်း ၀န်ကြီးချုပ် Mr.Lee က တိုကျိုမြို့တွင် ကျင်းပပြုလုပ်သော အာရှဒေသ၏ အနာဂတ် ညီလာခံတွင် အလေးအနက်ထား ပြောကြား သွားခဲ့သည်။</p>
<p>Source: CNA<br />
MRTV4
ဂျပန်နိုင်ငံသည် အာရှဒေသ ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟု စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ် Lee Hsien Loong က ယမန်နေ့က ပြောကြားခဲ့သည်။

ဖိလစ်ပိုင် ရေပိုင်နက်အတွင်း တရုတ် စစ်သင်္ဘောများ ကျုးကျော် ၀င်ရောက်နေမှုနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့ကြသည့် ဖိလစ်ပိုင် နိုင်ငံသားများ

Photo: ဖိလစ်ပိုင် ရေပိုင်နက်အတွင်း တရုတ် စစ်သင်္ဘောများ ကျုးကျော် ၀င်ရောက်နေမှုနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့ကြသည့် ဖိလစ်ပိုင် နိုင်ငံသားများ

တောင်တရုတ် ပင်လယ်အတွင်း ဖိလစ်ပိုင် ရေတပ်မှ သိမ်းပိုက်ထားသည့် Ayungin ကျွန်း ( Second Thomas ကျွန်း) အနီး
တရုတ် စစ်သင်္ဘော တစ်စင်းနှင့် ရေကြောင်း စောင့်ကြည့် လေ့လာရေး သင်္ဘောနှစ်စင်းတို့ တရားမ၀င် ၀င်ရောက် နေခြင်းနှင့် ပတ်သက်ပြီး ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့ရှိ တရုတ် သံရုံးရှေ့တွင် ဖိလစ်ပိုင် နိုင်ငံသားများ ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
 
ယမန်နှစ်က  တရုတ် အစိုးရ အနေဖြင့် ဖိလစ်ပိုင် အစိုးရမှ တောင်းဆိုထား သည့် ကျွန်းတစ်ကျွန်းအား သိမ်းပိုက်ခဲ့ပြီး ယခုတွင်လည်း Ayungin ကျွန်းနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ရေပိုင်နက် အငြင်းပွားမှုမှာ ဖြေရှင်းမရဘဲ ယခုကဲ့သို့ ပဋိပက္ခမှာ ပိုမိုကြီးထွားသည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။

 ၁၉၉၀ ပြည့် နှစ်လယ်ပိုင်းကတည်းက ဖိလစ်ပိုင် စစ်တပ် တပ်စွဲထားသည့် အဆိုပါ Second Thomas ကျွန်းသည် ဖိလစ်ပိုင် အစိုးရပိုင် Palawan ကျွန်းနှင့် ကီလိုမီတာ (၂၀၀) အကွာ၊  Spratly ကျွန်းစုအနီးတွင် တည်ရှိပြီး ယခင်က ဖိလစ်ပိုင် အစိုးရ ထိန်းချုပ်မှုအောက်တွင် ရှိသော Mischief ကျွန်းနှင့်လည်း အလွန် နီးကပ်စွာ တည်ရှိကြောင်း သိရှိရသည်။ 

ဖိလစ်ပိုင် နိုင်ငံသားများ အနေဖြင့် တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုများအား မေလ (၁၀) ရက်နေ့ ကတည်းက စတင် ပြုလုပ်ခဲ့သော်လည်း ယခုထိတိုင် တရုတ် အစိုးရဘက်မှ တုံ့ပြန်မှု တစုံတရာ မရှိသေးကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Raul Hernandez က ပြောကြားခဲ့သည်။
 
Source: AFP
MRTV4
တောင်တရုတ် ပင်လယ်အတွင်း ဖိလစ်ပိုင် ရေတပ်မှ သိမ်းပိုက်ထားသည့် Ayungin ကျွန်း ( Second Thomas ကျွန်း) အနီး တရုတ် စစ်သင်္ဘော တစ်စင်းနှင့် ရေကြောင်း စောင့်ကြည့် လေ့လာရေး သင်္ဘောနှစ်စင်းတို့ တရားမ၀င် ၀င်ရောက် နေခြင်းနှင့် ပတ်သက်ပြီး ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့ရှိ တရုတ် သံရုံးရှေ့တွင် ဖိလစ်ပိုင် နိုင်ငံသားများ ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ဒရုန်းလေယာဉ်အသုံးပြုခြင်းဟာတရားသောစစ်ကိုဆင်နွှဲခြင်းဖြစ်သည်ဟုအိုဘားမားပြော

Photo: ဒရုန်းလေယာဉ်အသုံးပြုခြင်းဟာတရားသောစစ်ကိုဆင်နွှဲခြင်းဖြစ်သည်ဟုအိုဘားမားပြော
Sunday, May 26, 2013

အမေရိကန်သမ္မတ အိုဘား မားက အယ်လ်ကေဒါ စစ်သွေး ကြွများအား အမေရိကန်စစ် ဘက်မှ မောင်းသူမဲ့ ဒရုန်းလေ ယာဉ်များအသုံးပြုတိုက်ခိုက်ခြင်း မှာ တရားတယ်၊ မျှတတယ်၊ သဘာဝကျတယ်၊ မှန်ကန်တယ် ““တရားသောစစ်”” (Just war) ကို ဆင်နွှဲခြင်းဖြစ်တယ်ဟု မေလ ၂၃ ရက်က ၀ါရှင်တန်တွင် ကျင်းပ သော ““နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်””ကျောင်းဆင်းမိန့်ခွန်း တစ်ရပ်တွင် ထည့်သွင်းပြော ကြားသည်။

ကျွန်တော်တို့ ဒရုန်းလေ ယာဉ်တွေအသုံးပြုရခြင်းမှာ အမေရိကန်စစ်သည်တော်တွေ အကျအဆုံး အထိအခိုက်နည်း စေဖို့၊ အမေရိကန်ပြည်သူတွေကို အကာအကွယ်ပြုဖို့အတွက် အသုံး ပြုခြင်းသာဖြစ်ကြောင်း၊ စစ်ပွဲ တစ်ပွဲရဲ့ အရှုံး/အမြတ်ကို ထည့် တွက်ရာမှာ လူအသေအပျောက် အနည်းဆုံးနှင့် သုံးစွဲရသည့် အသုံးအဆောင်ပစ္စည်းပစ္စယနှင့် ငွေကုန်ကြေးကျ အနည်းဆုံးဖြစ် အောင် ထည့်တွက်ရမှာဖြစ် ကြောင်း၊ ဒါ့ကြောင့် ဒရုန်းလေ ယာဉ်များအသုံးပြုတိုက်ခိုက်ရခြင်း မှာ တရားမျှတကြောင်း အတိ အလင်းကာကွယ်ပြောကြားသွား သည်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအုပ်စုတို့က သမ္မတ က ဒရုန်းလေယာဉ်များ အသုံး ပြုခြင်းကြောင့် အရပ်သားပစ်မှတ် များကို ထိခိုက်အနာတရဖြစ်စေ သည်ဟု ကန့်ကွက်ပြောကြားမှု များကို ရည်ရွယ်၍ သမ္မတအို ဘားမားက ယင်းသို့ကာကွယ် ပြောကြားခြင်းဖြစ်သည်။
သမ္မတက ““မိမိတို့အနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲများ ကို မရပ်မနားဆင်နွှဲသွားမည်သာ ဖြစ်ကြောင်း၊ မိမိကိုယ်မိမိ ကာ ကွယ်ပိုင်ခွင့်အရ ဒရုန်းလေယာဉ် များကိုလည်း ဆက်လက်အသုံး ပြုရလေဦးမည်သာ ဖြစ်ကြောင်း(He Said, Perpetual, US War on terror, whether through drone strikes…would be self-defeating}စသည်ဖြင့် ပြောကြား သွားသည်။

ကျော်စိန်
The Hot News
အမေရိကန်သမ္မတ အိုဘားမားက အယ်လ်ကေဒါ စစ်သွေး ကြွများအား အမေရိကန်စစ် ဘက်မှ မောင်းသူမဲ့ ဒရုန်းလေ ယာဉ်များအသုံးပြုတိုက်ခိုက်ခြင်း မှာ တရားတယ်၊ မျှတတယ်၊ သဘာဝကျတယ်၊ မှန်ကန်တယ် ““တရားသောစစ်”” (Just war) ကို ဆင်နွှဲခြင်းဖြစ်တယ်ဟု မေလ ၂၃ ရက်က ၀ါရှင်တန်တွင် ကျင်းပ သော ““နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်””ကျောင်းဆင်းမိန့်ခွန်း တစ်ရပ်တွင် ထည့်သွင်းပြော ကြားသည်။

ကွန်ကရစ် အမြန်လမ်းမကြီးနှင့် ယာဉ်အန္တရာယ်

မေ ၂၅ ရက် နံနက်ပိုင်းက နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်ယာဉ် မတော်တဆမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ရပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်နေသည့် အမြန် လမ်းမှ နောက်ထပ်ကြေကွဲဖွယ် အဖြစ်ဆိုးတစ်ခု ဖြစ်သည်။ အဆိုပါ အမြန်လမ်းသည် စတင်ဖွင့်လှစ်သည့် ၂၀၀၉ ခုနှစ်မှ ယခုထိ ယာဉ်မတော်တဆမှု ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၀၀ ခန့်အထိ အသက် ဆုံးရှုံး ခဲ့ရပြီး ဖြစ်သည်။

Saturday, 25 May 2013

လက်နက် အရောင်း အ၀ယ်ဂိုဏ်း ဒက္ကားမြို့တွင် ဖမ်းမိ

မြန်မာ နယ်စပ် အနီး တွင် ဘင်္ဂလာဒေခ်ျ့မှ နယ်ခြားစောင့် တပ်ရင်း တစ်ရင်း တိုးချ

New BGB Battalion opened Burma border

မြန်မာနယ် အနီးတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့မှ ရာမူး (ပန်းဝါ) မြို့နယ်တွင် နယ်ခြားစောင့် ဘီဂျီဘီ တပ်ရင်း တစ်ခုကို တိုးချလိုက်သည်ဟု သိရသည်။

"အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်တစ်ဦးမှအမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်ကြောင်း ရက် ၂၀ ကြာပြီးမှ တိုင်တန်း၍ဖမ်းဆီးအရေးယူ"

ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊ (ဘ)ဦးရွှေထွန်း

“ကိုယ်ပျောက် ကင်းလှည့်ရေယာဉ် အသုံးပြုရန် အမေရိကန်နှင့်ဗြိတိန် ပြင်ဆင်”

Photo: “ကိုယ်ပျောက် ကင်းလှည့်ရေယာဉ် အသုံးပြုရန် အမေရိကန်နှင့်ဗြိတိန် ပြင်ဆင်”

အမေရိကန်နှင့် ဗြိတိန် ရေတပ်တို့သည် မောင်းသူမဲ့ ကိုယ်ပျောက် ကင်းလှည့်ရေယာဉ်များကို စတင် အသုံးပြုရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ Eclipseဟု အမည်ပေးထားသော လှေငယ်များတွင် လက်နက်တပ်ဆင်ထားပြီး အဓိကအားဖြင့် ပင်လယ်ဓားပြဂိုဏ်းများကို ဖြိုခွင်းရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။ 

အဆိုပါ ရေယာဉ်များ တည်ဆောက်ရာတွင် အသုံးပြုထားသော နည်းပညာအရ ရေဒါဖြင့် နေရာရှာ ထောက်လှမ်းမှု ပြုလုပ်နိုင်ခြင်း မရှိသည့် ကိုယ်ပျောက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ခေတ်မီ မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်များတွင် အသုံးပြုထားသည့် နည်းပညာကို ရေတပ်ကပါ ပြောင်းလဲလက်ခံ အသုံးပြုလာသည့် သဘောမျိုး ဖြစ်ပြီး ယင်းတို့ကို အဝေးထိန်းစနစ်ဖြင့် စေညွှန်ထိန်းချုပ်နိုင်မည်ဟု သိရှိရသည်။

Read more http://www.planet.com.mm/news/read.cfm/id/21617
အမေရိကန်နှင့် ဗြိတိန် ရေတပ်တို့သည် မောင်းသူမဲ့ ကိုယ်ပျောက် ကင်းလှည့်ရေယာဉ်များကို စတင်

“လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ် FIFA အဆိုပြု”

Photo: “လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ် FIFA အဆိုပြု”

ဘောလုံးပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မိတ်ဆက် အဆိုပြုလိုက်ပြီ ဖြစ်သည်။ FIFA က အဆိုပြုလိုက်သည့် အရေးယူမှုအသစ်အရ လူမျိုးရေးခွဲခြားသည့် ကစားသမားကို ၅ ပွဲပယ်ပြစ်ဒဏ် ချမှတ်မည်ဖြစ်သည်။ 

ထို့အတူ တစ်ဖက်အသင်း ကစားသမားအား ပရိသတ်များ အနေဖြင့် လူမျိုးရေးခွဲခြားစော်ကားမှု ပြုမူကြောင်း တွေ့ရှိရပါက ထိုပရိသတ်များ၏ သက်ဆိုင်ရာ ဘောလုံးကလပ်အသင်းအား အမှတ်လျှော့ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်သည်။

Read more http://www.planet.com.mm/news/read.cfm/id/21619
ဘောလုံးပွဲစဉ်အတွင်း လူမျိုးရေးခွဲခြားမှုအတွက် ပြစ်ဒဏ်ချမှတ်မှုပုံစံသစ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်

အင်းစိန်မြို့နယ်တွင် အသက် ၅၀ ခန့်ရှိ စိတ်ကျန်းမာရေးမကောင်းသူအားမုဒိမ်းမှုကျူးလွန်

၂၃.၅.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ မ---- သည် အတူနေ စိတ် ကျန်းမားရေး မကောင်းသူမိခင် ဒေါ်------၊ (၅၀) နှစ် နှင့်အတူ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ တီဗွီ

ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး

Photo: ဆင်းရဲတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့ရေး ဆွေးနွေး

နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပခဲ့တဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားကလေးများ ပညာသင်ထောက်ပံ့ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုစီစဉ်တဲ့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ ဦးအာကာစိုးနောင်က အဲသလို ပြောကြားခဲ့တာပါ။

"ကလေးတွေကို မြေတောင်မြှောက်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ဘဝကို ဂရုစိုက်ပေးခြင်းအားဖြင့် လာမယ့် ၂ဝ၁၄၊ ၂ဝ၁၅ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီလုပ်ငန်းကိုလုပ်နိုင်အောင် ကြိုးစားပြီးတော့ အကောင်အထည်ဖော်နိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့နိုင်ငံဟာ လာမယ့် ၁ဝ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဆင်းရဲမွဲတေမှုတွေလည်း လျော့ကျသွားမယ်၊ မှုခင်းတွေလည်းလျော့ကျသွားမယ်၊ ပိုပြီးတော့ အေးချမ်းသာယာဝပြောတဲ့ တိုင်းပြည်ဖြစ်လာမယ်"

ဆင်းရဲနွမ်းပါးသူ မိဘတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲက ဆင်းရဲသားလူတန်းစားတွေ အများစုနေထိုင်ကြတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ မှော်ဘီ၊ တောင်ဒဂုံစတဲ့ မြို့နယ်တွေက ဆရာ၊ ဆရာမတွေ တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
နောင်လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာတစ်ပြည်လုံးမှာ ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတဆီတင်ပြဖို့ စီစဉ် ထားတယ်လို့ ကရုဏာလူမှုဘ၀မြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။