Friday, 26 April 2013
Thursday, 25 April 2013
သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ

ဟောင်ကောင်မှ လုပ်ငန်းရှင်သူဌေးကြီးတစ်ဦးသည် ၎င်း၏ လိင်တူစိတ်ဝင်စားသည့်
သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ
(၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ
အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ် အတွက် လျှောက်ထားသူများကို
လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။
ဟောင်ကောင်မှ လုပ်ငန်းရှင်သူဌေးကြီးတစ်ဦးသည် ၎င်း၏ လိင်တူစိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျလောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ် အတွက် လျှောက်ထားသူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများသို့ တန်ဖိုးနည်း မိုဘိုင်းဖုန်းများနှင့် ပတ်သက်၍ ထပ်မံအသိပေး
ပြည်နယ်နှင့်
တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် ၂ဝ၁၃ ခုနှစ် ဧပြီ ၂၄
ရက်တွင် စတင်ရောင်းချမည့် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA-800 MHz
မိုဘိုင်းတယ်လီဖုန်း စနစ်သည် လက်ရှိ မိုဘိုင်းဖုန်းများကဲ့သို့
အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ငွေကျပ် ၅ဝ ဖြစ် ပါသည်။ အဝင်ခေါ်ဆိုမှု
အတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက် အသုံးပြုမှု အတွက်
ငွေကောက်ခံသည့်နှုန်းမှာ ယခင် CDMA-800 MHz မိုဘိုင်းတယ်လီဖုန်းများကဲ့သို့
တစ်မိနစ် အသုံးပြုခ လေးကျပ် ဖြစ်ပါသည်။ အင်တာနက် အသုံးပြုလိုပါက သက်ဆိုင်ရာ
ပြည်နယ်/ တိုင်းဒေသကြီးများရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်/
တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ် ဆက်သွယ်မှု ကနဦးတပ်ဆင်ခ
ကျပ် ၁ဝဝဝဝ ပေးသွင်း လျှောက်ထားရပါမည်။ MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း
CDMA-800 MHz မိုဘိုင်းတယ်လီဖုန်း စနစ်သည် မြန်မာနိုင်ငံ တစ်ဝန်းတွင်
ရေဒီယိုစခန်းပေါင်း ၂၈၂ စခန်းရှိပြီး အဆိုပါရေဒီယို စခန်းများ၏
နယ်နိမိတ် အတွင်းမှ ပြည်တွင်း/ပြည်ပသို့ တယ်လီဖုန်းခေါ်ဆိုမှုများ
ပြုလုပ်နိုင်ပါသည်။ အဆိုပါ ရေဒီယိုစခန်း များ၏
Wednesday, 24 April 2013
အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား
နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံ ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ်
ဦးအောင်လင်းကို ဧပြီလ ၂၃ ရက်နေ့ အာဆီယံ အဆင့်မြင့်အရာရှိများ
အစည်းအဝေးအပြီး တွေ့ရစဉ်
အာဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို
ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံခြားရေး
ဝန်ကြီးဌာန၏ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်လင်းကဘရူနိုင်း
နိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း Eleven Media Group သို့
ပြော ကြားခဲ့ပါသည်။
Tuesday, 23 April 2013
ငရဲပြည် အတွေ့အကြုံ (တစ်ကယ့်ဖြစ်ရပ်မှန်)
မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့ တတ်ကြသည်။
မိတ္ထီလာမြို့၌ သံဃာတော်တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ များအား ဧပြီ ၂၂ ရက်တွင် စတင်စစ်ဆေး
မိတ္ထီလာမြို့၌ သံဃာတော် တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူ
များအား ဧပြီလ ၁၀ ရက်နေ့က တရားစွဲဆိုခဲ့ပြီး မိတ္ထီလာခရိုင် တရားရုံးမှ
ရာကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံခဲ့ကာ ဧပြီ လ ၂၂ ရက်တွင်
ပထမရုံးချိန်းအဖြစ် စတင်ကြားနာ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အကျဉ်းမှာ မတ်လ ၂၀ ရက် ညနေပိုင်းက ၀မ်းတွင်းမြို့နယ်၊
ဒုံကုန်းကျေးရွာမှ ဦးဇင်း ဦးသောဘိတ (သက်တော် ၄၅ နှစ်) သည်
မိတ္ထီလာဈေးကြီးသို့ ဆိုင်ကယ်ကယ်ရီဖြင့် ဈေးလာဝယ်စဉ် သီရိမင်္ဂလာ
ရပ်ကွက်အတွင်းရှိ ကားကြီးဝန်းထိပ် အရောက်တွင် လူ ၁၀ ဦးခန့်က
သတ်ဖြတ်ခဲ့ ကြခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။
အဆိုပါ အမှုတွင် ပါဝင်ပတ်သက်သူ မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊
မျိုးဝင်း(ခ)ဒါဂျိဂန်း ၊ ဇော်ထက်နိုင် ၊ မြတ်ကိုကို(ခ)အာဏ္ဏ၀ါ၊
ညီညီနိုင်တို့အား ဖမ်းဆီးရမိပြီး မျိုးဝင်း(ခ)မျိုးညွန့်(ခ)အဒူလ မန်၊ လတ်ကျော်နိုင် ၊ ကိုဝင်း(ခ)ကိုကိုဝင်း(ခ) ကျော်သူဝင်းနှင့် စည်သူတို့အား တရားခံပြေးများ အဖြစ် တရား စွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို ဧပြီလ ၂၂ ရက်နံနက်ပိုင်းက မိတ္ထီလာခရိုင် တရားသူကြီး
ဦးအေးလွင်မှ ကြားနာစစ်ဆေး ခဲ့ပြီး တရားစွဲဆိုခံရသူများ ဘက်မှ ရှေ့နေ ခြောက်ဦး၊ တရားလိုအကျိုးတော်ဆောင် ဥပဒေအရာရှိ တစ်ဦးပါ ၀င်ကြောင်း သိရသည်။
ပြည်မှာဖြစ်သွားတဲ့ မြို့လယ်ခေါင် အနုကြမ်းစီး လူသတ်မှု
ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး
နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေ ည ၁၀ နာရီခန့်က
အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့ သည်။
ပြည်မြို့ လမ်းမတော်လမ်း၊ မီးရထားဝင်းတိုက်တန်းရှိ အောင်ပိုင်ဖြိုး
နာရီနှင့် တူရိယာဆိုင်တွင် တနင်္ဂနွေ ည ၁၀ နာရီခန့်က
အနုကြမ်းစီးမှုတခုဖြစ်ပွားသဖြင့် ဆိုင်နီးချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့ သည်။
Subscribe to:
Posts (Atom)

