မြန်မာနိုင်ငံ အစိုးရစစ်တပ်က ကလေးစစ်သား ၂၄ ယောက်
ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ က မနေ့က
ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် ကလေးသူငယ်အခွင့်အရေး ချိုးဖေါက်မှုတွေရပ်ဆိုင်းရေးအတွက်
မြန်မာအစိုးရအနေနဲ့ မနှစ်က ကတိက၀တ် ပြုထားခဲ့တဲ့အတိုင်း ကလေးစစ်သား
ပြန်လွှတ်ပေးတဲ့ကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း
တိုက်တွန်းလိုက်ပါတယ်။

