Monday, 18 February 2013

နိုင်ငံရေး ဆွေးနွေးမှုများ အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်



ချင်းမိုင်(မဇ္စျိမ)။   ။ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း
ကော်မတီအနေနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ဆွေးနွေးမှုများကို အဆင့် သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးညိုအုန်းမြင့် က ပြောသည်။

ကင်တာနား၏ တပ်မတော်သား ၂၅ ရာခိုင်နှုန်းအားလွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ပြောကြားခဲ့ မှု့ကို ပြည်သူများ နှင့် လွှတ်တော် ကိုယ်စားလှယ်များဝေဖန်

ကင်တားနားကို ဘင်္ဂလီ လူမျိုးအချို့နှင့် အတူတွေ့ရပုံ

  တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် တက်ရောက်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်ကို ပြင်ဆင် သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စား လှယ် သောမတ်စ် အိုဟေး ကင်တာနားက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖော်ဝါရီ လ ၁၆ရက် နေ့က ပြောကြားခဲ့မှု့နှင့် ပတ်သက်၍ ပြည်သူများနှင့်  လွှတ်တော် ကိုယ်းစားလှယ်များမှ  ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း သိရသည်။

ကချင် ဒုက္ခသည် များ အတွက် ဂီတ ပဒေသ ကပွဲ ကျင်းပမည်



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မြန်မာ တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များကြောင့် သွားလာမှု ခက်ခဲသော ဒုက္ခသည် စခန်း များတွင် ခိုလှုံ နေရသည့် ဒုက္ခသည် များ အတွက် ဂီတ ပဒေသာ ကပွဲ ပြုလုပ်ပြီး ရရှိ လာသော ရန်ပုံငွေ များကို သွားရောက် ကူညီမည် ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး ကွန်ရက် အဖွဲ့၏ ဒေါ်ခွန်ဂျာက ပြောကြား သည်။

မြန်မာ လီဗာပူးလ် ပရိသတ်များ အဖွဲ့ Liverpool FC တရားဝင် အသိအမှတ်ပြု


မြန်မာနိုင်ငံမှ လီဗာပူးလ် ပရိသတ်များ စုဖွဲ့ထားသည့် အဖွဲ့အား Liverpool FC ၏ တရားဝင် အသိအမှတ် ပြုခြင်းခံရသည့် Official Liverpool Supporters Club (OLSC) အဖြစ် ရွေးချယ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သတ်သည်များကို တရားလွှတ်တော် ရှေ့နေများ ဆွေးနွေး

2.18.1
                           ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆွေးနွေးပွဲအခမ်းအနား ကျင်းပနေစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်တို့နှင့် ပတ်သက်သည်များကို ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးပွဲအမှတ်စဉ် (၂) တွင် တရားလွှတ်တော် ရှေ့နေများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Sunday, 17 February 2013

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်

2.17.7ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းလျှောက်ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မန္တလေး ရွှေတစ်ချောင်း မြောင်းအနီး မီးလောင်


မန္တလေး၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး ခရိုင်၊ ပုသိမ်ကြီး မြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်၊ ရွှေတစ်ချောင်းမြောင်း အနီးတွင် ယနေ့ နံနက် ၁၁နာရီခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ရာ ၁၂ ပွဲ ဈေးသည်များ နေထိုင်သည့် ၁၀ ပေ၊ ၁၅ ပေ ပတ်လည် နံကပ်အိမ် ၁၇အိမ် မီးလောင်ကျွမ်းခဲ့ ပြီး လူအသေအပျောက် မရှိကြောင်း အောင်ချမ်းသာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က The Voice Weekly သို့ ပြောကြားသည်။

အာရှပစိဖိတ်တွင် အကြီးကျယ်ဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး Cobra Gold 2013 ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်


အမေရိကန်နှင့် ထိုင်းနိုင်ငံတို့က နှစ်စဉ်ပြုလုပ်လေ့ရှိသော အာရှပစိဖိတ်ဒေသတွင်း အကြီးကျယ်ဆုံးနှင့် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် Cobra Gold ဘက်ပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ ပတ္တယားမြို့အနီး Sattahip ခရိုင်ရှိ ရေတပ်စခန်းတစ်ခု၌ အမေရိကန်နှင့် ထိုင်းမရိန်းတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပါဝင်သော ကုန်းရေနှစ်သွယ် လေ့ကျင့်မှုဖြင့် ဖေဖော်ဝါရီ ၁၄ ရက်က စတင် ပြုလုပ်ခဲ့သည်။

သမ္မတ ဦးသိန်းစိန်ကို ဟားခါးလူထု ဝမ်းပန်းတသာ ကြိုဆို

Photo: RFA
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ဟားခါးခရီးစဉ်ကို ဒေသခံများ ကြိုဆိုခဲ့ကြပုံ





နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ရဟတ်ယဉ်သုံးစီးနဲ့ ဒီနေ့ ညနေ ၃ နာရီမှာ ချင်းပြည်နယ်ရဲ့ မြို့တော်၊ ဟားခါး ကို ရောက်ရှိသွားကြပါတယ်။

Saturday, 16 February 2013

ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ


ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊ မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။

နျူကလီးယားစမ်းသပ်မှု ထပ်မံပြုလုပ်ဖွယ်ရှိကြောင်း မြောက်ကိုရီးယား ပြောကြား

north korea
 (နျူကလီးယားစမ်းသပ်မှု အောင်မြင်သည့် အထိမ်းအမှတ် အခမ်းအနားတွင် တွေ့ရသည့် မြောက်ကိုရီးယားပြည်သူများ)
 
မြောက်ကိုရီးယားနိုင်ငံသည့် ယခုနှစ်အတွင်း နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ထပ်မံ ပြုလုပ်သွားဖွယ်ရှိကြောင်း သိရသည်။ မကြာသေးမီက နျူကလီးယားစမ်းသပ်မှုမှာ ပထမအဆင့်ဖြစ်ပြီး ယခုနှစ်အတွင်း နောက်ထပ် နျူကလီးယားစမ်းသပ် ဖောက်ခွဲမှု ၂ ကြိမ်

ဖေ့ဘွစ်အဟက်ခံရ သို့သော် user များ၏အချက်အလက်ပါမသွားခဲ့


ဆန်ဖရန်စစ္စကို ဖေဖော်ဝါရီ ၁၆

ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလူမှုဆက်ဆံရေးကွန်ယက်ဖြစ်သည့် ဖေ့ဘွစ်အား ဟက်ကာများက ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း user များ၏ သတင်းအချက်အလက်များရယူသွားနိုင်ခြင်းမရှိခဲ့ဟု ဖေ့ဘွစ်လုံခြုံရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဗဟိုချုပ်ကိုင်မှု လျှော့ချရန် ကြိုးပမ်းနေ

ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသော ရန်ကုန်တက္ကသိုလ်တွင် ဗဟိုချုပ်ကိုင်မှုစနစ်မှ လျှော့ချ နိုင်ရန် ကြိုးပမ်းနေပြီး သင်ကြားရေးနှင့် သုတေသနဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ပညာရေးဝန်ထမ်း များ ပါဝင်လာနိုင်ရန်ဆောင်ရွက်နေကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောသည်။

(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင် F

(၁၆) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်တွင် KIA အဖွဲ့မှ လူသစ် (၁၆)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်
            သတင်းဖြစ်စဉ်မှာ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြစ်ကြီးနားမြို့ နယ် မြစ်ဆုံ၌ ရိုမန် ကတ်သလစ် အသင်းတော် တန်ဖဲ ဘုန်းတော်ကြီးမှ ဦးစီး၍ မြစ်ဆုံ မယ်တော် ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းပွဲတော်သို့ ပတ်ဝန်းကျင် ကျေးရွာများမှ ရွာသူရွာသားအင်အား ၁၀၀၀ ခန့် ပါဝင် ဆင်နွဲခဲ့ကြပြီး ည ၈နာရီ အထိ ကျင်းပခဲ့ကြောင်း သိရှိရ ပါသည်။

Friday, 15 February 2013

အဆင့်မြင့်ပညာ ကဏ္ဍ၌ မြန်မာ-အမေရိကန် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ပြောကြား

မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာ ကဏ္ဍ၌ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမေရိကန် သံအမတ် Derek.J Mitchell က အမေရိကန် ပညာရေးပြပွဲ၌ ပြောကြားခဲ့သည်။

i-Pay ကတ်များ နည်းစနစ် မှားယွင်းမှုကြောင့် အဆင်မပြေမှုများဖြစ်

ရန်ကုန်မြို့ရှိ ယာဉ်လိုင်း အချို့တွင် တပ်ဆင်အသုံးပြုနေသာ i-Pay ကတ်များမှာ လုပ်ဆောင်တပ်ဆင်သည့် နည်းစနစ် မှားယွင်းမှုကြောင့် ခရီးသည်များနှင့် ယာဉ်အကူများမှာ အဆင်ပြေမှု မရှိကြောင်း i-Pay ကတ်များ တပ်ဆင် သုံးစွဲ လျက်ရှိသည့် ယာဉ်လိုင်းမှ တာဝန်ရှိသူများနှင့် ခရီးသည်များ၏ ပြောပြချက်အရ သိရှိရသည်။

ရုရှားနိုင်ငံကလည်း မြန်မာ့ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် ပြင်ဆင်

ရုရှားနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vimpelcom Ltd က မြန်မာဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေကို သုံးသပ်မှုများ ပြုလုပ်နေသည်ဟု ရုရှားနိုင်ငံ သတင်းဌာန Russia Briefing မှ ဖော်ပြခဲ့သည်။

အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်မည်ဟု နိုင်ငံတော် သမ္မတ ပြော

အခြေခံပညာရေးစနစ်အား နောက်ပိုင်းတွင် ၁၂ တန်းအထိ တိုးမြှင့်အကောင်အထည်ဖော်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား မှာကြားထားကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က
ယနေ့ပြောကြားသည်။

နားလည်မှုအလွဲနှင့် ပြန်ပေးဆွဲမှု လောက်ဖန် ဘိလပ်မြေစက်ရုံ၌ ဖြစ်ပွား

နောင်ချိုမြို.နယ် လောက်ဖန်းကျေးရွာရှိ ငွေရည်ပုလဲ ဘိလပ်မြေစက်ရုံမှ ထိပ်ပိုင်းအဆင့် အရာရှိ နှစ်ဦးအား   ပြန်ပေးဆွဲခံရပြီးနောက် နောက်နေ့၌ ကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးခဲ့ကြောင်း ဘိလပ်မြေစက်ရုံဝန်ထမ်းများထံမှ သိရသည်။ 

Thursday, 14 February 2013

ရဲဗိုလ်ချုပ်ကြီး ခန့်အပ်မှုမှာ မှန်ကန်မှုမရှိကြောင်း ဒုရဲချုပ်မှပြောကြား

လတ်တလော ထွက်ပေါ်နေသော သတင်းများအရ မြန်မာနိုင်ငံ ရဲဌာနချုပ်တွင် ရဲဗိုလ်ချုပ်ကြီး ခန့်အပ်မှုမှာ မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံ ရဲဌာနချုပ်မှ ဒုတိယရဲချုပ်ဖြစ်သူ ဇော်ဝင်းမှ Eleven Media Group သို့ ပြောကြားခဲ့သည်။