Wednesday, 26 December 2012

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန်အတွက် Mobile Team ဖြင့်ဆောင်ရွက်မည်


တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရန်အတွက် Mobile Team
ဖြင့်ဆောင်ရွက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆။
တရားမ၀င်ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန် အတွက် ကုန်သွယ်မှုပြုရာလမ်းတစ်လျှောက်တွင် လှုပ်ရှားရှာဖွေ တာဆီးစစ်ဆေးရေးအဖွဲ့ (Mobile Team) ဖြင့် စတင်ဆောင်ရွက်တော့မည့်ဖြစ်ကြောင်း သိရသည်။

ကန့်သက်တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ တင်ပို့ခြင်း၊ တင် သွင်းခြင်း၊ ခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ပါ စည်းကမ်းချက်များ ဖောက်ဖျတ်ခြင်း တို့ကို အရေးယူဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Mobile Team အဖွဲ့သည် နယ်စပ်ကုန်သွယ်ရေးစခန်း ပတ်ဝန်းကျင်ရှိ ရှောင်ကွင်း လမ်းများ၊ နယ်စပ်ဒေသများမှ ပြည်တွင်းသို့ ၀င်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်း များ၊ မြစ်ချောင်းများ၊ ပင်လယ်ရေကြောင်းမှ ၀င်ရောက်နိုင်သည့် ၀င်ပေါက်ထွက်ပေါက်များ၊ ဆိပ်ကမ်းများ၊ လေဆိပ်များနှင့် လိုအပ်ပါက ဈေးကွက်အတွင်းထိ နေရာအားလုံး စစ်ဆေး
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး စစ်ဆေးမှုများကြောင့် ကုန်သွယ်မှု အတားအဆီး မဖြစ်စေရန်အတွက် Spot Check စနစ်ကို ကြည့်သုံး သွားမည်ဖြစ်ကြောင်း မြ၀တီမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ပညာပေးကာလအတွင်း တရားမ၀င်ကုန်သွယ်မှုဆောင်ရွက်နေသူများ ကုန်သွယ်မှု လမ်း
ကြောင်းပေါ် ရောက်ရှိလာစေရန် လျော့ပေါ့အရေးယူခြင်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး ကာလကျော်လွန်ပါက တည်ဆဲဥပဒေများအပြင် သက်ဆိုင်ရာမှန်သမျှအား Black List စာရင်းထည့် သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။



____________________________________
Reference and Credit to -စူးရှ(မြန်မာ့ခေတ်)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
တရားမ၀င်ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန် အတွက် ကုန်သွယ် မှုပြု ရာလမ်းတစ်လျှောက်တွင် လှုပ်ရှားရှာဖွေ တာဆီးစစ်ဆေးရေးအဖွဲ့ (Mobile Team) ဖြင့် စတင်ဆောင်

ကမ္ဘာ့ ထိပ်တန်း လစာ အမြင့်ဆုံးရ အောင်လက်မှတ် (၁၅)မျိုး


ကမ္ဘာ့ ထိပ်တန်း လစာ အမြင့်ဆုံးရ အောင်လက်မှတ် (၁၅)မျိုး
Wednesday, 26 December 2012 

PMP (Project Management Professional)
အနိမ့်ဆုံးလစာဒေါ်လာ၁သိန်း မှစပြီး ရရှိနိုင်သော အောင်လက်မှတ်
မျိုးဖြစ်သည်

CAMP (Certified Associate in Project Management)
အနိမ့်ဆုံးလစာ ၁၀၁၁၀၃ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

ITIL (IT Infrastructure Library)
အနိမ့်ဆုံးလစာ ၉၅၄၁၅ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CISSP (Certified Information System Security Professional)
အနိမ့်ဆုံးလစာ ၉၄၀၁၈ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCIE ( Certified Cisco Routing and Switching)
အနိမ့်ဆုံးလစာ ၈၈၈၂၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCVP (Certified Cisco Voice Professional)
အနိမ့်ဆုံးလစာ ၈၈၈၂၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

ITIL Master (IT Infrastructure Library Master)
အနိမ့်ဆုံးလစာ ၈၆၆၀၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCSD (Microsoft Certified Solution Developer)
အနိမ့်ဆုံးလစာ ၈၄၅၂၂ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCNP (Cisco Certified Network Professional)
အနိမ့်ဆုံးလစာ ၈၄၁၆၁ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

RHCE (Red Hat Certified Engineer)
အနိမ့်ဆုံးလစာ ၈၃၆၉၂ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCITP (Microsoft Certified IT Professional)
အနိမျ့ဆုံးလစာ ၈၂၉၄၁ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CCSP (Cisco Certified Security Professional)
အနိမ့်ဆုံးလစာ ၈၀၀၀၀ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်


MCAD (Microsoft Certified Application Developer)
အနိမ့်ဆုံးလစာ ၇၉၄၄၄ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCITP (Database)
အနိမ့်ဆုံးလစာ ၇၇၀၀၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

MCDBA (Microsoft Certified Database Administrator)
အနိမ့်ဆုံးလစာ ၇၆၉၆၀ ဒေါ်လာရရှိနိုင်သော အောင်လက်မှတ်မျိုးဖြစ်သည်

CNetအယ်ဒီတာအဖွဲ့ ၏ရွေးချယ်မှုဖြစ်ပါသည်..
လစာမှာ တစ်နှစ်ပျမ်းမျှလစာဖြစ်ပါသည်
U Cloud Bank
Admin Of MyanmarITgroup
ITgroup
PMP (Project Management Professional)
အနိမ့်ဆုံးလစာဒေါ်လာ၁သိန်း မှစပြီး ရရှိနိုင်သော အောင်လက်မှတ်

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

တရုတ် နိုင်ငံတွင် ကလေးမှောင်ခို ဂိုဏ်းတစ်ခု နှိမ်နင်း

တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက် တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံ အပါအဝင် ဒေသ ကိုးခုမှ ရဲအရာရှိ များသည် ကလေးမှောင်ခို ဂိုဏ်းကို ဖြိုခွင်းရန် အတွက် ပူးပေါင်း စစ်ဆင်ရေး တစ်ခုကို ဒီဇင်ဘာ ၁၈ ရက်တွင် စတင်လုပ်ဆောင် ခဲ့ကြ ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန လူမှောင်ခို ဆန့်ကျင် တိုက်ဖျက်ရေး ရုံးမှ ညွှန်ကြားရေး မှူး ချန်ရှီကူ က ပြောကြား ခဲ့သည်။

လူမှောင်ခို ဂိုဏ်းမှ ကယ်တင် နိုင်ခဲ့သည့် ကလေးသူငယ် များကို ဒေသတွင်း ရှိ ပြုစု စောင့်ရှောက်ရေး ဌာန များတွင် ပြုစု စောင့်ရှောက်လျက် ရှိပြီး ၎င်း တို့၏ မိဘများကို ရဲတပ်ဖွဲ့ဝင် များက ရှာဖွေလျက် ရှိကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဆင်ဟွာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကလေးငယ် များ၏ DNA စစ်ဆေးချက် များကို စုဆောင်း၍ ၎င်း DNA စစ်ဆေးချက် များကို အမျိုးသား DNA စစ်ဆေးရေး ဌာန၏ ကွန်ပျူတာ အချက်အလက် များအတွင်း ထည့်သွင်း၍ ကလေးများ၏ မိဘများကို ရှာဖွေ ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း ချန်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာသတင်း ဌာနက ပြောကြားခဲ့ သည်။ 

ယူနန်ကဲ့သို့ ဆင်းရဲသော ပြည်နယ်များတွင် ကျန်းမာသော နို့စို့အရွယ် ယောက်ျားလေး တစ်ဦးကို  ယွမ်ငွေ ၃ဝဝဝဝ (အမေ ရိကန်ဒေါ်လာ၄၈၁ဝ)ဖြင့် ပေးဝယ်၍  ဖူကျန့်နှင့်  ဂွမ်ဒေါင်းပြည်နယ်ကဲ့သို့ ကြွယ်ဝ ချမ်းသာသော ပြည်နယ်များသို့ ယွမ်ငွေ ၇ဝဝဝဝ မှ ၉ဝဝဝဝ ဖြင့် ရောင်းချနိုင်ကြောင်း၊ လူကုန်ကူး မှုသည် အကျိုးအမြတ် များသောကြောင့် လူကုန်ကူးမှု လုပ်ငန်း ကြီးထွားလျက် ရှိသည်ဟု ဖူကျန့်ပြည်နယ် တရား ဥပဒေ စိုးမိုးရေး အဆင့်မြင့် အရာရှိ ဝမ်ဆီဇန်က ပြောကြားထားသည်။

http://www.myawady.net.mm/allnews/global/item/2805-2012-12-26-09-58-27
တရုတ် နိုင်ငံမှ ရဲတပ်ဖွဲ့သည် ကလေးမှောင်ခို ကွန်ရက်တစ်ခုကို တိုက်ခိုက် နှိမ်နင်းပြီးနောက် သံသယ ရှိသူ ၃၅၅ ဦးကို ဖမ်းဆီး၍ ကလေး ၈၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ဖူကျန့်၊ ယူနန်၊ စီချွမ်၊ အန်ဟွေးနှင့် ကွမ်တုံအပါအဝင် ဒေသကိုးခုမှ ရဲအရာရှိများသည် ကလေးမှောင်ခိုဂိုဏ်းကို ဖြိုခွင်းရန်အတွက် ပူးပေါင်းစစ်ဆင်ရေး

တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ

တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းတွင် ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်း ပြည်နယ် ဟာဘင်မြို့ ချန်လင် ရေကန်တွင် ဒီဇင်ဘာ ၂၄ ရက်က ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆောင်းရာသီ ငါးဖမ်း ပွဲတော်တွင် ငါးဖမ်း သမား အများအပြားက
တပျော်တပါး ပါဝင် ဆင်နွှဲခဲ့ကြပြီး ၎င်းတို့ ဖမ်းဆီးရမိ ခဲ့သော ငါးများကို ပြသခဲ့ကြောင်း သိရသည်။ ချန်လင် ရေကန်သည် နှစ်စဉ် ဈေးကွက်ဝင် ငါး  ကီလို ဂရမ် ၁ဝဝဝဝဝ ထွက်ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2802-2012-12-26-09-56-02တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလုံကျန်း ပြည်နယ် ဟာဘင်မြို့ ချန်လင်ရေကန်တွင် ဒီဇင်ဘာ ၂၄ ရက်က ဆောင်းရာသီ ငါးဖမ်းပွဲတော် ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်းရာသီ ငါးဖမ်းပွဲတော်တွင် ငါးဖမ်းသမား အများအပြား

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

အနာဂတ်တွင် ဟာဝိုင်အီ ကျွန်းများ ပျောက်ကွယ် တော့မည်

ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီ ကျွန်းများမှ အချို့ အစိတ် အပိုင်းများသည်   မြေအောက် ရေကြောင့် အရည်ပျော် လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြား ခဲ့သည်ဟု အင်တာနက် သတင်းအရ သိရသည်။

ယခုအခါ ဟာဝိုင်အီ ကျွန်းများသည် မြေပြိုမှုများ သိသိသာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ မြေအောက်ရေ အတွင်း ကျွန်းပေါ်ရှိ မြေသားများ ပျော်ဝင်ခဲ့ကြောင်း လေ့လာ တွေ့ရှိ ချက်များ အရ သိရသည်။ 

ထို့ပြင် သုတေသီ များသည် ဟာဝိုင်အီ ကျွန်း၏ တတိယ အကြီးဆုံး ဖြစ်သော အိုဟူကျွန်း ပေါ်ရှိ တောင်တန်းများမှာ ဖျက်ဆီးခံ နေရပြီး အဆိုပါ တောင်များ သည် မကြာမီ နှစ်များ အတွင်း ပျောက်ကွယ် တော့မည် ဖြစ်ကြောင်းဖြင့် လေ့လာမှု များက ညွှန်ပြလျက် ရှိသည်။

အိုဟူကျွန်းရှိ တောင်များ မြေဆီလွှာ ပျက်စီး တိုက်စားမှုကို ဖြစ်စေသော ပျော်ဝင် ပစ္စည်းများ ပါဝင်သည့် ရေတိုက်စား မှုကြောင့် အဆိုပါ ကျွန်းများမှာ ပျောက်ကွယ်၍ မြေပြင် အဖြစ်သို့ ပြောင်းလဲသွား လိမ့်မည်ဖြစ်ကြောင်း အသေးစိတ်လေ့ လာချက်များတွင် ဖော်ပြထားသည်။

ဘူမိဗေဒ ပညာရှင် များသည် အဆိုပါ ကျွန်းများ၏ မြေပမာဏ ပျက်စီးမှုကို တွက်ချက်ရန် အတွက် မြေအောက်ရေနှင့် စမ်းချောင်းရေ များကို လေ့လာ မှုများ ပြုလုပ်ခဲ့ရာ ၎င်းရေများတွင် ကျွန်းများမှ သတ္တုဓာတ် များကို ဖယ် ရှားနိုင်သော ပစ္စည်းများ ရှာဖွေ တွေ့ရှိခဲ့သည်။

သို့သော်လည်း အိုဟူကျွန်းသည် လာမည့် နှစ်သန်းပေါင်း ၁ ဒသမ ၅သန်း အထိ ဆက်လက် တည်ရှိ မည်ဖြစ်ကြောင်း သုတေသီ များ၏ နောက်ဆုံး လေ့လာချက် များအရ သိရသည်။

http://www.myawady.net.mm/allnews/global/item/2801-2012-12-26-09-55-02
ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းရှိ ဟာဝိုင်အီကျွန်းများမှ အချို့အစိတ် အပိုင်းများသည် မြေအောက် ရေကြောင့် အရည်ပျော်လျက်ရှိပြီး မကြာမီ ပျောက်ကွယ် တော့မည်ဖြစ်ကြောင်း အမေရိကန် သုတေသီ များက အခိုင်အမာ ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းအရ သိရသည်။ယခုအခါ ဟာဝိုင်အီကျွန်းများသည် မြေပြိုမှုများ သိသိ သာသာ ဖြစ်ပေါ်နေပြီး ကျွန်းအောက်ရှိ မြေအောက်ရေ အတွင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းသုံးမြို့နယ်အတွင်း လူဦးရေထူထပ် များပြားမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားနေ

Photo: ရခိုင်ပြည်နယ် မြောက်ပိုင်းသုံးမြို့နယ်အတွင်း လူဦးရေထူထပ်
များပြားမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားနေ 
Wednesday, 26 December 2012

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်
မြောက်ပိုင်းများတွင် လူဦးရေ ထူထပ်များပြားနေမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားကာ နိုင်ငံတကာ စံချိန်စံညွှန်းထက် ကျော်လွန်နေကြောင်း သိရသည်။

အဆိုပါဒေသ၏ လူဦးရေသိပ်သည်းဆမှာ မောင်တောမြို့နယ်တွင် တစ်စတုရန်းမိုင်လျင် ၈၇၀ ဦး၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲတွင် ၇၀၁ ဦး၊
ရခိုင်ပြည်နယ်တစ်ခုလုံး၏ လူဦးရေသိပ်သည်းဆမှာ ၂၃၃ ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသများသည် လူဦးရေသိပ်သည်းဆ တစ်စတုရန်း ကီလိုမီတာတွင် လူဦးရေ ၁၂၁၇ ဦး ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းမြေချင်း ထိစပ်လျက်ရှိသည်။

မောင်တောခရိုင်၏ ထူးခြားသော အခြေအနေအရ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးကွပ်ကဲမှုဌာနချုပ် အနေဖြင့် အဓိကတာဝန်ကြီးသုံးရပ်တွင် ပါဝင်သော လူဦးရေထိန်းချုပ်ရေးတာဝန်ကို အကောင်အထည်ဖော်ရာတွင် နယ်မြေကိုးခု စခန်း၂၆ ခုဖြင့် ဆောင်ရွက်လျက်ရှိရာ တစ်ဖက်နိုင်ငံမှ တရားမ၀င်ခိုးဝင်မှုများ၊ မိမိနိုင်ငံအတွင်းမှ ခိုးထွက်မှုများကိုစောင့်ကြည့်
ဖော်ထုတ်ပြီး ရှောင်တခင် ၀င်ရောက်စစ်ဆေးခြင်း၊ပင်လယ်ပြင်နှင့် နတ်မြစ်ကမ်းခြေမှ ပိတ်ဆို့တားဆီးခြင်း၊ တောင်ကျော်လမ်းများမှ စစ်ဆေးခြင်းကို ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဒေသသည် သမိုင်းကြောင်းဆိုင်ရာ လူမျိုးရေးအနေအထားကြောင့် လူဦးရေထိန်းသိမ်းရေး လုပ်ငန်းအား ဆောင်ရွက်ရာတွင် ထူးခြားသည့်
ဖြစ်စဉ်များ တွေ့ရှိရကြောင်းနှင့် တရားမ၀င်ကလေးကိစ္စများ ပါဝင်ကြောင်း၊ တရားမ၀င်ကလေးဟု သတ်မှတ်ရာတွင် တရားဝင် လက်ထပ်ခြင်း
မပြုဘဲ မွေးဖွားသော ကလေးများ၊တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသည့် ဖခင်ဖြစ်သူအား အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ထားသော်လည်း ကျန်ရစ်ခဲ့သော မိခင်မှမွေးဖွားလာသော ကလေး၊ ဖခင်ပြေးပြီးနောက် တစ်ဖက်နိုင်ငံမှ တရားမ၀င် ပြန်လည်ဝင်ရောက်လာပြီး တရားမ၀င်
ပေါင်းသင်းမှုမှ မွေးဖွားလာသော ကလေးများ၊ မုဆိုးမ၊ တစ်ခုလပ်၊ အပျိုတို့မှ ဖခင်မပေါ်ဘဲ မွေးဖွားလာသော ကလေးများနှင့် လက်ထပ်ထိမ်းမြားခြင်း အမှုတွဲအား စိစစ်နေဆဲကာလတွင် ပေါင်းသင်းနေထိုင်သဖြင့်
မွေးဖွားလာသော ကလေးများဟု သီးခြားစာရင်းပြုစုထားကြောင်း သိရသည်။

တရားမ၀င် ကလေးအရေအတွက်မှာ ၂၀၀၉ခုနှစ် လူဦးရေစစ်ဆေး
ပြီးသည့်စာရင်းအရ ရ၂၈၉ ဦးအထိ ရှိခဲ့ပြီး ထိုကလေးများသည် အရွယ် ရောက်လာသည့်အခါ စာရင်းမဲ့ဖြစ်နေခြင်း၊ ဒေသန္တရအမိန့်များ၊ ဥပဒေများကို ထပ်မံချိုးဖောက်ခြင်း တရားမ၀င် အိမ်ထောင်ပြုခြင်း၊
ကလေးမွေးဖွားခြင်း၊ မွေးဖွားသည့် ကလေးအား စာရင်းမသွင်းနိုင်ခြင်း စသည့် ပြဿနာများ ပိုမိုတိုးပွားလျက် ရှုပ်ထွေး သည့် အခြေအနေများ
ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်တွင် တရားဝင် စာရင်းဇယားများအရ တိုင်းရင်းသား ၂၅၅၅၃ ဦးရှိပြီး ဘင်္ဂါလီ ၄၄၃၃၉၀ ဦးရှိနေကာ ဘူးသီးတောင်တွင် တိုင်းရင်းသား ၄၆၁၉၂ ဦးရှိကာ ဘင်္ဂါလီ နှစ်သိန်းသုံးသောင်း ရှိပြီဖြစ်သဖြင့် ယင်းဒေသတွင် နေထိုင်သောတိုင်းရင်းသားများ၏ လုံခြုံရေး၊ ပထ၀ီနိုင်ငံရေးကို စဉ်းစားရန်လိုလာပြီဖြစ်ကြောင်း လေ့လာသူများက
ပြောဆိုလျက်ရှိသည်။

Eleven Media Groupရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်
မြောက်ပိုင်းများတွင် လူဦးရေထူထပ်များပြားနေမှုနှင့် မွေးဖွားနှုန်း အဆ မတန်တိုးပွားကာ နိုင်ငံတကာစံချိန်စံညွှန်း ထက် ကျော် လွန်နေကြောင်း သိရသည်။ အဆိုပါဒေသ၏ လူဦးရေသိပ်သည်း ဆမှာ မောင်တောမြို့နယ်တွင် တစ်စတုရန်းမိုင်လျင် ၈၇၀ ဦး၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲတွင် ၇၀၁ ဦး၊ ရခိုင်ပြည်နယ်တစ်ခုလုံး၏ လူဦးရေ သိပ်သည်းဆမှာ ၂၃၃ ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသ များသည် လူဦးရေသိပ်သည်းဆ တစ်စတုရန်းကီလိုမီတာတွင် လူဦးရေ

အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ

Photo: အဲပုဂံလေယာဉ်ပျက်က လွတ်လာသူ အင်နာရဲ့ အတွေ့အကြုံ
Wednesday, 26 December 2012

ဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲ ပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာ ဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။

".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ဘာအန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ်ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန်ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ ဘာမှမကျန်တော့ဘူး... လို့ အင်နာက ပြောပါတယ်။

သူတို့ဟာ လေယာဉ်ရဲ့နောက်ပိုင်း သုံးပုံ ၂ ပုံလောက်မှာ ရှိနေခဲ့ပြီး
လေယာဉ်ရှေ့ဘက်ပိုင်းကရော နောက်ဘက်ပိုင်းကပါ မီးခိုးတွေ ထွက်လာတော့ .. သွားပြီ။ ဒါနောက်ဆုံးပဲလို့ ထင်လိုက်တယ်။
လေယာဉ်နောက်ပိုင်းမှာ မီးလောင်နေပြီး နောက်တံခါးကနေ ထွက်လို့ မရဘူး။ နောက်တော့ လေယာဉ်ပျက် အရှေ့ပိုင်းကနေ ထွက်လို့ ရလိုက်တယ်။ တောအုပ်ထဲ လေယာဉ်ထိုးဆင်းလာတော့ တောင်ပံ၂ ဘက်စလုံး ပြုတ်ထွက်သွားတယ်။ အဲဒါကလည်း အင်မတန် ကံကောင်းတာ
ဖြစ်လိမ့်မယ်။ တောင်ပံသာကျန်နေရင် အဲဒီမှာ လောင်စာရှိတာမို့
ပေါက်ကွဲမှာသေချာတယ်။ - လို့ သူအမေဖြစ်သူကို ပြောပြခဲ့ပါတယ်။

သူတို့ကို ရန်ကုန်ကို ချက်ခြင်းပဲ လေယာဉ်နဲ့ ပြန်ခေါ်သွားချိန်မှာ ပျက်ကျနေတဲ့ လေယာဉ်အပေါ်ကနေပဲ ဖြတ်ပျံရပြီး လေယာဉ်ဟာ တကယ်ပဲ ၂ ပိုင်းပြတ်နေတာကို အပေါ်စီးက မြင်ခဲ့ရတယ်လို့
ပြောပြခဲ့ပါတယ်။

(ဓာတ်ပုံ- လေယာဉ်ပျက်ရာမှာ ပါခဲ့တဲ့ အန်နာ ဘာ့ခ်ျ)
ABC သတင်းကို ကိုးကားထားပါတယ်။
MZ (Burmese-Newselite)
Burma-Newseliteဟဲဟိုး လေဆိပ်မှာ AirBagan လေယာဉ်ပျက်ကျတဲ့အထဲပါခဲ့သူ သြစတြေလျ နိုင်ငံသူ အင်နာဘာ့ခ်ျက သူအမေဆီကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ရာမှာ သူ့အတွေ့အကြုံကိုပါ ပြောပြပါတယ်။
".. အမေ။ ကျမပြောတာသေသေချာချာ နားထောင်နော်။ ကျမတို့ ဘာ အန္တရာယ်မှမဖြစ်ဘူး။ ဟုတ်ပြီလား။" .. အဲဒီလိုပြောပြီးမှ အင်နာ က လေယာဉ် ပျက်ကျတဲ့အကြောင်း စပြောတယ်လို့ သူ့အမေဖြစ်သူက သတင်းမီဒီယာကို ပြောပြခဲ့ပါတယ်။... သြစတြေလျသံရုံးကို အမြန် ဆက်သွယ်ပြီး ကျမတို့ကို ကိစ္စပြောပြပေးပါ။ ကျမတို့နဲ့ပါသမျှ

Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်

Photo: Open Society Foundation တည်ထောင်သူ ဘီလျံနာသူဌေး
ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ရန်ကုန်၌ တွေ့ဆုံမည်  
Wednesday, 26 December 2012

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌ 
ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့မှ သတင်းရရှိပါသည်။

ယခုတွေ့ဆုံမှုကို ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး သုံးဦးလက်ခံတွေ့ဆုံသွားမည်ဖြစ်ကာ မည်သည့်အကြောင်းအရာကို ဆွေးနွေးသွားမည်ဆိုသည်နှင့် မည်သူတို့ သွားရောက်တွေ့ဆုံမည်ကို မဆုံးဖြတ်ရသေးကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဂျင်မီက ပြောကြားခဲ့သည်။

ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်အထိ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်
တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ဂျော့ဆိုးရော့စ်၏ Open Society Foundation မှ မြန်မာပရောဂျက်သည် ၁၉၉၄ ခုနှစ်က စတင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အခြေအနေများကို
နိုင်ငံတကာမှ သိရှိနားလည်မှု ပိုမိုလာရန်နှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များအား ကူညီထောက်ပံ့ရန် ဆောင်ရွက်ခဲ့သည်။

Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်
တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဂျော့ဆိုးရော့စ်
အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှလည်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ
အနှံ့အပြားသို့ သွားရောက်ဟောပြောမှုများ ပြုလုပ်ခြင်း၊ ငွေကြေး
လှူဒါန်းခြင်းများ ပြုလုပ်နေသည်။

Eleven Media Groupကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်၌
ရန်ကုန်မြို့ Chatrium Hotel တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈

လေယာဉ်ဖြတ်သန်းမှု နှစ်ဆခန့်မြင့်တက်လာခြင်းကြောင့် လေကြောင်းလမ်းညွှန်ကိရိယာများ တိုးချဲ့တပ်ဆင်မည်

Photo: လေယာဉ်ဖြတ်သန်းမှု နှစ်ဆခန့်မြင့်တက်လာခြင်းကြောင့်
လေကြောင်းလမ်းညွှန်ကိရိယာများ တိုးချဲ့တပ်ဆင်မည်
Wednesday, 26 December 2012

ပြည်ပမှ လေယာဉ်များ ဖြတ်သန်းမှု နှစ်ဆခန့် များပြားလာသောကြောင့်
လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တိုးချဲ့တပ်ဆင်ရန်အတွက်
နေရာသုံးနေရာ၌ လျာထားသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တပ်ဆင်ခြင်းဖြင့်
မြန်မာ့လေပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းသော ပြည်ပမှ လေယာဉ်များ
အတွက် အထောက်အကူများစွာရရှိပြီး ဝေဟင်၌ လေယာဉ်အချင်းချင်း မတော်တဆထိခိုက်မှုများမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

မြန်မာ့လေပိုင်နက်အတွင်း ပုံမှန်ဖြတ်သန်းသည့် လေယာဉ်များမှာ ယခင်က နေ့စဉ်အစင်း ၂၅၀ မှ ၃၀၀ ကြားရှိရာမှ ယခုအခါ အစင်း ၅၀၀ ကျော်အထိရှိပြီး ပုံမှန်ဖြတ်သန်းမှုမဟုတ်သော လေယာဉ်အစင်း
ငါးစင်းခန့်မှ ၃၀ စင်းအထိ ရှိလာသည်ဟု ဒီဇင်ဘာ ၁၈ ရက်ထုတ်နိုင်ငံပိုင်
သတင်းစာ၌ ဖော်ပြသည်။

အဆိုပါလေကြောင်း အထောက်အကူပြုစနစ်အား ဖြစ်နိုင်ပါက
မြန်မာနိုင်ငံ၏ လေယာဉ်ကွင်းတိုင်းတွင် ထားရှိသင့်ပြီး အဆိုပါ စနစ်ကြောင့် မိုးတွင်းနှင့် ဆောင်းတွင်းတို့တွင် လေယာဉ်မောင်းနှင်ရသည်မှာ ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ လေယာဉ်မှူး ဦးသန်းထွေးက ပြောသည်။

တိုးချဲ့တပ်ဆင်ရန် လျာထားချက်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ကလည်း အကူအညီများ
ပေးအပ်သွားမည်ဟု အဆိုပါ အဖွဲ့အစည်းမှ သတင်းရရှိသည်။

“ကျွန်တော်တို့က လေကြောင်းနဲ့ ပတ်သက်ရင် လုံခြုံရေးနဲ့ အန္တရာယ်
ကင်းရှင်းရေးတို့အတွက် အဓိကထောက်ပံ့ပေးဖို့ ရှိပါတယ်” ဟု ယင်းအဖွဲ့အစည်းမှ လေကြောင်းကဏ္ဍ ထောက်ပံ့ရေး၏ တာဝန်ရှိသူ ကိုကျော်ဇောအောင်ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အဆိုပါလမ်းညွှန်ဆက်သွယ်ရေး စက်များအား ချမ်းမြသာစည်(မန္တ လေး)၊ တံတားဦး(မန္တလေး)၊ လားရှိုး၊ ပဲခူး၊ လှည်းကူး၊ ပုသိမ်၊ ထားဝယ်နှင့် နေပြည်တော်တို့တွင် တပ်ဆင်ထားပြီး တိုးချဲ့မှုအဖြစ် ဟဲဟိုး၊ ညောင်ဦး၊ သံတွဲဒေသများတွင် လျာထားသည်ဟုလေကြောင်း
ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးစိုင်းဝင်းမြင့်က ပြောသည်။

7Day News Journalပြည်ပမှ လေယာဉ်များ ဖြတ်သန်းမှု နှစ်ဆခန့် များပြားလာသောကြောင့်
လေကြောင်းလမ်းညွှန်ဆက်သွယ်ရေးစက်များ တိုးချဲ့ တပ်ဆင်ရန် အတွက်နေရာသုံးနေရာ၌လျာထားသည်ဟု လေကြောင်း ပို့ ဆောင်ရေးညွှန်ကြား မှု ဦးစီးဌာနမှ သတင်းရရှိ သည်။ လေကြောင်း လမ်းညွှန်ဆက်သွယ်ရေးစက်များ တပ်ဆင်ခြင်းဖြင့် မြန်မာ့လေပိုင်နက် အတွင်း ဖြတ်ကျော်ပျံသန်းသော ပြည်ပမှ လေယာဉ်များအတွက် အထောက်အကူ များစွာရရှိပြီး ဝေဟင်၌ လေယာဉ်အချင်းချင်း

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ China North Industries Corporation ဥက္ကဋ္ဌအား လက်ခံ တွေ့ဆုံ

Photo: ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ China North Industries Corporation ဥက္ကဋ္ဌအား လက်ခံ တွေ့ဆုံ 
Wednesday, December 26, 2012


(နေပြည်တော် ဒီဇင်ဘာ ၂၅)
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် China North Industries Corporation ဥက္ကဋ္ဌ Mr. Zhang Guoqing ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်က နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင် မောင်သိမ်း၊ သူရ ဦးအောင်ကို၊ ဦးလွန်းသီ၊ ဦးဝင်းစိန်၊ ဦးမောင်တိုးနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် Mr. Zhang Guoqing ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် အတူ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာလည်း တက်ရောက် ခဲ့သည်။    

မြ၀တီပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် China North Industries Corporation ဥက္ကဋ္ဌ Mr. Zhang Guoqing ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ် က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်

USAID fun ဖြင့် Winrock International မှ မြန်မာ နိုင်ငံတွင် စတင် အကူအညီပေး

Photo: USAID fun ဖြင့် Winrock International မှ မြန်မာ နိုင်ငံတွင် စတင် အကူအညီပေး 
Wednesday, December 26, 2012

 အမေရိကန် USAID fun  ဖြင့် Winrock International အဖွဲ့အစည်းမှ မြန်မာ နိုင်ငံသို့ လာရောက် ဆွေးနွေး ခဲ့ပြီး ဆွေးနွေးမှု၏ သဘော တူညီချက် အရ မြန်မာ နိုင်ငံတွင် နည်းပညာ လွှဲပြောင်းမှုကို စတင် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ သားငါး ကဏ္ဍသည် ယင်းအမေရိကန် အဖွဲ့အစည်းနှင့် ချိတ်ဆက်မိပြီး ပူးပေါင်း ဆောင်ရွက်နိုင် မည့် ပရောဂျက် များကို တင်ပြ ဆောင်ရွက် သွားမည်ဟု သိရသည်။

Winrock International အဖွဲ့သည် မြန်မာ နိုင်ငံတွင် ငွေကြေး အကူအညီ မပါသည့် နည်းပညာ လွှဲပြောင်းမှု အတွက် Farmer to farmer program အရ ပညာရှင် များမှ ကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် အနေဖြင့် Winrock International အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် နိုင်မည့် ပရောဂျက် လုပ်ငန်း အသေးစား (၄-၅)ခုကို အဆိုပြု ထားခဲ့ရာ ယခုအခါ ပရောဂျက် သုံးခုကို လက်ခံ ဆောင်ရွက်ရန် Winrock International အဖွဲ့က လက်ခံကြောင်း သိရသည်။ ယင်းအဖွဲ့ အစည်းမှ နည်းပညာ ဆိုင်ရာ အထောက်အပံ့ များတွင် မြန်မာ နိုင်ငံမှ သက်ဆိုင်ရာ ကဏ္ဍများ၏ အဆိုပြုလွှာ များအရ မြန်မာ နိုင်ငံနှင့် သင့်လျော်သည့် မွေးမြူ ထုတ်လုပ်မှု၊ တန်ဖိုးမြင့် ထုတ်ကုန်များ ဈေးကွက်အတွင်း ရောက်ရှိရန်   ဆောင်ရွက်ခြင်း စသည်များကို ပံ့ပိုးကူညီ ပေး သွားမည် ဖြစ်ကြောင်း သိ ရသည်။

Winrock International အဖွဲ့ လက်ခံ ဆောင်ရွက်သည့် အဆိုပြုလွှာ များကို ပရောဂျက် တစ်ခုခြင်းစီ စတင် ဆောင်ရွက်ရန် အမေရိကန် နိုင်ငံ၏ ပထမဆုံး နည်းပညာ ဆိုင်ရာ  ထောက်ပံ့ ကူညီမှုလည်း ဖြစ်ကြောင်း သိရသည်။

မြ၀တီအမေရိကန် USAID fun ဖြင့် Winrock International အဖွဲ့အစည်း မှ မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှု၏ သဘော တူညီချက်အရ မြန်မာ နိုင်ငံတွင် နည်းပညာလွှဲပြောင်းမှုကို စတင်အကူ အညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ သားငါးကဏ္ဍသည် ယင်းအမေရိကန်အဖွဲ့အစည်းနှင့် ချိတ်ဆက်မိပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် ပရောဂျက်များကို

ကားအရောင်းပြခန်းများ ရပ်တည်ရေးခက်ခဲလာ

ကားအရောင်းပြခန်းများ ရပ်တည်ရေးခက်ခဲလာ
Wednesday, December 26, 2012

အပြိုင်အဆိုင်ပေါများပြီး အရောင်းအ၀ယ်အေးကာ အရှုံးခံရောင်းချနေရသဖြင့်
ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများ ဆက်လက်
ရပ်တည်ရန် ခက်ခဲလာကြောင်း ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်း ၁၀ ခုကျော်မှ
ပြခန်းပိုင်ရှင်များအား မေးမြန်းရာတွင် အရောင်းအ၀ယ်အေးနေပြီး
နေရာအခက်အခဲနှင့် တင်သွင်းလာသည့် မော်တော်ယာဉ်များပြား
နေခြင်းတို့ကြောင့် နှစ်ကြာလာသည်နှင့်အမျှ စီးပွားကူးသန်းဝန်ကြီးဌာနသို့ စပေါ်ငွေထပ်မံပေးသွင်းရန်ပင်မလုံလောက်ခြင်းမျိုး ကြုံတွေ့ရနိုင်ကြောင်း
ပြောကြားသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းလာမှု များပြားခြင်း၊ကားအရောင်း
ပြခန်းများ ပိုမိုဖွင့်လှစ်လာခြင်း၊ ကားအရောင်းပြခန်းများ၏ နေရာငှားရမ်းခန
နှုန်းထားကြီးမြင့်လာခြင်း၊ ရောင်းလိုအားနှင့် ၀ယ်လိုအားမမျှတခြင်းတို့ကြောင့်
ယခုကဲ့သို့ အရှုံးပေါ်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ပြည်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် ကားအရောင်းပြခန်း ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ကားအရောင်းပြခန်းတွေ ရောင်းအားက နောက်ပိုင်းပိုပိုကျလာတော့ တချို့ဆို သတင်းစာထဲမှာ ဈေးတွေလျှော့ရောင်းပြီး ကြော်ငြာတွေ ထည့်နေရတယ်” ဟု မော်တော်ယာဉ် ရောင်းဝယ်သူများအသင်းမှ ဦးမင်းဦးက ပြောသည်။

အစိုးရက ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သော ဆိပ်ကမ်းရောက်တန်ဖိုး (CIF) ပြောင်းလဲမှုကြောင့် ကားဈေးအနည်းငယ်ကျလာနိုင်သော်လည်း ၀ယ်လိုအားနည်းနေပြီး စီးပွားရေးလုပ်ငန်းများ မကောင်းသဖြင့် အရောင်းအ၀ယ်များ ပြန်ကောင်းမလာနိုင်ကြောင်း ဆာကူရာ ကားအရောင်းပြခန်း မန်နေဂျာ ဦးဇော်ဇော်အောင်က သုံးသပ်သည်။

CIF တန်ဖိုးမှာ ပြင်ဆင်သတ်မှတ်မည်ဆိုခြင်းကိုလည်း ၀ယ်သူအချို့မှ
စောင့်ကြည့်နေခြင်းသာဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် CIF တန်ဖိုးများ
ပြန်လည်ပြင်ဆင်သတ်မှတ်ပြီးပါက အရောင်းအ၀ယ် ပြန်သွက်
လာနိုင်ကြောင်း အရောင်းမန်နေဂျာတစ်ဦးက ပြောကြားသည်။

အသစ်ထုတ်ပြန်သော CIF တန်ဖိုးများတွင် အမေရိကနှင့် ဥရောပမှ တင်သွင်းလာသော ကားများအတွက် ၅၀ ရာခိုင်နှုန်းသက်သာလာပြီး
၁၃၀၀ စီစီကားများမှာမူ အပြောင်းအလဲမရှိဘဲ ပုံမှန်ကားများမှာမူ ၁၀ ရာခိုင်နှုန်းခန့် ဈေးသက်သာသွားကြောင်း Farmer Auto ကားအရောင်းပြခန်းမှအုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ ဖြေလျှော့မှုများ လုပ်လာခဲ့ပြီးနောက် ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများပေါ်တွင် ကားအရောင်းပြခန်းများ ဖွင့်လှစ်လာခဲ့ရာ အရောင်းပြခန်း ၅၀ ကျော်ထိဖွင့်လှစ်ပြီးဖြစ်သည်။

7Day News Journalအပြိုင်အဆိုင်ပေါများပြီး အရောင်းအ၀ယ်အေးကာ အရှုံးခံရောင်း ချနေ ရသဖြင့်ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း ကားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကား အရောင်းပြ ခန်း ၁၀ ခုကျော်မှပြခန်းပိုင်ရှင်များအား မေးမြန်းရာတွင် အရောင်း အ၀ယ်အေးနေပြီးနေရာအခက်အခဲနှင့် တင်သွင်းလာသည့် မော်တော်

ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်


ဘီယာတွင် ပါဝင်သော ဗျစ်ပွင့်ခြောက် အအေးမိ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်

ဘီယာတွင် ပါဝင်သော အဓိက ပစ္စည်းတစ်မျိုး ဖြစ်သည့် ဗျစ်ပွင့်ခြောက်သည် ကလေးငယ် များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့် ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် နှာစေးခြင်း များကို  ကာကွယ် ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာလေ့ လာ မှု တစ်ရပ်ကို ကိုးကား၍ ပြောကြားခဲ့သည်။

ဘီယာအရသာ ပိုမို ကောင်းမွန်ရန် အတွက် အသုံးပြုသော ဗျစ်ပွင့်ခြောက် တွင် ပါဝင်သော humulone ဓာတု ဒြပ်ပေါင်းသည် ကလေးငယ် များတွင် ဖြစ်ပွားတတ်သော အဆုတ်ရောင် ရောဂါနှင့် ချောင်းဆိုး ရင်ကျပ်ရော ဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ် ပိုးများကို ခုခံ ကာကွယ်နိုင်ကြောင်း Sapporo ဘီယာ ကုမ္ပဏီက ပြောကြား ခဲ့သည်။

humulone ဓာတု ဒြပ်ပေါင်းသည် နှာခေါင်းနှင့် လည်ချောင်း ရောဂါပိုး (RS) ကို ခုခံကာကွယ် နိုင်ကြောင်း Sapporo ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်ဟု ယင်းကုမ္ပဏီက ပြောကြား ခဲ့သည်။

RS ဗိုင်းရပ်စ် ပိုးသည် နို့စို့အရွယ် ကလေးငယ်များ၊ လမ်းလျှောက်ခါစ ကလေးငယ် များတွင် အဆုတ်ရောဂါ နှင့် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများကို ဖြစ်ပေါ် စေကြောင်း ယင်းကုမ္ပဏီမှ သုတေသန ပညာ ရှင်တစ်ဦး ဖြစ်သူ ဂျန်ဖူ ချီမိုတိုက ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါ ဗိုင်းရပ်စ် ပိုးသည် ဆောင်းရာသီတွင် ပျံ့နှံ့လျက် ရှိပြီး အရွယ်ရောက် ပြီးသူများအား အအေးမိခြင်း ကဲ့သို့သော ရောဂါ လက္ခဏာ များကို ဖြစ်ပွားစေကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2792-2012-12-26-09-35-42
ဘီယာတွင် ပါဝင်သော အဓိကပစ္စည်းတစ်မျိုး ဖြစ်သည့် ဗျစ်ပွင့်ခြောက်သည် ကလေးငယ်များတွင် ဖြစ်ပွား တတ်သော အပြင်းအထန် ဖျားနာခြင်းနှင့်ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် နှာစေးခြင်းများကို ကာကွယ်ပေးနိုင်ကြောင်း Sapporo ဂျပန်ဘီယာ ကုမ္ပဏီက သိပ္ပံပညာရပ် ဆိုင်ရာလေ့လာမှုတစ်ရပ်ကို

နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ်


နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် အစိမ်းရောင် လွင်ပြင် စကိတ် အားကစားကွင်း ဖွင့်လှစ်

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင် အမည်ရှိ စကိတ်စီး ကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနား မြို့ပေါ်မှ လူငယ် လူရွယ် အများအပြား လာရောက်၍ ပျော်ရွှင်စွာ စကိတ်စီးလျက် ရှိကြောင်း သိရသည်။

အဆိုပါ အစိမ်းရောင် လွင်ပြင်စကိတ် အားကစား ကွင်းသည် ပေ(၆ဝx၁ဝဝ) အကျယ်အဝန်း ရှိကာ တစ်ချိန် တည်း၌ စကိတ်စီး လူငယ်လူရွယ် ၆ဝ ခန့် တစ်ပြိုင်နက်တည်း ကျယ်ကျယ်ပြန့်ပြန့် စီးနင်း ကစားနိုင်ပြီး  စကိတ် အားကစား ကွင်း၌ လေးဘီးစကိတ်၊ လေးဘီး အတန်းလိုက် စကိတ်၊ ကုတ်စကိတ်နှင့် စကိတ်စီး ဖိနပ် အရန် (၂ဝဝ)ကျော်ခန့် ထားရှိသည်။

ထို့ပြင် ယခုမှ စတင် စကိတ်စီး သူများအတွက် ဒူးကာနှင့် ဦးထုပ်များလည်း အဆင်သင့် ထားရှိကြောင်း၊ စကိတ်လာရောက် စီးသူများ အတွက် ဆိုင်ကယ်၊ ကား၊ စက်ဘီးနှင့် ဖိနပ် စသည်တို့ ပျောက်ဆုံးမှု မရှိအောင် လုံခြုံရေး စီမံချက်များ ထားရှိကြောင်းလည်း သိရသည်။

''ကျွန်တော်တို့က ကလေးတွေ အားကစားနဲ့ ကျန်းမာရေး အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။  ခုခေတ် ကလေးတွေက  အင်တာနက်ထိုင်၊ တီဗွီဂိမ်း နှိပ်နဲ့ တစ်နေကုန် အညောင်း အညာတွေ များနေ တာကြောင့် ကျန်းမာရေးလည်း အထောက် အကူပြု၊ ပျော်ရွှင် စရာလည်း ဖြစ်စေချင်လို့ ဒီလို စကိတ်ကွင်း စီစဉ် ခဲ့ရခြင်းပါ''ဟု ကွင်းပိုင်ရှင်မှ ပြော ကြားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/localnews/item/2772-2012-12-26-08-37-35နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရွှေချီ (၂)လမ်း၌ အစိမ်းရောင် လွင်ပြင်အမည်ရှိ စကိတ်စီးကွင်းကို ဒီဇင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနားမြို့ပေါ်မှ လူငယ်လူရွယ် အများအပြား လာရောက်၍ ပျော်ရွှင်စွာစကိတ်စီးလျက် ရှိကြောင်းသိရသည်။ အဆိုပါ အစိမ်းရောင်လွင်ပြင်စကိတ် အားကစားကွင်းသည် ပေ (၆ဝx၁ဝဝ)

ဒီဇင်ဘာ ၂၆ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း


ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ လှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၇ ကျပ်

လာမည့် နွေရာသီတွင် မန်ယူနှင့် ပြန်လည်ပေါင်းစည်းရန် ရော်နယ်ဒို ဆန္ဒရှိ


မန်ယူ ကစားသမားဟောင်း ဖြစ်သူ စီရော်နယ်ဒိုသည် လာမည့် နွေရာသီတွင် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွါ၍ မန်ယူနှင့် ပြန်လည်ပေါင်းစည်းရန် ဆန္ဒရှိနေကြောင်း သိရသည်။ နည်းပြ ဖာဂူဆန်သည် ရော်နယ်ဒို အားပြန်

စုံစမ်းစစ်ဆေးရေး ကော်မရှင် ရခိုင်သို့ ထပ်မံ သွားမည်



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းနှင့် ပက်သက်၍ နောက်ဆုံး အစီရင်ခံစာတင်သွင်းနိုင်ရန် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း

နိုင်ငံတော်သမ္မတကြီး၏ အုပ်ချုပ်ရေးဆိုင်ရာ လမ်းညွှန်မိန့်ကြားချက်


အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ် တိုးတက် ကောင်း

Air Bagan လေယာဉ် ထိခိုက်မှု စုံစမ်းစစ်ဆေးရေး ဖွဲ့

ခရီးသည် ၁ ဦးနဲ့ လမ်းပေါ် ဆိုင်ကယ်စီးလာသူ ၁ ဦးသေဆုံးပြီး ၁၂

“ မသေအရာအမှန် လမ်းစဉ် ”

Photo: “ မသေအရာအမှန် လမ်းစဉ် ”
~~~~~~~~~~~~~~~~

" သတိနဲ့နေခြင်းသည် မသေရာအမှန် နိဗ္ဗာန်ကို သွားတဲ့လမ်းပဲ။
- သတိ လက်လွတ်ဖြစ်ကြမယ်ဆိုရင်တော့ ၊ သေလမ်းကိုလျှောက်
နေကြတာနဲ့ အတူတူပဲ။
- သတိကောင်းတဲ့ ပုဂ္ဂိုလ်တွေ မသေကြဘူး။
- သတိလက်လွှတ်ဖြစ်သွားရင်တော့ အသက်ရှင်ပေမယ့်လို့
လူသေနဲ့တူတယ်။
- တရားသဖြင့် ဆိုဆုံးမတဲ့ ဘုရားရှင်သာသနာတော်မှာ - အပ္ပမာဒဆိုတဲ့
သတိတရားလက်ကိုင်ထားပြီးတော့ အလုံးစုံသောကိစ္စမှန်သမျှတွေကို
ကိုယ်စီပြည့်စုံအောင် အားထုတ်တော်မူရာ၏။ "

( သီတဂူဆရာတော်ကြီး )
Young Buddhist's Association" သတိနဲ့နေခြင်းသည် မသေရာအမှန် နိဗ္ဗာန်ကို သွားတဲ့လမ်းပဲ။
- သတိ လက်လွတ်ဖြစ်ကြမယ်ဆိုရင်တော့ ၊ သေလမ်းကိုလျှောက်