ရန်ကုန်မြို့တော်၏
အနာဂတ် စီမံကိန်းအရ တိုးပွားလာမည့် လူဦးရေအတွက် မြို့ဧရိယာကို
တိုးချဲ့ရန် လျာထားကြောင်း၊ယင်းကဲ့သို့ လျာထားသည့်နေရာများတွင်
ပုဂ္ဂလိကပိုင်မြေနှင့် စိုက်ပျိုးမြေများ ပါဝင်ခြင်းေ ကြာင့်
ဆွေးနွေးညှိနှိုင်း နေဆဲပင်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ
ဖွံ့ဖြိုးရေးစီမံကိန်း ရေးဆွဲရေးဌာနမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ
သိရှိရသည်။
Wednesday, 31 October 2012
အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ အဖြစ် စေခိုင်းမှု တာမွေတွင်ဖြစ်ပွား
အသက်
၁၂ နှစ်အရွယ် မိန်းမငယ်တစ်ဦးအား ၄င်း၏ အဘွား ဖြစ်သူက မိဘများမသိစေ ဘဲ
ပြည့်တန် ဆာအဖြစ်စေခိုင်းခဲ့မှုဖြင့် တာမွေရဲစခန်းမှ အောက်တိုဘာလ ၂၈
ရက်နေ့တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အီတာလျံ-ထိုင်း အများပိုင်ကုမ္ပဏီကို ထိုင်းအစိုးရမှ ကူညီထားသော်လည်း ငွေကြေးထပ်မံလိုအပ်နေ သတ်မှတ်ပေးချက်အတိုင်း လုပ်မည်ဆိုပါက ဂျပန်အစိုးရမှ ငွေကြေးစိုက်ထုတ် ကူညီမည်ဟု သိရ
ထားဝယ်အထူးစီးပွားရေးဇုန်
စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အီတာလျံ-ထိုင်း အများ ပိုင်ကုမ္ပဏီ
(Italian-Thai Development Public Company-ITD) အနေဖြင့် ငွေကြေးမလုံလောက်၍
ထိုင်းအစိုးရမှ ၀င်ရောက်ကူညီထားရကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာလတွင် အပြီးတည်ဆောက်ရန်ညွှန်ကြားထားသည့် လှည်းတန်းခုံးကျော်တံတားဆောက်လုပ်မှု ၂၀၁၃ ခုနှစ် ဧပြီလမှသာ အပြီးသတ်တည်ဆောက်နိုင်မည်ဟု သိရ
ရန်ကုန်မြို့ရှိ လှည်းတန်းခုံးကျော်တံတားဆောက်လုပ်မှုလုပ်ငန်းမှာ ယခုလက်ရှိတွင် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးေ နပြီး ဒီဇင်ဘာလအတွင်းအပြီး တည်ဆောက်ရန်ညွှန်ကြားထားသော်လည်း လာမည့် ၂၀၁၃ ခုနှစ် ဧပြီလ မှသာ အပြီးသတ်တည်ဆောက်နိုင် မည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၌ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့် မီးရထားလမ်းစီမံကိန်း ပါဝင်
ရခိုင်ပြည်နယ်
ကျောက်ဖြူတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန် စီမံကိန်း၌
ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင် ငံ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့်
မီးရထားလမ်း စီမံကိန်းလည်း ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
မှောင်ခိုကုန်သွယ်မှု ပပျောက်စေရန် ရွေ့လျားစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းမည်
မြန်မာနိုင်ငံရှိ
ကုန်သွယ်မှုပြုရာ လမ်းကြောင်းများတစ်လျှောက်တွင် တရားမ၀င်ကုန်သွယ်မှုအား
တားဆီး ထိန်းချုပ်သွားမည့် ရွေ့လျားစစ်ဆေးရေးအဖွဲ့
ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့
ဖွဲ့စည်းရခြင်းမှာ စားသုံးသူကို အကာအကွယ်ပေးရေး၊ တရားဝင်ကုန် သွယ်မှု
မြင့်မား တိုး တက်စေရေး၊ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်သွားရန်နှင့်
တရားဝင်ကုန် သွယ်မှု လမ်းကြောင်းေ ပါ် ရောက်ရှိစေရန် ရည်ရွယ်သည်ဟုဆိုသည်။
ပုဂံညောင်ဦးဒေသတွင် ပြည်တွင်းပြည်ပခရီးသွားအများ အပြားဝင်ရောက် လျက်ရှိရာ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်လိုအပ်ချက်များကြုံတွေ့နေ
ပြည်တွင်း၊ ပြည်ပ ခရီးသွားအများအပြားဝင်ရောက်လျက် ရှိရာ ပုဂံညောင်ဦးဒေသ တွင် နိုဝင်ဘာလ မှစ တင်၍ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်စီစဉ်ရသည့်အခက်အခဲများ ခရီးသွားလုပ်ငန်းတချို့ကြုံတွေ့ နေရပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။
၂၀၁၃ ဆီးဂိမ်း ဖွင့်ပိတ်ပွဲဖျော်ဖြေမှု လူ ၁၆၀၀၀ကျော် ပါဝင်မည်
နေပြည်တော်တွင် ပြုလုပ်မည့် ၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ဖွင့်ပွဲပိတ်ပွဲ အခမ်း အနားများတွ င်
ကပြတင်ဆက် ဖျော်ဖြေမှုအပိုင်း၌ စုစုပေါင်းလူအင်အား
တစ်သောင်းခြောက်ထောင်ကျော် ပါဝင်ဆင်နွှဲ မည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ြ ကူက ပြောကြား သည်။
ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
ရန်ကုန်မြို့တွင်
လူအများရှေ့၌ပင် အုပ်စုဖွဲ့၍ လူသတ်မှု၊ ရိုက်နှက်မှုများ
မကြာခဏဖြစ်ပွား လာခြင်း ကို တွေ့ရကြောင်း မြို့နေပြည်သူများနှင့်
ဥပဒေနယ်ပယ်မှ ပုဂ္ဂိုလ်များကပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူများ သိရှိစေရန်
၁။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူများသည် အောက်တွင် ပါရှိသော လျှောက်လွှာပုံစံကို Download ပြုလုပ်ပြီး လို အပ်သောစာရွက်စာတမ်းများအား ပူးတွဲလျှက် စာအိတ်ပေါ်တွင် အင်ဂျင်နီယာချုပ် ၊ သတင်းအချက် အလက်နှင့်နည်းပညာဌာန ၊ ရုံးချုပ်အခြေစိုက်ပြည်ပဆက်သွယ်ရေး အဆောက်အဦး ၊ (၈)မိုင် ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့သို့လိပ်မူ၍ လျှောက်ထားနိုင်ပါသည် ။
“၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှာ ကတ်အဟောင်းတွေကို လာလဲသည်ဖြစ်စေ၊ မလဲသည်ဖြစ်စေ မူလ ATM ကတ် အားလုံးကို အသုံးပြုလို့မရအောင် ဘဏ်တွေက ပိတ်လိုက်မှာ ဖြစ်ပါတယ်”
မြန်မာငွေပေးချေမှုအဖွဲ့ကော်မတီ အတွင်းရေးမှူး ဦးရဲမင်းဦးနှင့် တွေ့ဆုံခြင်း

စက်တင်ဘာ ၁၄ ရက်တွင် ငွေပေးချေမှု
စနစ်တစ်ခု စတင်သည်။ Myanmar Payment Union-MPU အဖွဲ့ဝင် ဘဏ် ၁၇ ခုထဲမှ ၈
ဘဏ်တွင် MPU ကတ်ကို စတင် မိတ်ဆက် အသုံးပြုခဲ့သည်။ ထိုကတ်မှာ ဘဏ် တွင် ငွေစာ
ရင်းဖွင့်ပြီး ငွေကြို ပေးရသော Debit Card စနစ်ဖြစ်ပြီး အဖွဲ့ဝင် ဘဏ်များ၏
ATM စက်များနှင့် ထိုကတ် လက် ခံသော ဆိုင်များတွင် အသုံးပြုနိုင်သည်။
ထိုကတ်စနစ်မှာ ငွေသား အသုံးပြုမှု လျှော့ချ၍ နိုင်ငံတကာ ကဲ့သို့ ကတ် ကို
ပိုမို အသုံးပြုလာရန်ရည်ရွယ်သည်။ မြန် မာေ ငွ ပေးချေမှုအဖွဲ့ အတွင်းရေးမှူး၊ AGD ဘဏ် အုပ်ချုပ်မှု
ဒါရိုက် တာ ဦးရဲမင်း ဦးနှင့် တွေ့ဆုံ မေးမြန်း ထားသည်များမှ ကောက်နုတ်
ဖော်ပြ လိုက်ပါသည်။
ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို ဖျက်မည့် ဒုံးလက်နက် ရုရှား တည်ဆောက်
သတင်းဇစ်မြစ်နှင့် စာနယ်ဇင်းကျင့်ဝတ်
ပဏာမအနေဖြင့် သတင်းမီဒီယာများအပေါ် ထားရှိသော မိမိတို့၏ သဘောထားကို ဆက်သွယ်ပြော ဆိုခဲ့ဘူးသော မီဒီယာသမားများ ကောင်းစွာ သိရှိထားမည် ဟု ယုံကြည်ပါသည်။ ယခု တင်ပြချက်မှာ စာ နယ်ဇင်းသမားအကုန်လုံး၊ဂျာနယ်အားလုံးကိုရည်ရွယ်ခြင်း မဟုတ်ဘဲ လက်တွေ့ကြုံတွေ့ခဲ့ရ သည့် ဖြစ်ရပ် တစ်ခုကိုအခြေပြု၍အယ်ဒီတာမင်းများချင့်ချိန်စဉ်းစားနိုင်ပါရန်စိတ်ရင်းစေတ နာကောင်းဖြင့် ရေးသား ရခြင်းဖြစ်ကြောင်း အလေးအနက်ထား တင်ပြလိုပါသည်။
3G ထက် ၅ ဆပိုမြန်သည့် 4G network ဗြိတိန်တွင် စတင်အသုံးပြုနိုင်
ဗြိတိန်နိုင်ငံတစ်ဝန်းရှိ
မြို့ ၁၁ မြို့တွင် 4G network ကို အင်္ဂါနေ့ (အောက်တိုဘာ ၃၀ ရက်) က
စတင် အသုံးပြုနိုင်ပြီ ဖြစ်သည်။ Orange နှင့် T-Mobile မိုဘိုင်းကွန်ရက်တို့ကို ပိုင်ဆိုင်သော EE ဆက်သွယ်ရေး
ကုမ္ပဏီ၏ 4G network ကို London, Bristol, Birmingham,
Cardiff, Leeds, Sheffield, Edinburgh, Glasgow, Liverpool, Southampton
နှင့် Manchester မြို့များတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
အမေရိကန်နိုင်ငံသို့ဝင်ရောက်ခဲ့သော sandy မုန်တိုင်းနှင့် နောက်ဆက်တွဲ အခြေအနေ
ဆန်ဒီ (Sandy) အမည်ရှိ အပူပိုင်းဟာရီကိန်းမုန်တိုင်းသည် အောက်တိုဘာ ၂၉ ရက်က န ယူးယောက်မြို့ မှ မိုင် ၄၀၀ ခန့် အကွာ၊ ကိတ်ဟက်တာရက်စ်မြို့ မှ အရှေ့တောင်ဘက်မိုင်
၂၆၀ အကွာပင်လယ်ပြင်ကို ဗဟိုပြုလျက် တစ်နာရီကို ၁၀ မိုင်နှုန်းဖြင့်
အမေရိကန်ပြည်ထောင်စုသို့ဦးတည် ရွေ့လျားလျက်ရှိပြီး အမေရိ ကန်
အရှေ့ပိုင်းကမ်းခြေဒေသများကို လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့်
ဝင်ရောက်တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
ဆူဇူကီး ဖလား ပြိုင်ပွဲ အတွက် ပဏာမ ကစားသမား (၂၅)ဦး စာရင်း တရားဝင် ထုတ်ပြန်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာ(၂၄)
ရက်နေ့ မှ (၃၀)ရက်နေ့ အထိ ကျင်းပမည့် အာဆီယံ ချန်ပီယံ ရှစ် 2012 AFF SUZUKI
CUP အုပ်စု(က) ပွဲစဉ်များအား ယှဉ်ပြိုင် ကစားရန် မြန်မာ့ လက်ရွေး စင် ပဏာ မ ကစားသမား (၂၅)ဦး စာရင်းအား ထုတ်ပြန်ကြေညာ လိုက်ပြီ ဖြစ်သည်။
မူလက မြန်မာ့ လက်ရွေးစင် အသင်း လူစာရင် ကို အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကသာ ၃၅ ဦး စာရင်း အဖြစ် ထုတ်ပြန် ခဲ့ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် အဆိုပါ ၃၅ ဦး စာရင်း ထဲမှ ၁၀ ဦးအား ချန်လှပ်ကာ ယခု ကဲ့သို့ ၂၅ ဦးစာရင်း ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
နယူးယောက်ခ်မြေအောက်ရထားစနစ် နာလန်ထူနိုင်ရန် တစ်ပတ်ကျော်ကြာနိုင်
အဂ္ဂမဟာ စူပါမုန်တိုင်းကြီးဖြစ်သည့် ဟာရီကိန်း စန္ဒီ (Hurricane Sandy) နူးယောက်ခ်မြို့ကို ကျော်ဖြတ်၍ နိဂုံးခပတ် အဆုံးသတ် သွားခဲ့သော်လည်း ယခုအခါ မုန်တိုင်း၏ နောက်ဆက်တွဲ အနေဖြင့် နူးယောက်ခ်၏ လမ်းပန်းဆက်သွယ်ရေး မြေအောက်ရထားစနစ် (Subway) ရပ်တန့်သွားခဲ့ရပြီး နူးယောက်ခ်မြို့ကြီး ဒုက္ခိ တ ဖြစ်ခြင်းတည်း ဟူသော အကျိုးဆက်ကို ထားရစ်ခဲ့ပါတယ်။ ဒီလို ရပ်တန့်သွားမှုကို ပြန်လည် ထူေ ထာင်ပြီး နာလည်ထူလာနိုင်ဖို့ ရက်သတ္တပတ် တစ်ပတ်ကျော်ကြာနိုင် သလို ကုန်ကျစရိတ်အားဖြင့် အမေ ရိ ကန်ဒေါ်လာ လီလျံချီပြီး ကုန် ကျနိုင်ကြောင်း Bloomberg သတင်းဌာနက ခန့်မှန်းထားပါတယ်။
Subscribe to:
Posts (Atom)