ခတ္တာသည် ပန်းနုရောင် နှုတ်ခမ်းနီတောင့်ကို နှုတ်ခမ်းနှစ်လွှာပေါ် ခပ်ထူထူ သုတ်လိမ်းလိုက်သည်။ အ လယ် အလတ်တန်းစား မိတ်ကပ်ဘူးလေးကိုဖွင့်ကာ မျက်နှာပေါ် တဖျပ်ဖျပ်ရိုက်လိုက်ပြီး ဆံပင်ကို ခပ်ဖွဖွ သပ်တင်လိုက်သည်။ အချိန်က ညနေခြောက်နာရီရှိပါပြီ။
Thursday, 11 October 2012
ကွန်တင်နာအတွင်းက လက်နက်ကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာထွက်သော်လည်း မထုတ်ပြန်သေး
ရန်ကုန်၊ အောက်တိုဘာ- ၁၁
ဒိုင်းမွန်းစတားကုမ္ပဏီ
ဂျုံအိတ်ကွန်တိန်နာအတွင်း လက်နက်တွေ့ရှိသည့်ကိစ္စ စစ်ဆေးသည့်
စုံစမ်း စစ်ဆေးရေး အဖွဲ့ တွေ့ရှိချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ သို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ
ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ထွန်းက ပြောကြားသည်။
"ကျပ်နှစ်သိန်းဖုန်း လာမည့် ဧပြီတွင် ဈေးလျှော့ရောင်းမည်"
ကျပ်နှစ်သိန်းတန်
မိုဘိုင်းဖုန်းများ ဈေးနှုန်းလျှော့ချ၍ လာမည့်နှစ် ဧပြီ လတွင်
ရောင်းချပေးမည် ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ကန့်ကွက် ဆန္ဒပြမှုတွေရှိပေမယ့် အိုအိုင်စီ ရုံးဖွင့်ရန် ပြင်ဆင်
ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက် အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
အောက်တိုဘာ၁၀ရက် မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးမှ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်
အောက်တိုဘာ၁၀ရက် မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နို င်ငံနယ်စပ်အနီးမှ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသည်
မြောက် သို့မဟုတ် အရှေ့ဘက်သို့ရွေ့လျားပြီး အောက်တိုဘာ၁၀ရက် မွန်းတည့်မှ
နောက် ၃၆နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးမှ ကုန်းတွင်းပိုင်းသို့
ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းလည်း Myanmar Climate Change Watch မှ
ထုတ်ပြန်ချက်အရ သိရှိရသည်။
၂၀၁၃-၁၄ ဘောလုံးရာသီကြို မြန်မာနိုင်ငံသို့ ချယ်လ်ဆီးအသင်း လာရောက်ကစားမည်
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း ချယ်လ်ဆီးသည်
မြန်မာနိုင်ငံ အခြေစိုက် အဖျော်ယမကာ ကုမ္ပဏီ International Beverage Trading
Company (IBTC)နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ်တစ်ရပ်
ချုပ်ဆိုလိုက်ကြောင်း သိရသည်။ (၂)နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ
IBTCနှင့် ၎င်းထုတ်လုပ်သော Grand Royal ဝီစကီတို့သည် ချယ်လ်ဆီး၏ မိတ်ဖက်
စပွန်ဆာ အမှတ်တံဆိပ်များအဖြစ် အကျုံးဝင်လာမည် ဖြစ်သည်။ ချယ်လ်ဆီးသည်
အဖျော်ယမကာနှင့် ဆက်စပ်သော လုပ်ငန်းများနှင့် ဒုတိယမြောက် အဓိက စပွန်ဆာ
စာချုပ်တစ်ရပ်ကို ချုပ်ဆိုခြင်းလည်း ဖြစ်လာသည်။

(၂၀၁၁-၂၀၁၂ ဥရောပချန်ပီယံ ချယ်လ်ဆီးဘောလုံးအသင်း)
(၂၀၁၁-၂၀၁၂ ဥရောပချန်ပီယံ ချယ်လ်ဆီးဘောလုံးအသင်း)
Wednesday, 10 October 2012
Apple ၏ မြေပုံ Software က စစ်ဘက်ဆိုင်ရာ အချက်အလက်ပေါက်ကြားစေဟုဆို
Appleကုမ္ပဏီက အသစ်ထုတ်လုပ်လိုက်သည့် မြေပုံ Softwareသည် စစ်ဘက်ဆိုင်ရာ အချက်အလက်များ ကို ပေါက်ကြားစေကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားလိုက်သည်။ Appleက iPhone 5နှင့်အတူ မိတ်ဆက် ပြသလိုက်သော မြေပုံ စနစ်အရ စစ်စခန်းများ၏ တည်နေပုံကို အလွန်ကြည်လင် ပြတ် သားသော Resolutionမျိုးနှင့် တွေ့မြင်နေရကြောင်း ထိုင်ဝမ် အစိုးရ တာဝန်ရှိသူများက ဆိုသည်။ Googleသည်လည်း မြေပုံစနစ် Softwareကို ထုတ်ဝေခဲ့သည့်တိုင် စစ်အခြေစိုက် စခန်းများ တည်ရှိသည့် နေရာတွင် မှုန်ဝါးပေးထားသည်။ အစောပိုင်းက Apple၏ မြေပုံစနစ်သည် ကြည်လင် ပြတ်သားမှု မရှိဆိုသော ဝေဖန်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ တမင်ပင် မှုန်ဝါးပေးရန် တောင်းဆိုမှုမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
(ထိုင်ဝမ်နိုင်ငံမြောက်ပိုင်းရှိ ဆင်ချူဒေသရှိနေရာများအား Apple မြေပုံစနစ်တွင် မြင်တွေ့ရပုံ)
ရဲဘော် သုံးကျိတ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏သား ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံခြင်း
“တိုင်းပြည်ကို တိုးတက် ပြောင်းလဲ စေချင်တယ်ဆိုရင်၊ နိုင်ငံတကာမှာ မျက်နှာပန်း လှချင်ရင် ပြည်တွင်းစစ်ကို မုချ ရပ်စဲ ရမယ်”
မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် တပ်မတော်ဖွဲ့ရန် ဂျပန်နိုင်ငံသို့ စစ်ပညာ သွားရောက် သင်ယူခဲ့သည့် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်များတွင် သက်ရှိ ထင်ရှား ကျန်ရှိနေသေးသူ နှစ်ဦးအနက် တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို မြန်မာနိုင်ငံ ပြန်လာရန် နိုင်ငံတော် သမ္မတက ခွင့်ပြုထားပြီးဖြစ်ရာ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ မြန်မာနိုင်ငံ ပြန်လာမည့် အစီအစဉ်နှင့် တရုတ် ကုမ္ပဏီများ မြန်မာနိုင်ငံ သို့ လာရောက် ရင်းနှီး မြှုပ်နှံမှု အပေါ် သုံးသပ်ချက်တို့ကို သိရှိနိုင်စေရန် ကိုယ်တိုင်လည်း ကွန်မြူနစ် တစ်ဦးဖြစ်ကာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံတွင် နေထိုင်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏သား စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော နှင့် ဆက်သွယ် မေးမြန်း ထားသည်များ မှ ကော်နုတ် ဖော်ပြ အပ်ပါသည်။
ကွန်တိန်နာအတွင်းလက်နက်တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ အဓိကတာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှတွေ့ရှိခဲ့
ဂျုံစေ့ကွန်တိန်နာအတွင်း ပစ္စတိုသေနတ် ၁ လက်နှင့် ကျည်ကဒ်များ
တွေ့ရှိခဲ့ခြင်းနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ အဓိကတာဝန်ရှိသည်ဟု
စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်း စုံစမ်း စစ်ဆေးရေးအဖွဲ့မှ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသည့်
စုံစမ်းစစ်ဆေးမှုအစီရင်ခံစာအရ သိရသည်။
ခင်ပွန်းနေရာအပြောင်းအရွှေ့ ငွေလိုက်သည့် ဒုရဲမှူးကတော် အလိမ်ခံရ
ရဲတပ်ရင်းအပြောင်းအရွှေ့အတွက်
ပြောင်းရွှေ့ကြေးကျပ်သိန်း ၃၀ လိမ်လည်ယူသွားသူများကို ရဲဝန်ထမ်း ၏
ဇနီးကလိမ်လည်မှုဖြင့် တိုင်ကြား အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း
ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သော ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော ကွယ်လွန်
ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သော ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောသည်
ယနေ့(အောက်တိုဘာလ ၁၀ ရက်) နံနက် ၃ နာရီဝန်းကျင်ခန့်က တရုတ်နိုင်ငံတွင်
ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ကွယ်လွန် ချိန်တွင် အသက် ၉၃
နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
အညောင်းမိကြသူများနဲ့ ရုပ်ဖျက်ထားတဲ့ကမ္ဘာ
ခတ္တာသည် ပန်းနုရောင် နှုတ်ခမ်းနီတောင့်ကို နှုတ်ခမ်းနှစ်လွှာပေါ် ခပ်ထူထူ သုတ်လိမ်းလိုက်သည်။ အ လယ် အလတ်တန်းစား မိတ်ကပ်ဘူးလေးကိုဖွင့်ကာ မျက်နှာပေါ် တဖျပ်ဖျပ်ရိုက်လိုက်ပြီး ဆံပင်ကို ခပ်ဖွဖွ သပ်တင်လိုက်သည်။ အချိန်က ညနေခြောက်နာရီရှိပါပြီ။
ငွေတိုးပေးသူအချို့ ပူပန်နေ
ရပ်ကွက်၊ ကျေးရွာနှင့် ဈေးများအတွင်း လိုင်စင်မဲ့
ငွေတိုးချေးသူများနှင့် ပတ်သက်၍ လွှတ်တော် တွင်
ဆွေးနွေးမှုလုပ်ပြီးနောက်ပိုင်း အတိုးချေးသူများကြား ပူပန်မှု
ပိုများလာကြောင်း ယင်းအသိုင်းအ၀ိုင်းမှ သတင်း ရရှိသည်။
အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကြီး (၂)စီး အရှေ့တောင်အာရှဒေသအတွင်းသို့ ရောက်ရှိ။
အမေရိကန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး အဆင့်မြင့်ေ လယာဉ်တင်သင်္ဘောကြီး (၂)စီးဖြစ်သော USS John C. Stennis နှင့် USS George Washington တို့သည် ယခုအ ပတ်အ တွင်း အာဆီယံဒေသ သို့ ရောက်ရှိလာခဲ့သည်။
ပါကစ္စတန်မှာ မိန်းခလေး အခွင့်အရေး တိုက်ပွဲဝင်သူ ၉ တန်းကျောင်းသူလေးကို သစ္စာဖောက်ဆိုပြီး တာလီဘန်က သေနတ်နဲ့ ပစ်ခတ်
ကိုးတန်းကျောင်းသူလေး မာလာလာ ယူဆက်ဖ်ဇာအိ (Malala Yousafzai) ဟာ ကျောင်းကား စီးပြီး ပြန်လာချိန်မှာ မျက်နှာဖုံးစွပ်ထားတဲ့ တာလီဘန် နှစ်ဦးအနက် တဦးက ကားကို တားပါတယ်။ ကားမောင်း သူက ကားကို အတင်းမောင်းပြေးပေမယ့် လူသတ်သမားတဦးက ဘတ်စ်ကားနောက်ပေါက် ကနေ အတင်းတက်လာပြီး မာလာလာရဲ့ နာမည်ကို မေးရင်း ဦးခေါင်းကို ပစ္စတိုသေနတ်နဲ့ ချိန်ရွယ် ပစ်ခတ် ပါတော့တယ်။ ခုနှစ်တန်း ကျောင်းသူလေးတ ဦးလည်း ခြေထောက်မှာ သေနတ်ထိမှန်ခဲ့ ရပါသေး တယ်။
အင်တာနက် ၀က်ဘ်ဆိုက်အချို့နှင့် ဖေ့စ်ဘွတ်အကောင့် အချို့၏ မမှန်ကန်သော အချက်အလက်များကို တာဝန်သိသူ များက ဖော်ထုတ် ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အင်တာနက်ဝက်ဘ်ဆိုက်
အချို့ နှင့် ဖေ့စ်ဘွတ် အကောင့်အချို့၏ မမှန်ကန်သော အချက်အလက်များကို
တာဝန်သိသူများကဖော်ထုတ်ထောက်ပြရန်တာဝန်ရှိသည်ဟု မြန်မာ့ဒီမို ကရေစီ
ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ် တွင် ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်း စုကြည်၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group မှ မေးမြန်းခဲ့ သည့် မေးခွန်း များနှင့် ပတ်သက်၍ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ် တွင် ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်း စုကြည်၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group မှ မေးမြန်းခဲ့ သည့် မေးခွန်း များနှင့် ပတ်သက်၍ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာ့အရေး ကိုင်တွယ်မှုများနှင့် ပတ်သက်ပြီး တရုတ်အစိုးရအား တရုတ် ကျွမ်းကျင်သူများ ပြန်လည် ဝေဖန်

တရုတ်အစိုးရအနေဖြင့်ယခင်မြန်မာအစိုးရလက်ထက်တွင်အာဏာရထိပ်သီးပိုင်းနှင့်သာမကဘဲ၊
ပြည်တွင်းနိုင်ငံရေးအတိုက်အခံအင်အားစုများနှင့်ပါ ဆက်ဆံရေးကောင်းမွန်အောင်
ဆောင်ရွက်ရန်လိုခဲ့ကြောင်း တရုတ်အစိုးရ နိုင်ငံတကာ အကူညီပေးရေး မူဝါဒဆိုင်ရာ
ကျွမ်းကျင်သူ ဘေဂျင်း နိုင်ငံတကာလေ့လာရေးတက္ကသိုလ် ပါမောက္ခ Mr.Zhang
Xiaomin ကဝေဖန်ပြောကြားလိုက်သည်။ သို့မှသာ တရုတ်နိုင်ငံ၏
စီးပွားရေးမူဝါဒများအကောင် ထည်ဖော်ဆောင် ရွက် ရာတွင်
ရေရှည်တည်ငြိမ်မှုရရှိနိုင်မည်ဖြစ်ပြီး၊ တရုတ်အစိုးရအနေဖြင့်
မြန်မာနိုင်ငံအပေါ် ပိုမိုသြဇာ သက်ရောက် မှုရှိနိုင်မည်ကြောင်းပြောကြားသည်။
ဆူဇူကီ မော်တာ ကော်ပိုရေးရှင်း မြန်မာနိုင်ငံတွင် စက်ရုံတည်ဆောက်မည်
ဂျပန်နိုင်ငံက ဆူဇူကီ မော်တာ ကော်ပိုရေးရှင်းကြီးက မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ အစီအစဉ်ရှိပြီး တနှစ်မှာ ကား အစီးပေါင်း ၂၀၀၀၀ က ၃၀၀၀၀ ( ၂ သောင်းကနေ ၃ သောင်းထိ) တပ်ဆင် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်တဲ့။
ကိုလာ၊ ပက်ပစီ အချိုရည်များနှင့် မြန်မာဆေး မတည့်ဆိုသည်မှာ မဖြစ် နိုင်ဟုပြော
အင်တာနက်
အွန်လိုင်းများပေါ် တွင်ယခုရက်ပိုင်း အတွင်း ပျံ့ နှံ့ နေ သော “ကိုလာ
၊ပက်ပစီ အချိုရည် များ နှင့် မြန်မာဆေး မတည့်” ဟူသည် မှာ မဖြစ်
နိုင်ကြောင်း မြန်မာ နိုင်ငံ စာ သုံးသူများ ကာကွယ်ရေး အတွင်းရေးမှူး (၃)
ဦးအောင်နိုင်က ပြောကြားသည်။
“ဒီ
ကိုလာတွေ၊ ပက်ပစီ တွေ ဆိုတာ တစ် ကမ္ဘာ လုံး ဖြန့် ချိနေ တာ၊ ကျွန်တော်တို့
နိုင်ငံမှာလည်း အရင် ထဲက ရှိနေ တာ ဒီလို လူတောင် သေစေနိုင်တဲ့ ဓာတုဆေးဝါးတွေ
မသုံးထားပါဘူး။ မြန်မာ ဆေး နဲ့ မတည့် ဘူး ဆိုတာလည်း ဘယ်လိုမှ
မဖြစ်နိုင်ပါဘူး ကျွန်တော့ အတွေ့အကြုံ အရတော့ ။ တကယ် ဖြစ်တယ် ဆိုရင်လည်း
ကျွန်တော်တို့ဘက်က အရေးယူသွားမှာပါ။”ဟု ၄င်းက ပြောကြားသည်။
“ဒီ ကိုလာတွေ၊ ပက်ပစီ တွေ ဆိုတာ တစ် ကမ္ဘာ လုံး ဖြန့် ချိနေ တာ၊ ကျွန်တော်တို့ နိုင်ငံမှာလည်း အရင် ထဲက ရှိနေ တာ ဒီလို လူတောင် သေစေနိုင်တဲ့ ဓာတုဆေးဝါးတွေ မသုံးထားပါဘူး။ မြန်မာ ဆေး နဲ့ မတည့် ဘူး ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ကျွန်တော့ အတွေ့အကြုံ အရတော့ ။ တကယ် ဖြစ်တယ် ဆိုရင်လည်း ကျွန်တော်တို့ဘက်က အရေးယူသွားမှာပါ။”ဟု ၄င်းက ပြောကြားသည်။
တရုတ် တယ်လီကွန် နှစ်ခုဖြစ်တဲ့ Huawei နဲ့ ZTE ဟာအမေရိကန်နိုင်ငံမှာ နည်းပညာပိုင်း သူလျှိုအလုပ် လုပ်နေ ဟု အမေရိကန် စွပ်စွဲ
တရုတ်
တယ်လီကွန် နှစ်ခုဖြစ်တဲ့ Huawei နဲ့ ZTE ဟာအမေရိကန်နိုင်ငံမှာ
နည်းပညာပိုင်း သူလျှို အလုပ်ကို တရုတ်အစိုးရအတွက် လုပ်ပေးနေတယ်လို့
ပြောလာခဲ့ကြတာ အမှန်တော့ တော်ေ တာ်ေ လးကြာနေ ပါပြီ။
Subscribe to:
Posts (Atom)