Friday, 28 September 2012
ဥပဒေနဲ့ နားလည်မှုနှစ်ခု အကြားကနေ အဖြေရှာရတော့မည့် ရှားတောမြေယာ ရှုပ်ထွေးမှု
ပြည်သူလူထုမှ သီးနှံ၊ စပါးစိုက်ပျိုး
လုပ်ကိုင်လျက်ရှိတဲ့ လယ်ယာမြေတွေကို ဥပဒေသစ်အရ တရားဝင်
ပိုင်ဆိုင်ခွင့်ဖြစ်လာ ဖို့အတွက် လက်ရှိရှားတောမြို့နယ်ရဲ့
မြောက်ပိုင်းကျေးရွာအုပ်စု ဒေသဘက် မှ မြေယာတိုင်းတာတဲ့ကိစ္စနဲ့ ပတ်သက်လို့
ခက်ခဲရှုပ် ထွေးမှု ပြသာနာ တွေနဲ့ ကြုံတွေ့ နေရပါတယ်။
ပြီးခဲ့တဲ့ လအတွင်းမှာ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းတွေကနေပြီး လယ်ယာမြေတိုင်းတာဖို့အတွက် ရှားတောမြို့နယ်ထဲက တောင်ပိုင်း ကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာအုပ်စုနဲ့ မြောက်ပိုင်းကျေးရွာ အုပ်စုတွေဘက်မှာ ဒေသခံတချို့နဲ့ သွားေ ရာက်တွေ့ဆုံ ခဲ့ကြတယ်။ဒီလိုမြေသွားတိုင်းတဲ့အချိန်မှာ တောင် ပိုင်းကျေးရွာအုပ်စုနဲ့ အလယ်ပိုင်းကျေးရွာအုပ်စုဘက်ကို မြေယာသွားတိုင်းတာတဲ့ အခြေအနေမှာဘာမှမသိရသေးပေမဲ့လို့ မြောက်ပိုင်းကျေးရွာအုပ်စုမှာ နေကြတဲ့ ဒေသခံတွေတချို့
ကတော့ မြေတိုင်းတာခွင့်မပေးဘူးလို့ မြေစာရင်းဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ လအတွင်းမှာ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းတွေကနေပြီး လယ်ယာမြေတိုင်းတာဖို့အတွက် ရှားတောမြို့နယ်ထဲက တောင်ပိုင်း ကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာအုပ်စုနဲ့ မြောက်ပိုင်းကျေးရွာ အုပ်စုတွေဘက်မှာ ဒေသခံတချို့နဲ့ သွားေ ရာက်တွေ့ဆုံ ခဲ့ကြတယ်။ဒီလိုမြေသွားတိုင်းတဲ့အချိန်မှာ တောင် ပိုင်းကျေးရွာအုပ်စုနဲ့ အလယ်ပိုင်းကျေးရွာအုပ်စုဘက်ကို မြေယာသွားတိုင်းတာတဲ့ အခြေအနေမှာဘာမှမသိရသေးပေမဲ့လို့ မြောက်ပိုင်းကျေးရွာအုပ်စုမှာ နေကြတဲ့ ဒေသခံတွေတချို့
ကတော့ မြေတိုင်းတာခွင့်မပေးဘူးလို့ မြေစာရင်းဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။
| ရှားတောမြို့နယ် မြင်ကွင်းတနေရာ (ဓါတ်ပုံ-ကေတီ) |
မြန်မာမိသားစု တစု အီတလီကမ်းခြေသို့ တရားမဝင် ဆိုက်ရောက်လာ
အီတလီနိုင်ငံ Crotone ကမ်းခြေသို့ လူဦးရေ ၄ဝ ပါ ရွက်သင်္ဘောတစင်း တရားမဝင်
ဆိုက်ကပ်ရောက် ရှိလာပြီး ထိုအထဲတွင် မြန်မာမိသားစု တစု ပါဝင်သည်ဟု အီတလီ
အခြေစိုက် AGI သတင်းတရပ် တွင် ရေးသားထားသည်။
“အာဏာဆန်တဲ့ တရားစီရင်ရေး မဖြစ်ဖို့ အရမ်း အရေးကြီး လာပြီ”
စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့သော တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် ရန်ကုန်တိုင်း ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိသော ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေး ကော်မတီက ရန်ကုန်မြို့ရှိ တရားရုံးများနှင့် အချုပ်ခန်းများအား လိုက်လံစစ်ဆေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေး အတွက် လက် တွေ့ ကျသော လုပ်ဆောင်ချက် တချို့ကို ဆောင်ရွက်လာပြီ ဖြစ်သည်။
ကော်မတီဝင် တဦးဖြစ်သော သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ကို ကော်မတီ ၏ လုပ်ဆောင် ချက်နှင့်
သမ္မတဦးသိန်းစိန်အမေရိကန်ခရီးစဉ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ VOA မေးမြန်းခန်း
မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ
ညီလာခံကြီးမှာ စက်တင် ဘာလ ၂၇ ရက် ကြာသာပတေးနေ့ကျရင်
မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ သမ္မတဦးသိန်းစိန်ဟာ အမေ ရိကန်ပြည်ထောင်စု
နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ မနေ့ အင်္ဂါနေ့မှာပဲ မြန်မာ့ ဒီမိုကရေ
စီခေါင်းေ ဆာင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့
ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်နဲ့ တခြား
သြဇာကြီးတဲ့ အမေရိကန်ထိပ်တန်း အရာရှိ ဟောင်းတွေနဲ့လည်း တွေ့ဆုံဖို့
ရှိပါတယ်။ အသေးစိတ်ကိုတော့ သမ္မတဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့
သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ကို မေးမြန်းပြီး ကိုဝင်းမင်း က
တင်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမ္မတ ပထမသက်တမ်း မကုန်ခင်မှာပဲ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိ
စက်တင်ဘာ ၂၆ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ အမေရိကန်သမ္မတ အိုဘားမားဟာ သူ့သမ္မတ ပထမသက်တမ်း မကုန်ခင်မှာပဲ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိတယ်လို့ သမ္မတဦးသိန်းစိန်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ဘီဘီစီကို ပြောပါတယ်။ အလားတူပါပဲ သမ္မတ အိုဘားမားအစိုးရကလည်း သမ္မတဦးသိန်းစိန်ကို နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကကို နောက်တခေါက် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။
Thursday, 27 September 2012
သမ္မတဦးသိန်းစိန် ရာစုနှစ်ဝက်အတွင်း ပထမဆုံး မြန်မာနိုင်ငံ သမ္မတ အနေဖြင့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန့်မှ...
Rio+3 သဘာဝ ၀န်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ချက်တွေကို ထောက်ခံ ပြောကြားခဲ့ပြီး၊ ဆက်သွယ်ရေးနည်းပညာကြောင့် ကမ္ဘာကြီးကို ပိုသေးငယ်စေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေဟာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်၊ ဒီအချိန်မှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်နေရတာကို ဂုဏ်ယူပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။
(၆၇)ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ General Debate အစီအစဉ်၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေသည်ကို UN Web TV မှ တိုက်ရိုက်ထုတ်လွှင့်နေစဉ်။ နိုင်ငံပိုင် မီဒီယာများမှလည်း ထုတ်လွှင့်လျက် ရှိနေပါသည်။
Thursday, 27 September 2012
FromWarstoPeace ``စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့`` ဆောင်ပုဒ်နဲ့ ငြိမ်းချမ်းရေး ရအောင် ဆောင် ရွက်နေပါကြောင်း သမ္မတ ဦးသိန်းစိန်က ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ ပြောကြား သွားပါတယ်။
မြန်မာနိုင်ငံက ယမကာ လုလင်များအတွက် ၀မ်းမြောက်စရာ
Thursday, September 27, 2012
မြန်မာနိုင်ငံမှာ ဘီယာစက်ရုံ လာရောက်တည်ေ ဆာက်ဖို့ ဆွေးနွေးနေကြ
ပါပြီ။ ဒိန်းမတ်နိုင်ငံ Carlsberg Breweroes Co, Ltd နံမည်ကြီး ကားလ်စ်ဘတ်
ဘီယာ ကုမ္ပဏီကြီးရဲ့ ဥက္ကဌလည်းဖြစ်၊ စီအီးအို လည်းဖြစ် တဲ့ Mr JOgen B
Rasmussen ဦးဆောင်တဲ့အဖွဲ့နဲ့ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းတို့
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ဘီယာစက်ရုံတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြတဲ့ အကြောင်း ယနေ့ထုတ်ကြေးမုံ သတင်းစာထဲမှာတွေ့လိုက်ရတာပါ။
သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ABSDF (မြောက်ပိုင်း) ကျောင်းသား ၄ ဦးကို ပါဂျောင်ဒေသ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုမိန့်နဲ့ စတင် စစ်ဆေးနေပြီ
သာယာဝတီ
အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ABSDF (မြောက်ပိုင်း) ကျောင်းသား ၄ ဦးကို
ပါဂျောင်ဒေသ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးရဲ့ ခွင့်ပြုမိန့်နဲ့
စတင် စစ်ဆေးနေပြီလို့ သိရပါတယ်။
အဆောင်နေ၍ အလုပ်လုပ်ကိုင်သူများပြားလာမှုကြောင့် မန္တလေးမြို့၌ အဆောင်များပိုမိုဖွင့်လှစ်
အလုပ်အကိုင် အခွင့်အလမ်း များပြားလာခြင်း နှင့်အတူ အဆောင်တွင် နေထိုင်၍ အလုပ် လုပ်ကိုင်သူ များပြားလာမှုကြောင့် အဆောင် များ ပိုမို ဖွင့်လှစ်လာကြောင်း မန္တလေးမြိ့ရှိ အဆောင်ဖွင့်လှစ်သူ များက ပြောသည်။
စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာအစိုးရ ကို ချေးငွေ အသစ်တွေ ထုတ်ပေးဖို့ နိုင်ငံတကာ ဘဏ်ကြီးတွေ ပြင်ဆင်
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို အထောက် အကူ ဖြစ်စေဖို့အတွက် မြန်မာအစိုးရကို ချေးငွေ အသစ်တွေ ထုတ်ပေးဖို့ နိုင်ငံတကာ ဘဏ်ကြီးတွေ
ပြင်ဆင်နေပြီလို့ ဂျပန်နိုင်ငံထုတ် Nikkei စီးပွားရေး သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။
ပြင်ဆင်နေပြီလို့ ဂျပန်နိုင်ငံထုတ် Nikkei စီးပွားရေး သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။
ဧရာဝတီမြစ်ရေ အချိန်အခါမဲ့ ပြန်လည်မြင့်တက်လာခြင်းကြောင့် ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများ ရေ၀င်နစ်မြုပ်ကာ စိုက်ခင်းအချို့ပျက်စီးမှုဖြစ်ပေါ်
စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်း ဧရာဝတီမြစ်ရေ အချိန်အခါမဲ့
ပြန်လည်မြင့်တက် လာခြင်းေ ကြာင့် မန္တလေးတိုင်းဒေသကြီး၊
ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အတွင်းမှ မြစ်ရိုးတစ်လျှောက်ရှိ
ရေ၀ င်ရော က်ေ လ့ရှိရာ ကျေးရွာများ၌ ရေ၀င်နစ်မြုပ်ကာ စိုက်ခင်းအချို့
ပျက်စီးဆုံးရှုံးခြင်း၊ မြစ်ကမ်းေ ဘး ၌ အခြေ ချလုပ်ကိုင်လေ့ရှိသော
အုတ်ဖိုအုတ်စက်များ ပြောင်းရွေ့ ရပ်နားရခြင်း များ ဖြစ်ပေါ် ခဲ့ကြောင်း
သိရ သည်။
သမ္မတကြီး၏ ကုလ မိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်မည်
သမ္မတကြီး
ဦးသိန်းစိန်၏ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားမည့် မိန့်ခွန်းကို
ယနေ့ညတွင် တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သမ္မတရုံး
ပြောရေးဆိုခွင့်ရှိသူ က သတင်းထုတ်ပြန်သည်။
Subscribe to:
Posts (Atom)






