Monday, 17 September 2012

သာယာဝတီအကျဉ်းထောင်မှ ယုံကြည်ချက်အကျဉ်းသား ၃ဦးလွတ်မြောက်

မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းခွင့်အကျုံးဝင်သော အကျဉ်းသားများအား ယနေ့ညနေမှစ၍ ပြန်လည်လွှတ်ပေးလျှက်ရှိရာ သာယာဝတီအကျဉ်းထောင်မှ ယုံကြည်ချက်အကျဉ်းသား များဖြစ်ကြသောကိုဇာနိင်ထွန်း(ခ)ဖြူဝင်း၊ကိုဥာဏ်ထွန်း(လပွတ္တာ)၊မောင်မောင်သန်းရွှေတို့လွှတ်မြောက် လာပြီဖြစ်ကြောင်းသိရသည်။

အမေရိကန်စီးပွားရေးအဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ဖွယ်ရှိ

မြန်မာနှင့် ကုန်သွယ်ရေး လုပ်နေသော ဘင်္ဂလားဒေခ်ျ့ နိုင်ငံမှ တက်ကနက် ဘောင်တော် ဆိပ်ကမ်းကို လာရောက် လည်ပတ်ခဲ့သော အမေရိကန် စီးပွားရေး အဖွဲ့ တစ်ဖွဲ့သည် ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် ပြီးဆုံးပါက  မြန်မာ နိုင်ငံကို သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Teknaf land port Photo: thedailystar

စားအုန်းဆီတံဆိပ်မျိုးစုံကို စားသုံးရန် သင့်မသင့် စစ်ဆေးတော့မည်

မဲဆောက်မြ၀တီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောမှတဆင့် မြန်မာဘက်သို့ တရက်ခြား တင်ပို့နေသော စားအုန်းဆီတံဆိပ်မျိုးစုံကို စားသုံးရန် သင့်မသင့် စစ်ဆေးတော့မည်ဟု သိရသည်။

မြန်မာဘက်သို့ တရက်ခြား တင်ပို့သည့် ၁၈ လီတာဝင် စားအုန်းဆီပုံးရေ ၁၀,၀၀၀ ကျော်ကို   မြန်မာ ဘက်က    တင်သွင်းခွင့်ကို ယမန်နေ့က စတင်ကာ ပိတ်ပင်လိုက်သည်။

တရုတ်နဲ့ ဂျပန်ကြား စစ်ဖြစ်နိုင်လို့ အမေရိကန်ပြော



တောင်တရုတ်နဲ့ အရှေ့တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ ဂျပန်နှစ်နိုင်ငံကြားပိုင်ဆိုင်မူ ဆက်လက်    အငြင်းပွားနေကြမယ်ဆိုရင် နှစ်နိုင်ငံကြား စစ်တောင်ဖြစ်လာနိုင်တယ်လို့ အမေရိကန်ကာ ကွယ်ရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

အကျဉ်းသား ၅၁၄ ဦး ထပ်မံ လွတ်မြောက်

''နိုင်ငံရေးအကျဉ်းသား ဘယ်လောက်လွတ်မြောက်လာမယ်ဆိုတာကို လောလောဆယ်တော့ လုံးဝမ သိရသေးပါဘူး။ မနက်ဖြန် အင်းစိန်ထောင်ရှေ့မှာ လွတ်မြောက်လာတဲ့သူတွေကို ကြိုဆိုဖို့အတွက်   ပြင်ဆင်နေပါပြီ။ အခု ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သူတွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပါဝင်လာလိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် သမ္မတကြီးက တရုတ်ပြည်ခရီးစဉ်ကို မနက်ဖြန် စတင်မယ်လို့ သိရတယ်။ တရုတ်ပြည်ကနေ အမေရိကန်နိုင်ငံကို ဆက်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ဖြစ်ထွန်းပေါ်ပေါက်ရေး တို့ကို အမေရိကန်နိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။ ကျွန်တော် တို့ နိုင်ငံခေါင်းဆောင်တွေ အခုလိုမျိုး နိုင်ငံခြားခရီးစဉ်တွေ သွားရောက်တဲ့အခါမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲံ့ ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့တယ်။'' ဟုနိုင်ငံရေးအကျဉ်းသားဟောင်းများ အ ဖွဲ့မှကိုထွန်းကြည်က စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သည်။

"သမီးရဲ့ မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "

 
"ပီတိလည်းဖြစ်တယ်။ ကျွန်မမှာ သမီး နှစ်ယောက် ရှိတယ်။ ကျွန်မအခု အသက် ၅၈နှစ်အထိ သီလရှင် မဝတ်ဖြစ်ခဲ့သေးဘူး။ ဝတ်ဖို့လည်း အခြေ အနေမပေးခဲ့ဘူး။ အခု ကျတော့ ကျွန်မသမီးအကြီးလည်း ဝတ်ပြီးသွားပြီ။ သင်ဇာလည်း ဝတ်ပြီးသွားပြီဆိုတော့ သမီးတွေကတောင် အန်တီ့ထက်ပိုပြီး ပါရမီရှိတယ်။ သူ့အတွက် အညံ့တွေ လည်း ကင်းစင်သွားတာပေါ့။ သင်ဇာက သူစိတ်ညစ်လာတာတို့၊ အခက်အခဲ ဖြစ်လာတာတို့ဆိုရင် အန်တီ့ကို တိုင်ပင် တယ်။ အဲဒီအခါကျရင် အန်တီက သူ့ကို နေတာ၊ 

ပြည်တွင်းပြည်ပ တိုင်းရင်းသားပေါင်းစုံ ညီလာခံမှ ထုတ်ပြန်ကြေငြာချက်

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လူမျိုးအဖွဲ့ပေါင်းစုံတို့၏ ပါဝင်ပတ်သက်မှုနှင့် ညီညွတ်သော ဘုံရပ်တည်ချက်ရရှိရေး ကို ဦးတည်၍ လွတ်မြောက်နယ်မြေတွင် စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့သော ပြည်တွင်းပြည်ပ တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ် ၁၃၀ ကျော်ပါဝင် တက်ရောက်ခဲ့သည့် ညီလာခံမှ အချက် ၈ ချက်ပါ ထုတ်ပြန်ကြေငြာချက်တစ်ရပ်ကို ယနေ့ စက်တင်ဘာလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

"ဒုတိယရင်သွေး လွယ်ထားရပြီဆိုတာ မဟုတ်ကြောင်း အိန္ဒြာကျော်ဇင်ဟုဆို"







အခုလတ်တလောမှာ အိန္ဒြာကျော်ဇင်က ဖက်ရှင်ရှိုးတွေ လျှောက်ဖို့ ငြင်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီလိုရှိုးပွဲတွေကို လက်မခံဖြစ်တာက ဒုတိယ ကိုယ်ဝန်ကို လွယ်ထားတာကြောင့်   ဖြစ်တယ်ဆိုတဲ့ သတင်းတွေကို ကြားနေရပါတယ်။ ဒါ့ကြောင့် ဒီသတင်းမှန်မမှန် သိရဖို့အတွက် အိန္ဒြာကျော်ဇင်နဲ့ ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါမှာ တော့ ဖက်ရှင်ရှိုးတွေကို စင်ပေါ်မှာ တက်လျှောက် ဖို့ ငြင်းထားတယ်ဆိုတာ မှန်ကန်ပြီး ဒုတိယကိုယ်ဝန် လွယ်ထားခြင်းမှာ မဟုတ်ကြောင်း ငြင်းဆို လိုက်ပါတယ်။

မြန်မာပြည်မှာ လိုအပ်နေတဲ့အရာ (ဖရန့်စစ်ဖူကူယားမား)

မကြာခင်က သွားခဲ့တဲ့ ကျနော့်ရဲ့ ခရီးမှာ မွန်ဂိုးလီယားကနေ ဒုတိယခရီးတထောက် ကတော့ မြန်မာပြည်ဖြစ်ပါတယ်။ (အူလန်ဘာတောကနေ နေပြည်တော်ကို သွားရတဲ့ ခရီးစဉ်က မလွယ်ပါဘူး)၊ Johns Hopkins  တက္ကသိုလ်၊ အဆင့်မြင့် နိုင်ငံတကာ လေ့လာရေးဌာန (SAIS) က ကျနော်ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း (Roger Leeds) နဲ့ ကျနော်တို့ နှစ်ယောက် မြန်မာပြည်မှာ ပုဂလိက ကဏ္ဍဖွံ့ဖြိုးရေးရက်တိုသင်တန်းလေးတခုပေးခဲ့ပါတယ်၊ ဖွံ့ဖြိုးရေး ဆိုင်ရာ ခေါင်းဆောင်မှုအကယ်ဒမီ (Leadership Academy for Development) လို့ ကြီးကျယ်တဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့ နှစ်ယောက် ပူးတွဲရေးဆွဲထားတဲ့ သင်ရိုး ညွန်းတမ်းကတော့  Harvard Business School  (HBS) က  သင်ရိုးတွေကို အခြေခံထား ပါတယ်။

မြန်မာသွင်းကုန် ကန့်သတ်ထားမှုအချို့ အမေရိကန် ရုတ်သိမ်းတော့မည်

သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးမြှင့်သည့် အနေဖြင့် အမေရိကန် အစိုးရက မြန်မာနိုင်ငံမှ သွင်းကုန် အချို့အပေါ် တားမြစ် ကန့်သတ်ထားချက်များ ရုတ်သိမ်း
ကြောင်း ကြေညာရန် စီစဉ်နေသည်ဟု သတင်းများအရ သိရသည်။

တနင်္ဂနွေနေ့တွင် အမေရိကန်သို့ ထွက်ခွါသွားသည့် ဒေါ်အောင်ဆန်းစုကြည်က သွင်းကုန် ကန့်သတ် ထားချက်အား ရုတ်သိမ်းပေးရန် တိုက်တွန်းခဲ့သည်။ အကယ်၍သာ ထိုလုပ်ရပ်ကို လုပ်ဆောင်မည်ဆိုပါက အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် အခြားသော အချက်များအရ၊ လွှတ်တော်ဆိုင်ရာ ဥပဒေမှတဆင့် လုပ်ဆောင်ရမည်ဖြစ်ပြီး ထိုသို့လုပ်ခြင်းက သူ မရောက်မီ ကြို၍ ရုတ်သိမ်းသည့် အမိန့် ထွက်ရှိမှုကို ကာကွယ်ပေးမည် ဖြစ်သည်။

ပေါ်တာဆွဲရာတွင် ပါဝင်သော ပါတီဝင်လူငယ်များကို ထောက်ခံစာနှင့်ပြန်ရွေးမည့် NLDပါတီ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၅)မှ စစ်တပ်ကိစ္စရပ်များတွင် အသုံးပြုရန် ဖားကန့်   ကျောက်တောမှ ပေါ်တာဆွဲသွားသော လူ(၃၀)တွင် နိုင်ငံရေးပါတီဝင် လူငယ်နှစ်ဦး ပါဝင်နေကြောင်း သိရှိရသည်။

အဆိုပါ လူငယ်(၂) ဦးမှာ NLDပါတီဝင် များဖြစ်ပြီး KIAစစ်တပ်သည် NLDပါတီဝင် မိဘများမှမွေးဖွား လာသော သားသမီးများ၊ NLDပါတီဝင်များ ကို ပြန်လွှတ်ပေးလေ့ရှိကြောင်းမိုးညင်းNLDပါတီဝင် တစ်ဦးထံက သိရသည်။

ခါးနာခြင်းနှင့်ခါးဆစ်လွဲခြင်းတို့မဖြစ်အောင်ကာကွယ်နည်းများ


ယခုအခါတွင် ခါးနာခြင်းနှင့် ခါးဆစ်လွဲခြင်းတို့ ဖြစ်ပွားမှုမှာ ယခင်ကထက် ပိုမို များပြားလာကြောင်း   တွေ့ရှိရပါသည်။ထို့ကြောင့် ရှေးဦးစွာ ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ မည်သို့ ဖြစ်ပွားလာရကြောင်း သိရှိရန် လိုပေသည်၊

ကျွန်ုပ်တို့ ကျောရိုးတစ်လျှောက်၌ရှိသော ကျောဆစ်ရိုးများ(vertebrae) တစ်ခုနှင့် တစ်ခုကြားတွင် အရိုးများ ထိခိုက်မှုမရှိစေရန် Intervertbral Disc ခေါ်အရွတ်ဝိုင်းကလေး တစ်ခုစီရှိပါသည်၊ ထိုအရွတ် အ၀ိုင်းကလေးသည် အရိုးနှစ်ခုအကြား တည်ရှိနေရာမှ အကြောင်းတစ်ခုခုကြောင့်   နေရာလွဲ သွားခဲ့ပါက ကျောရိုးဆစ် တစ်ခုနှင့်တစ်ခုထိပြီး ပွတ်တိုက်မိကြတော့သည်၊

နိုင်ငံပေါင်း ၂ဝဝ ကျော်မှ တရားဝင် ငွေလွှဲ နိုင်တော့မည်


ဥရောပတိုက်မှ နိုင်ငံများ အပါအဝင် နိုင်ငံ ၂ဝဝ ကျော်မှ မြန်မာနိုင်ငံ သို့ တိုက်ရိုက် ငွေလွှဲနိုင်တော့ မည် ဖြစ်ကြောင်း မြန်မာ အရှေ့တိုင်းဘဏ် လီမိတက်မှ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးသန်းဝင်း ၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ တိုက်ရိုက်ငွေလွှဲနိုင်မှု အတွက် နှစ်ပေါင်း ၁၆၁ နှစ် သက်တမ်းရှိ Western Union နှင့်   မြန်မာနိုင်ငံရှိ မြန်မာ အရှေ့တိုင်းဘဏ် လီမိတက်(MOB) တို့မှ ငွေလွှဲ ငွေပို့ ဝန်ဆောင်မှု(Money Transfer Service) ကို ယခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ ပထမပတ်အတွင်း စတင် ဝန်ဆောင်မှု ပေးတော့မည် ဖြစ်သည်။

တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း


ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက် သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီကနေကြသည်။

ကားဟောင်းများနဲ့ အင်းစိန်သံရည်ကြိုစက်

ယာဉ်ဟောင်းဖျက်သိမ်းရေးအစီအစဉ်အရ ရန်ကုန်မြို့ကားသင်္ချိုင်းကို ကားဟောင်း သွားရောက်အပ်နှံနေကြသူတွေထဲမှာ စာရေးဆရာမ ပုညခင်လည်း ပါဝင်ပါတယ်။ သူက သူ့ရဲ့ 'ဗ' နံပတ်တပ် ကားလေး သွားပို့ချိန် တွေ့မြင်ရတာတွေကို ရေးထားပါတယ်။

စနေနေ့က အိမ်က ဗ ကလေးကိုအပ်ဖို့ အင်းစိန်သံရည်ကြိုစက်ကို လိုက်သွားပါတယ်။ အတွေ့အကြုံရချင်လို့ပါ။

မူဆလင်ကမ္ဘာရဲ့ ဒေါသ အိုဘားမား ဘယ်လိုထိန်းမလဲ



အမေရိကန် သံအမတ် ခရစ်စတီဗန်စ်နဲ့ သံအဖွဲ့ဝင် ၃ ဦးတို့ ကျဆုံးသွားရတဲ့ လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့   ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အပါအဝင် အာရပ်မူဆလင်ကမ္ဘာရဲ့ ဒေါသူပုန်ထကြွ တာတွေ   ပြီးနောက်မှာ သမ္မတ အိုဘားမားအစိုးရက အထောက်အပံ့တွေပေးနေတဲ့ အရှေ့အလယ်ပိုင်း   နိုင်ငံတွေအပေါ်ထားတဲ့ မူဝါဒကို အလျင်အမြန် ပြန်လည်သုံးသပ်မှု လုပ်နေရပါတယ်။

အမေရိကန်ဆန့်ကျင်ရေး တိုက်ခိုက်အုံကြွမှုကို သက်ဆိုင်ရာနိုင်ငံအစိုးရတွေက ကိုင်တွယ်နှိမ်နင်းဖို့ ဖိအားပေးနေစဉ်တပြိုင်နက် သံအဖွဲ့တွေ ပြန်ရုပ်သိမ်းရေးနဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းရေးကိုလည်း အမေရိကန်အစိုးရအရာရှိတွေ စဉ်းစားနေရပြီး လိုအပ်ရင် လုပ်ဖို့ လိုမယ်ဆိုတဲ့ အဆင့်ရောက်နေပါပြီ။ ဆူဒန်နဲ့ တူနီးရှားက သံတချို့ လုံခြုံရေးအရ ပြန်ဆုတ်ခွာခိုင်းပါပြီ။

ABSDF မြောက်ပိုင်း သတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာ တရားရုံးအထိ တက်ရောက်မည် ဟုဆို

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ကျောင်းသားများကို စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ် ခံခဲ့ရမှုကို ပြည်တွင်းတွင် ဥပဒေနှင့် အညီ တရားစွဲ ရန် ပြင်ဆင်လျက် ရှိပြီး အကြောင်း အမျိုးမျိုးကြောင့် တရားစီရင်ခြင်း မခံရပါက အပြည်ပြည် ဆိုင်ရာ တရားရုံးထိ တက်ရောက် တရားစွဲဆိုရန် ကြိုးပမ်း စီစဉ်သွားမည်ဟု ယင်းစွပ်စွဲ သတ်ဖြတ်ခံခဲ့ခြင်းမှ လွတ်မြောက် လာခဲ့သည့် ကျောင်းသားဟောင်းများက ထုတ်ဖော် ကြေညာလိုက်သည်။

"အမေရိကန်တွေပြန်လာဖို့ အိမ်ဖြူတော်က အမိန့် ထုတ်ပြန်လိုက်ပြီ"



အမေရိကန် ပြည်ထောင်စုက တူနီးရှားနဲ့ ဆူဒန် နိုင်ငံတွေ အတွင်းက အမေရိကန်သံရုံးတွေက    အရေးမကြီးတဲ့ အမှုထမ်းတွေအပါအဝင် သံရုံး အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ အားလုံးကို အမေရိကန်ကို ပြန်လာဖို့ ခေါ်ယူ လိုက်ပါတယ်။

(၁၇-၉-၂၀၁၂)ရက်နေ့ မနက်ပိုင်း သတင်းများ

- ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင် click
- ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် စတင် click
- ကိုယ်ထူကိုယ်ထ LA မြန်မာတို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲ လက်မှတ်တွေ ထုတ်ယူနိုင်ပြီ click
- မင်းကိုနိုင် အမေရိကန်ခရီးစဉ် ဘာကြောင့် ဖျက် click
- ၇၃ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားအား နယူးယောက်တွင် မြန်မာတိုင်းရင်းသားများမှ စက်တင်ဘာ ၁၅ ရက်နေ့က စုပေါင်းကျင်းပ click
- Mr. Joseph Y.Yun နှင့်အဖွဲ့က နယ်စပ်တံခါးများ ဖွင့်လှစ်ပေးထားရန် ဘင်္ဂလာကို ဖိအားပေးခဲ့ click
- မြန်မာနိုင်ငံအတွင်း နေထိုင်သူ ဘင်္ဂလီ ၆ ဦး ရာဘားနှင့် ဘိန်းဖြူ ဘင်္ဂလာက ဖမ်းဆီးရမိ click
- NLD လွတ်မြောက်နယ်မြေ နိုင်ငံခြားရေးရာတာဝန်ခံ ဦးညိုအုန်းမြင့်နဲ့ မေးမြန်းခန်း (ရုပ်သံ) click
- သမိုင်းတကွေ့မှ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နောက်ဆုံးဥက္ကဋ္ဌကြီး သခင်ဗသိန်းတင် (ဆောင်းပါး) click
- ဗုဒ္ဓသာသနာ ထွန်းလင်းရန် အမရီလိုက ကြေးစည်သံ click
- ပန်းနဲ့ပေါက်တာလောက်ပဲထင်တယ် သူငယ်ချင်းတို့ရေ ... click
- ဘူးသီးတောင်-မောင်တောတွင် ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် ၃ ရက်ကြာ မေးမြန်းစစ်ဆေး click
- မောင်တောတွင် ဘင်္ဂလီများ၏ တိုက်ခိုက်ခြင်းခံရသော လင်မယားနှစ်ဦးအား ဘူးသီတောင်ဆေးရုံသို့ ပြောင်းရွှေ့ click
- ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆက်လက် ဆန္ဒပြ click
- US သံရုံးများကို ထပ်မံတိုက်ခိုက်ကြရန် အယ်လ်ကိုင်ဒါအဖွဲ့က တောင်းဆို click
- မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း တနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပ click
- အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ လွှတ်တော်မှာ ကျင်းပ click
- အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား နေပြည်တော်တွင် ကျင်းပ click 

- ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားဖို့ လိုအပ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား click
- "ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ" ဆွေးနွေးပွဲ ကျင်းပ click
- အမိမြေ ငြိမ်းချမ်းရေးအဖွဲ့ကို ကြိုဆိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောဆို click

အရေးပေါ်လှေကားပြုတ်ထွက်ခဲ့သော အလုံမြို့နယ်ရှိ တိုက်၏သက်တမ်းမှာ ခုနစ်နှစ်ဝန်းကျင်ခန့်သာရှိသေးကြောင်း သိရ

စက်တင်ဘာလ ၉ ရက်နေ့က အလုံမြို့နယ်ရှိ၊ ငုဝါလမ်းရှိတိုက် အမှတ် ၂၀၀၊ ခြောက်လွှာ/ဗ ၏ အနောက်ဘက် အရေးပေါ်လှေကားပေါ်၌ အသက် ၂၃ နှစ်အရွယ်ရှိ မသက်ထက်စံ ဖုန်းထွက်ပြောနေစဉ် အရေးပေါ်လှေကားပြုတ်ထွက်ခဲ့သည့် အလုံမြို့နယ်ရှိ တိုက်သက်တမ်းမှာ ခုနစ်နှစ်ဝန်းကျင်ခန့်သာ ရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ သိရှိရသည်။

''အဲဒီအရေးပေါ်လှေကာ ပြုတ်ထွက်သွားတဲ့ တိုက်ရဲ့ သက်တမ်းက ခုနစ်နှစ်နီးပါး ရှိတယ်။ တိုက်ကိုဆောက်တဲ့ ဆောက်လုပ်ရေးကတော့ သန်းထိုက်အောင်ဆောက်လုပ်ရေးကပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ် ဦးက ပြောဆိုသည်။