Wednesday, 5 September 2012

၅၀၀၀ တန် အိမ်မက် တကယ်နီးစပ်လာပြီလား


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူသည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း   ရွှေပြည်တံခွန်ကုမ္ပဏီက သိရှိရသည်။

ပြည်တွင်း ကစားသမားများ နိုင်ငံခြားသား များထက် ပိုသာအောင် ကြိုးစားကြရန် ဦးတင်မြင့်အောင် တိုက်တွန်း

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ နည်းစနစ် ဒါရိုက်တာ ဖြစ်သူ ဦးတင်မြင့်အောင်က ပြည်တွင်းမှ ကစားသမားများ အနေဖြင့် နိုင်ငံခြားသား ကစားသမား များထက် ပိုမို သာလွန်အောင် ရည်မှန်း ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

၂၀၁၂ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲသည် တစ်ပွဲသာ ကစားရန် ကျန်ရှိတော့ချိန်၌ ဂိုးအများဆုံး (၁၀) စာရင်း၌ နိုင်ငံခြားသား ကစားသမား (၈)ဦးက ထိပ်ဆုံးမှ ဦးဆောင်နေရာ ဦးတင်မြင့်အောင်က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ "မြန်မာ တိုက်စစ် ကစားသမား တွေဟာ နိုင်ငံခြားသား တွေထက် ပိုကောင်းအောင် ကြိုးစားဖို့ လိုနေပြီ ဆိုတာ ပြနေတာပါပဲ။ အမှန်တော့ ကိုယ့်ဆီက တိုက်စစ်မှူးတွေက အားရစရာ မကောင်းတာကြောင့် နိုင်ငံခြားသား ကစားသမား တွေကို ခေါ်ယူကြတာပါ။ ဒါပေမဲ့ ရေရှည်မှာ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ နိုင်ငံ့ လက်ရွေးစင် အသင်းအတွက် အခက်အခဲ တစ်ခု ဖြစ်လာပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အောက်တိုဘာလတွင် စင်္ကာပူလေကြောင်လိုင်းမြန်မာနိုင်ငံသို့ပြေးဆွဲမည်

အထီးကျန်မူဝါဒဖြင့် တံခါးပိတ်နေသောအဏာရှင်စနစ်မှ ဒီမိုကရေစီလမ်းကြောင်းဆီသို့   ပြောင်းလဲမှုများစတင်လာ နေမှု့များကြောင့် ယ္ခုနှစ်အောက်တိုဘာလ၂၈ရက်နေ့ မှစတင်ပြီး စင်္ကာပူလေကြောင်း(SIA) သည် မြန်မာနိုင်ငံသို့ပြေးဆွဲတော့မည်ဖြစ်သည်။

နိုင်ငံတကာ ဧည့်သည်တော်များအတွက် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများ တင်သွင်းမည်

လာမည့်နှစ်များတွင် ပြုလုပ်မည့် အာဆီယံဆိုင်ရာ အစည်းအဝေးများ၌ နိုင်ငံတကာမှ လာရောက်မည့် အထူးဧည့်သည်များ အသုံးပြုရန်အတွက် တန်ဖိုးမြင့် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများကို တင်သွင်းနိုင်ရန် တင်ဒါခေါ်ယူထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။

တင်ဒါခေါ်ယူရာတွင် မာစီဒီးနှင့် လပ်ဇပ်ယာဉ် ၉၂ စီး၊ တိုယိုတာ Camry အစီး ၅၀၊ Audi A-6 အစီး ၃၀၊ စုစုပေါင်း ၁၇၂ စီး တင်သွင်းခွင့် ပြုမည်ဖြစ်ရာ တန်ဖိုးအကြီးဆုံး ယာဉ်အဖြစ် မာစီဒီးမှာ အဓိက ပါဝင်လာနိုင်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးကပင် ပြောကြားသည်။

SME အတွက် ဘဏ်ချေးငွေများ လုပ်ငန်းရှင်များတလွဲအသုံးချမှု များရှိနေ

မြန်မာနိုင်ငံရှိ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းရှင်များသည် SME လုပ်ငန်းများအတွက် ထုတ်ချေးထားသော ဘဏ်ချေးငွေများအား လုပ်ငန်းလည်ပတ် မှုတွင် ထိရောက်စွာအသုံးမချပဲ မိသားစုစား ၀တ်နေရေး တွင် အသုံးချမှုများရှိနေကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသိန်းဇော်က ထုတ်ဖော်ပြောကြားလိုက်သည်။

“တချို့အမှုတွဲတွေလာတာတွေ့နေရတာက လုပ်ငန်းအတွက်ထုတ်ယူ တဲ့ ချေးငွေတွေမှာ သားသမီး တွေကိုကျောင်း အပ်ပစ်တာ၊ သားသမီးတွေကို မင်္ဂလာဆောင်ပေး လိုက်တာမျိုးတွေရှိနေတယ်” ဟု ယင်းက ဆိုသည်။

ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြမည်


ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

(၁) ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ၂၀၁၁ခုနှစ် မတ် ၃၀ ရက်နေ့မှ ၂၀၁၂ ဇွန် ၃၀ ရက်နေ့အထိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် တရားရုံး အဆင့်ဆင့်၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ တင်ပြခြင်း။

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ လွှတ်တော်မှ ခွင့်ယူ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မွန်းလွဲပိုင်းမှစ၍ လွှတ်တော်မှ ခွင့်ယူထားကြောင်း သိရသည်။

iPhone 5 မိတ်ဆက်တော့မည်


လပေါင်းများစွာ ကောလာဟလသတင်းများအနေဖြင့် ထွက်ပေါ်ခဲ့သည့် iPhone 5 မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁၂ ရက်တွင် ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း Apple ကုမ္ပဏီမှ အတည်ပြုကြေညာခဲ့သည်။ ဆဋ္ဌမ မျိုးဆက် iPhone ဖြစ်လာမည့် iPhone 5 ကို အခြားအမည်တစ်မျိုး (New iPhone) ဖြင့်လည်း မိတ်ဆက်ပေးဖွယ်ရှိသည်။ အဆိုပါ iPhone သစ်ကို ဒီဇိုင်းအသစ်ဖြင့်   တွေ့မြင်ရဖွယ်ရှိပြီး အသုံးပြုထားသည့် screen မှာလည်း ယခင် iPhone 4S ထက် screen အရွယ်အစား ကြီးမားကာ ပိုမို ပါးလွှာပြီး 640 x 1,136 pixel resolution ဖြင့် ဖော်ပြပေးနိုင်မည်ဟု သိရသည်။

မိုးလေ၀သ သတင်း (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ နံနက် (၇း၀၀) နာရီအချိန် ထုတ်ပြန်ချက်) -မိုးဇလ

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း တို့တွင် မုတ်သုံလေအား အသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။

(5.9.2012) မနက်ပိုင်းသတင်းများ

အစိုးရတပ်တွေ နေရာရွှေ့  ပေးဖို့ KNU တောင်းဆို  Link
ကျောက်မီးသွေးလုပ်ငန်း ရဲဝင်စီး Link
KNU-မြန်မာ Code of Conduct သဘောတူ လက်မှတ်ရေးထိုး  Link
ကော့သောင်းတွင် ၅၀၀၀ တန် အတုများထပ်မိ Link
ဝ တပ်ဖွဲ့ပြောခွင့်ရ ဦးအောင်မြင့် ကို မေးမြန်းချက်  Link
မြောက်ပိုင်းလူသတ်မှု ထောက်လှမ်းရေးပါ အစစ်ခံဖို့လိုဟု ဒေါက်တာနိုင်အောင်ပြော   Link
ရခိုင် အများပိုင်ကုမ္ပဏီ မတည်ငွေ သန်း ၅၀၀ ဖြင့် စတင်မည်   Link
လယ်မြေများ ရေလွှမ်းခံရသော်လည်း ဆန်ဈေးနှုန်းမတက်  Link
သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်  Link
ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံရသူများနှင့် ၎င်းတို့လက်ရှိ  တာဝန်ထမ်းဆောင်နေသော ရာထူးများ Link



ကိုယ်ချင်းစာကြဘို့ တောင်းပန်ခြင်း ။ ( ပြည်ပရောက် ၈၈မျိုဆက်ကျောင်းသားများ )


၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အ များစုဟာ အသက် ၁၉ ၂၀ ပတ်ဝန်းကျင်တွေများပါတယ်။ တချို့ ၁၄ ၁၅ နှစ် အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိုင်အောင်တို့ လို ၂၆ ၂၇ နှစ် အရွယ် ရောက်ပြီသူများလဲ ပါခဲ့ကြပါတယ်။

စစ်တပ်ကို လက်နှက်ကိုင်ပြန်တိုက်မယ်ဆိုပြီး ထွက်ခဲ့ကြတာပါ။ အဓိကကတော့ ယုံကြည်ချက်
 နဲ့ အပေါင်း အသင်းတွေကြောင့်ဆို မမှားပါဘူ။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင် တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေမူကြမ်း၏ အားနည်းချက် UMFCCI က ထောက်ပြဝေဘန်


မကြာမီရက်ပိုင်းက လွှတ်တော်တွင်တင်သွင်းလိုက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း၏ အားနည်းချက် အချို့ကို UMFCCI မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ် တာဝန်ရှိသူများနှင့် စီးပွားရေး ပညာရှင်တချို့က ဝေဘန်ထောက်ပြလိုက်ကြသည်။
 UMFCCI အသင်းချုပ်ရုံးတွင် ယနေ့ညနေ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ

ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program,,,,

ကဲ ဒီအဆီချနည်းကို စောင့်နေကြတဲ့လူတွေ အတော်များမယ်ထင်ပါတယ်.... ဒီစာတွေအားလုံးကို ကျွန်တော့ ကောင်မလေးက ကျွန်တော့ အတွက် အပင်ပန်းခံရိုက်ပေးထားရှာတာပါ...... အခု သူ့ ခွင့်ပြုချက်နဲ့ ပဲ သူငယ်ချင်းတွေကို ဝေမျှပါတယ်.... :) ဒီ Program ကိုလည်း သူပဲရှာပေးခဲ့တာကိုး......


“သီလပြည့်စုံခြင်း အကျိုးငါးပါး”

 
ဥပါသကာတို့ သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၏ အကျိုး 'အာနိသင်' တို့သည် ဤငါးပါးတို့တည်း၊

အဘယ်ငါးပါးတို့နည်း ဟူမူ-

Tuesday, 4 September 2012

ဈေးပြိုင်စနစ်(Open Tender) ကို နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်နေသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

ဈေးပြိုင်စနစ် (Open Tender) ကို နိုင်ငံတကာ အဆင့်အတန်း အထိဖြစ်အောင် လေ့လာနေပြီး လုပ်လည်း လုပ်ဆောင်နေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၀န်ထမ်းတစ်သောင်းကျော်ကို အရပ်ဘက်ဝန်ထမ်းအဖြစ်ပြောင်းလဲဖွယ်ရှိနေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဆက်သွယ်ရေးကော်ပိုရေးရှင်း အဖြစ်သို့ပြောင်းလဲဖွဲ့စည်းသွားမည် ဖြစ်သည့် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌ တာဝန်ထမ်းဆောင်နေ သည့် နိုင်ငံ့ဝန်ထမ်း တစ်သောင်းကျော်သည် အရပ်ဘက်ဆိုင်ရာ ၀န်ထမ်းများအဖြစ် ပြောင်းလဲသွားဖွယ် ရှိကြောင်း အဆိုပါလုပ်ငန်းဌာနမှ အကြီးအကဲတစ်ဦးကဆိုသည်။ ““ဘာမှန်းမသိသေးဘူး။ ငါတို့ က ပင်စင်ဖြစ်မှာလား၊ အရပ်ဘက်ဝန်ထမ်းပြန်ဖြစ်မှာလားဆိုတာ တိတိကျကျမပြောသေးတော့မသိသေးဘူး။

မစ္စတာဒဲရစ်မစ်ချဲလ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်တွေ့

စက်တင်ဘာ(၄)ရက်နေ့၊ နံနက် ၉း၃၀ နာရီခန့်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအချို့သည်၊ ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးသို့ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။အမေရိကန်သံအမတ်ကြီးနှ င့်အဖွဲ့အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီးနှင့်ကိုဌေးကြွယ်တို့ က လက်ခံတွေ့ဆုံခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် Lt. General Attanop Sirisak တွေ့ဆုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင့် တပ်မတော် မှ ထောက်လှမ်းရေး ညွှန်ကြားရေးမှူး Lt. General Attanop Sirisak ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ (စက်တင်ဘာ ၄) တွင် နေပြည်တော် ဇေယျာသီရိဗိမာန်၌ လာရောက်တွေ့ဆုံခဲ့သည်။

ရခိုင် အများပိုင်ကုမ္ပဏီ မတည်ငွေ သန်း ၅၀၀ ဖြင့် စတင်မည်

မဇ္ဈိမသတင်းဌာန ။        ။ ရခိုင် အများပိုင် ကုမ္ပဏီကို အစုရှယ်ယာဝင် ၅ဝ ဦးတို့၏ မတည်ငွေ သန်း ၅ဝဝ ဖြင့် စတင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အစုရှယ်ယာရှင် တဦးဖြစ်သူ ဦးသန်းမောင်က စက်တင်ဘာ ၂ ရက်နေ့ ရွှေတိဂုံ အရှေ့ဘက်မုဒ် အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပသော ကုမ္ပဏီ ဖွဲ့စည်းရန်အတွက် ပမဏ အကြံပြု ဆွေးနွေးပွဲတွင် ပြောကြားသည်။

ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် ထွက်ရှိလာသော (၁၀)ဦးအမည်စာရင်း


(၁) ဦးအေးမြင့်ကြူ ( လက်ရှို- အား.ကာ ဒုဝန်ကြီး )
(၂)ဗိုလ်ချုပ်ဇေယျာအောင် ( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး )
(၃) ဒေါက်တာမြင့်အောင် ( ပြည်ထောင်စု ရာထူးဝန် အဖွဲ့ )
(၄) ဦးကျော်လွင် ( လက်ရှိ - ဆောက်လုပ်ရေးဒု ဒုဝန်ကြီး )
(၅) ဦးဝင်းရှိန် ( လက်ရှိ - လယ် / ဆည် ဒုဝန်ကြီး )
(၆) ဒေါက်တာ ကံဇော် ( လက်ရှိ - စီမံ စီးပွား ဒုဝန်ကြီး )
(၇) ဦးမောင်မြင့် ( လက်ရှိ - ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး )
(၈) ဒေါက်တာကိုကိုဦး ( လက်ရှိ - သိပ္ပံ နည်းပညာ ဒုဝန်ကြီး )
(၉) ဦးဌေးအောင် ( လက်ရှိ - ဟိုတယ် ခရီး ဒုဝန်ကြီး )
(၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ( လက်ရှိ - ကျန်းမာရေး ဒုဝန်ကြီး )တို့ဖြစ်ကြောင်းနိုင်ငံတော်သမ္မ
တရုံးမှပေးပို့သော အမည် စာရင်းများအရသိရသည်