Friday, 10 August 2012

မြန်မာပြည် လမ်းဘေးဝပ်ရှော့က ထိုင်းဝပ်ရှော့ထက် သာ

ဥရောပမော်တော်ကားတွေကို အထူးပြုပြင်တဲ့ ထိုင်းနိုင်ငံက SMRT မြန်မာပြည် လာမယ်၊ ၀ပ်ရှော့ဖွင့်မယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး စာဖတ်သူတဦးက သူ့အမြင်ကို အခုလို ရေးသားထားပါတယ် -အထင်မကြီးဘူး။ဘာ့ကြောင့်လဲဆိုတော့ ပစ္စည်းတစ်ခုက သုံးလို့ ရသေးတယ်။ အဲ့ဒါကို မကောင်းတော့ဘူး
ဆိုပြီး အမြဲတမ်း အစုံလိုက်ကို အသစ်လဲပစ်တယ်။ ပိုက်ဆံကို သောက်သောက်လဲ။မြန်မာပြည်က  
လမ်းဘေး ၀ပ်ရှော့က သူတို့ ဆားဗစ်ထက်သာတယ်။ အကြောင်း မသိတဲ့ သူတွေဘဲအထင်ကြီးမယ်။
 

ပြုတ်သွားလည်း လုပ်စားဖို့ လွယ်တဲ့ မင်းသားကြီးကျော်ဆန်း



မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးဆိုတဲ့ စာပေကင်ပေတိုင်ဆိုတာကြီး ပျက်သွားတဲ့သင်္ကေတ အနေနဲ့ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းလိုက်တဲ့ သတင်းထွက်ပေါ်လာပါပြီ။မြန်မာနိုင်ငံ အမြုတေ          စာနယ်ဇင်းကောင်စီ ဖွဲ့စည်းမိန့်အငြင်းပွားဖွယ်ရာများ ရှိနိုင်သော်လည်း

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သိန်းနီမြို့  ရေကြီး

သြဂုတ်လ ၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့အဝင်ရှိ နမ္မတူတံတားတစ်ဝိုက်တွင် ကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့ပါသည်။ သွားလာရာတွင် အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများ၊ မြို့ခံ မီးသတ်များ၊ တပ်နယ်မှ တပ်မတော်သားများ၊ မြို့ခံပြည်သူများမှ ကူညီမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။ 

ဒဂုံအရှေ့  မြို့ န ယ်တွင် လယ်ဧက ထောင်ချီ ရေမြုပ်

ဆင်ခြေဖုံးဒေသဖြစ်သော ဒဂုံမြို့သစ်(အရှေ့)မြို့နယ်အတွင်းရှိ ကျေးရွာများ လယ်ဧက ထောင်ချီ နစ်မြုပ်ခဲ့ကြောင်း ယင်းမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံမှ သိရသည်။ 


ရေမြုပ်နေတဲ့ မနီမြို့ က ထူးထူးခြားခြား လက်ထပ်ပွဲ

ရေတ၀က်နီးပါးမြုပ်နေတဲ့ မနီလာမြို့ မှာ မိုးသည်းထန်စွာ ရွာသွန်း ပြီး ရေ ကြီး မှု ကြောင့် ဧည့် ပရိသတ် များ မလာ နိုင် သော် လည်း မင်္ဂလာ ပွဲ ကို ကျင်း ပခဲ့ သည့် သတို့  သား နှင့် သတို့  သမီး ကို ကလေး ငယ် များ က ကောင်း ချီး ပေး နေသည် ကို ယမန်နေ့  က ဖိလစ် ပိုင် နိုင်ငံ မနီလာ မြို့  တွင် တွေ့  ရသည်။ 


သြဂုတ်လ ရဲ့  တောင်သမန်အင်း မြင်ကွင်းများ

မိုးရာသီ မှာ မြင်တွေ့ရတဲ့ မြင်ကွင်းလေး ဖြစ်ပါတယ်။

ဆက်လက်ကြည့်ရှုရန် ...

ယနေ့ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အောက်ပါ မေးခွန်းများ ဆွေးနွေးကြမည်

ယနေ့ (သြဂုတ်လ ၁၀ ရက်) တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌

(၁) အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ယင်းက တာဝန် ပေးအပ်သည့် ပုဂ္ဂိုလ်က အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အပေါ် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

(၂) ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းခြင်းနှင့် အမျိုးသား လွှတ်တော်၏ သဘောတူညီချက် ရယူခြင်း။

အစရှိသည့် အစီအစဉ်များ ပါဝင်မည်ဟု သိရပါသည်။

မြန်မာပြည်တွင်းရှိ နေရာရွှေ့ပြောင်းနေကြရသူတွေအတွက် နေရာဒေသမရွေးကူညီပေးနိုင်ရန် ကုလ တိုက်တွန်း

မြန်မာနိုင်ငံမှာ ပြည်တွင်းနေရာရွှေ့ပြောင်းကြရသူတွေ ငါးသိန်းလောက်ရှိနေပြီး၊ လူသားချင်းစာနာရေး အကူအညီလိုအပ်မှုတွေ တိုးတက်များပြားလာနေတဲ့အတွက်၊ အစိုးရအနေနဲ့ ကူညီရေးအဖွဲ့အစည်းတွေ ကို ဒေသမရွေး သွားရောက်ကူညီခွင့်ပြုဖို့ ကုလသမဂ္ဂ က မနေ့က တိုက်တွန်းလိုက်ပါတယ်။

မဲခေါင်မြစ်ကြောင်း လုံခြုံရေးအတွက် လေး နိုင်ငံ ပူးပေါင်းကင်းလှည့်

ယခုကဲ့သို့ မြန်မာ-ထိုင်း-လာအိုနှင့် တရုတ်နိုင်ငံတို့ စုပေါင်း၍ လှည့်ကင်းပတ်ရခြင်းမှာ
လက်နက်ကိုင်အဖွဲ့အစည်းများ၊ သူပုန်များ၊ မူးယစ်ဆေးဝါး နှင့် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန် နှင့် လေးနိုင်ငံသတင်းဖလှယ်မှုများ၊ ပြည်သူများ ကုန်ပစ္စည်းရောင်းဝယ်တင်ပို့ခြင်း၊ အရေးပေါ်အခြေအနေများ အချိန်မှီစွာ ဆက်သွယ်သတင်းပေးနိုင်ရန်အတွက် နှင့် ရွှေတြိဂံ စည်းကမ်းချက်များ၏အောက်တွင်လိုက်နာမှုရှိစေရန်
အတွက်ဖြစ်သည်ဟု သိရှိရသည်။

အကြမ်းဖက်မှုတွေနဲ့ ပတ်သက်သူ လိုက်လံဖမ်းဆီး


ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပါဝင်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

"ရုပ်ရှင်ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံကို လွှင့်ထူပြသနေတဲ့ အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ပြောကြား"

မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ ရုပ်ရှင်ရုံများကို လာရောက်ပြီး ရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုကြတဲ့ အခါ ရုပ်ရှင်ဇာတ်ကား မပြသေးခင် ရုပ်ရှင် ပိတ်ကားပေါ်မှာ နိုင်ငံတော် အလံ လွှင့်ထူပြသတဲ့အခါ ထိုင်နေတယ် ဆိုရင် ရှက်ဖို့ အလွန်ကောင်းမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ကပြောပါတယ်။

လူသားချင်းစာနာရေး အကူအညီ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ EU တိုက်တွန်း

အိမ်နီးချင်းမြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရောက်လာတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်းစာနာရေး အဖွဲ့တွေက အကူအညီ ဆက်လက်ပေးခွင့်ပြုဖို့ EU ဥရောပကော်မရှင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်

စွမ်းအင်အသုံးချမှုနှင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကို သြဂုတ် ၁၇ ရက်တွင်   နေပြည် တော်ရှိ အမရာဟိုတယ်၌ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမှုရှိသော စွမ်းအင်အသုံးချခြင်း ဆိုင်ရာ နည်းပညာစာတမ်းခုနစ်စောင် ဖတ်ကြားမည်ဖြစ်သည်။ ပြန်ပြည့်မြဲ စွမ်းအင်အသုံးချမှု နည်းပညာများ အနက် ရေအားလျှပ်စစ်ထုတ်ယူခြင်း၊ လေ၊ နေ အသုံးချစွမ်းအင် ထုတ်ယူခြင်းများနှင့် သဘာဝဓာတ်ငွေ့ အသုံးချခြင်း နည်းဗျူဟာများကို ဆွေးနွေးကြမည်ဖြစ်သည်။

မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်း

၉-၈-၂၀၁၂ ရက်နေ့၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ (အမှတ်၊ ၆၁/၂၀၁၂) နဲ့
မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းပေးလိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားပါတယ်။

ဂျပန်ကား အစီး ၃,၀၀၀ အောက်တိုဘာ လအတွင်း တင်သွင်းရန်ရှိ

ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဂျပန်ကား ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ဂျပန်နိုင်ငံထုတ် ခရီးသည်တင် ယာဉ်များနှင့် အငှားယာဉ် အစီး ၃,၀၀၀ ခန့်ကို ယခုနှစ် အောက်တိုဘာလမှ စတင်၍ တင်သွင်းရန် ရှိသည်ဟု ဂျပန်ကားကုမ္ပဏီ ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ (MD) ဦးတင်အောင်မြင့် က ပြောသည်။

၂ဝ၁၃ အမှီ ၅ဝဝဝတန်ဖုန်းထွက်ရှိရေး ရွှေပြည်တံခွန်က တင်ဒါဝင်ပြိုင်မည်

၅ဝဝဝတန်ဖုန်းထုတ်လုပ်မည်ပာု သတင်းထုတ်ပြန်ထားသော ရွှေပြည်တံခွန်ကုမ္ပဏီက ဆင်းကဒ်ထုတ်လုပ် ခွင့်ရရှိရေးအတွက် မြန်မာဆက်သွယ်ရေးမှ ခေါ်ယူမည့် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာ တင်ဒါခေါ်ယူခြင်းအား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်မှာ ကားဝပ်ရှော့ဖွင့်မယ့် ထိုင်းကုမ္ပဏီ

ထိုင်းနိုင်ငံရောက် ဥရောပကားတွေကို အထူးပြုပြင်တဲ့ SMRT က မြန်မာပြည်မှာလည်းဒီနှစ်ကုန်ပိုင်းမှာ ၀ပ်ရှော့လာဖွင့်တော့မယ်လို့ သိရပြီး ဒေါ်လာ တသန်း ရင်းနှီးမြှုပ်နှံမယ်လို့ ခန့်မှန်းထားပါတယ်။

လျှပ်စစ်စွမ်းအားဦးစီးဌာနနှင့် ChinaThree Gorges Corporation တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

စက်မှုနိုင်ငံဖြစ်ပေါ်ရေးနှင့် စက်မှုဖွံ့ဖြိုးရေးကို ဦးတည်ရည်မှန်းဆောင် ရွက်ရာတွင် အဓိကအလိုအပ် ဆုံးဖြစ် သော လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအ
တွက် ရေတိုရေရှည် စီမံကိန်းများချမှတ်၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပါဝင်လာရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကိ
ု တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သကဲ့သို့ တစ်ဖက် ကလည်း မိမိနိုင်ငံနှင့်လူမျိုး၏ အကျိုးစီးပွားမထိခိုက်စေရေးနှင့်သဘာဝ ပတ်ဝန်းကျင်မထိခိုက်ရေး ရပ်တည် စောင့်ထိန်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက်   ရေရှည်စီမံချက်အနေဖြင့် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ထုတ်ယူသုံးစွဲ၍ မကုန်သော   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သည့် လေစွမ်းအင်၊ နေစွမ်းအင်၊ ဇီဝနှင့်စွန့်ပစ်ပစ္စည်း လောင်စာတို့မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည့် နေရာများကို ရှာဖွေကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်းဖြင့် အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက သြဂုတ် ၈ ရက် ညနေ ၆ နာရီခွဲက နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသော လျှပ်စစ်စွမ်းအားဦးစီးဌာနနှင့် တရုတ်နိုင်ငံ ChinaThree Gorges Corporation တို့အကြား ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနား၌ ဆွေးနွေး ပြောကြားခဲ့သည်။
 

Pepsi ပြန်လာပြီ

ကမ္ဘာကျော်Pepsi ကုမ္ပဏီကထုတ်လုပ်တဲ့  အချိုရည်တွေကို ပြည်တွင်းအခြေစိုက် Diamond Star ကုမ္ပဏီကနေတာဝန်ယူပြီး မကြာခင်ဖြန့်ချီတော့မယ်လို့ Pepsi Cola ကုမ္ပဏီက ဒီကနေ့ကြေညာလိုက်ပါတယ်။

Pepsi Cola , 7 up နဲ့ Mirinda အချိုရည်တွေကို စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာကိုကိုကြီးပိုင်ဆိုင်တဲ့ Diamond Starကုမ္ပဏီက မြန်မာပြည်တွင်းတင်သွင်းရောင်းချခွင့် တဦးတည်းကိုယ်စားလှယ်အဖြစ်ရရှိတာဖြစ်ပါတယ်။
လက်တလောမှာတော့ Pepsi အချိုရည်တွေကို ပြည်ပကတင်သွင်းရောင်းချမှာဖြစ်ပြီး
နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာထုတ်လုပ်သွားဖို့ စဉ်းစားနေတယ်လို့  Pepsi ကုမ္ပဏီကပြောပါတယ်.

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး အပြောင်းအလဲ လုပ်မည်


ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေး လုပ်နေသော မြန်မာနိုင်ငံ၏ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးများကို အပြောင်းအလဲလုပ်ရန် အစီစဉ်ရှိကြောင်း နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးကျော်ဆန်း၏ ရာထူးတွင် လက်ရှိ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား တာဝန်ပေးရန် ရာထားကြောင်း ၄င်းတို့၏ ပြောဆိုချက်အရ သိရသည်။