Tuesday, 26 June 2012

တစ်ယောက်တစ်ဝက်ခွဲပေးတာတောင် မကျေနပ်တဲ့ဒေါ်စုကြည် တရားရုံးမှာ အယူခံဝင်မည်ဆိုပါလား



 


ဗိုလ်ချုပ်အောင်ဆန်းရဲ့ရင်သွေးနှစ်ဦးဖြစ်ကြတဲ့ဦးအောင်ဆန်းဦးနဲ့ဒ်ါအောင်ဆန်းစုကြည်တို့နှစ်ဦး အမွေဆိုင် အိမ်ကိစ္စနဲ့အငြင်းပွားနေတာအချိန်တော်တော်ကြာခဲ့ပါပြီ။ ခုခါမှာတော့ တရားရုံးကနေ မောင်နှမနှစ်ဦးအညီ အမျှခွဲဝေယူကြဖို့အတည်ပြုမိန့်ချမှတ်ပေးခဲ့ပါတယ်။ကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်ေ အာင်ဆန်းမှာအောင်ဆန်းဦး၊ အာင်ဆန်းလင်း ၊အောင်ဆန်းစုကြည်ဆိုပြီး သားသမီး(၃)ဦး ထွန်းကားခဲ့ ပါတယ်။အောင်ဆန်းလင်းဟာ ငယ်ငယ်က ထဲက ရေနစ်သေဆုံးခဲ့တာမို့ေ အာင်ဆန်းဦးနဲ့ေ အာင်ဆန်းစုကြ ည်နှစ်ယောက်ပဲကျန်ရစ်ခဲ့ပါတယ်။ဒီကြားထဲမှာမိခင်ကြီးဒေါ်ခင်ကြည်သေဆုံးသွားတဲ့အခါကျတော့  မောင်နှမနှ စ်ယောက်ပဲကျန်ပါတော့တယ်။မောင်နှမ နှစ်ယောက်က ချစ်ချစ်ခင်ခင်ရှိနေကြရမယ့်အစား တစ်ယောက်ကို တစ်ယောက်အမွေကိစ္စနဲ့ရုံးရောက်ဂတ်ရောက်ဖြစ် ကြတော့လူကြားလို့လည်း မကောင်းပါဘူး။ အကြီးဖြစ် တဲ့အောင်ဆန်းဦးကလဲ သူ့ညီမဖြစ်သူေ အာင်ဆန်း စုကြည် အင်္ဂလိပ်လူမျိုးမိုက်ကယ်အဲရစ်နဲ့ ယူလိုက်လို့ စိတ်အနာကျည်းနာနေခဲ့တာကြပါပြီ။ အင်္ဂလိပ်ဆိုတာက ဗမာပြည်ကိုလဲ ကျွန်ပြုခဲ့တယ်။ ဖခင်သေဆုံးခဲ့ ရတာလဲ အင်္ဂလိပ်တွေ မြှောက်ထိုးပင့်ေ က်ာလုပ်ပေးလို့ ဂဠုန်ဦးစောလက်ချက်နဲ့သေခဲ့ ရတယ်။ ဒီကြားထဲမှာ ညီမဖြစ်သူက အင်္ဂလိပ်ကို မှ ရွေးချယ်ခဲ့ တယ်ဆိုတော့ စိတ်အနာကြီးနာတာပေါ့။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကကြည့်တော့လည်း အစ်ကိုတစ်ယောက်လုံးရှိနေရက်သားနဲ့သူ့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု တွေမှာထောက်ခံအားပေးဖော်မရဘူး။ မားမားမတ်မတ်ရပ်တည်မပေးဘူးဆိုတဲ့အမြင်နဲ့ အစ်ကို အပေါ်မှာ အစ်ကိုရယ် လို့ မသတ်မှတ်နိုင်တော့ပါဘူး။ ဒီကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကြီးပြင်းခဲ့ရတဲ့လူမှုပတ်ဝန်းကျင်ဆိုတာ သံယော ဇဉ် တရားခေါင်းပါးတဲ့ အနောက်နိုင်ငံတွေမှာ ကြီးပြင်း ခဲ့ရသူမို့ အစ်ကိုကြီး အဖအရာသဘောမျိုးမထားနိုင်ခဲ့ပါဘူး။ သူတို့မောင်နှမရဲ့ အဖြစ်အပျက်တွေကို ကြားမြင်နေရတဲ့ မြန်မာပြည်သူအပေါင်းကတော့ စိတ်မချမ်းသာကြပါဘူး။
အစ်ကိုအပေါ်မှာတောင်အနစ်နာခံမဆက်ဆံတတ်တဲ့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်သူလူထု အပေါ်မှာ ကော အမှန်တကယ်ချစ်နိုင်ပါ့မလား။ ဒီမိုကရေစီကိုမြတ်နိုးတန်ဖိုးထားပါတယ် ဆိုတဲ့ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အစ်ကိုအပေါ်မှာကော တရားမျှတ ဆက်ဆံရဲ့လား။ မျှတခြင်း၊ ညီမျှခြင်းဆိုတာတွေ ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ ပါပဲ။ တရားရုံးက ဆုံးဖြတ်လိုက်တဲ့ ညီတူညီမျှအမွေခွဲဝေယူခွင့်ဟာ တကယ်တော့ တရားမျှတပါတယ်။ တရားမျှတမှု မရှိဘူးလို့ ပြောရင်တော့ ဒါဟာတစ်ဖက်သတ် ဘက်လိုက်တဲ့ စကားပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်က တရား ရုံးရဲ့ ဆုံးဖြတ်မှုကို စောဒက တက်မယ်လို့ ပြင်ဆင်နေပါတယ်။ ဒါဟာ အစ်ကိုရင်းတစ်ယောက်အပေါ်မှာထားတဲ့ညီမ တစ်ယောက်ရဲ့စိ တ်ဓာတ်ကို ထင်ရှားစွာပြလိုက်တာပါပဲ။
အယူခံဝင်တယ်ဆိုတာ တရားရုံးကို မကျေနပ်သလို အစ်ကိုအပေါ်မှာလဲ အမွေခွဲဝေမပေးချင်တဲ့ ဆန္ဒပါပဲ။ တကယ်ဆို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ညှိုးညွှန်ရာရေဖြစ်နေတဲ့ဒီကနေ့လိုအချိန်ကာလမှာ အိမ်တစ်လုံးမပြောနဲ့ အလုံး (၁၀၀၀)လောက်တောင် ၀ယ်ယူနေထိုင်နိုင်တဲ့ အနေအထားပါ။ အစ်ကိုဖြစ်သူ ခမျာ ဗမာပီပီဗမာမကိုယူထားတော့ ငွေကြေးနဲ့ ထင်ပေါ်ကြော်ကြားမှုမှာ ညီမဖြစ်သူကို မယှဉ်နိုင်ပါဘူး။ တကယ်တန်းသာ အစ်ကိုအပေါ်မှာစေတနာ၊ မေတ္တာထားရှိမယ်ဆိုရင် ဒီလိုမျိုးပြဿနာကြီးထွားလာစရာ အကြောင်းမရှိပါဘူး။ အစ်ကိုတစ်ယောက်အနေနဲ့ ညီမ အပေါ်မှာ ဒေါသအလျှောက် ပြောမိ ဆိုမိတာမျိုးရှိခဲ့မှာပါ။ ဒါတွေဟာလဲ ကုလားဖြူကိုလင်တော်ခဲ့လို့ ရှက်တဲ့စိတ်နဲ့ ပြောခဲ့တာမျိုးဖြစ်မှာပါ။ ဘယ်သူမပြု မိမိမှုဆိုတဲ့ ဗမာစကားလိုပါပဲ။ သေချာတွက်ကြည့်ရင် အင်္ဂလိပ်ကို လင်လုပ်ခဲ့ တာကိုက ငါမှားပါလားဆိုတဲ့ အသိမျိုးရှိထားရင် အစ်ကိုဖြစ်တဲ့ဦးအောင်ဆန်းဦး အပေါ်မှာေ ဒ်ါအောင်ဆန်း စုကြည် မေတ္တာထားနိုင်ရမှာပေါ့။
အခုတော့ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးအပေါ်မှာ ကတိတွေပေးေ နတာရှိပါ တယ်။ ပြည်သူ တွေကကျွန်မကိုခိုင်းပါ။ ပြည်သူတွေအတွက် ကျွန်မလုပ်ပေးပါမယ်ဆိုတဲ့ကတိစကားတွေ ဟာ ဟုတ်နိုင်ပါ့မလားဆိုတဲ့ သံသယ၀င်နေမိပါတယ်။ ကမ္ဘာအရပ်ရပ်က ထောက်ခံမှုတွေရလာအောင်၊ နာမည်ကြီးလာအောင်လုပ်ပြနေတာလားဆိုတဲ့အတွေးတွေလည်း ၀င်နေမိပါတယ်။ စေ့စေ့တွေးကြည့် ရင်တော့ ဒေါ်အောင်ဆန်းစုအနေနဲ့ ကိုယ့်ရဲ့တအူတုံ့ဆင်း မောင်နှမအရင်းအပေါ်မှာတောင် အနစ်နာ ခံချင်တဲ့စိတ်မရှိဘူးဆိုတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအပေါ်မှာကောအနစ်နာခံနိုင်ပါ့မလားဟူသောေ မးခွန်းကို သဏ္ဍာန်သရုပ်နဲ့ ဟန်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေးလိုက်ချင်ပါတယ်။   ။
မျိုးအောင်သန့်


Monday, 25 June 2012

ဘားမားစုကြည်၏ သဘောထားအမှန် ပြည်သူသိစေရန်



          အမေစုရဲ့နိုင်ငံတကာမှာပြောတဲ့ မိန့်ခွန်းလေးတွေကို လိုက်ပြီးတော့ နားထောင်ကြည့်မိရင်း အမေစု ရဲ့ သဘောထားတွေကို သဘောပေါက်လာသလိုပါပဲ။ ကိုလိုနီ သူများလက်အောက်ဘ၀က ခေါ်ခဲ့တဲ့ Burma ဆိုတာကြီးကို Myanmar လို့ အဓိပါယ်ရှိရှိ ပြောင်းလဲခေါ်ဆောင်ခဲ့တာ လွတ်လပ်ရေးရပြီး ကတည်းကပါပဲ။ ဒါပေမဲ့ဗျာ ဒေါ်အောင်ဆန်းစုကြည်က သူ့ယောက်ကျား မိုက်ကယ်အဲရစ်ကို သတိရ လို့လား ဒါမှမဟုတ် ကုလားဖြူတွေကိုပဲ ပိုချစ်တာလားတော့မသိဘူး။ Burma ဆိုတဲ့ ကျွန်ခေတ်က အသုံးအနှုန်းချည်းကိုပဲပြန်ပြောနေတာကိုကြားရတော့မျက်စိထဲမှာကိုလိုနီဘ၀ကြီးကို ပြန်မြင်ယောင်  နေမိပါတယ်။ ယခုအချိန်ထိ ကိုလိုနီခေတ်ရဲ့ အမွေဆိုးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပြဿနာ ကိုလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။နယ်စပ်ဒေသတွေမတည်ငြိမ်တာလည်း မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု နောက်ကျရတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့်အမေစုကို အင်္ဂလန်က   နိုင်ငံ့ခေါင်းဆောင် တွေသာ   ပြောခွင့်ရတဲ့ လွှတ်တော် ( ၂ ) ရပ်လုံးမှာ မိန့်ခွန်းပြောခွင့်ပေးပြီး မြှောက်စားတာက နောက် တစ်ကြိမ် ကိုလိုနီဘ၀ကို ပြန်လည်သွတ်သွင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ထင်ရှားပေါ်လွင်စေတယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။
          အမေစုရဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် စီးပွားရေး ဖိုရမ်မှာ ပြောခဲ့တဲ့ ဘားမားမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိပါဘူး။ အလုပ်သမား အရေးတောင်းဆိုမှုတွေလည်း ဖြစ်နေတော့ အချိန်ကိုက် ပေါက်ကွဲ တော့မဲ့ ဗုံးတစ်လုံး လိုပါပဲ။ အစိုးရ အနေနဲ့လည်း အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်တယ် ပြောပြီး အာဆီယံနိုင်ငံတွေ အကြား ရင်းနှီးမြှုတ်နှံမှုတွေ ၀င်ရောက်မလာအောင် ဟန့်တားခဲ့ပါတယ်။

Sunday, 24 June 2012

ဒေါ်အောင်ဆန်းစုကြည် ဘာလူမျိုးလဲ… ?


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ အနောက်နိုင်ငံက အမျိုးတွေဆီ အလည်သွားရင်း ပျော်ရွှင်မြူးထူးနေကြောင်း သတင်းတွေမှာ ဖတ်နေရပါတယ်။ ဒီလို မြန်မာနိုင်ငံသားတစ်ယောက်ကို အနောက်နိုင်ငံတွေက ဖက်လှဲတစ်ကင်းကြိုဆိုနေတာကို တွေ့တော့ကျွန်တော်တို့ အမေစုအတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့်ဗျာ အမေစုရဲ့ ဥရောပ ခရီးစဉ်တွေမှာ ပြောတဲ့စကားတွေကို နားထောင်ကြည့်မိတော့ အမေစုက အနောက်နိုင်ငံသူကြီး လုံးလုံးလို့တောင် ထင်မိပါတယ်။
ပြီးခဲ့တဲ့ ဗြိတိန်လွှတ်တော်မှာ မိန့်ခွန်းပြောတော့ အမေစုရဲ့ ဟန်ပန်တွေကို ကြည့်ရတာတကယ့်ကို အားရစရာပါပဲ။ ဒါပေမယ့် နားထောင်နေရင်း ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကို အောင်ဆန်းလို့ သုံးထားတာကို နားထောင်ကြည့်မိတော့ နားထဲကို သံရည်ပူ လောင်းချလိုက်သလိုပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာတစ်မျိုးသားလုံးက ဗိုလ်ချုပ် အောင်ဆန်းဆိုပြီး တွဲသိကြတာပါ။ အနောက်နိုင်ငံအသုံးအနှုန်းအရ ဖခင်ကို နာမည်အတိုင်းပြောပေမယ့် ကမ္ဘာက သိတာ ဗိုလ်ချုပ်အောင်ဆန်းလို့ပဲ သိထားကြတာပါ။ ခုလိုပြောလိုက်တော့ ဘယ်လိုပဲ အနောက်တိုင်းဆန်နေပါစေ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကျင့်ဝတ်နဲ့ သိက္ခာကို မလိုက်နာဘူးလို့ ခံစားလိုက်ရပါတယ်။

Saturday, 23 June 2012

ငါတို့က မြန်မာ . . . . အမေစုက ဘားမား


 ရှေးပဝေသနီကတည်းက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနဲ့ ထည်ဝါခဲ့တဲ့ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်စိုးလိုက်ကတည်းက ဘာသာ၊ သာသနာ မတိမ်ကောအောင်၊ လူမျိုး မတိမ်ကောအောင် အမျိုးသားရေးအသိနဲ့ ၀ိုင်းဝန်းထိမ်းသိမ်းခဲ့တဲ့ မျိုးချစ်ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလူမျိုးတွေကို အားမနာဘဲ အခုဒီမိုကရေစီနိုင်ငံတော်သစ်ကို ဦးတည်ဖို့ခြေလှမ်းပြင်နေတဲ့အထဲက လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က ဖောက်ထွက်ပြီး ဥရောပတစ်လွှားမှာ မြန်မာကို ဘားမားဟေ့ လို့ လိုက်အော် နေတာကိုကြားရတော့ စကားလုံးလေးတစ်လုံးနဲ့ လူမျိုးပျောက်အောင် လုပ်ဆောင်နေပါလားလို့ သံသယတွေ ၀င်မိပါတယ်။
လွှတ်တော်အမတ်လုပ်ပြီး ကိုယ့်လူမျိုး ကိုယ့်ဘာသာကို နားမလည်ဘဲနဲ့ စကားပြောတိုင်း ဘားမား ဘားမားနဲ့ မဲမှား ပေးခဲ့သလားမှတ်ရအောင် စကားလေးတစ်လုံးကိုကအစ မှားနေတော့ ဘယ်လူမျိုးတွေ ကောင်းစားဖို့အတွက် လွှတ်တော်ထဲကို ၀င်ခဲ့တာလဲ။ မြန်မာနိုင်ငံအတွက်လား . . . ဘားမားအတွက်လား   ဥရောပတလွှားလှည့်ပြီး ဘေးကသတင်းထောက်တွေ ပြောနေတဲ့ မြန်မာ ဆိုတာကိုဆန့်ကျင်ပြီးတော့ ဘားမား လုပ်နေလိုက်တာ။ မြန်မာနိုင်ငံက အစဉ်အဆက် သုံးစွဲခဲ့တဲ့ မြန်မာ ဆိုတာကို ဘားမားလို့ အင်္ဂလိပ်သံယောင်လိုက်ပြောနေတာတွေက ကမ္ဘာ့နိုင်ငံတွေအလယ်မှာ ရှက်စရာ . . . အမေစု ဥရောပမှာ ပြောနေတာတွေကို တိုက်ရိုက်ကြည့်လိုက်ရပါတယ် . . ပြီးတော့ ဘားမား ဘားမားနဲ့ပြောနေတော့ စင်ပေါ်မှာ အရှက်ရစရာ မြန်မြန်ပြန်ဆင်းလာပါစေလို့ပဲ ဆုတောင်းနေမိပါတယ်။
ဘယ်သိမလဲ . . . အမေစုရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ပြည်ပမှာနေလာပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာပြန်တော့လည်း အကျဉ်းစံဘ၀နဲ့။ ဒါကိုတောင် မြန်မာအကြောင်းမသိဘဲနဲ့ လွှတ်တော်ထဲ ၀င်ရဲတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်။ နားလည်အောင်လည်းဖတ်မကြည့်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပထမဆုံးစာမျက်နှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုတာကိုတောင် ဖတ်ကြည့်ဖူးရဲ့လား မသိဘူး။ မဲတစ်ပြားက အမေစုအတွက် ဖြစ်ပေမဲ့ အမေစု ကဘားမားပဲ လုပ်နေတော့ အရမ်း စိတ်ပျက်မိပါတယ်။ နိုင်ငံရေးအသိုင်းအ၀ိုင်းက အတူတူဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းဖို့ ကြိုးစား နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရော တခြားနိုင်ငံရေးပါတီတွေ၊ လုပ်ဖော်ကိုင်ဖက် ပါတီဝင်တွေ အကုန်လုံးက မြန်မာ လို့ ခေါ်ဝေါ်သုံးစွဲနေတဲ့အချိန်မှာ အမေစုက ဥရောပမှာ အင်္ဂလိပ်အသံထွက်နဲ့ ဘာမား လို့ ပြောဆိုနေတာတွေက တစ်နိုင်ငံလုံးကို အရင်ကသူ့ကျွန်ဘ၀ကို ပြန်ပြီးရောက်နေရသလို အလိုလို ခံစားလာရပါတယ်။
အမေစုပြောနေတဲ့ အသံထွက်တွေက ကျွန်တော်တို့ခံယူချက်တွေနဲ့ လားလားမှ မကိုက်ညီပါဘူး။ အမေစုရဲ့ ဘားမားအသံထွက် တစ်ချက်တိုင်းဟာတော့ ကျွန်တော်တို့ရဲ့ မျက်ရည်တစ်စက်လို ၀မ်းနည်းရပါတယ်။ လွှတ်တော်အမတ်တစ်ယောက်ဖြစ်ရက်နဲ့ ပြောထွက်လိုက်တာ။ တစ်နိုင်ငံလုံး အောက်ကျ နောက်ကျဖြစ်ရတယ်။ ဥရောပက မြန်မာနိုင်ငံ ဆိုတာမရှိဘူး။ ဘားမား နိုင်ငံပါလို့ အထင်မှား ရောက်အောင်များ လုပ်ကြံပြောနေတာလား အမေစုရယ်။ အနောက်နိုင်ငံတွေကို အမွှမ်းတင်ပြီး ကိုယ့်နိုင်ငံ ကိုကိုယ် မြှင့်တင်ဖို့မကြိုးစားဘဲ မြန်မာကို ဘားမားလို့ နှိမ့်ချနေတဲ့ အမေစုရဲ့အပြောတွေက အရင် စည်းရုံးရေးဆင်းတုန်းက လေသံတွေနဲ့ တခြားစီလို့ထင်မိပါတယ်။
အမေစုရေ . . . အမေစုသိအောင်တော့ အမေစုပြောတဲ့ ဘားမားအကြောင်းကို အချိန်မှီ သတိထားနိုင်အောင် အမေစုရဲ့ အမြဲတမ်းပြောတတ်တဲ့ အမှန်ကို အမှန်အတိုင်းပြောရဲရမယ်ဆိုတဲ့ စိတ်ဓာတ်ကလေးက၀င်လာလို့ သတိပေးလိုက်ပါတယ် . . အမေစုပြန်လာရင်တော့ လေဆိပ်က စောင့်ကြိုပြီး အမေစုရေ မြန်မာပြည်ကို ပြန်လာတာလား . . ဘားမားပြည်ကို ပြန်လာတာလားမေးပြီး ဘားမားဆီကို ပြန်လာတာဆိုရင်တော့ အမေစုလာတဲ့လေယျာဉ်နဲ့ ပြန်တင်ပေးဖို့ ကျွန်တော်တို့ လေဆိပ်က စောင့်ကြိုနေပါ့မယ် . . . .။

ကိုရင်လေး

Thursday, 21 June 2012

ကြီးမှ ၀က်သက်ပေါက်သူများ


လူတစ်ဦး တစ်ယောက်ရဲ့ စန်း၊ လာဘ် ဆိုတာ အလွန်ခန့်မှန်းရခက်တဲ့ မမြင်နိုင်လောက် အောင်ကို ကြီးမားတဲ့ စွမ်းအင်တစ်ခု ဖြစ်ကြောင်း ကို အခု ကျွန်တော်တို့ မျက်မှောက်မှာ တွေ့မြင် ကြရတဲ့အခါ မယုံကြည် နိုင်လောက်အောင်ပဲ မနာလိုဖြစ်မိပါတယ်။ ကျွန်တော်တို့ အချစ်တော် အမေစု ကတော့ ဇာတာထက် စန်းက ပိုထက် သူပါ။ မြန်မာပြည်က မျိုးချစ် ခေါင်းဆောင်ကြီးရဲ့ သမီးတစ်ဦးက ရေခြားမြေခြားမှာနေတဲ့ နိုင်ငံခြားသား လူမျိုးကွဲတစ်ယောက်နဲ့ အကြောင်းပါ ပေါင်းဖက်ဖို့ ဆိုတာ ဖြစ်နိုင်ချေ အလွန်တရာ နည်းပါးတဲ့ သဘာဝပါ။ ဒါပေမဲ့ အမေစုလေ။ ဇာတာအတက် စန်းပွင့်ချိန် ကြုံတော့ မြန်မာနိုင်ငံကိုမှ ဗိုလ်ကျဂုတ်သွေးစုပ် လွပ်လပ်ရေး သိမ်းပိုက်ခဲ့တဲ့ နယ်ချဲ့ အင်္ဂလိပ်လူမျိုး နိုင်ငံခြားသားကိုမှ လင်လုပ်ရသဗျ။ လူက မြန်မာပြည်မှာနေပေမဲ့ စန်းပွင့်ချက်က နိုင်ငံခြားတောင် ရောက်တယ်။

Wednesday, 20 June 2012

Burma စုကြည် Shopping ထွက်နေသည်



          ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီကုလားတွေက ရခိုင်လူမျိုးတွေကို အကြမ်းဖက်ပဋိပက္ခတွေ၊ အုပ်စုဖွဲ့ လူသတ်တာတွေ၊ မီးရှို့မှုတွေလုပ်ခဲ့လို့  ရခိုင်ပြည်နယ်ကလူတွေ ဒုက္ခမီးဟုန်းဟုန်းတောက်လောင်ခဲ့ပါပြီ။ အမေစုကတော့ ဒါတွေကို မသိကျိုးကျွံပြုပြီး ဥရောပတလွှား shopping တွေထွက်၊ သူ ကျင်လည်ကျက်စားခဲ့တဲ့ အင်္ဂလန်ပြည်မှာ သားသမီး/မြေးများနဲ့ မွေးနေ့ပွဲတွေ ပျော်ပျော်ပါးပါးကြီး ကျင်းပနေတဲ့ လူထုခေါင်းဆောင် အမည်ခံ မြန်မာနိုင်ငံက ပြည်သူလူထုအရေး၊ တိုင်းရင်းသားအရေး၊ လူမျိုးများအရေးကို စိတ်ဝင်စားသော “ကျွန်မကလည်း ပြည်သူတွေကို ချစ်ပါတယ်” လို့ တဖွဖွပြောတတ်သော အမေစုတစ်ယောက် တကယ့်အရေးကြီးလို့ သွေးနီးရမယ့်အချိန်မှာတော့ နိုင်ငံရပ်ခြားကို ခေါင်းရှောင်ပြီး တစ်ခဏတာ ရောက်နေတာကို တစ်ဘဝစာပစ်ပယ်မယ့် စိတ်ရင်းအမှန်တွေ ပေါ်လာပါတော့တယ်။
နိုင်ငံခြားမှာလည်း ကိုယ့်နိုင်ငံကို နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အချုပ်အခြာ အာဏာပိုင်  “Myanmar”  နိုင်ငံအဖြစ်ကနေ သူ့ကျွန်ဘဝ၊ ကိုလိုနီဘဝက ခေါ်ခံခဲ့ရတဲ့ “Burma” ဆိုတဲ့အသုံးအနှုန်းနဲ့ အမွှမ်းတင် နေခဲ့ပါတယ်။ ကုလားကိုယူထားတဲ့သူဆိုတော့ ကုလားလိုပဲ ခေါ်တာဖြစ်မှာပါ။ ကုလားဖြူကိုပဲယူယူ ကုလားမဲကိုပဲယူယူ အတူတူပါပဲ။ ကိုလိုနီခေတ်က အခေါ်ခံခဲ့ရတာကို အဲဒီအချိန်တုန်းက ကိုယ်က သူ့ကျွန်ဘဝဆိုတော့ ဘာမှပြန်မပြင်နိုင်၊ ပြန်မပြောနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ခုချိန်မှာတော့ မျိုးချစ်စိတ်ရှိတဲ့သူဆိုရင် မြန်မာ တစ်မျိုးသားလုံးက “Burma” ဆိုတဲ့အသုံးအနှုန်းကို အခေါ်မခံ နိုင်တော့ပါဘူး၊ လုံးဝလည်း လက်မခံနိုင်ပါဘူး။ ဒါပေမယ့် အမေစု ကိုယ်တိုင်က “Burma”  လို့သုံးနှုန်းပြီး ပြောနေတာကိုတော့ ကျွန်တော်တို့ နားမလည်နိုင်ပါဘူး။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတောင် ``Myanmar`` လို့ သုံးခဲ့ပါတယ်။

Saturday, 16 June 2012

ရိုဟင်ဂျာပြည်နယ်ရတော့မည်


ဘင်္ဂါလီများ ကိုယ့်အိမ်ကိုယ်မီးရှို့ခြင်းသည် ရခိုင်များမှ မီးရှို့လုပ်ဆောင်ခြင်းဟု ၀ါဒဖြန့် ရန်နှင့် ရိုဟင်ဂျာဒုက္ခသည်အဖြစ် ခံယူရန် အတွက်ပြုလုပ်ခြင်းဖြစ်သည်။ ဘင်္ဂါလီဒုက္ခသည်များ တိုးပွားလာလိမ့်မည်။ကော့ဘဇားဘက်မှ ဒုက္ခသည်များ ထပ်မံဝင်ရောက်လာလိမ့်မည်။ မီးလောင်သွားသည့် ရခိုင်ရွာများအား အလှူရှင်များမှ စုပေါင်း၍ အိုးအိမ်ပြန်လည် ထူထောင်ပေးပြီး ရခိုင်များကို ကိုယ့်နေရာကိုယ်ပြန်ပြီးနေထိုင်စေသင့်သည်။ ထိုသို့မဟုတ်ပါက ဘင်္ဂါလီများက ၎င်းနေရာများကိုသိမ်းပိုက်ပြီး တရားဝင်နေထိုင်ခွင့် ရရှိသွားမည်ဖြစ်သည်။ ဘင်္ဂါလီ  ကုလားဒုက္ခသည်များ အကြောင်းပြကာ နိုင်ငံတကာလူသားချင်းစာနာထောက်ထား သည့် အမည်ခံအဖွဲ့အစည်းများ ၀င်ရောက်လာပါလိမ့်မည်။ အိမ်ရာများ ထူထောင်ပေးပြီး ဘင်္ဂါလီများ တရားဝင် နေထိုင်ခွင့်၊ ဗလီဆောက်လုပ်ခွင့်များ ရရှိတော့မည်။ နိုင်ငံတကာအဖွဲ့အစည်း များ၊ အယ်လ်ကိုင်ဒါများ၊ အစ္စလာမ္မစ်အစွန်းရောက်များသည် ဒုက္ခသည်အကြောင်းပြ၍ မြန်မာနိုင်ငံသို့ ဗီဇာဖြင့်ဝင်ရောက်ပြီး ဘင်္ဂါလီများနှင့် ပူးပေါင်း၍ လှုပ်ရှားမှုများအား တရားဝင်ကဲ့သို့ဆောင်ရွက်ကြလိမ့်မည်။ဒေါ်လာစား ကယ်ဆယ်ရေးဘင်္ဂါလီ ၀န်ထမ်းများပေါ်ပေါက်လာလိမ့်မည်။ ရခိုင်ပြည်နယ်ပျောက်တော့မည်ကို ကြိုမြင်မိသည်။နိုင်ငံတကာအကူအညီပေးမှုများကို အစိုးရနှင့် မိမိနိုင်ငံအတွင်းရှိ အဖွဲ့အစည်းများကသာ ကြားခံဆောင်ရွက်ပေးသင့်သည်။နိုင်ငံခြားသားများ၊ အဖွဲ့အစည်းများ ကိုယ်တိုင်ကွင်းဆင်းလာရောက်ပြီး ထူထောင်ရေးဆောင်ရွက်မှုများကို လက်မခံသင့်ပါ။ ဘင်္ဂါလီရိုဟင်ဂျာအရေးသည် ကမ္ဘာ့အရေးဖြစ်သွားနိုင်သည်။ တိုင်းရင်းသား ပြည်သူပြည်သားများ အမှုမဲ့အမှတ်မဲ့ဖြစ်မည်စိုး၍ သတိဝင်လာစေရေး တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။


ပြည်ထောင်စုသား

Friday, 15 June 2012

အပေါစားခေါင်းဆောင်မှုကိုသာ ပေးတတ်သော ဦးတင်ဦး



ဇွန်လအစောပိုင်းကစပြီး ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကုလားတွေနဲ့ ရခိုင်လူမျိုးတွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတဲက မြိုသိပ်ထားခဲ့ရတဲ့ အငြိုးအတေးတွေ ပေါက်ကွဲပြီး အဓိကရုဏ်းတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ အစိုးရအနေနဲ့လည်း ဒီအရေးအခင်းမှာ  အခြေအနေ၊ အချိန်အခါနှင့်တပြေးညီ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး လိုအပ်သလို ဆောင်ရွက်နေတာပါ။ အဲဒါကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ  ပြည်သူ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်က -
`` အခုလို လူထုတွေ ညမအိပ်၊ နေ့မအိပ်နိုင်တဲ့ အခြေအနေမျိုးတွေဟာ အစိုးရမှာပဲ အများကြီးတာဝန်ရှိကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေမှာလည်း အများကြီးတာဝန်ရှိကြောင်း၊ နောက်ဆိုရင် နယ်စပ်လုံခြုံရေးအတွက် ရခိုင်ပြည်နယ်ကိုလည်း ရခိုင်ပြည်သူပြည်သားတွေလက်ထဲ အပ်သင့်ကြောင်း၊ ရှမ်းပြည်နယ်ကိုလည်း ရှမ်းတိုင်းရင်းသားတွေလက်ထဲ အပ်သင့်ကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်တွေမှာလည်း လုံခြုံရေးကို တိုင်းရင်းသားတွေလက်ထဲအပ်ဖို့လိုကြောင်း၊ မိမိရပ်ကွက်ကျေးရွာ လုံခြုံအောင် ပြည်သူ့စစ်ကို အခိုင်အမာဖွဲ့ဖို့လိုကြောင်း၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်အောင် လုံခြုံရေးစီမံကိန်းတွေကို ခွင့်ပြုဖို့ အစိုးရမှာတာဝန်ရှိကြောင်းနဲ့ အစိုးရကိုလည်း တောင်းဆိုသွားမှာဖြစ်ကြောင်း ``  မီဒီယာတွေကို ပြောကြားခဲ့တယ်လို့သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက၊ တစ်ချိန်တုန်းက ကာချုပ်ဟောင်းလည်း ဖြစ်တဲ့ ဦးတင်ဦး ကလည်း `` ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့်ကိစ္စရပ်များတွင် နယ်စပ်ဒေသ လုံခြုံရေးအတွက် ပြည်ထောင်စုဥပဒေနှင့်အညီ ရခိုင်လူမျိုးများ ကိုယ်တိုင်ပါဝင်စီမံခန့်ခွဲနိုင်သော ပြည်ထောင်စု ရခိုင်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်များ အမှန်ပင်လိုအပ်လျက်ရှိတယ်လို့ `` ပြောဆိုခဲ့ပါတယ်။ ဒါဟာ ကာချုပ်ဟောင်းတစ်ဦးအနေဖြင့် တိုင်းရင်းသားမျိုးနွယ် တစ်ခုချင်းဆီအတွက် အမျိုးသားလုံခြုံရေးတပ်ဖွဲ့တွေ လိုအပ်တယ်ဆိုတဲ့ အမြင်ရှိတာကတော့ တော်တော်လေးကို အံ့သြစရာကောင်းလောက်အောင် ကျဉ်းမြောင်းယုတ်ညံ့တဲ့ အမြင်ပဲဖြစ်ပါတယ်။ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ လောက်တောင် အမျိုးသားရေးအမြင်မရှိတဲ့သူဖြစ်တယ်။ ရိုးရိုးသာမန်ပြည်သူ တစ်ယောက်ဆိုရင်တောင် ဒီလိုပြောမှာ မဟုတ်ပါဘူး၊ အစိုးရအနေဖြင့် နိုင်ငံရဲ့နယ်စပ်တလျှောက် လုံခြုံရေးအတွက် နစက(နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်)ဆိုပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ လုံခြုံရေး အဖွဲ့အစည်းပေါင်းစုံနဲ့ ဖွဲ့စည်းကာ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများအားလုံး လုံခြုံမှုရှိအောင် ဆောင်ရွက်လျှက်ရှိပါတယ်။
ရခိုင်ပြည်နယ်ဟာ တိုင်းရင်းသားလူမျိုးပေါင်း(၁၀၀)ကျော် စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပိုင်နက်နယ်နိမိတ်ထဲက ပြည်နယ်တစ်ခုဖြစ်တာကြောင့် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အရေးအခင်းဟာ ရခိုင်လူမျိုးတစ်ခုတည်းရဲ့ အရေးကိစ္စမဟုတ်ပါဘူး၊ မြန်မာတိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့ အရေးကိစ္စဆိုတာ သာမန်မြန်မာပြည်သားတစ်ယောက်တောင် နားလည်ပါတယ်။
ဒီလိုပဲ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း  စတဲ့ပြည်နယ်တွေပါဝင်တဲ့ နိုင်ငံတော်ရဲ့နယ်နိမိတ်တွေမှာ ပြဿနာဖြစ်ရင် သက်ဆိုင်ရာပြည်နယ်တိုင်းရင်းသားတစ်ခုတည်းရဲ့ အရေးကိစ္စမဟုတ်ဘဲ မြန်မာ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ တာဝန်ဖြစ်ပြီး၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့သက်ဆိုင်တယ်ဆိုတာ နိုင်ငံရေးပါတီတစ်ခုရဲ့ နာယကလည်းဖြစ်၊ ကာချုပ်ဟောင်းလည်းဖြစ်ခဲ့ဘူးတဲ့ ဦးတင်ဦး ဘာလို့မသိရတာလဲ၊ တိုင်းရင်းသား လူမျိုးများစွာ ချစ်ကြည်ရင်းနှီးစွာစုပေါင်းနေထိုင်နေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ပြိုကွဲစေချင်နေပြီလားလို့ မေးလိုက်ချင်ပါတယ်။
         

Thursday, 14 June 2012

ရွှေည၀ါ ဆရာတော်သို့ အပိုင်း(၃)


       ရွှေည၀ါဆရာတော်နဲ့ ပတ်သက်လို့ ရဟန်းရှင်လူ တွေရဲ့ လျှောက်ထားလွှာ တော်တော်များများ မှာတော့ ဆရာတော်ကို ၀ိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ဖို့ တိုက်တွန်းလျှောက်ထား တွေများပါတယ်။ အရင်တုန်းက တော့ စစ်အစိုးရမို့ ဆန့်ကျင် တရားတွေဟောပြောနေတာ မှန်သလိုလိုရှိပေမဲ့ အခုဟာက ဒီမိုကရေစီအစိုးရဆိုတော့ အစိုးရဆန့်ကျင်ရေးတွေ၊ ဒီမိုကရေစီ အရေးတွေ၊  ဟောပြော တာမျိုးတွေဟာ အခြေအနေအချိန် အခါမဟုတ်တော့ဘူး လို့ပဲ ပြောပြချင်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ ကူးပြောင်းနေတဲ့ အစိုးရဖြစ်နေလို့ပါပဲ။
        ဒီလိုအခြေအနေမျိုးမှာ အားပေးကူညီမှုတွေနဲ့ တစ်ဖက်တစ်လမ်းက နိုင်ငံတော်ကို ပံ့ပိုးသင့်တယ်လို့ ရိုးသားစွာပြောချင်ပါတယ်။  ရွှေည၀ါဆရာတော်ရဲ့လှုပ်ရှားမှုတွေထဲမှာ အကျည်းတန်ဆုံး အဖြစ်အပျက်တစ်ခုကိုပြောချင် ပါတယ်။ အဲဒါကဘာလဲဆိုတော့ အမေရိကန်သံရုံး ယာယီတာဝန်ခံရဲ့အိမ်မှာပြုလုပ်တဲ့ ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့ ကိစ္စပါပဲ ။ ဒါကျတော့ အရမ်းကို အရုပ်ဆိုးလွန်းလှတယ်လို့ ဗုဒ္ဓဘာသာဝင်ပီပီလျှောက်ထားချင်ပါတယ်။ ညစာစားပွဲနဲ့           ရွှေ ည၀ါဆရာတော် လားလားမှမအပ်စပ်ပါဘူး။ ပြောရယင်တော့ ဘုန်းကြီးနဲ့ဘီးလိုပါပဲ။
        တစ်ခြားစီမှ တကယ့်ကို တစ်ခြားစီပါ။ ဒါကဘာကိုဖော်ပြလိုက်သလဲဆိုရင် သူများတွေပြောပြောနေတဲ့ နိုင်ငံရေးဘုန်းကြီး ..နိုင်ငံရေးဘုန်းကြီး..ဆိုတဲ့ဝိသေသကို အတည်ပြုရာရောက်သွားပါတယ်။ သံရုံးယာယီတာဝန်ခံက အမှန်တကယ်…ရွှေည၀ါဆရာတော်ကို ကိုးကွယ်ယုံကြည်မှုရှိတယ်ဆိုရင်လဲ အရုဏ်ဆွမ်း၊ နေ့ဆွမ်းစားတဲ့အချိန်မျိုးမှာ ကြွရောက်သင့်ပါတယ်။ အန္တရာယ်ကင်း ပရိတ်ရွတ်ပေးတယ်ဆိုရင် လူကြားလို့ကောင်းပါသေးတယ်။ အခုဟာကျတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးက ညစာစားပွဲကိုတက်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းဟာ အမြင်မတော်၊ စင်တော်နဲ့ ခလောက်လို့ပဲ လျှောက်ထားချင်ပါတယ်။
        ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်မယ်ဆိုရင်တော့ မြတ်စွာဘုရားရဲ့တရားတော်နဲ့လဲ ညီညွတ်မယ်။ ဗုဒ္ဓသာသနာလဲ ရောင်ဝါနေလို ထွန်းလင်းနေပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ဘဲ ရဟန်းသံဃာတော်တွေနဲ့ မအပ်စပ်တဲ့ အလုပ်တွေလုပ်နေချင်တယ်ဆိုရင် ရွှေည၀ါဆရာတော် အနေနဲ့ လူပြန်တော် လုပ်တာက ပိုပြီးကောင်းပါလိမ့်မယ်။ လူပြန်တော်ဖြစ်သွားရင်တော့ ဘာပဲလုပ်လုပ်တင့်တယ်သွားပြီ။ ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်တို့ စာရေးမလား။ ဟောပြောမလား။ လုပ်ချင်တဲ့လူမှုရေးအလုပ်တွေလုပ်မလား ဘယ်သူကမှ အပြစ်မြင်လို့ မရတော့ပါဘူး။ ဒီမိုကရေစီခေတ်ထဲမှာ ရာဇ၀တ်  ပြစ်မှုမြောက်တဲ့ကိစ္စမျိုးကလွှဲရင် အရေးယူ၊ထောင်ချလို့ မရနိုင်တော့ပါဘူး။ ဒါကြောင့် ရွှေည၀ါဆရာတော်ကို လျှောက်ထား အကြံပြုချင်တာက လူထွက်ရင်ထွက်၊ လူမထွက်နိုင်သေးဘူးဆိုရင်တော့ လူတွေလုပ်ရမဲ့ အလုပ်တွေ မလုပ်ပါနဲ့လို့ စေတနာရှေ့ထား လျှောက်ကြားလိုက်ပါတယ်။