Thursday, 7 June 2012
မပြောမဖြစ်လို့ပြောရအုန်းမယ်
     ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ရခိုင်ပြည်နယ်တွင် မွတ်စလင်ကုလားများမှ ရခိုင် အမျိုးသမီးငယ် ၁ ဦး အားရက်စက်စွာအဓမ္မကျင့်သတ်ဖြတ်လုယက်မှုအားအစပြု၍ လူမျိုးစုပဋိပက္ခဆန်စွာလူအုပ်စုဖြင့် သတ်ဖြတ် မှုများအားဝမ်းနည်းစွာကြားသိခဲ့ရပါသည်။အဲဒီပဋိပက္ခများကိုအခြေခံ၍ရန်ကုန်မြို့တွင် မွတ်စလင်ကုလားများ သည် ဆူးလေဘုရားအနီးရှိ ဗလီတစ်ခုတွင် စုရုံးဆန္ဒပြမှုများဖြစ်ခဲ့သည်ကို မနေ့က ထပ်မံကြားသိရပါသည်။ ဒီဖြစ်စဉ်များကို ဆက်စပ်ပြီးတော့ မြန်မာတိုင်းရင်းသားမိဘပြည်သူများအနေဖြင့် ဆင်ခြင်စဉ်းစားသင့်သော အခြေအနေများကွက်ကွက်ကွင်းကွင်းပေါ်ပေါက်လာပါသည်။မိဘပြည်သူများ၏အကျိုးစီးပွားကို ဆောင်ရွက်  
ဖော်ဆောင်ရန် လိုက်ပြီးစည်းရုံးနေတဲ့ ၈၈ကျောင်းသားအဖွဲ့နှင့် ပွင့်လင်းအဖွဲ့အမည်ခံတွေဟာ ရခိုင်သူမလေးကို ရက်ရက်စက်စက် အဓမ္မကျင့်သတ်ဖြတ် ခံရတုန်းကတော့ မသိချင်ယောင်ဆောင်နေပြီး ဖာသိဖာသာ နေနေကြတယ်။ အခုတော့ သူတို့အမျိုးမွတ်စလင်ကုလားတွေ အသတ်ခံရမှ ၈၈ ကျောင်းသားအဖွဲ့ရဲ့ ကြေညာချက်တွေထွက်လာပြီးထောင်ချောက်ထဲမဝင်ဖို့ဆိုပြီး အသံကောင်းဟစ်နေကြတယ်။ ဒီကြေညာချက် ဟာ ၈၈ကျောင်းသားအဖွဲ့ဝင် မွတ်စလင်ကုလားမြအေးရဲ့လိုလားချက်ကို ကုလားနောက်လိုက် ကလေကချေ မင်းကိုနိုင်နဲ့အဖွဲ့ဝင်တွေက ထုတ်ပြန်ခဲ့ကြတာပါ။ ဒါကြောင့် အရင်ကတည်းက ၈၈ ကျောင်းသားအဖွဲ့ဟာ ကုလားလူမျိုးရေးလုပ်မှာလား၊ မြန်မာနိုင်ငံရေးလုပ်မှာလားလို့ ဖော်ပြခဲ့ကြတာကို သတိမမူခဲ့မိပါဘူး။ ၈၈ ကျောင်းသားအဖွဲ့ထဲက မွတ်စလင်ကုလားမြအေးဟာ သူ့လူမျိုးအတွက် ကြောင်လက်သည်း ဝှက်သလို နေနေတာက အခုတော့ ဘူးပေါ်သလို ပေါ်လာပါပြီ။ ဆူးလေကဆန္ဒပြမွတ်စလင်ကုလားတွေကို အခြေ အနေထိန်းသိမ်း သလိုနဲ့ မွတ်စလင်ကုလားလူမျိုးအရေးကို လှုံ့ဆော်တောင်းဆိုသွားတာ သိသာပါတယ်။ ဒါဟာလည်း မွတ်စလင်ကုလားတွေရဲ့ အထောက်အပံ့နဲ့ ၈၈ အဖွဲ့ထဲမှာ ဒိုင်လျှိုနေတဲ့ ကုလား မြအေးနဲ့ မွတ်စလင်ကုလားကြီးတွေရဲ့ ကြိုတင်စည်းဝါးရိုက်ပြီး ချိတ်ဆက်ဆောင်ရွက်ထားမှုဘဲဖြစ်ပါတယ်။ ဆူးလေ မှာ မွတ်စလင်ကုလားတွေကိုဆန္ဒပြခိုင်းပြီး မွတ်စလင်ကုလားလူမျိုးရေးအတွက် ထောင်ချောက်ဆင်နေတာ က ၈၈ ကျောင်းသားအဖွဲ့ဝင် မွတ်စလင် ကုလားမြအေးဘဲ ဖြစ်ပါတယ်။ ပြီးရင် ဆန္ဒပြ ကုလားတွေရဲ့ တောင်းဆိုချက်ဆိုပြီး သူလိုချင်တာတွေကို နိုင်ငံတော်အစိုးရထံမှာ အကြပ်ကိုင်တောင်းဆိုလာမှာပါ။ မြန်မာ တိုင်းရင်းသား မိဘပြည်သူများအနေနဲ့ ဒီအမျိုးမစစ်၊ အမျိုးမမှန်တဲ့ကုလားမြအေးကြောင့် ကျွန်တော် ယုံကြည်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကို ဘယ်လိုယုံကြည်မှုမျိုးတွေနဲ့ အားကိုးရတော့မှာလဲ။ ၈၈ ကျောင်းသား အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို သိသင့်ပါပြီ။ ကျွန်တော်တို့အိမ်နီးချင်း ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ယိုးဒယားမွတ်စလင်၊ ဗီယက်နမ်မွတ်စလင်၊ ကမ္ဘောဒီးယားမွတ်စလင်၊ လာအိုမွတ်စလင် ဆိုတာတွေ မရှိ ပါဘူး။ ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲမြန်မာမွတ်စလင်ဆိုတာမရှိပါဘူး။ ဒါကိုမြအေးက မရှိကိုအရှိ လုပ်ပြီးတော့ ပုံကြီးချဲ့ပြီး လူမျိုးရေးလှုံ့ဆော်မှုလုပ်တယ် ဆိုတာ ထင်ရှားပါတယ်။ ၈၈ ကျောင်းသား အဖွဲ့ဝင်တွေသာမြန်မာတိုင်းရင်းသားများ အရေးကို တကယ်တမ်းဆောင်ရွက်တယ်ဆိုရင်၊ လူကြီးလူကောင်းပီသတယ် ဆိုရင် ဗုဒ္ဓဘာသာ ရခိုင်မလေးကို မွတ်စလင်ကုလားတွေက ရက်စက်ယုတ်မာစွာနဲ့ မုဒိန်းကျင့်၊ လည်လှီးသတ်ကတည်းက အကြီးအကျယ် ကန့်ကွက်ရမှာပါ။ အခုမှမွတ်စလင်ကုလားမြအေးက မွတ်စလင် သွေးဆူပြီး မွတ်စလင်ကုလားတွေနဲ့ အင်အားပြလာတာပါ။ မြန်မာနိုင်ငံမှာနေပြီး မြန်မာနိုင်ငံသားလို့ မခံယူဘဲ မြန်မာ တိုင်းရင်းသားတွေကို သတ်ဖို့ မွတ်စလင်ကုလားတွေနဲ့ အင်အားပြပြီးလှုံ့ဆော်နေမဲ့ ကုလားမြအေးနဲ့ ကုလား နောက်လိုက် မင်းကိုနိုင်တို့ကိုလည်း ၈၈ ကျောင်းသားအဖွဲ့က လက်မခံသင့်တော့ပါဘူး။ ကုလားတွေ ကြီးစိုး တဲ့ ၈၈ မျိုးဆက်အဖြစ်လဲ မမြင်လိုတော့ပါဘူး။ ကျွန်တော်တို့အားလုံး အမျိုး၊ ဘာသာ၊ သာသနာအတွက် ဆင်ခြင်တုံတရားရှိဘို့ အချိန်တန်ပြီလို့ ပြောပါရစေ။
Wednesday, 6 June 2012
ဆရာတော် ၀ီရသူသို့ အိတ်ဖွင့်ပေးစာ
ရန်ကုန်  ဇွန် ၆
          အခုလဲပြောရမယ်ဆိုရင် ၀ီရသူရဲ့ရေးသားချက်တွေနဲ့ပတ်သက်လို့ တော်တော်ကြောက်စရာကောင်းတဲ့           အရေးအသား ဖတ်မိပါတယ်။ မူရင်းရေးသားချက်ကိုကြည့်ပါ..“ မဟနအဖွဲ့အတွင်းမှာပင် ရဟန်းသီလလုံးဝ ပျက်စီး နေသော မဟာယန အချိုးချိုးနေသောထေရ်ကြီးဝါကြီးများပါဝင်နေပေသည်။ ရွေးချယ်ရာ၌ ကိုယ်ကျင့်သိက္ခာကို အဓိကထား၍ မရွေးချယ်ခြင်း၊ ဆိုင်ရာဆိုင်ရာ နီးစပ်ရာကို ရွေးကောက်တင်မြှောက်ခြင်းတို့ကြောင့် ပါရာဇိကချိုး (ဂျိုး) များပါဝင်နေခြင်းဖြစ်ပေသည်..“ ဒါက ၀ီရသူရဲ့ရေးသားချက်ထဲက အနည်းငယ်လေးကောက်နုတ်ဖော်ပြလိုက်တာပါ။
          စာမျက်နှာပေါင်း(၂၂)မျက်နှာပါပါတယ်။ ၀ီရသူအနေနဲ့ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ ဆိုတဲ့အဆုံးအမ မျိုး၊ သူ့အပြစ်သူခံလိမ့်မယ်၊ ကိုယ်ပါရောမခံနဲ့ဆိုတဲ့ အဆုံးအမမျိုးတွေ သိရက်သားနဲ့ လျစ်လျူရှုထားတာလား။ ဒါမှမဟုတ် ထင်ပေါ်ကျော်ကြားလိုတဲ့စိတ်နဲ့ အရာရာကို မကောင်းမြင်နေတာလား။ လောကမှာ လုံးဝကဲ့ရဲ့အပ်တဲ့သူ၊ လုံးဝချီးမွမ်းထိုက်တဲ့သူ မရှိဖူးလို့ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားပြီးသားပါ။ မကောင်းတဲ့စိတ်နဲ့ မကောင်း တာတွေ လျှောက်ကြည့်နေမယ်ဆိုရင် မကောင်းတာပဲ မြင်နေရမှာပါ။
          အရင်စစ်အစိုးရတုန်းက စစ်အစိုးရမို့လို့ တိုက်ခိုက်ဟောပြောတာ အပြစ်မပြောချင်ပါဘူး။ ဒီကနေ့ခေတ်မှာတော့ အစိုးရပိုင်းအနေနဲ့ ဒီမိုကရေစီအစိုးရဖြစ်နေပါပြီ။ ပြည်သူတွေ လိုအပ်တာတွေ ပြောဖို့အတွက် ပြည်သူ့ကိုယ်စားလှယ် တွေကိုလဲ ရွေးကောက်ထားပြီးပါပြီ။ အလုပ်လဲ လုပ်နေကြပါပြီ။ ဗိုလ်ချုပ်သမီးကိုယ်တိုင် ပြည်သူ့ကိုယ်စားလှယ် အဖြစ် မားမားမတ်မတ်ရပ်တည်နေပါပြီ။ ပြောချင်တာက လူတွေအလုပ် လူတွေလုပ်ပါလိမ့်မယ်။ ဆရာတော့် အနေနဲ့ သာသနာရေးကိစ္စရပ်တွေပဲ လုပ်ခြင်းဖြင့် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားအောင်လုပ်စေချင်ပါတယ်။
          အခု လေ့လာမိသလောက်တော့ ၀ီရသူဘုန်းကြီးအနေနဲ့ အစိုးရကိုလဲ မကောင်းပြောနေတယ်။ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဆိုလဲ ရစရာမရှိအောင်ပြောနေတယ်။ ဘုန်းကြီးအကောင်းမြင်တဲ့အဖွဲ့ ဒါမှမဟုတ် အကောင်းမြင်တဲ့သူ လေးများရှိရင် ပြောပြပါဦးလို့ပဲ မေးလိုက်ချင်ပါတယ်။ ဘုန်းကြီးက လူတွေအပေါ် အပြစ်ဖော်ပြထောက်ပြတာသင့်တော် ပါတယ်။ ဒါပေမယ့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကို ၀ါးလုံးရှည်နဲ့သိမ်းရမ်းလိုက်တာမျိုးကတော့ တကယ့်ကို ကြောက်စရာကောင်းလွန်းလှပါတယ်။ ၀ီရသူဆိုတာ ဗုဒ္ဓဘာသာစစ်စစ်ကောဟုတ်ရဲ့လားလို့သံသယ၀င်နေမိပါတယ်။ 
        သံဃဂုဏော အနန္တောဟု လောဘ၊ ဒေါသ၊ မောဟ ကင်းကွာ၊ တဏှာ၊ကာမ၊ ကိလေသနှင့် ရာဂအမိုက်၊ နှစ်ခြိုက် မပျော်၊ မမွေ့လျော်ဘဲ၊ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းမှန်သည် မြတ်မွန်ထေရ်ကျော် သံဃာတော် လို့ရှေးအစဉ်အဆက်က ဆိုထားပါတယ်။ ၂၂၇ သွယ်သော သိက္ခာပုဒ်တော်ကိုစောင့် ထိန်း လိုက်နာကျင့်ကြံကြတဲ့ သံဃာတော်တို့ရဲ့ ဂုဏ်တော်ဟာအနန္တ ဖြစ်ပါတယ်။ ဒီဂုဏ်တော်တွေနဲ့ ဆရာတော် ၀ီရသူကိုယ်တိုင် လိုက်နာကျင့်ကြံနိုင်ပါရဲ့လား..မိမိကိုယ်မိမိဝေဖန်ဆန်းစစ်ကြည့်စေချင်ပါတယ်။ အနည်းဆုံး လောဘ၊ ဒေါသ၊  မောဟကင်း စေချင်ပါတယ်။ ဒေါသကင်းတဲ့သူဟာ အရာရာကို အကောင်းမြင်နေမှာဖြစ်ပါတယ်။
မနေ့က ၀ီရသူ သဘောထား(၄/၇၄)ဆိုတဲ့ စာကိုလဲ ဖတ်လိုက်ရပါတယ်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာက အသက်(၂၇)နှစ်အရွယ်ရှိတဲ့ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို  မူဆလင်(၃)ယောက်က အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ မီးပွားကနေပြီး မူဆလင်ခရီးသည်(၁၀) ယောက်အသတ်ခံရတဲ့အထိ ဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်နဲ့ပတ်သက်လို့ ဆရာတော်ရဲ့ရေးသားချက်တွေ ကောင်းမွန်ပါတယ်။ ဥပဒေဘောင်အတွင်းက ဖြေရှင်းရမည်ဖြစ်ပါလျက်  လက်တုံ့ပြန်သတ်ဖြတ်ခြင်းသည် နှစ်ဦးနှစ်ဘက် နစ်နာစေနိုင် တယ်ဆိုတဲ့ သဘောထားကလဲ မှန်ကန်တဲ့သဘောထားပါပဲ။
အကြံပြုပြောချင်တာကတော့ တစ်ခြားဘာသာကိုလဲ မပုတ်ခတ်စေချင်ပါဘူး။ ကိုယ့်လူမျိုးအချင်းချင်းကိုလဲ အပြစ်မပြောစေချင်ပါဘူး။ အစိုးရနဲ့ပြည်သူအကြား သံသယဖြစ်စေတဲ့၊ သွေးကွဲစေတဲ့ အတွေးအမြင်များလဲ ထည့်သွင်းမဖော်ပြသင့်ပါဘူး။ လူမျိုးခြားနှင့်ပေါင်းကာ ကိုယ့်လူမျိုးကို ပြန်လည်အနိုင်ကျင့်နေခြင်းတို့ရှိမှသာလျှင် အင်အားသုံးခြင်းကို စဉ်းစား ရမည်ဖြစ်ပါတယ်..ဆိုတာကတော့ ကိုယ့်လူမျိုးကို ကိုယ် အပြစ်ပြောနေသလိုပါပဲ။ လူတိုင်းဟာမျိုးချစ်စိတ်ရှိတဲ့ သူတွေ ချည်းပါပဲ။ အခြေအနေအကြောင်းကြောင်းကို ထောက်ထားပြီး နိုင်ငံတကာနဲ့ ပြေလည်အောင်ဆက်ဆံနေကြ ရတာပဲ ရှိပါတယ်။
အကောင်းဆုံးကတော့ နိုင်ငံရေးကိစ္စတွေမှာ ၀င်မပါဘဲနေတာ အကောင်းဆုံးလို့ မြင်ပါတယ်။ချမ်းမြေ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖြစ်စေချင်ပါတယ်။ တစ်ဦးကိုတစ်ဦး ရန်လိုမှု၊ ရန်ညှိုး ထားမှုတွေဟာ ဗုဒ္ဓဘာသာမဟုတ်ဖူးလို့ပဲ လျှောက်ထားချင်ပါတယ်။ အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ကိုယ့်အလုပ်ကိုယ်လုပ်ကြတာအကောင်းဆုံးလို့ပဲ မြင်ပါတယ်။ ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဒဆိုတဲ့ သာသနာသုံးရပ် ပြန့်ပွားရေးသည်သာ သံဃာတော်များ လုပ်သင့်တဲ့အလုပ်ဖြစ်ပါတယ်လို့ လျှောက်ထားရင်း နိဂုံးချုပ်ပါတယ်။
Sunday, 3 June 2012
အိမ်နီးချင်ကောင်းမပီသသော တရုတ်နိုင်ငံ
          မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ မြန်မာစစ် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ဆိုတဲ့ အချိန်ကာလပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီအတော အတွင်းမှာ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး သဘောထားအမျိုးမျိုး ပြောင်းလဲခဲ့ပါတယ်။ ယခင်က KIA ကို ပိတ်ဆို့မှုတွေ လုပ်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံရေး အပြောင်းအလဲကြောင့် အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ပိုမိုကျွမ်းဝင်လာလို့ KIA ကို ပိုမိုထောက်ပံ့မှုတွေ လုပ်ဆောင်ပေးခဲ့တဲ့အပြင် အကာအကွယ်လဲ ပေးခဲ့ပါတယ်။
          မေလ(၂၆)ရက်နေ့က KIA မှ တပ်မဟာမှူးတစ်ဦး ဦးဆောင်တဲ့ အင်အား ၅၀ လောက်ဟာ မြန်မာနယ်စပ်မျဉ်းနဲ့ ကိုက် (၅၀၀) လောက် ကွာဝေးတဲ့ တရုတ်နိုင်ငံက မီးကင်းစောင့်တဲ့မျှော်စင်မှာ အခြေ ပြုပြီး မြန်မာနိုင်ငံရှိ စစ်တပ်ကို အဝေးကလက်နက်ကြီးတွေ နဲ့ ပစ်ခတ်နှောင့်ယှက်ခဲ့ပါတယ်။ မေလ (၅) ရက်နေ့ကလဲ နယ်ခြားစောင့်တပ်ကို ၀င်ရောက်တိုက်ခဲ့စဉ်က KIA တပ်များ တရုတ်နိုင်ငံအတွင်း ဆုတ်ခွာ ထွက်ပြေးခဲ့လို့ ထိန်းချုံးရဲ့ စခန်းကို အကြောင်းကြားခဲ့သော်လည်း မသိချင်ယောင်ဆောင်ပြီး နေထိုင်ခွင့် ပြုထားခဲ့ပါတယ်။ ဒါ့အပြင်ထိန်ချုံးခရိုင်၊ စကျီကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဝန်ထမ်းများက KIA အဖွဲ့ မှ ဒဏ်ရာရသူများကို ဆေးကုပေးတဲ့အပြင် ထိန်ချုံးရှိ တုံပန်းဆေးရုံကို လူနာတင်ကားတွေနဲ့ ပို့ပေးပြီး အထူးကြပ်မတ် ကုသပေးနေတယ်လို့ သိရပါတယ်။
          မြန်မာအစိုးရတပ်များအနေနဲ့ တရုတ်နိုင်ငံ အတွင်း ၀င်ရောက် ကျူးကျော်ခြင်း၊ ကျည်ဆန်များ ကျော်လွန်ကျရောက်ခြင်း မရှိအောင် ထိန်းသိမ်းခဲ့သော်လည်း မတ်လ(၁၇)ရက်နေ့က နယ်ခြားစောင့်တပ် သိမ်းပိုက်ထားတဲ့  နယ်ခြားကျောက်တိုင် (လ-၆) အား KIA က တရုတ်နိုင်ငံအတွင်းမှ ပတ်ပြီး တိုက်ခိုက် ခဲ့ပါတယ်။ ဒီအချိန်မှာ တရုတ်နယ်ခြားစောင့်ရဲတွေက နယ်ခြားနေရာကနေ ခေတ္တ ဖယ်ပေးခဲ့တယ်လို့ သိရ ပါတယ်။          
တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းမပီသဘဲ နယ်စပ်ဒေသမတည်ငြိမ်အောင် ဖန်တီးနေခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘန်ဒေါင်းမူ (၅) ချက်အရ တစ်နိုင်ငံ၏ နယ်မြေ တည်တံ့မှုနှင့် အချုပ်အခြာ ပိုင်ဆိုင်မှုကို တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စ များတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် စတဲ့ အချက်များကို ချိုးဖောက်ပြီး ယခုကဲ့သို့ ပြုမူဆောင်ရွက် နေခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ အနောက်အုပ်စုက ၀င်ရောက် လွှမ်းမိုးလာမှာကို စိုးရိမ်နေတာကြောင့် နိုင်ငံအတွင်းတည်ငြိမ်မှုမရှိအောင် တစ်ဘက်လှည့်နဲ့ KIA ကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံမပီသဘဲ မြန်မာ့အရေးကို ၀င်ရောက်စွက်ဖက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံကြားလိုက်နာရမည့် စည်းကမ်း တွေကို မလိုက်နာဘဲ ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်တာ ဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူ ဦးဌေးအောင်က ပြောကြားခဲ့ပါတယ်။
Thursday, 31 May 2012
ထပ်မံထွက်ပေါ်လာသောလိုင်ဇာမြို့သိမ်းစီမံချက်
          ပြီးခဲ့တဲ့နှစ်ကူးကာလမှာ လိုင်ဇာမြို့ကိုသိမ်းပိုက်မယ်ဆိုတဲ့ အထူးစစ်ဆင်ရေး အနေဖြင့် ကက(ကြည်း)မှ ရေးဆွဲထားတဲ့ စီမံချက်တစ်ခု အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံလာခဲ့ပါတယ်။ စီမံချက်ထွက်တဲ့ အချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်နေလို့ စီမံချက်က အသက်မ၀င်ခဲ့ပါဘူး။ ဒါပေမယ့်  စီမံချက်ထွက်ပေါ်လာပြီး ယနေ့အထိ ၆ လအတွင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ စစ်တပ်က KIA ကို အမြစ်ပြတ်တိုက်မယ်ဆိုတဲ့ အနေအထားကိုရောက်ရှိလာတယ်လို့ သုံးသပ်ရပါတယ်။
ပထမအချက်က သတ္ထုတွင်းဝန်ကြီးဌာနက ကျောက်စိမ်းမှော်တွေနဲ့ ရွှေမှော်တွေရဲ့ လုပ်ငန်းလုပ်ဆောင်ခွင့် တွေကို မေလအကုန်မှာ ခေတ္တရပ်ဆိုင်းမယ်လို့ အမိန့်တွေ ထွက်ပေါ်လာပါတယ်။ KIA တပ်တွေက မှော်တွေမှာ ကျောက်စိမ်းလုပ်ကွက်တစ်ဧကကို သိန်း ၅၀၊ ရွှေလုပ်ကွက်တစ်ခုကို သိန်း ၂၀၀၊ ဘက်ဟိုးတစ်စီးကို သိန်း ၂၀၊ ဒိုဇာတစ်စီးကို သိန်း ၂၀၊ မြေသယ်ယဉ်တစ်စီးကို ၁၀ သိန်း၊ အလုပ်သမားတစ်ယောက်ကို ၂ သောင်းပေးရမယ်ဆိုပြီး အခွန်ကောက်ခံခဲ့ပါတယ်။ ဒီလိုကောက်လို့ရတဲ့ ငွေအရေအတွက်ကသိန်းပေါင်း သောင်းကျော်ရရှိတယ်လို့ သိရပါတယ်။ ရတဲ့ပိုက်ဆံတွေကို အုတ်တံတိုင်းလိုပဲ စီထားတာလို့ မျက်မြင်တွေ့ရှိတဲ့လူတွေက ပြောကြားခဲ့ပါတယ်။ ကောက်လို့ရတဲ့ ပိုက်ဆံတွေက လိုင်ဇာဌာနချုပ်ကို ပို့ဆောင်ပေးရတာဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ ၂၀၁၂ခုနှစ်အတွက် အခွန်ပေးဆောင်ပြီးဖြစ်သော်လည်း ခုထပ်မံကောက်ခံတာက ၂၀၁၃ အတွက် အခွန်ငွေကို ကြိုတင်ကောက်ခံခြင်းဖြစ်ပါတယ်။ KIA က လုပ်ငန်းရှင်တွေဆီက အခွန်ကောက်ရုံတင်မကပဲ မှော်တွေမှာ လဘက် ရည်ဆိုင်၊ ဈေးဆိုင်နဲ့ ဆေးလိပ်၊ ကွမ်းယာရောင်းတဲ့လူတွေဆီကပါ တောင်းပါတယ်။ အခွန်ဆောင်မှ အလုပ်လုပ်ခွင့်၊ ဈေးရောင်းခွင့်ရှိပါတယ်။ ဖားကန့်ဒေသကို အစိုးရက အလုပ်လုပ်ခွင့် ပိတ်သိမ်းလိုက်ရင် ဖားကန့်မှာ လူရှိမှာ မဟုတ်တော့တဲ့အပြင် KIA ရဲ့ အဓိက ၀င်ငွေလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။
ဒုတိယအချက်က စိုက်ပျိုးရေးရာသီရောက်လာပေမယ့် ကချင်ပြည်နယ်မှာ စိုက်ပျိုးရေး လုပ်ငန်းတွေ မစတင်နိုင်သေးပါဘူး။ကျေးရွာတွေအပြင်မှာမိုင်းတွေထောင်ထားပြီးရွာသားတွေကိုKIAကရွာအပြင်မထွက်ခိုင်းပါဘူး။ ရွာအပြင်ထွက်လို့ မိုင်းနင်းပြီးသေတဲ့ရွာသားတွေလည်းရှိတော့ဘယ်သူမှမထွက်ရဲပါဘူး။ ဒါကြောင့် ဒီနှစ်မှာကချင် ပြည်နယ်မှာစားနပ်ရိက္ခာပြတ်လပ်မှာပါ။ ဒါကိုအစိုးရတပ်တွေက အခွင့်ကောင်းယူပြီး ထိုးစစ်ဆင်လာနိုင်ပါတယ်။ ဗကပတွေကို တိုက်တုန်းကလည်း မိုးတွင်းကာလမှာ တိုက်ခဲ့တဲ့သာဓကတွေလည်းရှိပါတယ်။ ဒါ့အပြင် KIAက ကချင်ပြည်နယ်အတွင်း မှာ တံတားတွေချိုး၊ လမ်းတွေကိုဖျက်၊ မီးရထားတွေကိုမိုင်းဖောက်ခွဲ၊ မြစ်ကြီးနားမြို့ပေါ်မှာ မိုင်းတွေခွဲ၊ လျှပ်စစ်တာဝါတိုင်တွေကိုဖောက်ခွဲစတဲ့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့လို့ကချင်လူထုက ထောက်ခံမှုကျဆင်းနေချိန်လည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းမှာသာမက ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ကုန်ကားတွေကို မိုင်းထောင်ဖောက်ခွဲတာကို လုပ်ဆောင်လာကြပါတယ်။ KIA အနေနဲ့ ဒီလိုအရပ်ဘက် ပစ်မှတ်တွေကို ရွေးတိုက်နေတာက သူရဲကောင်းစိတ်ဓာတ်မရှိလို့လား၊ ယောင်္ကျား မဆန်တာပဲလား၊ သေမှာကြောက်တာလား၊ အင်အားမရှိလို့လား စသည်ဖြင့် အတွေးပေါင်းများစွာနဲ့ ဝေခွဲမရ ဖြစ်နေပါတယ်။ ဒီလို အဖျက်လုပ်ငန်းတွေကို လုပ်ကိုင်လို့ ကချင်ပြည်သူလူထုကလည်း လက်မခံနိုင်တော့တဲ့ အခြေအနေကို ရောက်နေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် စစ်တပ်အနေနဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးပြီး KIA ကိုတိုက်ခိုက်မယ်လို့လည်း သိရှိရပါတယ်။
          နောက်တတိယအချက်ကတော့ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ငယ်ရွယ်ထက်မြက်ပြီး စစ်ရေးအတွေ့အကြုံများတဲ့လူဖြစ်တယ်လို့ ကြားသိရပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် က ယခင်ကတည်းက တပ်မတော်မှာပြတ်ပြတ်သားသားနဲ့လုပ်ခဲ့တဲ့လူလို့နာမည်ကြီးပါတယ်။ ကိုးကန့်ကိုလည်း အချိန်တိုအတွင်းမှာ တိုက်ခိုက်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလိုတိုက်ရည်ခိုက်ရည်တွေရှိပြီး စည်းကမ်း ကောင်းလို့ ယခင်တပ်မတော်အကြီးအကဲတွေက နှစ်သက်ပြီး  စီနီယာတွေကိုကျော်ပြီး တပ်မတော်မှာ နေရာ ပေးခြင်း ခံလာခဲ့ရတဲ့လူပါ။ ကိုယ်တိုင်စည်းကမ်းကောင်းမွန်ပြီး  လက်ရှိတပ်မတော်ကို စည်းကမ်းတကျ ဖြစ်အောင် ဆောင်ရွက်တဲ့နေရာမှာ တိုင်းမှူးအဆင့်ကိုတောင် ရာထူးကဖြုတ်ပစ်တဲ့အထိပြတ်ပြတ်သားသား စည်းကမ်းကို ကိုင်တွယ်တယ်ဆိုတာ တစ်နိုင်ငံလုံးအသိဖြစ်ပါတယ်။ တပ်မတော်နေ့ မိန့်ခွန်းပြောတဲ့ပုံကို ကြည့်လိုက်ရတော့ ပြတ်သားပြီး အားမန်အပြည့်နဲ့ လုပ်ဆောင်မယ့်ပုံပေါက်ပါတယ်။
          နောက်ဆုံးအချက်အနေနဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်ကိုလျင်မြန် စွာပြောင်းလဲခဲ့လို့ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနဲ့ ပိုမိုကျွမ်းဝင်လာပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးပြီး အမေရိကန်ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ့မှုတွေ ပြုလုပ်မယ်လို့ ကမ်းလှမ်း ထားတာတွေလည်းရှိပါတယ်။ သံတမန်ဆက်ဆံရေးကိုလည်း တိုးမြှင့်တဲ့ အနေနဲ့ ယခင်က သံရုံးတာဝန်ခံအစား သံအမတ်ကြီး အဖြစ်ခန့်အပ်ခဲ့ပါတယ်။ နိုင်ငံရေးအရ အကူအညီပေးနေတဲ့ အမေရိကန်အနေနဲ့ KIA ကို တရုတ်က ထောက်ပံ့ပေးနေတာကို လိုလားမှာ မဟုတ်ပါဘူး။တရုတ်နိုင်ငံအနေနဲ့ မြစ်ဆုံ ကိစ္စကြောင့် KIA နဲ့ တင်းမာမှု တွေရှိခဲ့ပေမယ့် ယခုအချိန်မှာ မြန်မာနိုင်ငံက အနောက်အုပ်စုနဲ့အဆင်ပြေလို့ KIA ကိုကူညီထောက်ပံ့မှုတွေ ပြန်လုပ်ပေးနေပါတယ်။ ဒါ့အပြင် တိုက်ပွဲမှာ ဒဏ်ရာရတဲ့ KIA တပ်ဖွဲ့ဝင် (၃၀)ကိုလည်း တရုတ်နိုင်ငံမှာ ဆေးကုသခွင့် ပေးထားပါတယ်။ CPI ကုမ္ပဏီကလည်း မြစ်ဆုံကိစ္စကိုပြန်ပြီးအကောင်အထည်ဖော်ဖို့အတွက် KIA ကိုချဉ်းကပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်ကဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ်နဲ့ လားရှိုးစစ်တိုင်းမှူးအပါအ၀င် စစ်တပ်က အရာရှိကြီးတွေနဲ့  တရုတ်ပြည်ကို သွားပြီး တရုတ်အစိုးရအနေနဲ့  KIA ကိုတိုက်ခိုက်ချိန်မှာ နယ်စပ် ဒေသမှာ အကူအညီမပေးဖို့ သွားရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
          လက်ရှိမြန်မာနိုင်ငံရေး အခြေအနေကို ပြန်လည်သုံးသပ်ကြည့်ပါက ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းပြီး လျင်မြန်စွာ ပြောင်းလဲနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဖော်လမ်းကြောင်းပေါ် ပီပြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် အနောက်နိုင်ငံကြီးတွေက တွန်းအားပေးနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းစဉ်အရ ပြည်သူ့လူထုရဲ့ ဆန္ဒကို ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ ကာကွယ်ရေးဦးစီးချုပ်က လက်ပိုက် ကြည့်နေတော့မှာ မဟုတ်ပါဘူး။ အရာရာကို ပြတ်ပြတ်သားသားလုပ်တတ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ကတော့ သူ့တာဝန်ယူတဲ့အချိန်မှာ ပြည်သူတွေကို ကာကွယ်ပေးတဲ့အနေနဲ့ ရာသီဥတု အငိုက်ကိုယူပြီး ယခုမိုးရာသီမှာ KIA လိုင်ဇာဌာနချုပ်ကို အပြုတ်တိုက်သွားမယ် လို့ တရုတ်နယ်စပ်မှာနေတဲ့ မြန်မာ့စစ်ရေးသုံးသပ်သူ ဦးအောင်ကျော်ဇော က ပြောကြားခဲ့ပါတယ်။
Sunday, 27 May 2012
အလုပ်သမားအရေး (၈၈) မျိုးဆက်ကျောင်းသားများ ၀ိုင်းဝန်းဆွေးနွေးတောင်းပန်
၂၀၁၂ခုနှစ်၊ မေလ(၂၂)ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တရာလမ်း၊ သီရိဂုဏ် အိမ်ယာမှာရှိတဲ့ (၈၈) မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ အလုပ်သမားတွေဘက်က ရပ်တည် ဆောင်ရွက်ပေးနေတဲ့ အလုပ်သမားရေးဆောင်ရွက်သူ ဦးညီညီဇော်၊ ဦးသူရိန်အောင်၊ စုစုနွေး၊ ရွှေမညွန့်၊ ခင်ဌေးရီ၊ သန်းသန်းဌေး၊ ရှေ့နေဦးဌေး၊ ဦးဖိုးဖြူ(ခ)ဦးရန်နိုင်အောင်၊ မသီတာနဲ့ အလုပ်သမား အဖွဲ့အစည်း သမဂ္ဂခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ စက်မှုဇုံတွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမား ဆန္ဒပြ တောင်းဆိုမှု တွေကို သတိထားကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ ကြီးမားတဲ့လှုပ်ရှား တောင်းဆိုမှုတွေကို မလုပ်ဖို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဆွေးနွေးတောင်းဆိုမှုတွေပြုလုပ်သွားတယ်လို့ သိရပါတယ်။
          အဲဒီလို ဆွေးနွေးကြရာမှာ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က အလုပ်သမား တွေ လုပ်အားခ ပြဿနာတွေ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုတာတွေကို နားလည်ပါကြောင်းနဲ့ အရင်ကဆိုရင် အဲလို တောင်းဆိုတာတွေမရခဲ့ကြောင်း၊ ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေတွေအရ လွပ်လပ်စွာခုလို တောင်းဆိုနိုင်တာဖြစ်ကြောင်း၊ အလုပ်သမားတွေရဲ့တောင်းဆိုဆန္ဒပြခြင်းဆိုတဲ့နေရာမှာ မိမိတို့ရဲ့ဆန္ဒကို တင်ပြသော အဆင့်လောက်သာ ဖြစ်သင့်ပါကြောင်း၊ အခုထက်ပိုမိုတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်လာရင် လက်ရှိအခွင့်အရေးတွေပါ ဆုံးရှုံးသွားနိုင်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်နေတယ် ဆိုပေမဲ့ ခြေလှမ်းအစပင် ရှိသေးကြောင်း၊ အချိန်မရွေးဆိုသလို နောက်ပြန်လှည့်သွား နိုင်ကြောင်း၊ နောက်ဆုတ်မယ့် အနေအထားတွေ ဖြစ်လာနိုင်တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားပြီး ဖြစ်ကြောင်း၊ အလုပ်သမား ဆန္ဒပြမှုတွေကတဆင့် အလုပ်သမားထု အုံကြွလာရင် တိုင်းပြည် အခြေအနေ နောက်ပြန် ဆုတ်သွားနိုင်ကြောင်း၊ ဒါကြောင့် အလုပ်သမားတွေကို သတိနဲ့ ကိုင်တွယ် ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါကြောင်း၊ အလုပ်သမားတွေ အနေနဲ့ အဓိက ပြဿနာက လုပ်အားခ ဖြစ်တာကို သိထားပြီး ဖြစ်ပါကြောင်း၊ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလစာ ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံး ကိုလည်း တင်ပြထားပြီး ဖြစ်လို့ မကြာခင် ပြဌာန်းပေးမှာ ဖြစ်တဲ့အတွက် ပြဿနာ တစ်ချို့တော့  ပြေလည် သွားနိုင်ကြောင်း၊ ဒါပေမဲ့လက်ရှိအခြေအနေကို ထိန်းထားနိုင်ခြင်း မရှိရင်တော့ အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်မှာ ဖြစ်ကြောင်း တို့ကို ဆွေးနွေးသွားခဲ့ပါတယ်။
          အဲဒီနောက် ကိုကိုကြီးက အလုပ်သမားတွေရဲ့ အခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အစိုးရက သိရှိထားပြီးပြီး ဖြစ်တဲ့အတွက် ဖြေရှင်ပေးမယ်ဆိုတာကို ယုံကြည်ပါကြောင်း၊ အခုကာလက ပြောင်းလဲ တာတွေကို စတင်နေတဲ့အချိန်ဖြစ်တဲ့အတွက် အားလုံး အဖက်ဖက်က ပြီးပြည့်စုံတဲ့ အနေအထား ဖြစ်ဖို့ ဆိုတာ မလွယ်သေးကြောင်း၊ မိမိတို့အနေနဲ့လည်း အရင်က ဒီလိုကိစ္စတွေကို ထိပ်တိုက် ရင်ဆိုင်ရပြီး ဖြစ်တဲ့အတွက် နှစ်ဦး နှစ်ဖက်စလုံးမှာ အကျိုးမဖြစ်ထွန်းတဲ့အတွက် အလုပ်သမား ပြဿနာကို စေ့စပ် ညှိုနှိုင်း ဆောင်ရွက်ခြင်းမျိုးနဲ့သာ လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံရေးနောက်ပြန်လှည့်သွားရင် တိုင်းပြည် အတွက်မကောင်းကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
          ဒီလို (၈၈) ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်နဲ့ ကိုကိုကြီး တို့တွေ အနေနဲ့ နိုင်ငံရေး နောက်ပြန်လှည့်သွားမှာကို ကြောက်စိတ်နဲ့ ပြည်သူလူထု အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး လွပ်လပ်စွာ ဆန္ဒပြတောင်းဆိုမှုတွေကို လိုက်လံပိတ်ပင်တာဟာ တစ်ကိုယ်ကောင်းဆန် စိတ်နဲ့ ဆွေးနွေးနေခြင်းပဲဖြစ်ပါတယ်။