Wednesday, 15 February 2012

အမေစု သိစေချင်သည့် ဗိုလ်ချုပ်၏အဓိပ္ပာယ် (ပေးစာ-၆)

         
``ဖေဖော်ဝါရီ (၁၃)မှာ ဗိုလ်ချုပ်မွေးနေ့ပါ``ဆိုတဲ့ ကဗျာစာသားလေးအတိုင်းပါပဲ၊ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးရေးရုံးခန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့တာ အလွန်ကောင်းတဲ့ အစီအစဉ် တစ်ရပ်ပါပဲ။ စစ်အစိုးရအနေနဲ့နှစ်ပေါင်း (၂၀)ကျော်  ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းကို Fade out လုပ် ထားခဲ့ရာမှဒီကနေ့ ပြည်သူ့အစိုးရလက်ထက်မှာ ပြန်လည်ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းအတွက် ၀မ်းမြောက်ဖွယ်သတင်းလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတိုင်းကလဲ အနိမ့်ဆုံးအဆင့် မြန်မာနိုင်ငံကိုလာတဲ့ ဧည့်သည်တော်တိုင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို ဂါရ၀ပြုတာမျိုးမြင်တွေ့လိုကြပါတယ်။ ခုလိုမျိုး ကမ္ဘာကျော်မဲ့ အဖြစ်မှန် ရုပ်ရှင်ရိုက်မှာမျိုးဆိုတော့ အတိုင်း ထက်အလွန် သဘောကျမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအတွက်ပြောကြားနေစဉ်

 အခမ်းအနားကိုအစီအစဉ်(၇)ခုနဲ့ ကျင်းပရာမှာအစီအစဉ်(၆)အရ အမေစု ရဲ့နိဂုံးချုပ်စကားဖြစ်ပါတယ်။ အမေစု ပြောတာတွေကောင်းပါတယ်။ အဓိက အနေနဲ့ ဒီရုပ်ရှင်ကားဟာ သမိုင်းကို မှန်မှန်ကန်ကန် သရုပ်ဖော်နိုင်တဲ့ မှတ်တမ်းကောင်း တစ်ခုဖြစ်စေချင် ကြောင်းအမေစုပြောပါတယ်။ ဒါဟာလဲ အကောင်းဆုံးပါ ပဲ။ နောက်ဆက်ပြီး အမေစုပြောတာရှိပါတယ်။ ဗိုလ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပြည်သူဆိုတဲ့အင်အား ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများက ဗိုလ်ချုပ်လို့ ခေါ်ရခြင်းမှာ တပ်မတော်အရာရှိမို့လို့ မဟုတ်ဘဲ ပြည်သူကိုအင်အားတွေပေးဖို့ ခေါ်ဆိုခြင်းဖြစ်ကြောင်းအမေစုပြောခဲ့ပါတယ်။ အမေစုရေ…ဗိုလ်ဆိုတဲ့ဝေါဟာရဟာ တပ်မတော်အရာရှိမို့လို့ ခေါ်တာမဟုတ်ဘူး ဆိုတာမျိုးကျတော့ တစ်မျိုးဖြစ်နေပါတယ်။ ``ဗိုလ်ဆိုတဲ့အဓိပ္ပာယ်ဟာ ပြည်သူဆိုတဲ့ အင်အားဖြစ်ပါတယ်``စကားက ….ကဲ-ကေအိုင်အေက ဗိုလ်ချုပ်ဂန်ရှောင်၊ ဗိုလ်ချုပ်ဂွမ်မော်ဆိုတာမျိုးတွေ ကျတော့ ပြည်သူရဲ့အင်အားဖြစ်နိုင်ပါ့ မလား။သူတို့ဟာပြည်သူတွေအတွက်တော့ အဖျက်လုပ်ရပ်တွေ ချည်းလုပ်နေတာတွေ့မြင်နေရပါတယ်။ ထို့အတူပါပဲကေအင်န်ယူက ဗိုလ်ချုပ်ကြီး စောတာမလာဘောတို့ ကျတော့ကော..ပြည်သူတွေရဲ့အင်အား ပဲလား။
   ဗိုလ်ချုပ်ဟာမျိုးချစ်တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာအသက်နဲ့လဲပြီးဆင်းရဲဒုက္ခ အမျိုးမျိုးခံပြီးမြန်မာ့တပ်မတော် ကြီးကို တည်ထောင်ခဲ့တာပါ။ ဗိုလ်ချုပ် ဆိုတာ တပ်မတော်က သတ်မှတ်ပေးတဲ့ရာထူး အဆင့်အတန်းပါ။ အဲဒီခေတ်အခါက ဗိုလ်ချုပ်ဆိုတာ တပ်မတော် ရဲ့အမြင့်ဆုံးရာထူးမို့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ခဲ့တာပါ။
ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်ရဲ့ ဖခင်အစစ်အမှန်ပါပဲ။ ဗိုလ်ချုပ်ဆိုတဲ့အဓိပ္ပာယ်ကိုလဲ တစ်မျိုး တစ်မည်ဖြစ်စေတဲ့အသုံးအနှုန်းမျိုးမသုံးစေချင်ပါဘူး။ အမေစုအနေနဲ့ နိုင်ငံခြားမှာပညာသင်၊ နိုင်ငံခြားမှာ နေ၊နိုင်ငံခြားသားနဲ့အိမ်ထောင်ကျပြီးဗမာပြည်မှာနေတဲ့နှစ်ကလဲနည်းနေသေးတော့ တပ်မတော်သားတွေရဲ့ တိုင်းပြည်အတွက် အသက်ကိုပေးဆပ်ထားပြီး စွန့်လွှတ် အနစ်နာခံမှု၊ပင်ပန်းဆင်းရဲမှု ဘ၀တွေကို အမေစု မသိသေးဖူးနဲ့တူပါတယ်။ ဗိုလ်ဆိုတာ တပ်မတော်အရာရှိများရဲ့ပြန်တမ်းဝင် ရာထူးဖြစ်ပါတယ်။ ဒါဟာလဲ ဒီခေတ်မှသတ်မှတ်တဲ့ရာထူး မဟုတ်ပါဘူး။ တပ်မတော်ကြီး စတင်ပေါ်လာကထဲက တပ်မတော် ခေါင်းဆောင်အဖြစ် ရည်ညွှန်းသတ်မှတ် ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ ပိုပြီးကြီးကြီးကျယ်ကျယ် ပြောရရင်တော့ မြန်မာဘုရင်တွေ လက်ထက်ကထဲက ရှိခဲ့တဲ့ ရာထူး ဖြစ်ပါတယ်ဆိုတဲ့အကြောင်း အမေစုသိစေချင်တာပါ။  
         



Monday, 13 February 2012

ဗုဒ္ဓဘာသာ သာသနာတော်ကို ညှိုးနွမ်းစေတဲ့ ဦးဂမ္ဘီရအတွက် စကားလက်ဆောင်(ပေးစာ-၅)


ရန်ကုန် ဖေဖော်ဝါရီ ၁၂ ရက်
ဖေဖော်ဝါရီလ ၁၂ရက်နေ့က အင်တာနက်သတင်းတစ်ပုဒ်မှာ ဦးဂမ္ဘီရကနေပြီး ဆရာတော်ဘုရားကြီးတွေထံ
လျောက်ထားတဲ့ စာတစ်ဆောင်ကိုဖတ်လိုက်ရတယ်။ အသိခေါက်ခက် အ၀င်နက်တဲ့ ဂမ္ဘီရတစ်ယောက်
ဒီဘုရားသာသနာတော်မှာဖြင့် အကျွတ်တရားမရနိုင်ပြန်တာကိုလည်း တွေးမိပြီး ရင်လေးမိပါတယ်။ မြန်မာပြည်ဟာ
ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်တာနဲ့အညီ သာသနာတော်ကို ကာကွယ်စောင့် ရှောက်မယ့် သာသနာ့အာဇာနည်
သံဃာတော်တွေလည်း အမြောက်အမြားပေါ်ထွက်ခဲ့ပါတယ်။ တချို့ သာသနာတော် ထွန်းကားပြန့်ပွားဖို့အတွက်
နယ်စပ်ဒေသတောင်တန်းပါမကျန် စွမ်းစွမ်းတမံ ဆောင်ရွက် နေချိန်မှာ သာသနာတော်အတွက် အကျိုးမပြု၊ ၀ိနည်း၊
သိက္ခာပုဒ်တွေကိုအလေးမထားဘဲ ပြုမူဆောင်ရွက် နေတဲ့ ဂမ္ဘီရတို့လို လူတွေကြောင့် သာသနာတော်ညှိုးနွမ်း
စေပါတယ်။ ဘာသာရေး အသုံးချပြီး နိုင်ငံရေးကို လူအထင်ကြီးခံရအောင် လုပ်ဆောင်တဲ့ ဂမ္ဘီရလို ဘုန်းကြီးတွေကို
သာသနာတော်က လက်မခံသင့်တော့ပါဘူး။
   ဦးဂမ္ဘီရ

      

မသိလို့လား၊ သိလို့လား(ပေးစာ-၄)



ဖခင်ဖြစ်သူက မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ ဗမာ့လွတ်မြောက်ရေး တပ်မတော်ကိုဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မတော်ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်းဖြစ်တဲ့အတွက် တကယ်တော့ ဒေါ်စုကြည်ဟာ တပ်မတော်သားသမီးစစ်စစ်ဖြစ်ပါတယ်။
သို့သော်လည်း တပ်မတော်ကို ဖွဲ့စည်းခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီး၏သမီးက တပ်မတော် ပြိုကွဲရေးကို
လိုလားနေတာဟာ ဘယ်ရဲ့ဘယ်လိုပရောဂါကြောင့်ပါလည်းဆိုတော့ ဒေါ်စုကြည်အနေနဲ့ သေသေချာချာမှ
စဉ်းစားမိရဲ့လား။
တပ်မတော်မရှိတဲ့နိုင်ငံဆိုတာ ကမ္ဘာမှာရှိရဲ့လား။ အမေရိကန်တပ်မတော်ကြီး အင်အားရှိနေလို့
နိုင်ငံငယ်လေးတွေကိုသာမက နိုင်ငံတကာမှာပါ ဗိုလ်ကျစိုးမိုးချယ်လှယ်နေတာတွေကို မသိလို့လား။ ဒါကြောင့်
မြန်မာနိုင်ငံရဲ့ တပ်မတော်ကိုရော အင်အားရှိအောင် လုပ်ဆောင်ဖို့မလိုဘူးလား။ တပ်မတော် အင်အားရှိမှ
တိုင်းပြညအင်အားရှိမယ်ဆိုတဲ့ ဗိုလ်ချုပ်ကိုယ်တိုင်ပြောခဲ့တဲ့စကားဟာ အလကားပြောခဲ့တာ မဟုတ်ဘူး။အဲ့ဒီအဓိပာယ်ကို သေချာမသိဘဲနဲ့ တပ်မတော်ကို ပြိုကွဲစေချင်တဲ့သူဟာ တိုင်းပြည်နှင့်လူမျိုးကို တကယ်ချစ်တယ်ဆိုတာဟုတ်ပါ့မလား။
ကိုယ့်တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ်ဆိုရင် ဒေါ်စုကြည်ဆိုတဲ့မျိုးချစ်တဲ့သူမက ဘာကြောင့်
နိုင်ငံခြားသား လူမျိုးခြားကိုယူသလဲ၊ အဲ့ဒီအချိန်မှာ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာတွေအများကြီးပါဘဲ။
မြန်မာနိုင်ငံသားနှင့်ယူလို့ရတာဘဲ။ တိုင်းတစ်ပါးရဲ့ ထောက်ပ့မှုံနဲ့ ကြီးပြင်းလာခဲ့ရလို့ တိုင်းတစ်ပါးသားကို
ယူခဲ့ရတာလား။ ဒါမှမဟုတ် သေသေချာချာ အကွက်ချပြီး စီစဉ်တာခံခဲ့ရလို့လား။ ဘာပဲဖြစ်ဖြစ် အမျိုးဖျက်
တာတော့ခံရတာပါဘဲ။
သီပေါမင်းဆက်ကို ကုလားသွေးနဲ့ဖျက်ဆီးခံခဲ့ရပေမယ့် အဲဒီအချိန်ကာလဟာ သူ့ကျွန်ဘဝ
ကျရောက်နေတဲ့အတွက် ဘာမှမတတ်နိုင်ဘဲ ယနေ့ထိ နာကြည်းမဆုံးရှိနေဆဲဖြစ်ပါတယ်။ လွတ်လပ်ရေး
ရရှိပြီးတော့လည်း မြန်မာနိုင်ငံလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဟာ အင်္ဂလိပ်သွေး
နှောဖြစ်ခဲ့ပြန်တယ်။ သမီးမွေးတော့ မြေးအစစ်ချီရတယ်တဲ့။ အခု မြေးအစစ်တော့ရပါတယ်၊ မျိုးမစစ်ဘူး ဖြစ်နေတယ်။
ယနေ့ ဒီမိုကရေစီခေါင်းဆောင်အနေဖြင့် ပြည်သူလူထုကို မျိုးချစ်စိတ်ဓါတ်နှင့် ကိုယ်ကျင့် တရားအကြောင်း သူမဘယ်လိုပြောမလဲ။
ဗုဒမြတ်စွယ်တော်ကို မြန်မာနိုင်ငံမှာပင့်ဆောင်ပြီး အပူဇော်ခံခဲ့တာ နိုင်ငံတစ်ဝှမ်းလုံးမှ ဗုဒ္ဓ
ဘာသာဝင်များအနေဖြင့် ဖူးမျှော်ကြည်ညိုကြတာ နှစ်ထောင်းအားရ ပီတိဖြစ်ရပေမယ့် ဒေါ်စုကြည်
လာရောက်ဖူးမျှော်တာကို မတွေ့ရတော့လည်း လေးလေးနက်နက်မစဉ်းစားမိခဲ့ပါဘူး။ ဒါပေမယ့် ပုပ်ရဟန်း
မင်းကြီးလာတော့ လက်အုပ်လေးချီပြီး သွားတွေ့တယ်။ လက်ကလေးဆုပ် ဒူးကလေးထောက်ပြီး
ဆုတောင်းပွဲတောင်ဝင်နွှဲလိုက်တာကို တွေ့လိုက်မိပါတယ်။ အဘွားဒေါ်ခင်ကြည်က ခရစ်ယာန်ဘာသာဝင် ဖြစ်နေလို့များဗုဒ္ဓမြတ်စွယ်တော်ကို သွားမဖူးဘဲ ပုပ်ရဟန်းမင်းကြီးကိုပဲ သွားတွေ့တာလားဆိုတာ စဉ်းစားရင်း ဖြစ်မှဖြစ်ရလေလို့ဘဲဖြေသိမ့်မိတယ်။

ဝမ်းသာ၊ ၀မ်းနည်းမိသည် ဒေါ်စုကြည်(ပေးစာ-၃)


ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်ဆီသို့ ကူးပြောင်းလျက်ရှိရာ အဖက်ဖက်မှ ပွင့်လင်း မြင်သာသော
ဖြစ်ပေါ်တိုးတက်မှုများကို တွေ့မြင်နေရသည်။ ဒီမိုကရေစီမိခင်ကြီး ဒေါ်စုကြည်၏ လျှောက်လှမ်းနေသော
ဒီမိုကရေစီခြေလှမ်းများသည်လည်း အတော်အတန် ခရီးပေါက်နေသည်ကို တွေ့ရသည်။ ဒီမိုကရေစီခေါင်းဆောင်
တစ်ဦးအား ပြည်သူလူထုမှ ကြိုဆိုနေပုံများသည် သောင်းသောင်းဖျဖျ မြင်တွေ့ရသည်မှာ ၀မ်းသာအားရရှိလှပါသည်။
ဘုန်းကြီး၊ ကျောင်းသားနှင့် အနုပညာသည်များပါမကျန် ၀န်းရံနေတာကိုလည်း တွေ့ရှိရပါသည်။ ဖခင်ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည်လည်း ကိုလိုနီစနစ်ကိုတွန်းလှန်၍ ဖက်ဆစ်တို့အား
တိုက်ထုတ်ကာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ကြိုးပမ်းခဲ့သည်။ ဗိုလ်ချုပ်၏ သမီးကလည်း ယနေ့ ဒီမိုကရေစီကို
ကြွေးကြော်နေသည့်အတွက် ဒါမှ ဒို့ဗိုလ်ချုပ်သွေးကွလို့ လက်ခမောင်းခတ်လိုက်ချင်သည်။ သို့သော်လည်း
ဘယ်လိုဒီမိုကရေစီမျိုးလဲ၊ တကယ်တော့ ဘယ်လိုဒီမိုကရေစီပဲကျင့်သုံးကျင်သုံ့း တိုင်းပြည်ဥမကွဲသိုက်မပျက်
နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားတွေ အေးချမ်းပျော်ရွှင်နေဖို့တော့လိုပါသည်။ ထပ်လောင်းပြီးတော့ မချင့်မရဲဖြစ်မိ
သည်ကတော့ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်သွေးအစစ်ဖြင့် ဒီမိုကရေစီမြန်မာနိုင်ငံတော်၌ ပခုံးပြောင်း တာဝန်ယူမည့်သူ
မရှိတော့သဖြင့် ၀မ်းနည်းမိသည်။ ယူကြုံးမရဖြစ်မိသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကတော့
ခေတ်ရေစီးကြောင်းအတိုင်း ဆက်လက်ရှင်သန်သွားမည်ဖြစ်သဖြင့် ၀မ်းသာရပါသည်။
                                                                                                                             အညတရ အရှင်ဝိမလ

ABSDF ကျောင်းသားတပ်ဖွဲ့ဝင်များသို့ (ပေးစာ-၂)


ယခုရက်ပိုင်း၌ ABSDF ကျောင်းသားတပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတစ်ချို့ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်လာမည်ဆိုသော သတင်းအား အင်တာနက်မှတစ်ဆင့် ဖတ်ရှုခဲ့ရတယ်။
ABSDF ကျောင်းသားတပ်မှာ အတွင်းရေးမှူးတာဝန်ယူခဲ့တဲ့ အောင်သူငြိမ်းနှင့် အဖွဲ့ဝင်အောင်နိုင်ဦး၊ ဇော်မင်းဦးတို့ ဖေဖော်ဝါရီလ ပထမပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်ကြမယ်လို့ သိရတယ်။
ဒါကို ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေက နိုင်ငံတော်အနေနဲ့ အရေးယူခြင်းပြု/မပြု တိကျစွာ ထုတ်ပြန်ကြေညာဖို့ ပြည်ပသို့ရောက်ရှိနေတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူအားလုံး လွတ်လပ်စွာ ပြည်တွင်း သို့ဝင်ရောက်နေထိုင်ခွင့်ရရှိဖို့ နိုင်ငံတော်သမ္မတထံ ဖေဖော်ဝါရီလ ရက်နေ့မှာ တင်ပြတောင်းဆို ပေးကြဦး မယ်တဲ့။
သူတို့တွေခွင့်ပြုပေမယ့် ABSDF ကျောင်းသားတပ်ကအဖွဲ့တွေကို မောင်နာကျင်အနေနဲ့ ပြည်ဝင်ခွင့် မပေးနိုင်ပါဘူးလို့ ရဲရဲသာပြောလိုက်ချင်ပါတယ်။
ဒီကောင်တွေ ပြည်ပမှာ ဒေါ်လာစားပြီး ဖော်လန်ဖားလုပ်နေတဲ့ ကောင်တွေလေ။ ၀လို့ ဖီးလို့၊ သန့်လို့၊ ပြန့်လို့ အဆီတ၀င်းဝင်းမျာနှာတွေနဲ့ ဘာတွေများလုပ်ကွက်ရှာကြဦးမယ်မသိဘူး။
ဒင်းတို့ကတော့ ကြော့ကြော့မော့မော့နဲ့ အိမ်ကိုပြန်လာဖို့လုပ်နေကြသေးတယ်။
ကျွန်တော်တို့မှာတော့ လေးဖက်ထောက်ပြီးတော့ အိမ်ပေါ်ပြန်မတက်ရတာ ကံကောင်းတာဘဲဗျို့။ ဒါတင်ပဲလားဆိုတော့ သူတို့ရဲ့ လုပ်ရပ်တွေကို ကျွန်တော်ပြောပြချင်သေးတယ်။ သည်းခံပြီးနားထောင်၍ ၀ိုင်းစဉ်းစားပေးကြပါဦး။
ဒီကောင်တွေထွက်သွားတုန်းကလဲ လက်နက်ကိုင်ပြီး ဒီမိုကရေစီကို ရအောင်တိုက်ယူမယ်လို့ ကြုံးဝါးသွား ကြတယ်လေ။
အတွေးအမြင် သဘောထားမတူညီလို့ ဒီမိုကရေစီဆိုတာ လက်နက်ကိုင်ပြီး တိုက်ယူစရာမလိုဘူး၊ လူထုဆန္ဒနှင့်အညီ တောင်းယူဘို့၊ ကျွန်တော်တို့က ပြည်တွင်းမှာ ကျန်ခဲ့တာကို သတ္တိနည်းတယ်၊ သွေးကြောင်တယ်ဆိုပြီး အပြောခံခဲ့ရတာမှတ်မိသေးတယ်။
အမေကျော်ဒွေးတော်လွမ်းပြီး ပြည်ပရောက်တော့ ဘာတစ်ခုများကောင်းတာလုပ်ပြီး ပံ့ပိုးပေးခဲ့ဘူးလို့လဲ။
ဒီကောင်တွေဖော်ကောင်လုပ်လို့ ပြည်တွင်းကအဖွဲ့တွေ ဖမ်းဆီးစစ်ဆေးခံရပြီး ဒုက္ခရောက်တဲ့သူတွေလည်း အများကြီးပါပဲ။
ပြည်ပထွက်လို့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မယ်ဆိုပြီး ဖော်ခွဲဖျက်ဆီးရေးသင်တန်းတွေတက် ကိုယ့်နိုင်ငံက ပြည်သူတွေ မျက်ရည်ပေါက်ကြီးငယ်ကျပြီး ဒုက္ခရောက်စေတဲ့ ဖော်ခွဲဖျက်ဆီးမှုတွေလုပ် ဒါကို အဟုတ်ထင်နေကြတယ်လေ။
ပြည်သူလူထုတွေသွားလာလှုပ်ရှားနေတဲ့ ပန်းခြံ၊ဈေး၊မီးရထားဘူတာရုံ၊ ခရီးသည်တင်အဝေးပြေးကားဂိတ် တွေနဲ့ မီးရထားလမ်းတွေကို ဗုံးဖောက်ခွဲခဲ့လို့ ပြည်သူတွေသောက်သောက်လဲ သေခဲ့ကြတာကိုရော မိဘပြည်သူများ မှတ်မီကြသေးရဲ့လား။
နောက်ဆုံးမှာ လူမဆန်လိုက်ပုံများကတော့ မြန်မာတွေအထူးအမြတ်ထားတဲ့ တန်ခူးလရဲ့သင်္ကြန်ပွဲမှာ ရိုးရာဓလေ့နဲ့ ပြည်သူတွေပျော်ရွှင်စွာ ရေပက်ကစားနေတာကို ဖောက်ခွဲဖျက်ဆီးမှုနဲ့ အကျည်းတန် အောင်လုပ်ခဲ့တာ မင်းတို့ရဲ့ စနက်တွေကင်းသလားလို့ မေးလိုက်ချင်တယ်။
မင်းတို့ကြောင့် သားသေ/မယားသေပြီး မိတကွဲ/ဖတကွဲနဲ့ ပြည်သူတွေ သေကွဲကွဲမှ မင်းတို့တွေက ထမင်းဝပြီး ခါးလှတာမဟုတ်ဘူး။
နောက်ဆုံးဘယ်လောက်အထိလဲဆိုရင် လုပ်စရာမရှိလို့ ဈေးအိမ်သာကို ဗုံးဖောက်ခွဲပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတာကတော့ ရွံစရာကောင်းလိုက်တာ။
ယခုနိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူများတွေလွတ်လာမှ မင်းတို့ကအမျှရချင်နေကြ သေးတယ်။
ငါတို့တွေက ပြည်သူတွေနဲ့ ဆန္ဒရဲ့ တကယ်ရခဲ့တာကွ၊ ဒါတောင်မှ ထိုက်သင့်တဲ့ရင်းနှီးမှုကို ပေးဆပ်ခဲ့ရ သေးတယ်။
မင်းတို့ကျောင်းသားတပ်ကကောင်တွေက ပြည်သူလူထုကို ဒုက္ခပင်လယ်ဝေအောင် နည်းအမျိုးမျိုးနဲ့ ဒုက္ခ ပေးခဲ့တဲ့အတွက် ဥပဒေရဲ့အဆုံးအမကို တ၀ကြီးခံစားရမှ ပြည်သူတွေက ကျေနပ်နိုင်မယ်လို့ ငါထင်တယ်။
မင်းတို့လုပ်ခဲ့တာတွေကို ပြည်သူလူထုကလဲ သိပါတယ်။
သက်သေပြစရာမကုန်အောင် အထောက်အထားတွေလည်း အများကြီးရှိတယ်။
ဥပဒေအရ အချိန်မရွေးတရားစွဲဆိုနိုင်တယ်ဆိုတာ မမေ့ပါနဲ့။
ဖြစ်ရပ်မှန်ကို ဖုံးကွယ်လို့မရတဲ့ ဒီမိုကရေစီခေတ်မှာ မင်းတို့ရဲ့ လုပ်ရပ်တွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပြီးပေးဆပ်ရဦးမှာပါ။
မင်းတို့ကို ပြည်ဝင်ခွင့်ပြုရင် မြွေပွေးခါးပိုက် ပိုက်တာထက်ပိုဆိုးလိမ့်မယ်ဆိုတာ ပြည်သူတွေက သိနေကြ ပါတယ်။
မင်းတို့ရဲ့ အကြမ်းဖက်တဲ့လုပ်ရပ်တွေက သက်သေပြခဲ့တာပဲလေ။
မင်းတို့မို့လို့ မရှက်မကြောက်နဲ့ မြန်မာပြည်ကို ပြန်လာဖို့ လုပ်ရဲတယ်။
ဘယ်သူတွေဘာပြောပြော မယုံမရှိနဲ့သူငယ်ချင်း၊ မင်းတို့ကို ငါကိုယ်တိုင် ဓါးထမ်းပြီး လေဆိပ်က ကြိုနေမယ်။
၈၈ မျိုးဆက်အဖွဲ့ဝင် မောင်နာကျင်

Thursday, 9 February 2012

ပြည်သူတွေလိုလားနေတဲ့ ထာဝရငြိမ်းချမ်းရေး (ပေးစာ-၁)

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုလေ့လာ ကြည့်လိုက်ရင် အစိုးရအဖွဲ့သက်တမ်း (၁၀)လအတွင်း ထင်သာမြင်သာရှိတဲ့ အဓိကအချက်(၃)ချက် ရှိနေပါတယ်။ ဒီ(၃)ချက်ကတော့ ဒေါ်စုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံပြီး ပါတီနိုင်ငံရေးလှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်း၊ ယခင်ထောက်လှမ်းရေးဟောင်းများအပါအ၀င် အကျဉ်းသားများလွှတ်ပေးခြင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲများ ပြုလုပ်နေခြင်းတို့ဖြစ်ပါတယ်။


အထက်ပါ(၃)ချက်အနက် ပါတီနိုင်ငံရေး လှုပ်ရှားမှုများ ပွင့်လင်းမှုရှိလာခြင်းနဲ့ အကျဉ်းသားများ လွှတ်ပေး ခြင်းဟာဆက်စပ်နေပြီး တိုးတက်ဖြစ်ပေါ်မှုတွေကို အမေရိကန်အပါအ၀င် နိုင်ငံတကာကအသိအမှတ်ပြုနေကြပါ တယ်။ ယခင်ကစစ်အစိုးရကိုဆန့်ကျင်ခဲ့ကြတဲ့ ပြည်တွင်း/ပြည်ပ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးကဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အဓိကတောင်းဆိုခဲ့တဲ့အချက်များဖြစ်ပါတယ်။ ဒီ အချက်(၂)ချက်ကို မထင်မှတ်လောက်အောင် ဦးသိန်းစိန်က လိုက်ရောမှုပြုခဲ့ပြီးနောက်မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဦးဆောင်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး/ ငယ်၊ အဖွဲ့အစည်းပေါင်းစုံရဲ့ တောင်းဆိုချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအောင်မြင်ပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် ထာဝရငြိမ်းချမ်းရေးပဲဖြစ်လာပါတယ်။


Wednesday, 23 November 2011

ဘုရှ် နှင့် ဘလဲ တို့မှာ စစ်ရာဇဝတ်သားများ ဖြစ်ကြောင်း တရားရုံးပြော

မလေးရှား နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ပြစ်မှု ခုံရုံးတစ်ခုတွင် အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျှူဘုရှ် နှင့် ယခင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်သူ တိုနီဘလဲတို့မှာ အီရတ်နိုင်ငံ နှင့်ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်းတွင် စစ်ပွဲဆိုင်ရာ ပြစ်မှုများကို  ကျူးလွန်ခဲ့သူများ အဖြစ် တွေ့ရှိခဲ့ရကြောင်း press tv သတင်းတွင် ဖော်ပြခဲ့သည်။ ကွာလာလမ်ပူရှိ စစ်ဘက် ဆိုင်ရာ ပြစ်မှုခုံရုံးရှိ ငါးဦးပါ ခုံသမာဓိ အဖွဲ့မှ ဆုံးဖြတ်ရာ၌ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံသို့ ကျူးကျော် တိုက်ခိုက်ခဲ့သည့် လုပ်ရပ်တွင်  ဘုရှ်နှင့် ဘလဲ တို့မှာ လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသား ဖြစ်တည်မှုကို ဆန့်ကျင် သည့် ပြစ်မှု များကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ အီရတ်တွင် ဖျက်အားပြင်း လက်နက်များ တွေ့ရှိသည် ဆိုသည့် အချက်ဖြင့်  နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုဖြင့် ကျူးကျော်စစ်ကို ဆင်နွဲခဲ့ခြင်း ဖြစ်သည်။ မလေးရှား နိုင်ငံရှိ သမာဓိခုံအဖွဲ့မှ ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြောရာ၌ ထိုစဉ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လိုက်ခြင်း ဖြစ်ပြီး အီရတ် ပြည်သူတို့အပေါ်တွင် ကြီးကျယ် သည့် သေကြေမှုများကို ဖြစ်စေသော ကျူးလွန်မှု တစ်ရပ် ဖြစ်ေ ကြာင်း ပြောကြား သွားခဲ့သည်။

ခုံရုံးဆုံးဖြတ်သူများမှ ပြောရာ၌ ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း အဆိုပါ လက်နက်ကြီးများကိုတွေ့ရှိခဲ့ခြင်း မရှိသည် ကို ဗြိတန်နှင့် အမေရိကန် ခေါင်းဆောင်များ သိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင်  အဆိုပါ စစ်ပွဲကြောင့် အီရတ်ပြည်သူ တစ်သန်းကျော် သေဆုံး ခဲ့ရကြောင်းလည်း  ကယ်လီဖိုးနီးယား အခြေစိုက် စုံစမ်းရေး အဖွဲ့အစည်းတစ်ခုမှ ပြောခဲ့သည်။ ယခုလို တွေ့ရှိ မှုအား ရောမရှိ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးသို့ တင်ပြသင့်ကြောင်းနှင့် ဘုရှ်နှင့် ဘလဲတို့အား စစ်ဘက်ဆိုင် ရာ ပြစ်မှု ကျူးလွန် သူများအဖြစ် စာရင်းသွင်းသင့်ကြောင်းလည်း ပြောကြား သွားခဲ့သည်။ 
မူရင်းလင့်

Friday, 18 November 2011

NCGUB မှ ၀န်ကြီး ဦးဘိုလှတင့်နှင့် ဦးဟန်ညောင်ဝေ သို့ အိပ်ဖွင့်ပေးစာ

သို့
NCGUB မှ ၀န်ကြီး ဦးဘိုလှတင့်နှင့် ဦးဟန်ညောင်ဝေ သို့ အိပ်ဖွင့်ပေးစာ
သမိုင်းစဉ်လာတလျှောက် လေ့လာဆန်းစစ်လျှင် ရခိုင်တို့၏သမိုင်းမှတ်တမ်းများတွင် “ရိုဟင်ဂျာ” လူမျိုးဟူသော အသုံးအနှုံးဖြင့် မှတ်တမ်းတင်ခဲ့မှု စိုးစဉ်မျှမရှိခဲ့ပါ။ သူတို့၏မူရင်းဒေသဖြစ်သည့် ဘင်္ဂလား ဒေခ်ျ့နိုင်ငံ သမိုင်းတွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မတွေ့ရှိရပေ။ နောက်ထပ် အိမ်နီးချင်းနိုင်ငံတခုဖြစ်သည့် အိန္ဒိယနိုင်ငံ သမိုင်းတွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မတွေ့ရှိရသည့်အပြင်။ မြန်မာနိုင်ငံသမိုင်းတွင်ရော ရိုဟင်ဂျာလူမျိုးဟူ၍ ရှိခဲ့ပါသလား။ D.G.E. HallA History of South-East Asia စာအုပ်တွင်လည်း ရိုဟင်ဂျာလူမျိုးဟူသော ဝေါဟာရ အသုံးအနှုန်းကို တလုံးတပါဒမျှ မတွေ့ရှိရပေ။
ထို့အပြင် မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီပြုအုပ်ချုပ်ခဲ့သည့် အင်္ဂလိပ်တို့၏ အလွန်တိကျသော ဂေဇက် မှတ်တမ်းများတွင် ယင်းအမည် ထည့်သွင်းမှတ်တမ်းတင်ထားခြင်း အလျဉ်းမရှိပါ။ ဗြိတိသျှဂေဇက်တီယာ Gazetteers မှတ်တမ်းများတွင် Arakanese Muslim ဟူ၍ မှတ်တမ်းတင် ပါရှိသူများသည် ကိုးကွယ်ယုံကြည်မှု မှလွဲ၍ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားတို့၌ ရခိုင်လူမျိုးနှင့် တူညီကြသည်။ ၄င်းတို့သည် ရခိုင်မင်းများ လက်ထက်ကပင် ဒေသတွင်းအပြန်အလှန် ဆက်ဆံရေးများကြောင့် ရခိုင်ဒေသသို့ ရောက်ရှိအခြေစိုက် နေထိုင် ခဲ့ကြသူများ ဖြစ်ကြသဖြင့် နေထိုင်မှုသက်တမ်း ကြာရှည်လာသည်နှင့်အမျှ ဘင်္ဂလီဘာသာစကား ပြောဆိုခြင်း အလျဉ်းမရှိသော ရခိုင်ဒေသတွင် ၄င်းတို့သည်လည်း ဘင်္ဂလီစဘာသာစကား လုံးဝမပြောတတ်ကြပေ။