Monday 23 March 2015

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွင်းမှု နိုင်ငံတကာလုပ်ထုံးလုပ်နည်းထက် ကျော်လွန်လုပ်ဆောင်ခြင်း တစ်ခုမျှမရှိဟု နိုင်ငံတော်သမ္မတဆို

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှုတွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်း ထက် ကျော်လွန်၍ လုပ်ဆောင်ခြင်း တစ်ခုမျှမရှိဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှု တွင် ပြောကြားသည်။

မတ် ၂ဝရက်က ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် သမ္မတက ရဲလုပ်ငန်းများနှင့်ပတ် သက်၍ အီးယူမှလည်းစနစ်တကျသင်တန်းပေးခဲ့ ကြောင်း၊ ရဲများသည် နိုင်ငံတော်ကာကွယ်ရေးနှင့်တည် ငြိမ်အေးချမ်းရေး အတွက် ရဲများ၏လုပ်ငန်းစဉ်အဆင့် ဆင့်အတိုင်းသာလုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ''အနောက် နိုင်ငံတွေရဲ့ဖြစ်ရပ်တွေကို ကြည့်ရင် ဒီထက်ပိုဆိုးတာ တွေကို တွေ့ရမှာပါ။ မကြာခင်ကဆို အမေရိကန်မှာ ပစ်သတ်တာတောင်ရှိပါတယ်။ အကြမ်းဖက်ဖြိုခွင်း တယ်ဆို ပေမယ့် ကျောင်းသားတွေဘက်ကရိုက်လို့ ပြန်ရိုက်ရတဲ့သဘောရှိပါတယ်။ မျက်ရည်ယိုဗုံးတို့၊ ရာဘာ ကျည်တို့နဲ့ ပစ်ပြီး ဖြိုခွင်းတာမရှိခဲ့ပါဘူး။ ရဲရဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်းပဲလုပ်ခဲ့တာပါ။ International Practice ထက် ဘာတစ်ခုမှ ကျော်လွန်တာ မရှိခဲ့ပါဘူး''ဟု ဘီဘီစီသတင်းဌာနသို့ ပြောသည်။

လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွင်းမှု တွင် ဆန္ဒပြသူများဘက်မှရဲများကို ခဲနှင့်ပစ်ပေါက်ခြင်း၊ အတား အဆီးများ ရိုက်ချိုးခြင်းတို့ကြောင့် ဆန္ဒပြသူ များကိုရိုက်နှက်ဖြိုခွင်းရခြင်းဖြစ်ကြောင်း ဘက်မျှအောင် ကြည့်သင့်ကြောင်း ဆက်လက်ပြောကြားသည်။

''သမ္မတကြီးဟာ ဒီဖြစ်စဉ်ကို ဌာနဆိုင်ရာ သဘောတရားအရ ဆင့်ကဲဆင့်ကဲ တင်ပြလာတဲ့သတင်း က သိရတဲ့အချက်အလက်ပေါ်မူတည်ပြီး ပြောတယ် လို့ပဲယူဆပါတယ်။ တကယ်လို့ဖြစ်ရပ်ကို ဗီဒီယိုရိုက် ပြီး သမ္မတကိုပြလိုက်ရင် အခုလိုထင်မြင်ချက်ပေးမယ် လို့မထင်ပါဘူး။သမ္မတလဲ လူသားတစ်ယောက်ပါ။ ပြေးစရာမရှိ အုတ်တံတိုင်းခြေမှာထိုင်နေတဲ့ ကျောင်း သားတစ်ယောက်ကို ရဲလေးယောက်က အားရပါးရ ရိုက်နေတာကို ဥပဒေနဲ့ ညီတယ်လို့ပြောလို့ ရလား။ ဓားပြတရားခံ၊ လူသတ်မှုတရားခံတောင် မခုခံရင်ရဲ မှာရိုက်နှက်ခွင့် မရှိပါဘူး။ နောက်ကျောင်းသားတစ် ယောက် ပုဆိုးမနိုင်ပဝါမနိုင်နဲ့ ပြေးနေတာ ကို ရဲဆယ့် ငါးယောက်လောက်က လိုက်ရိုက်နေတာဟာ ဘယ်နိုင်ငံ ဥပဒေနဲ့မှလဲ မညီသလို၊ ပြည်တွင်း ဥပဒေနဲ့လဲမညီ ပါဘူး''ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြော သည်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်သော ကျောင်းသားများသည် လက်ပံ တန်းမြို့တွင် ရဲများ၏ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ရပြီး မတ် ၁ဝရက်တွင် အကြမ်းဖက်ဖြိုခွင်းခံရကာ ကျောင်း သား၊ ကျောင်းသူနှင့် ပြည်သူ စုစုပေါင်း ၁၂၇ဦးဖမ်း ဆီးခံခဲ့ရ သည်။

Yangon Media Group

No comments:

Post a Comment