Monday 26 January 2015

ရန်ကုန်-ပုသိမ်လမ်းပေါ်တွင် အငှားယာဉ်တစ်စီး မြောင်းအတွင်းထိုးကျ၊ ယာဉ်မောင်းသေဆုံး

Photo: ရန်ကုန်-ပုသိမ်လမ်းပေါ်တွင် အငှားယာဉ်တစ်စီး မြောင်းအတွင်းထိုးကျ၊ ယာဉ်မောင်းသေဆုံး
Monday, January 26, 2015

မြောင်းအတွင်းသို့ ထိုးကျသွားသောအငှားယာဉ် (ဓာတ်ပုံ - yangon police)
ရန်ကုန်-ပုသိမ်လမ်း တွင် အငှားယာဉ်တစ်စီးအရှိန် လွန်ကာ လမ်းဘေးမြောင်း အ တွင်းသို့ ထိုးကျပြီးယာဉ်မောင်း သေဆုံးသွားကြောင်းသတင်းရရှိ သည်။

ဇန်န၀ါရီ ၂၄ရက် ညနေ ၅ နာရီခန့်က ညောင်တုန်းမှ ထန်း တပင်ဘက်သို့ မောင်းနှင်လာ သည့် ကယ်ဒီးနားဗင်အမျိုးအစား အငှားယာဉ်တစ်စီးသည် ရန်ကုန် -ပုသိမ်လမ်းပေါ် မိုင်တိုင်အမှတ် ၁၇ ပန်တိုင်တံတားအနီး၌ အ ရှိန်လွန်ကာ လမ်းဘေးမြောင်းအ တွင်း ထိုးကျသွားခဲ့သည်။

လမ်းဘေးမြောင်းအတွင်း ထိုးကျခဲ့သည့် အဆိုပါယာဉ်ပေါ်ပါလာသူတစ်ဦးနှင့် ယာဉ်မောင်းအား လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ယာဉ်မောင်းမှာ ရရှိထားသောဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နှစ်ယောက်စလုံးဆေးရုံ ရောက်အောင်ပို့ပေးတယ်။ ယာဉ် မောင်းကတော့ ဆေးရုံရောက်ပြီး မကြာခင်သေသွားတယ်။ ပါလာ တဲ့ ကောင်လေးကတော့ ဒဏ်ရာ ရပေမယ့် မစိုးရိမ်ရဘူး။ ပြင်ပလူ နာအနေနဲ့ ကုသနေပါတယ်’’ဟု တာဝန်ရှိသူကပြောသည်။

သေဆုံးသွားသော ယာဉ် မောင်းသည် အသက်(၄၃)နှစ်အ ရွယ်ရှိပြီး ဒဂုံမြို့သစ်တောင်ပိုင်း တွင် နေထိုင်သူဖြစ်ကြောင်းနှင့် ယာဉ်မောင်းကို တက်သစ်နယ်မြေရဲစခန်းက ပြစ်မှု ပုဒ်မ၃၀၄(က)/၃၇၇/၂၇၉ ဖြင့် အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။

7Day DAILY
မြောင်းအတွင်းသို့ ထိုးကျသွားသောအငှားယာဉ် (ဓာတ်ပုံ - yangon police)
ရန်ကုန်-ပုသိမ်လမ်းတွင် အငှားယာဉ်တစ်စီးအရှိန်လွန်ကာ လမ်းဘေးမြောင်း အတွင်းသို့ ထိုးကျပြီး ယာဉ် မောင်း သေဆုံးသွားကြောင်းသတင်းရရှိ သည်။

ဇန်န၀ါရီ ၂၄ရက် ညနေ ၅ နာရီခန့်က ညောင်တုန်းမှ ထန်းတပင်ဘက်သို့ မောင်းနှင်လာသည့် ကယ်ဒီး နားဗင် အမျိုးအစား အငှားယာဉ်တစ်စီးသည် ရန်ကုန် -ပုသိမ်လမ်းပေါ် မိုင်တိုင်အမှတ် ၁၇ ပန်တိုင်တံတား အနီး၌ အ ရှိန်လွန်ကာ လမ်းဘေးမြောင်းအ တွင်း ထိုးကျသွားခဲ့သည်။

လမ်းဘေးမြောင်းအတွင်း ထိုးကျခဲ့သည့် အဆိုပါယာဉ်ပေါ်ပါလာသူတစ်ဦးနှင့် ယာဉ်မောင်းအား လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ယာဉ်မောင်းမှာ ရရှိထားသောဒဏ်ရာများဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘နှစ်ယောက်စလုံးဆေးရုံ ရောက်အောင်ပို့ပေးတယ်။ ယာဉ်မောင်းကတော့ဆေးရုံရောက်ပြီး မကြာခင် သေသွားတယ်။ ပါလာ တဲ့ ကောင်လေးကတော့ ဒဏ်ရာ ရပေမယ့် မစိုးရိမ်ရဘူး။ ပြင်ပလူ နာအနေနဲ့ ကုသနေပါတယ်’’ဟု တာဝန်ရှိသူကပြောသည်။

သေဆုံးသွားသော ယာဉ်မောင်းသည် အသက်(၄၃)နှစ်အ ရွယ်ရှိပြီး ဒဂုံမြို့သစ်တောင်ပိုင်းတွင် နေထိုင်သူ ဖြစ်ကြောင်းနှင့် ယာဉ်မောင်းကို တက်သစ်နယ်မြေရဲစခန်းက ပြစ်မှု ပုဒ်မ၃၀၄(က)/၃၇၇/၂၇၉ ဖြင့် အမှုဖွင့် ထားကြောင်းသတင်းရရှိသည်။

7Day DAILY 

No comments:

Post a Comment