Chinaတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်နေ့က တောင်ပြိုကျခဲ့လို့ ကြေးနီသတ္တု ထူးဖော်ရေး လုပ်သား ၉ ဦး ပျောက်ဆုံးနေပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့က ကယ်ဆယ်ရေးဝန်ထမ်း အယောက် ၄၀၀ ကျော် နေ့ညမဆိုင်း ရှာဖွေနေကြ ပေမယ့်လည်း မတွေ့ကြသေးပါဘူး။ မိုးဆက် လက်ရွာ သွန်းနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့လည်း စီစီတီဗွီသတင်းက ဖော်ပြပါတယ်။
မိုးရက်ဆက် အသည်းအသန်ရွာ သွန်းခဲ့ပြီး တောင်ခြေက သတ္တုတူးဖော်ရေး အလုပ်ရုံပေါ် တောင်ပြိုကျခဲ့ တာလို့ သိရပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment