ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးက KAF ဖွဲ့ စည်းခြင်းကို မူအရ သဘောတူလက်ခံပြီး DKBA အနေဖြင့်လည်း KAF ဖွဲ့စည်းခြင်းကို အကြွင်းမဲ့ သဘော တူညီ လက် ခံသည်ဟု ဆုံးဖြတ်ကြောင်း ထုတ် ပြန်ကြေညာသည်။
ယင်းထုတ်ပြန်ချက်တွင် KAFသည် ငြိမ်းချမ်းရေးရရှိရန်နှင့် ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ် ပေါ်ထွန်းရေးအတွက် တိုင်း ရင်းသား ပြည်သူလူထု၊ ပြည် တွင်း ပြည်ပ ဒီမိုကရေစီအင်အား စုများနှင့် ပူးပေါင်းလုပ်ဆောင် သွားရန် သဘောတူညီကြောင်း ဖော်ပြထားသည်။
KAF ဖွဲ့စည်းခြင်း အစည်း အဝေးကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)ဌာနချုပ် ဆုံဆည်းမြိုင် တွင် အောက် တိုဘာ ၂၉ ရက်မှစတင်၍ နှစ်ရက်ကြာပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ KNU၊ KUN/KNLA-PC ၊ DKBA နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
သို့သော် KAF ဖွဲ့စည်းခြင်း သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည့် PC မှ ထုတ်ပယ် ထားသော ဗိုလ်မှူးကြီးတိုက်ဂါး၊ KNU ဒုစစ်ဦးစီးချုပ်နှင့် KNDO ဦးစီးချုပ်တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။
7Day DAILY
No comments:
Post a Comment