Tuesday 14 October 2014

ကားမူဝါဒပြောင်းပြီး သုံးရက်အတွင်း အခွန်ငွေကျပ် ဘီလီယံ ၉၀၀ ကျော် ရရှိ

မြန်မာနိုင်ငံတွင် ကား တင်သွင်းမှုမူဝါဒ ပြောင်းလဲအပြီး သုံးနှစ်အတွင်း အခွန်ငွေကျပ်ဘီ လီယံ ၉၀၀ ကျော်ရရှိထားပြီဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး  ဦးဝင်းမြင့်က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်း မြင့်က မာဇဒါ Brand New ကားအရောင်းပြခန်း ဖွင့်ပွဲတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။

စနစ်သစ်ပြောင်းလဲကျင့်သုံး ခဲ့သည့် သုံးနှစ်အတွင်း စုစုပေါင်း ကားအစီးရေ သုံးသိန်းကျော်တင်သွင်းထားပြီး ဖြစ်သည်။

ကားအစီးရေများပြားလာ ခြင်းနှင့် အခွန်ငွေရရှိသည်မှာ မှန် ကန်သော်လည်း ရန်ကုန်၌ နယ် ကျော်ကား များပြားနေပြီး ယင်းတို့ကို နယ်ကားများဖြစ်သော ကြောင့် ထပ်မံပြီး အခွန်ကောက် ခံရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။

လက်ရှိတွင် ကားတင်သွင်း မှုနှင့်ပတ်သက်၍ ကောက်ခံနေသော အခွန်အများစုမှာ ရှင်းလင်း တိကျမှုမရှိဘဲ လွန်စွာရှုပ်ထွေး ကြောင်း ကားတင်သွင်းသူလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

ထို့ပြင် တရားမ၀င် နယ်စပ် လမ်းကြောင်းများမှဝင်သည့် ကား တင်သွင်းမှုများမှ အခွန်ရရှိမည် ဆိုပါက ကျပ် ၉၀၀ ဘီလီယံထက် များပြားနိုင်ကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

လက်ရှိတွင် ပြည်တွင်းသို့ တင်သွင်းထားပြီးဖြစ်သည့် မော် တော်ယာဉ်အစီးရေ သုံးသိန်းကျော်တွင် ၇၀ ရာခိုင်နှုန်းမှာ ရန်ကုန်မြို့တွင် အသုံးပြုလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခန့်မှန်းထားသည်။ လက်ရှိတွင် အစိုးရက ၂၀၁၅ ခုနှစ်တွင် အသက်ဝင်မည့် မော်တော်ယာဉ်များ တင်သွင်း ရာ အရေး ပါသည့် စီအိုင်အက်ဖ်တန် ဖိုးနှုန်းထားသစ်ကို အောက်တိုဘာလနောက်ဆုံး ပတ်တွင် ထုတ်ပြန် မည်ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment