Saturday 16 August 2014

Photo: သွေးလှူရန် အရွယ်မရောက်သေးသူ ကျောင်းသားများအား ရိုက်နှက်ခိုင်းစေသည့် အဖွဲ့ တရုတ်တွင် ဖမ်းဆီးခံရ
Saturday, August 16, 2014

တရုတ်နိုင်ငံအနောက်ပိုင်း ဂန်စူးပြည်နယ်တွင် သွေးလှူရန် အရွယ် မရောက်သေး သူ ကျောင်း သားကလေးများကို  အဓမ္မအတင်း အဓမ္မခိုင်းစေခဲ့သည့် အဖွဲ့တစ်ဖွဲ့ အား ရဲများက ဖမ်း ဆီးလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ခုနစ်ဦးမှာ Lanzhou Institute of Biological Products ကုမ္ပဏီမှ ထူထောင်ထားသည့် သွေးလှူဌာနမှ လက်ထောက် အကြီးအကဲ တစ်ဦးဖြစ် သည့် ဟူအန်းဆိုသူနှင့် အလုပ်လက်မဲ့ ခြောက်ဦး တို့ပါဝင်ကြောင်း သိရသည်။

ဂန်စူးပြည်နယ် ၀ူဝေမြို့တွင်ရှိသော အဆိုကုမ္ပဏီသည် တရုတ်နိုင်ငံတွင် သွေးနှင့်ပတ်သက်သည့် ပစ္စည်းများကို ထုတ်လုပ်ရောင်းချသည့် အကြီး၏ဆုံးကုမ္ပဏီများ အနက် တစ်ခုဖြစ်သည်။

ဟူအန်းနှင့်၎င်း၏ မိတ်ဆွေများသည် မူလတန်းနှင့်အလယ်တန်းကျောင်းသားများအား သွေးလှူဌာနသို့ သွားကာ အတင်းအဓမ္မ သွေးလှူရန် ခိုင်းစေ ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံတွင် တရားဝင်သွေးလှူခွင့်ရှိသည့် အရွယ်မှာ အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြားဖြစ်ပြီး ယခုဖြစ်စဉ်တွင် အသက် ၁၀နှစ်မှ ၁၆ နှစ်အကြားကလေးငယ် ရှစ်ဦးထက်မနည်းအား တစ်လလျင် တစ်ကြိမ်ဖြင့် ခုနစ် လကြာအောင် သွေးလှူရန် စေခိုင်းခဲ့ပြီး ကုမ္ပဏီမှ ဒေါ်လာ ၁၀၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။

ယခုဖမ်းဆီးခံထားရသူများက ကလေးငယ်များအား အသက်ပြည့်ကြောင်း အထောက်အထားအတု များ လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

ထိုကဲ့သို့ အတင်းအဓမ္မသွေးလှူရန် စေခိုင်းခံခဲ့ရသူ ကလေးအရေအတွက်နှင့် ရရှိခဲ့သည့် ငွေကြေးပ မာဏမှာ ပိုမိုများပြားနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် သွေးလှူဌာနများသည် သွေးလှူသူများ နှင့် သက်ဆိုင်သည့် အထောက်အထားများအား နှစ်ကြိမ်ထပ်မံစစ်ဆေးရသည်။

မိမိအနေဖြင့် သွေးများပိုမိုရှာဖွေရန် ကုမ္ပဏီက ဖိအားပေးခဲ့သောကြောင့် ယခုသို့ လုပ်ဆောင် ခဲ့ရခြင်းဖြစ်သည်ဟု ဟူအန်းက ထွက်ဆိုခဲ့သည်။ ခိုင်းစေသူများက ကလေးငယ်များအား ရိုက်နှက်ကာ သွေးလှူစေခဲ့ပြီး ကလေးငယ်တစ်ဦးက မိဘများကို ထုတ်ဖော်ပြောကြားခဲ့ရာမှ ယခုပြဿနာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Ref:AFP
Mizzima - News in Burmese
တရုတ်နိုင်ငံအနောက်ပိုင်း ဂန်စူးပြည်နယ်တွင် သွေးလှူရန်အရွယ်မရောက်သေးသူ ကျောင်းသားကလေး များကို  အဓမ္မအတင်း အဓမ္မခိုင်းစေခဲ့ သည့် အဖွဲ့တစ်ဖွဲ့ အား ရဲများက ဖမ်း ဆီးလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ခုနစ်ဦးမှာ Lanzhou Institute of Biological Products ကုမ္ပဏီမှ ထူထောင်ထားသည့် သွေးလှူဌာနမှ လက်ထောက် အကြီးအကဲ တစ်ဦးဖြစ် သည့် ဟူအန်းဆိုသူနှင့် အလုပ်လက်မဲ့ ခြောက်ဦး တို့ပါဝင်ကြောင်း သိရသည်။

ဂန်စူးပြည်နယ် ၀ူဝေမြို့တွင်ရှိသော အဆိုကုမ္ပဏီသည် တရုတ်နိုင်ငံတွင် သွေးနှင့်ပတ်သက်သည့် ပစ္စည်းများ ကို ထုတ်လုပ်ရောင်းချသည့် အကြီး၏ ဆုံးကုမ္ပဏီများ အနက် တစ်ခုဖြစ်သည်။

ဟူအန်းနှင့်၎င်း၏ မိတ်ဆွေများသည် မူလတန်းနှင့်အလယ်တန်းကျောင်းသားများအား သွေးလှူဌာနသို့ သွားကာ အတင်းအဓမ္မ သွေးလှူရန် ခိုင်းစေ ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြား သည်။

တရုတ်နိုင်ငံတွင် တရားဝင်သွေးလှူခွင့်ရှိသည့် အရွယ်မှာ အသက် ၁၈ နှစ်မှ ၅၅ နှစ်အကြားဖြစ်ပြီး ယခုဖြစ်စဉ် တွင် အသက် ၁၀နှစ်မှ ၁၆ နှစ် အကြားကလေးငယ် ရှစ်ဦးထက်မနည်းအား တစ်လလျင် တစ်ကြိမ်ဖြင့် ခုနစ် လကြာအောင် သွေးလှူရန် စေခိုင်းခဲ့ပြီး ကုမ္ပဏီမှ ဒေါ်လာ ၁၀၀၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။

ယခုဖမ်းဆီးခံထားရသူများက ကလေးငယ်များအား အသက်ပြည့်ကြောင်း အထောက်အထားအတု များ လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။ ထိုကဲ့သို့ အတင်းအဓမ္မသွေးလှူရန် စေခိုင်းခံခဲ့ရသူ ကလေးအရေ အတွက်နှင့် ရရှိခဲ့သည့် ငွေကြေးပမာဏမှာ ပိုမိုများပြားနိုင်ကြောင်းသိရသည်။ တရုတ်နိုင်ငံတွင် သွေးလှူဌာန များသည် သွေးလှူသူများ နှင့် သက်ဆိုင်သည့် အထောက်အထားများအား နှစ်ကြိမ် ထပ်မံ စစ်ဆေးရသည်။

မိမိအနေဖြင့် သွေးများပိုမိုရှာဖွေရန် ကုမ္ပဏီက ဖိအားပေးခဲ့သောကြောင့် ယခုသို့ လုပ်ဆောင် ခဲ့ရခြင်းဖြစ် သည်ဟု ဟူအန်းက ထွက်ဆိုခဲ့သည်။ ခိုင်းစေသူများက ကလေးငယ်များအား ရိုက်နှက်ကာ သွေးလှူစေခဲ့ပြီး ကလေးငယ်တစ်ဦးက မိဘများကို ထုတ်ဖော်ပြောကြားခဲ့ရာမှ ယခုပြဿနာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Ref:AFP
Mizzima - News in Burmese 

No comments:

Post a Comment