မန္တလေးမြို့ တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်မြို့ ပေါ်ရှိ အရပ်ဘက်လူ့ အဖွဲ့အစည်း ၂၁ဖွဲ့မှ ပြည်သူများသို့ မေတ္တာရပ်ခံသော ကြေညာချက်တစ်ရပ်ကို ဇူ လိုင် ၃ရက် ညနေ ၄နာရီ တွင် ထုတ် ပြန် လိုက်ကြောင်း သိရသည်။အဆိုပါ ကြေညာချ က်တွင် မန္တ လေးမြို့တွင်ဖြစ်ပွားခဲ့သော ရာဇ ဝတ် မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူများ ၏ လူသားမဆန်သော လုပ်ရပ်အ ပေါ် ရှုတ်ချကြောင်းနှင့် ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းကြောင့် နစ်နာရသူနှင့် မိသားစုဝင်များနှင့်ထပ်တူ (ပြည်ဒေ သခံ အရပ်ဘက်လူ့ အဖွဲ့အစည်းများ)မှ စာနာမိပါသည်။ ရာဇဝတ်မှုကျူးလွန်ခြင်းသည် မည်သည့်လူ့အဖွဲ့အစည်း၊ ဓလေ့ ထုံးတမ်း အစဉ်အလာနှင့် သက်ဝင်ကိုးကွယ်မှု၏ သွန်သင်ညွှန်ပြချက်ကြောင့်မဟုတ်ဘဲ လူသားဖြစ်မှု၏ ဂုဏ်သိက္ခာ အပေါ်မထီမဲ့မြင်ပြုသော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လူ့အသိုက်အဝန်းအပေါ် သစ္စာဖောက်သော လုပ်ရပ် တစ်ခုဖြစ်သည် ဟု လေးနက်စွာ ယုံကြည်ပါသည်။
ယနေ့မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုကင်းမဲ့သည့်အခြေအနေနှင့် ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်လုံခြုံစိတ်ချမှုရှိရေးအတွက် အသိပညာပေးမှုအားနည်းခြင်း၊ အာ မခံကင်းမဲ့ခြင်း၊ ရာဇဝတ်မှုများအ ပေါ် လျင်မြန်ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်သော ယန် တရား မရှိ ခြင်းတို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦးချင်း စီ၏ ရာဇဝတ်မှုတစ်ခု မှသည် ထိုလူ ပုဂ္ဂိုလ်တစ်ဦးချင်းစီမှ သစ္စာဖောက် သော လူ့အဖွဲ့အစည်း၏ ဓလေ့ထုံး တမ်းအစဉ် အလာ နှင့် သက် ဝင် ယုံကြည်သည့် ဘာသာတရားအပေါ် အခြေခံသည့် မလိုလားအပ်သော ပဋိပက္ခများ၊ ရာဇဝတ်မှုများဖြစ်ပေါ် နိုင်သည့် အလားအလာများ၊ လူ့ တစ်စုတစ်ဖွဲ့မှ ရည်ရွယ် ချက်ရှိ ရှိဖြင့် ဖန်တီး နိုင်ကြောင်း တွေ့မြင်ရပေ သည်။
လူ့အဖွဲ့အစည်း၏ ဓလေ့ထုံး တမ်းအစဉ်အလာ၊ သက်ဝင်ကိုးကွယ် မှုနှင့် အသိဉာဏ်ပညာအပေါ် မထီ မဲ့မြင်ပြုသော လူတစ်ဦး ချင်းစီ ၏ ရာ ဇဝတ်မှုကျူးလွန်ခြင်းမှာ အစပြုသည့် ဘာ သာရေး ၊ လူမျိုးရေးအပေါ် အ ခြေခံသော နောက်ထပ်ရာဇဝတ်မှု များ ထပ်မံဖြစ်ပွားလျှင် ယနေ့မြန် မာပြည်သူလူထုတစ်ရပ်လုံး ယုံကြည် ချက်ဖြင့် ဒီမိုကရေစီပန်းတိုင်သို့ ချီတက် နေသည့် ကြိုး ပမ်း မှုများ အတွက် ကြီး မားသော အဟန့်အတားဖြစ်ပေါ် မည်ကို အထူးစိုးရိမ်မိပါသည်။
သို့ဖြစ် ပါ၍ ပြည်ဒေသ ခံမိဘပြည်သူများ အနေဖြင့် သတိရှိရှိဖြင့် ပြည်ဒေ သတွင် မလိုလား အပ် သော အကြမ်း ဖက်မှုများ၊ ရာဇဝတ်မှု များမဖြစ်စေ ရေးအတွက် ကျွန်ုပ်တို့ပြည်ဒေသခံ အရပ် ဘက် အဖွဲ့အစည်းများနှင့် ပူး ပေါင်းပါဝင်ကြိုးပမ်းကြပါရန် မေတ္တာ ရပ်ခံပန်ကြား အပ်ပါသည် ဟု အဆို ပါကြေညာချက်တွင် ပါရှိကြောင်း သိရသည်။
အဆိုပါ မေတ္တာရပ်ခံကြေညာ ချက်ထုတ်ပြန်ရခြင်းအကြောင်းမှာ မန္တလေးတွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ကဲ့သို့ ပြည်မြို့အပါအဝင် မြန်မာ တစ်နိုင်ငံလုံးတွင် မဖြစ်ပေါ်စေချင်၍ ထုတ်ပြန်ကြေညာရ ခြင်းဖြစ် ကြောင်း သိရသည်။
မန္တလေးမြို့ လမ်းမများပေါ်တွင် စောင့် ကြပ်နေကြသော ရဲတပ်ဖွဲ့ဝင်များကို ဇူလိုင် ၃ရက်က တွေ့ရစဉ်။ |
K G
[--Democracy today Daily Newspaper--]
No comments:
Post a Comment