Sunday 8 June 2014

အဆိုတော်ရှင်ဖုန်း You are the one စတုတ္ထမြောက် အယ်ဘမ် ဒီဇင်ဘာတွင် ထွက်မည်

အဆိုတော်ရှင်ဖုန်း၏ စတုတ္ထမြောက် တစ်ကိုယ်တော် အယ်ဘမ်ဖြစ်သည့် You are the one အယ်ဘမ်သည် ဒီဇင်ဘာလတွင် ထွက်ရှိမည်ဖြစ်သည်။ ယင်းအယ်ဘမ် ထွက်ရှိရန်အတွက် ၎င်းအနေဖြင့် နှစ်နှစ်ကျော်ကြာ ပြင်ဆင်ခဲ့ရသည် ဟု အဆိုတော်ရှင်ဖုန်းက မဇ္စျိမကိုပြောသည်။

 "ဒီအယ်ဘမ်ကို ရှင်ဖုန်း ပရိသတ်ဆီကို အကောင်းဆုံး ပေးချင်တာကြောင့် အချိန်ကြာသွားခဲ့ တာပါ။ နောက်ပြီး ခရီးတွေလည်း ထွက်ဖြစ်နေတာမို့ပါ"ဟု ၎င်းကပြောသည်။

ယင်းအယ်ဘမ်တွင် စလိုးရောခ့်၊ပေါ့(ပ်)၊ အာအင်ဘီ၊ ရောခ့်၊ ပေါ့(ပ်)ရောခ့် ဂီတအမျိုးအစား ပုံစံများသည်လည်း ပါဝင်မည်ဖြစ်ပြီး ယင်းသီချင်းများ အားလုံးသည် မြန်မာသီချင်းများဖြစ်ကာ အင်္ဂလိပ်သီချင်း You are the oneသီချင်းတစ်ပုဒ်တည်းသာ ပါဝင်ခြင်းဖြစ်သည်။ You are the one အင်္ဂလိပ် သီချင်းသံစဉ်ကို ရဲဝင်းထူးမှ တီးခတ်ကာ အယ်ဒိုမှ ရေးသား ထားခြင်းဖြစ်ပြီး Lazy Club နှင့်Plus Three တီးဝိုင်းတို့ဖြင့် တီးခတ်ကာ ဘိုဘို အင်တာတိန့်မန့်မှ ထွက်ရှိမည်ဖြစ်သည်။

အဆိုပါ အယ်ဘမ်တွင် ဆောင်းဦးလှိုင်၊ ရဲဝင်းထူး၊ မီးမီးခဲ၊ အယ်ဒို၊ ညီမင်းခိုင်နှင့် ရှင်ဖုန်း ကိုယ်တိုင်ရေးစပ်ထားသည့် သီချင်း တစ်ပုဒ်သည်လည်း ပါဝင်မည်ြ့ဖစ်သည်။ ယင်းအယ်ဘမ်ကို အော်ဒီယို အဖြစ် ဦးစွာ ထွက်ရှိမည်ဖြစ်ပြီး အမ်တီဗီကို ၂ဝ၁၅ခုနှစ်တွင် အဆိုတော် ရှင်ဖုန်း ခရီးသွားရင်း ရိုက်ကူး ထားသည့် ပြည်တွင်း ပြည်ပ ပုံရိပ်များကို ထည့်သွင်း သွားမည်ဖြစ်သည်။

အဆိုတော် ရှင်ဖုန်းသည် ၂ဝဝ၂ခုနှစ်တွင် အနုပညာလောက ထဲသို့ ဝင်ရောက်ခဲ့ပြီး အလိုအပ်ဆုံးအရာ ပထမအယ်ဘမ်၊ ရင်ခုန်မိသူ ဒုတိယအယ်ဘမ်နှင့် ကြင်နာသူ ကမ်းမဲ့လက် တတိယအယ်ဘမ် တို့ကို ထွက်ရှိခဲ့သူဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment