Monday 7 April 2014

အခမဲ့ အလယ်တန်း ပညာသင်ကြားရေး စနစ်ကို ၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော် သွားမည်

Photo: တယ်လီနောမြန်မာသည် Live Core Network မှတစ်ဆင့်ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့
Monday, April 7, 2014

တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

ထိုဖုန်းခေါ်ဆိုမှုအားမြန်မာ့ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းမှခေါ်ဆိုစမ်းသပ် ခဲ့ခြင်းဖြစ်သည်။

လိုင်စင်ရပြီး ၂လအကြာတွင်တည်ဆောက်ခဲ့သည့် ရန်ကုန်မှ၂၂ ကီလိုမီတာဝန်းကျင်ကွာဝေးသောတယ်လီနော၏ Data Centre မှ ရန်ကုန်မြို့တွင်း ဗဟန်းမြို့နယ်ရှိတယ်လီနောမြန်မာ၏
ရုံးချုပ်သို့ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

၎င်းဖုန်းခေါ်ဆိုမှုအနေဖြင့်တယ်လီနော၏ 3G ကွန်ယက် ပေါ်မှပြု လုပ်ခြင်းဖြစ်ပြီးအသံဖြင်းဖုန်းခေါ်ဆိုမှုအပြင်
ဗွီဒီယိုဖြင့်ခေါ်ဆိုမှုကိုလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။

===================================

သတင်းနှင့် ဓာတ်ပုံ – ရာဇကိုကို

TechSpace Journal
၂၀၁၄ ခုနှစ် ကျောင်းဖွင့် ရာသီတွင် အခမဲ့ မူလတန်း သင်ကြားရေးမှ အခမဲ့ အလယ်တန်း ပညာ သင်ကြား နိုင်စေရန် အတွက် စတင် အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။
“၂၀၁၄ ခုနှစ်မှာ မူလတန်း ကနေ အလယ်တန်း အထိ အခမဲ့ပညာ သင်ကြား နိုင်အောင် လုပ်သွား ပါမယ်။ ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့လည်း ပုံနှိပ်စာအုပ်တွေ၊ ဗလာစာအုပ် တွေကို အခမဲ့ပေး သွား မှာပါ။ နောက်တစ်ခု က ကျောင်းလခတွေ၊ စာကြည့်တိုက်ဖိုး တွေ အရင်တုန်းက ကောက် ခဲ့ တဲ့ ကျောင်းသားတွေ ပေးသွင်းရမယ့် ငွေတွေကို ကောက်ခံခြင်း မရှိဘဲ Free Education ကို ဆောင်ရွက် သွားမှာ ဖြစ်တယ်။ နောင်လာမယ့် နှစ်တွေမှာလည်း အထက်တန်း အဆင့် အထိပါ ဆောင်ရွက် သွားဖို့ ရည်ရွယ် ထားပါတယ်။

မူလတန်း အဆင့် အောင်မြင်ပြီးသည့် ကျောင်းသားများ အလယ်တန်း အဆင့်သို့ ကူးပြောင်း ပညာ သင်ကြား နိုင်ရန် လိုအပ် ပါတယ်။ ကျောင်းသား မိဘများ အနေဖြင့်လည်း သားသမီးများကို ကျောင်း ဆက် လက်ထားရှိရမယ်။ အသိပညာ ရရှိရန်လည်း လိုအပ် ပါတယ်။ ကျောင်းဆက်လက် ထားရှိမှသာ အနာဂတ် တွင် ကလေးများ၏ ဘဝ တိုးတက်မှာ ဖြစ်ပါတယ် ” ဟု ပညာရေး စီမံကိန်း နှင့် လေ့ကျင့်ရေး ဦးစီးဌာန မှ တာဝန် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

(အေးဖြူ) အင်တာနက် ၁၅/၁၅

Themyawadydaily

No comments:

Post a Comment