ဧပြီလ ၆ ရက်မှစ၍ ရန်ကုန်မြို့လယ်မြို့တွင်း ခြောက်မြို့နယ်ရှိ လမ်းမကြီးများပေါ်တွင် နံနက် ၈နာရီမှ ညနေ ၆ နာရီအထိ ယာဉ်ရပ်နားခတစ်နာရီလျှင် ငွေကျပ် ၂၀၀နှုန်းဖြင့် စတင်ကောက်ခံနေပြီဖြစ်ရာ ယခင်ကကဲ့သို့ လမ်းဘေး၊ ယာဉ်ရပ်နားရန် နေရာအချို့တွင် နာရီရှည်ရပ်တန့်မှုနည်းသွားကြောင်း၊ လမ်းမတော်မြို့နယ် မဟာဗန္ဓုလ လမ်းမကြီးပေါ်ရှိ အရောင်းစင်တာကြီးတစ်ခု ရှေ့တွင်ဧပြီ ၆ ရက် ညနေက ယာဉ်ရပ်နား ရန် နေရာလွတ်များ ရှိသည်ကို မြင်တွေ့ရသည်ဟု လမ်းမတော်မြို့နယ်တွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
ယခုရက်ပိုင်း ယာဉ်ရပ်နားခကောက်ခံမှုတွင် နံပါတ်တပ်လမ်းများ၊ အမည်တပ် လမ်းငယ်များ မပါဝင်ဟု သိရကြောင်း၊ နာရီအလိုက် ယာဉ်ရပ်နားခငွေကောက်ခံလာခြင်းကြောင့်ယာဉ်ရပ်နားရာတွင် အချိန်ကြာမြင့် စွာ ရပ် တန့်မှု နည်းလာ နိုင်ကြောင်း၊အထူးသဖြင့် ကားလမ်းမကြီးများတွင် နာရီ ရှည်ရပ်တန့် ထားခြင်းမျိုး နည်းလာကြောင်း၊ ယာဉ်ရပ်နားရန်နေရာများတွင် ယာဉ်ရပ်နားခငွေကောက်ခံမှုကြောင့် လမ်းဘေးဈေး သည်များ နံနက် ၈ နာရီ မှ ညနေ၆ နာရီအတွင်း ဈေးရောင်းချမှု နည်းလာနိုင်သည်ဟု လသာမြို့နယ်တွင်နေ ထိုင်သူ တစ်ဦး ကဆိုသည်။
ယခုရက်ပိုင်း ပြန်လည်၍ယာဉ်ရပ်နားခ ကောက်ခံ ရာတွင် လမ်းမတော်မြို့နယ်တွင်း ကောက်ခံမှု ရှိလာကြော င်း၊ ယာဉ် ရပ်နားခငွေပြန် လည်ကောက် ခံခြင်း ကြောင့် အခွန်ငွေရရှိလာသကဲ့သို့ ယာဉ်ရပ် နားမှု လျော့နည်း သွားမည်ဟု လမ်းအသုံးပြုသူတစ်ဦးက ဆိုသည်။
MOI Webportal Myanmar
No comments:
Post a Comment