ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗဟိုအာဖရိကသမ္မတနိုင်ငံသို့ ငြိမ်းချမ်း ရေးတပ်ဖွဲ့ဝင် ၁၂ဝဝဝ စေလွှတ် ရန် မဲခွဲဆုံးဖြတ်လိုက်ပြီဖြစ်သည်။
အဆိုပါ
နိုင်ငံအတွင်း ဘာသာရေးအကြမ်းဖက်မှုများနှင့် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ
မဖြစ်ပေါ်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
သတိပေးပြောကြားလိုက်သည်။ ယင်းဆုံးဖြတ်ချက် က ပြင်သစ်တပ်ဖွဲ့ဝင်၂ဝဝဝ၊
ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ အတူတကွ တာဝန် ထမ်းဆောင် ရန်
ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါနိုင်ငံတွင်
ထောင်နှင့်ချီသေဆုံးမှုဖြစ်ခဲ့ရသည်။ လူဦးရေ၏ လေးပုံ တစ်ပုံ လူပေါင်း ၁ ဒသမ
၃ သန်း စားနပ်ရိက္ခာ အကူအညီများလိုအပ်နေသည်။ ပြီးခဲ့သည့်နှစ်က
အဓိကမွတ်စလင်သူပုန်များက အာဏာရယူ ထားမှုအပေါ် လက်တုံ့ပြန်ရန်ပြည်သူ့စစ်များက
မွတ်စလင်အရပ်သားများအား ပစ်မှတ်ထား လျက်ရှိ သည်။ ပြင်သစ်တို့က
အာဖရိကတပ်ဖွဲ့ဝင် ၆ဝဝဝ နှင့်အတူ ကိုလိုနီ ဟောင်း နိုင်ငံအား တပ်ဖွဲ့ဝင်
၂ဝဝဝ စေလွှတ်၍ လုံခြုံရေးကူညီပေးလျက်ရှိသည်။ ယင်းတို့ကို စက်တင်ဘာလတွင်
ကုလသမဂ္ဂမစ်ရှင်နှင့် အစားထိုးဖွယ်ရှိသည်။
ဘီဘီစီ
No comments:
Post a Comment