Friday 14 February 2014

"ဒေါ့မန်ပရိသတ်၏ ဒေါသကြောင့် မြေစာပင်ဖြစ်သွားရှာသည့် မော်တော်ကား"

Photo: "ဒေါ့မန်ပရိသတ်၏ ဒေါသကြောင့် မြေစာပင်ဖြစ်သွားရှာသည့် မော်တော်ကား"
Friday, February 14, 2014

ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးအတွက် လက်ရှိကလပ်ကို စွန့်ခွာကာ ခါးသီးပြိုင်ဘက်ထံ ကူးပြောင်းခြင်းသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်ကို ရောဘတ်လီဝင်ဒေါစကီးတစ်ယောက် အသေအချာ နားလည်ထိတွေ့ခွင့် ရနေပြီ ဖြစ်သည်။ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးသည် ရာသီကုန်တွင် ဘိုရူးစီးယား ဒေါ့တ်မန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။ ၎င်းသည် ထိုအခြေအနေတွင် ဒေါ့တ်မန်၏ ခါးသီး ပြည်တွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ်နှင့် အကြိုသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ဂျာမန်ဘွန်းဒစ်လီဂါ ချန်ပီယံ ဘိုင်ယန်က မိမိတို့အနေဖြင့် လီဝင်ဒေါစကီးကို ခေါ်ယူနိုင်မည်ဖြစ်ကြောင်း အတည်ပြု ကြေညာထားသည့်နောက် ဒေါ့တ်မန် ပရိသတ်အတွက် လီဝင်ဒေါစကီးသည် ဧရာမ သစ္စာဖောက်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ ဘိုင်ယန်သည် ဒေါ့တ်မန်၏ တက်သစ်စ ကွင်းလယ်တိုက်စစ် ကစားသမားလေး မာရီယို ဂေါ့ဇီကိုလည်း စာချုပ်ပါ သတ်မှတ်ဈေးအတိုင်း ပေးချေပြီး ဒေါ့တ်မန်လက်မှ ခေါ်ယူသွားခဲ့ဖူးရာ လီဝင်ဒေါစကီး၏ အပြောင်းအရွှေ့က အသင်းပရိသတ်အတွက် နှစ်ထပ်ကွမ်း နာကျည်းစရာ ဖြစ်လာသည်။

ထို့ကြောင့်လည်း ဒေါ့တ်မန်ပရိသတ်က လက်စားချေမှုအဖြစ် လီဝင်ဒေါစကီးက Porsche Cayenne GTS မော်တော်ကားကို ၎င်း၏အိမ်ရှေ့၌ ရပ်ထားချိန်အတွင်း ဘီးများ ဖြုတ်ယူသွားခဲ့သည်။ လီဝင်ဒေါစကီးသည် မိမိမော်တော်ကား၏ အင်္ဂါမစုံသော အဖြစ်ကို တွေ့မြင်သည့်နောက် ရဲများထံ ဖုန်းဆက် တိုင်ကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းသည် ယင်းကိစ္စကို ပြဿနာ ချဲ့ထွင်မနေတော့ဘဲ ဘီးသစ်များအတွက် ယူရို(၂၅၀၀) အကုန်အကျခံ မှာယူမှုသာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးအတွက် လက်ရှိကလပ်ကို စွန့်ခွာကာ ခါးသီးပြိုင်ဘက်ထံ ကူးပြောင်းခြင်းသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်ကို ရောဘတ်လီဝင်ဒေါစကီး တစ်ယောက် အသေအချာ နားလည်ထိတွေ့ခွင့် ရနေပြီ ဖြစ်သည်။ ပိုလန်လက်ရွေးစင် တိုက်စစ်မှူးသည် ရာသီကုန်တွင် ဘိုရူးစီးယား ဒေါ့တ်မန်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည် ဖြစ်သည်။ ၎င်းသည် ထိုအခြေအနေတွင် ဒေါ့တ်မန်၏ ခါးသီး ပြည်တွင်းပြိုင်ဘက် ဘိုင်ယန်မြူးနစ်နှင့် အကြိုသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။


ဂျာမန်ဘွန်းဒစ်လီဂါ ချန်ပီယံ ဘိုင်ယန်က မိမိတို့အနေဖြင့် လီဝင်ဒေါစကီးကို ခေါ်ယူနိုင်မည်ဖြစ်ကြောင်း အတည်ပြု ကြေညာထားသည့်နောက် ဒေါ့တ်မန် ပရိသတ်အတွက် လီဝင်ဒေါစကီးသည် ဧရာမ သစ္စာဖောက်ကြီး တစ်ဦး ဖြစ်လာခဲ့သည်။ ဘိုင်ယန်သည် ဒေါ့တ်မန်၏ တက်သစ်စ ကွင်းလယ်တိုက်စစ် ကစား သမားလေး မာရီယို ဂေါ့ဇီကိုလည်း စာချုပ်ပါ သတ်မှတ်ဈေးအတိုင်း ပေးချေပြီး ဒေါ့တ်မန်လက်မှ ခေါ်ယူသွားခဲ့ဖူးရာ လီဝင်ဒေါစကီး၏ အပြောင်းအရွှေ့က အသင်းပရိသတ်အတွက် နှစ်ထပ်ကွမ်း နာကျည်း စရာ ဖြစ်လာသည်။

ထို့ကြောင့်လည်း ဒေါ့တ်မန်ပရိသတ်က လက်စားချေမှုအဖြစ် လီဝင်ဒေါစကီးက Porsche Cayenne GTS မော်တော်ကားကို ၎င်း၏အိမ်ရှေ့၌ ရပ်ထားချိန်အတွင်း ဘီးများ ဖြုတ်ယူသွားခဲ့သည်။ လီဝင်ဒေါစကီးသည် မိမိမော်တော်ကား၏ အင်္ဂါမစုံသော အဖြစ်ကို တွေ့မြင်သည့်နောက် ရဲများထံ ဖုန်းဆက် တိုင်ကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းသည် ယင်းကိစ္စကို ပြဿနာ ချဲ့ထွင်မနေတော့ဘဲ ဘီးသစ်များအတွက် ယူရို(၂၅၀၀) အကုန်အကျခံ မှာယူမှုသာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment