ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင်
မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော
နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေ အပါ အဝင် ကျေးရွာရှိ
အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုးခတ်လိုက်သောကြောင့်
ရွာသား များနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ
နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရ သည်။
“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေကိုထောင်ပြီး ပေ
၂၀x၆၀ မြေကွက်တွေ ချနေတာ။ NLDပါတီဝင်က တစ်ယောက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို
ရောင်းစားဖို့ လုပ်နေလို့ ရွာသားတွေနဲ့ ပြဿနာတက်နေတယ်လို့ ရပ်ကျေးက
အကြောင်းကြားတာနဲ့ လိုက်သွားပြီး မှတ်တန်းတွေတော့ ရိုက်ထားတယ်။ ရွှေပြည်သာ
NLDက ရဲရဲတောက်သိန်းအောင်နဲ့ အမှန် တရားဖော် ထုတ်ရေးအဖွဲ့က
ကိုကိုနိုင်တို့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ” ဟု
မြောက်ပိုင်းခရိုင် NLDတာဝန်ခံ ဦးရန်နိုင်ဦးက မြန်မာ့ခေတ်သို့
ပြောကြားသည်။
ရွှေပြည်သာမှ NLD အဖွဲ့ဝင်တစ်ဦးဖြစ်သော
ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်မှ NLD အဖွဲ့ဝင် များအား ဝါးတစ်ရာ
ကျေးရွာတွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆိုကာ ခေါ်သွားပြီးနောက်
အမှန် တရားဖော်ထုတ်ရေး အဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခင်
အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော ဧကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ
အများပြည်သူပိုင် ပန်းခြံမြေအား ခြံစည်းရိုးခတ် လိုက်သောကြောင့်
ကျေးရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့သည်ဟု ရွှေပြည်သာ၁၈ရပ်ကွက်မှ
NLDပါတီဝင် တစ်ဦးက ပြောကြားသည်။
ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့်
ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင် ရပ်မိရပ်ဖများ၊
ထိုမြေများခြံစည်းရိုးခတ်သော ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့်
အဆိုပါမြေကိစ္စ အား ဆွေးနွေးကြ ရာ ပြေလည်မှု မရရှိဘဲ ၎င်းကျေးရွာသားများက
မကျေမနပ်ဖြစ်ပွားကာ ဘုန်းတော်ကြီးကျောင်းသို့
တစ်ရွာ လုံးဝိုင်းထားသောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူးနှင့်
မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရောက်ဖြေရှင်းခဲ့ပြီး မြေကွက်များ
အကွက်ချ၍ ခြံစည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦး အား
ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက
ပြောကြားသည်။
ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့
အဆင့်ဆင့်တင်ပြထားပြီး ဖြစ်သောကြာင့် NLDပါတီ နာမည် အသုံးချမှုအား
အရေးယူရန်နှင့် ပတ်သက်၍ ဗဟိုမှချမှတ်သည့် အတိုင်းသာ ဆက်လက်ဆောင်ရွက်သွား မည်
ဖြစ်ကြောင်း ယင်းကဆက်လက် ပြောကြားသည်။
အောင်သိုက်
့မြန်မာ့ခေတ်
ယမန်နေ့က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ ကျေးရွာတွင် မြေပြန်လည်ရရှိရေး ပြုလုပ်သော အဖွဲ့သည် NLDမှ ဟုဆိုကာ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အိုးအိမ်မှ သိမ်းထားသော မြေ အပါ အဝင် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား အကွက်ချ ခြံစည်းရိုးခတ်လိုက်သောကြောင့် ရွာသား များနှင့် ပဋိပက္ခ ဖြစ်ပွားပြီး ရွှေပြည်သာ ရဲစခန်းတွင် ခေါင်းဆောင်သူ နှစ်ဦးအား ထိမ်းသိမ်းထားရကြောင်း သိရ သည်။
“သူတို့က NLDအလံတွေထောင်၊ ဗိုလ်ချုပ်ပုံတွေ၊ အမေစုပုံတွေကိုထောင်ပြီး ပေ ၂၀x၆၀ မြေကွက်တွေ ချနေတာ။ NLDပါတီဝင်က တစ်ယောက်တည်း ပါတာပါ။ အဲ့ဒီမြေတွေကို ရောင်းစားဖို့ လုပ်နေလို့ ရွာသားတွေနဲ့ ပြဿနာတက်နေတယ်လို့ ရပ်ကျေးက အကြောင်းကြားတာနဲ့ လိုက်သွားပြီး မှတ်တန်းတွေတော့ ရိုက်ထားတယ်။ ရွှေပြည်သာ NLDက ရဲရဲတောက်သိန်းအောင်နဲ့ အမှန် တရားဖော် ထုတ်ရေးအဖွဲ့က ကိုကိုနိုင်တို့ကို ရွှေပြည်သာ ရဲစခန်းက ခေါ်သွားပါတယ် ” ဟု မြောက်ပိုင်းခရိုင် NLDတာဝန်ခံ ဦးရန်နိုင်ဦးက မြန်မာ့ခေတ်သို့ ပြောကြားသည်။
ရွှေပြည်သာမှ NLD အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးသိန်းအောင်သည် ရွှေပြည်သာ ၁၈ရပ်ကွက်မှ NLD အဖွဲ့ဝင် များအား ဝါးတစ်ရာ ကျေးရွာတွင် မကြောက်တရား ဟောပြောပွဲရှိသည်ဟုဆိုကာ ခေါ်သွားပြီးနောက် အမှန် တရားဖော်ထုတ်ရေး အဖွဲ့မှ ကိုကိုနိုင်နှင့် ပူးပေါင်း၍ ယခင် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော ဧကဝက်ခန့်ရှိသောမြေနှင့် ကျေးရွာရှိ အများပြည်သူပိုင် ပန်းခြံမြေအား ခြံစည်းရိုးခတ် လိုက်သောကြောင့် ကျေးရွာသားများနှင့် ပြဿနာဖြစ်ပွားခဲ့သည်ဟု ရွှေပြည်သာ၁၈ရပ်ကွက်မှ NLDပါတီဝင် တစ်ဦးက ပြောကြားသည်။
ထိုသို့ ပြဿနာဖြစ်ပွားသောကြာင့် ယင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥက္ကဋ္ဌအပါအဝင် ရပ်မိရပ်ဖများ၊ ထိုမြေများခြံစည်းရိုးခတ်သော ဦးကိုကိုနိုင်၊ ဦးသိန်းအောင်တို့နှင့် အဆိုပါမြေကိစ္စ အား ဆွေးနွေးကြ ရာ ပြေလည်မှု မရရှိဘဲ ၎င်းကျေးရွာသားများက မကျေမနပ်ဖြစ်ပွားကာ ဘုန်းတော်ကြီးကျောင်းသို့ တစ်ရွာ လုံးဝိုင်းထားသောကြောင့် ရွှေပြည်သာ ရဲစခန်းမှ မြို့နယ်မှူးနှင့် မြို့နယ်NLDမှ တာဝန်ရှိသူများက သွားရောက်ဖြေရှင်းခဲ့ပြီး မြေကွက်များ အကွက်ချ၍ ခြံစည်းရိုးခတ်သော ဦးဆောင်သူနှစ်ဦး အား ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု ရွှေပြည်သာ မြို့နယ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ပြောကြားသည်။
ယင်းကိစ္စအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သ
အောင်သိုက်
့မြန်မာ့ခေတ်
No comments:
Post a Comment