Tuesday 17 December 2013

ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ ထွက်ခွာ

Photo: ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ ထွက်ခွာ
Tuesday, December 17, 2013

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော် အရိုး အထူးကု ဆေးရုံကြီးမှ ဗိုလ်မှူးကြီး ဇော်ဝင်းမော် ဦးဆောင်သော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ အရာရှိ၊ စစ်သည်များသည် ယနေ့ မွန်းလွဲ ၁နာရီ မိနစ် ၅ဝတွင် လိုအပ်သော ဆေးဝါးများ တင်ဆောင်ကာ တပ်မတော် လေယာဉ်ဖြင့် မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်မှ ထားဝယ်မြို့သို့ ထွက်ခွာ သွားသည်။

အဆိုပါ နယ်လှည့် ဆေးကုသရေး အဖွဲ့တွင် ထားဝယ် နယ်လှည့် ဆေးကုသရေး အဖွဲ့(၁)၊ ထားဝယ် နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)၊ မြိတ်နယ်လှည့် ဆေးကု သရေး အဖွဲ့ (၁)၊ မြိတ်နယ်လှည့် ဆေးကုသရေး အဖွဲ့ (၂)၊ မြိတ်နယ်လှည့် ဆေးကုသရေး အဖွဲ့(၃)၊ ဘုတ်ပြင်း နယ်လှည့် ဆေးကုသရေး အဖွဲ့(၁)၊ ဘုတ်ပြင်း နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)စသည့် အဖွဲ့ခုနစ်ဖွဲ့မှ နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက် ပေးကြမည် ဖြစ်ပြီး ထားဝယ် အခြေပြု ကုသရေး အဖွဲ့၊ မြိတ်အခြေပြု ကုသရေး အဖွဲ့နှင့် ဘုတ်ပြင်း အခြေပြု ကုသရေး အဖွဲ့များ ထားရှိကာ လိုအပ်သည့် ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေး မည်ဖြစ် ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment